မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်​သာယာတဲ့​ဘဝ ရစေတဲ့ ဉာဏ်ပညာ

ပျော်ရွှင်​သာယာတဲ့​ဘဝ ရစေတဲ့ ဉာဏ်ပညာ

“စစ်၊ ဆင်းရဲ​မွဲတေမှု၊ ရောဂါ၊ ကလေး မတော်မတရား​ပြု​တာ စတဲ့ သတင်းဆိုး​တွေ​ကို မြင်တဲ့အခါ စိတ်​မကောင်း​ဖြစ်​ပေမဲ့ မျှော်လင့်ချက်​တော့ မဲ့​မနေဘူး။”—ရာ​နီး။ *

စစ်မှန်တဲ့ ဉာဏ်ပညာ​ရဲ့ ရင်းမြစ်၊ ဖန်ဆင်း​ရှင်၊ အနန္တ​တန်ခိုးရှင် ဘုရားသခင်​အကြောင်း ရာ​နီး သိလာတဲ့​အခါ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစား​ရတယ်။ ဒီ​စာစောင်​မှာ ပါတဲ့ ဆောင်းပါး​တွေ​ကို ဖတ်​မယ်​ဆိုရင် ဘုရားသခင်ရဲ့ သွန်သင်ချက်​တွေ​က

  • ပျော်ရွှင်​သာယာတဲ့ မိသားစု တည်ဆောက်​ဖို့

  • တခြား​သူတွေနဲ့ သင့်သင့်မြတ်မြတ် နေတတ်​ဖို့

  • ရောင့်ရဲတတ်​ဖို့

  • ဆင်းရဲ​ဒုက္ခ​နဲ့ သေခြင်း ဖြစ်​ရတဲ့ အကြောင်းကို နားလည်​ဖို့

  • အနာဂတ်​အတွက် သေချာ​တဲ့ မျှော်လင့်ချက်​ ရှိဖို့

  • ဖန်ဆင်း​ရှင်​ကို သိကျွမ်း​ပြီး ရင်းနှီး​လာဖို့ ကူညီ​ပေး​ပါ​လိမ့်မယ်။

ဖန်ဆင်း​ရှင်​ရဲ့ ဉာဏ်ပညာ​ကို လူနည်းစု​သာ မဟုတ်ဘဲ လူတိုင်း နားလည်​နိုင်တယ် ဆိုတာ​ကိုလည်း သိလာ​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 2 ဒီ​မဂ္ဂဇင်း​မှာ ပါ​တဲ့ နာမည်​တွေ​ကို ပြောင်း​ထား။