မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိဒါန်း

နိဒါန်း

ဒီစာအုပ်မှာပါတဲ့ ပုံပြင်တွေဟာ တကယ့်အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဒီပုံပြင်တွေကို ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့စာအုပ် သမ္မာကျမ်းစာကနေ ကောက်နုတ်ထားပါတယ်။ ဒီပုံပြင်တွေက ဘုရားသခင်စပြီးဖန်ဆင်းတဲ့အချိန်ကနေ ကျွန်တော်တို့လက်ထက်အထိ ဖြစ်ပျက်လာတဲ့ ကမ္ဘာ့သမိုင်းအကြောင်းတွေကို တင်ပြထားပါတယ်။ အနာဂတ်ကာလမှာ ဘုရားသခင်လုပ်ပေးမယ်ဆိုပြီး ကတိပေးထားတဲ့အရာတွေရဲ့ အကြောင်းတွေလည်းပြောပြတယ်။

ဒီစာအုပ်က သမ္မာကျမ်းစာတစ်အုပ်လုံးရဲ့ ဆိုလိုချက်ကို ခြုံငုံနားလည်စေပါမယ်။ သမ္မာကျမ်းစာထဲကလူတွေနဲ့ သူတို့လုပ်ခဲ့တဲ့အရာတွေအကြောင်းကို ပြောပြထားတဲ့အပြင် ဘုရားသခင် လူတွေကို ပရဒိသုမြေကြီးပေါ်မှာ ထာဝရအသက်ရှင်စေမယ်ဆိုတဲ့ မျှော်လင့်ချက်အကြောင်းတွေကိုလည်း တင်ပြထားတယ်။

ဒီစာအုပ်မှာ ပုံပြင်စုစုပေါင်း ၁၁၆ ပုဒ်ပါတယ်။ ပုံပြင်တွေကို ရှစ်ပိုင်းခွဲထားတယ်။ တစ်ပိုင်းစီရဲ့ စာမျက်နှာအစမှာ အဲဒီအပိုင်းထဲက တွေ့ရမယ့်အကြောင်းတွေကို အကျဉ်းချုံးပြီး တင်ပြထားပါတယ်။ ပုံပြင်တွေကို သမိုင်းအဖြစ်အပျက်တွေရဲ့ အစီအစဉ်အတိုင်း အစဉ်အလိုက် ဖော်ပြထားပါတယ်။ အဖြစ်အပျက်တွေတစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဖြစ်အပျက်တစ်ခုဟာ သမိုင်းရဲ့ ဘယ်အချိန်ပိုင်းလောက်မှာ ဖြစ်ပျက်တယ်ဆိုတာကို သိနိုင်ဖို့ အကူအညီဖြစ်စေပါတယ်။

ပုံပြင်တွေကို ရိုးရိုးစကားနဲ့ ရေးထားတဲ့အတွက် ငယ်ရွယ်တဲ့ကလေးတွေဖြစ်ကြတဲ့ မင်းတို့ကလေးတွေအနေနဲ့ ကိုယ့်ဘာသာကိုယ်ဖတ်နိုင်ကြမှာပဲ။ မိဘများဖြစ်ကြတဲ့ လူကြီးများအနေနဲ့လည်း ကလေးငယ်လေးတွေဟာ ဒီပုံပြင်များထပ်ခါထပ်ခါဖတ်ပြတာကို သိပ်သဘောကျတာ တွေ့ရပါမယ်။ ဒီစာအုပ်ထဲမှာ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေပါတယ်ဆိုတာကို တွေ့ရပါမယ်။

ပုံပြင်တိုင်းရဲ့ အဆုံးသတ်အပိုင်းမှာ ကိုးကားထားတဲ့ ကျမ်းချက်များကို ပေးထားပါတယ်။ ဒီပုံပြင်တွေ အခြေပြုထားတဲ့ ကျမ်းစာအပိုင်းတွေကိုလည်းဖတ်ဖို့ ကျွန်တော်တို့ အားပေးလိုပါတယ်။