မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁

ဖန်ဆင်းခြင်းကနေပြီး ရေလွှမ်းမိုးချိန်အထိ

ဖန်ဆင်းခြင်းကနေပြီး ရေလွှမ်းမိုးချိန်အထိ

ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဘယ်ကလာသလဲ။ နေ လကြယ်တွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထုအများကြီးတွေ ဘယ်ကလာသလဲ။ ဘုရားသခင်ဖန်ဆင်းလို့ဖြစ်လာတယ်ဆိုပြီး ကျမ်းစာပေးတဲ့အဖြေဟာ မှန်တဲ့အဖြေပဲ။ ဒါကြောင့် တို့ရဲ့စာအုပ်မှာ စစချင်း ဖန်ဆင်းခြင်းသမိုင်းပုံပြင်တွေ ပါလာတယ်ပေါ့။

ဘုရားသခင်ဦးဦးဆုံး ဖန်ဆင်းလိုက်တာကတော့၊ ဘုရားသခင်နဲ့ ဆင်တူတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေဖြစ်သတဲ့။ ကောင်းကင်တမန်တွေပေါ့။ ဒါပေမဲ့ ကမ္ဘာကို­ကျတော့ တို့လိုလူတွေအတွက် ဖန်ဆင်းတယ်လေ။ ဒါကြောင့် အာဒံနဲ့ဧဝလို့ နာမည်ရှိတဲ့ ယောက်ျားနဲ့မိန်းမကို ဘုရားသခင်ဖန်ဆင်းပြီး သိပ်ကိုလှတဲ့ ဥယျာဉ်လေး­တစ်ခုမှာထားတယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်ရဲ့စကားကို နားမထောင်တဲ့အတွက် အသက်ရှင်ခွင့်ဆုံးၡုံးသွားကြတယ်ပေါ့။

အာဒံကိုဖန်ဆင်းတဲ့အချိန်ကစပြီး ရေလွှမ်းမိုးတဲ့အချိန်အထိ စုစုပေါင်းအနှစ် ၁,၆၅၆ ရှိတယ်ကွဲ့။ အဲဒီအချိန်ပိုင်းအတွင်းမှာ ဆိုးတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများရှိခဲ့ကြတယ်။ ကောင်းကင်မှာဆိုရင် တို့မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတယ်။ စာတန်နဲ့ သူ့ရဲ့ကောင်းကင်တမန်ဆိုးတွေပဲပေါ့။ ကမ္ဘာမြေကြီးပေါ်မှာဆိုရင်လည်း ကာဣနတို့လိုလူဆိုးတွေ အများကြီးပဲရှိခဲ့တယ်။ သာမန်လူထက် ခွန်အားဗလကြီးတဲ့လူတွေလည်း ရှိခဲ့တယ်။ အာဗေလ၊ ဧနောက်၊ နောဧတို့လို လူကောင်းတွေလည်း ကမ္ဘာပေါ်မှာရှိခဲ့တယ်။ အပိုင်း တစ် မှာ ဒီလူတွေအကြောင်း၊ ဒီအဖြစ်အပျက်တွေအကြောင်း တို့တစ်တွေဖတ်ကြမယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၁

အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း

ဖန်ဆင်းခြင်းဆိုင်ရာ ကမ္ဘာဦးမှတ်တမ်းကို ကလေးတွေ ဖတ်ရ၊ နားလည်ရ လွယ်ကူအောင် ဖော်ပြထားပါတယ်။

ပုံပြင် ၂

လှလိုက်တဲ့ ဥယျာဉ်ကလေး

ဘုရားသခင်ဟာ ကမ္ဘာဦးကျမ်းအရ အထူးကောင်းမွန်တဲ့နေရာမှာ ဧဒင်ဥယျာဉ်လေးကို ဖန်တီးခဲ့တယ်။ ဘုရားသခင်က တစ်ကမ္ဘာလုံးကို အဲဒီဥယျာဉ်လို ဖြစ်စေချင်တယ်။

ပုံပြင် ၃

ပထမယောက်ျားနဲ့ မိန်းမအကြောင်း

ဘုရားသခင်ဟာ အာဒံနဲ့ဧဝကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်လေးထဲမှာ နေရာချခဲ့တယ်။ သူတို့ဟာ ဦးဆုံးလူသားမောင်နှံ ဖြစ်လာတယ်။

ပုံပြင် ၄

သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း

သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ မူလပရဒိသု လက်လွှတ်ဆုံးၡုံးသွားပုံအကြောင်းကို ဖော်ပြတယ်။

ပုံပြင် ၅

ကြမ်းတမ်းတဲ့ ဘဝခရီး စခဲ့ရပြီ

ဧဒင်ဥယျာဉ် အပြင်ဘက်မှာ အာဒံနဲ့ဧဝတို့ ပြဿနာတွေနဲ့ ကြုံတွေ့ရတယ်။ သူတို့သာ ဘုရားသခင်ကို နာခံမယ်ဆိုရင် သူတို့ရဲ့ဘဝ၊ သူတို့ကလေးတွေရဲ့ ဘဝ သာယာပျော်ရွှင်နေမှာပဲ။

ပုံပြင် ၆

သားလိမ္မာနဲ့ သားမိုက်အကြောင်း

ကမ္ဘာဦးကျမ်းမှတ်တမ်းမှာပါတဲ့ ကာဣနနဲ့အာဗေလပုံပြင်ကနေ ဘယ်လိုလူစားမျိုးဖြစ်သင့်သလဲ ဆိုတာနဲ့ အချိန်မနှောင်းခင်မှာ သဘောထားပြောင်းလဲဖို့ သင်ပေးတယ်။

ပုံပြင် ၇

သတ္တိခဲတစ်ယောက် အကြောင်း

လူဆိုးတွေများတဲ့ဝန်းကျင်မှာ အသက်ရှင်နေရတာတောင် မှန်ရာကိုလုပ်နိုင်တယ်ဆိုတာ ဧနောက်ရဲ့ပုံသက်သေက ဖော်ပြတယ်။

ပုံပြင် ၈

ကမ္ဘာပေါ်က ဘီလူးကြီးတွေအကြောင်း

ကမ္ဘာဦးကျမ်း၊ အခန်းကြီး ၆ မှာ ဘီလူးကြီးတွေက လူတွေကို အနိုင်ကျင့်ဒုက္ခပေးတဲ့အကြောင်း ဖော်ပြတယ်။ အဲဒီဘီလူးကြီးတွေကို နက်ဖလင်လို့ခေါ်တယ်။ သူတို့ဟာ ကောင်းကင်တမန်အခွင့်အရာကိုစွန့်ပြီး လူသားတွေနဲ့ ပေါင်းဖော်ပြီး မွေးဖွားလာတဲ့ကလေးတွေ ဖြစ်တယ်။

ပုံပြင် ၉

နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း

နောဧနဲ့သူ့မိသားစုဟာ တခြားသူတွေနားမထောင်တာတောင် ဘုရားသခင်ကို နာခံခဲ့တာကြောင့် ရေလွှမ်းမိုးကြီးဘေးကနေ လွတ်မြောက်ခဲ့ကြတယ်။

ပုံပြင် ၁၀

လွှမ်းမိုးတဲ့ရေကြီး အကြောင်း

နောဧ သတိပေးတုန်းက လူတွေ ဟားတိုက်ရယ်ကြပေမဲ့ ကောင်းကင်ကနေ မိုးရွာချတဲ့အချိန်မှာတော့ သူတို့ရယ်မောနိုင်ကြမှာ မဟုတ်တော့ဘူး။ နောဧဆောက်ခဲ့တဲ့ သင်္ဘောကြီးက နောဧ၊ သူ့မိသားစုနဲ့ တိရစ္ဆာန်အများကြီးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း လေ့လာကြည့်ပါ။