မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၃

ဘုရားသခင်ရဲ့မိတ်ဆွေ–အာဗြဟံအကြောင်း

ဘုရားသခင်ရဲ့မိတ်ဆွေ–အာဗြဟံအကြောင်း

ရေလွှမ်းမိုးပြီးနောက်ပိုင်း လူတွေရွှေ့ပြောင်းနေထိုင်တဲ့ ဒေသတစ်ခုက ဥရလို့ခေါ်တယ်။ အိမ်ကောင်းယာကောင်းရှိတဲ့ အရေးပါတဲ့မြို့တစ်မြို့ဖြစ်လာတယ်။ ဒါပေမဲ့ မြို့သားတွေဟာ မှောက်မှားတဲ့ဘုရားတွေကို ကိုးကွယ်ကြတယ်။ ဗာဗုလုန်မြို့မှာလည်း ဒီလိုပဲ။ ဥရနဲ့ဗာဗုလုန်မြို့တွေမှာရှိကြတဲ့လူတွေဟာ နောဧနဲ့သူ့သား ရှေမတို့နဲ့မတူဘူးကွဲ့။ နောဧနဲ့ရှေမကျတော့ ယေဟောဝါကိုဆက်ပြီးကိုးကွယ်ကြတယ်။

ရေလွှမ်းမိုးဘေးကြီးပြီးလို့ နှစ် ၃၅၀ အကြာမှာသစ္စာရှိတဲ့နောဧ သေသွားတယ်။ နှစ်နှစ်အကြာမှာပဲ ဒီပုံမှာ မင်းတို့တွေ့တဲ့လူ မွေးလာတယ်။ သူဟာဆိုလို့ရှိရင် ဘုရားသခင်အတွက် ထူးခြားတဲ့လူတစ်ယောက်ပဲပေါ့။ သူ့နာမည်က အာဗြဟံတဲ့။ အာဗြဟံဟာ သူ့မိသားစုနဲ့အတူ ဥရမြို့မှာ နေထိုင်ကြတယ်။

တစ်ရက်ကျတော့ ယေဟောဝါက ‘ဥရမြို့နဲ့မင်းရဲ့အမျိုးတွေကိုစွန့်ပြီး ငါပြမယ့်တိုင်းပြည်ကိုသွားပါ’ ဆိုပြီးအာဗြဟံကို ပြောတယ်။ အာဗြဟံဟာ ဘုရားသခင်ရဲ့စကားကိုနားထောင်ပြီး ဥရမြို့ရဲ့စည်းစိမ်အားလုံးကိုစွန့်ပြီး ထွက်လာသလား။ စွန့်ပြီးထွက်လာတာပေါ့။ အာဗြဟံဟာ ဘုရားသခင်ရဲ့စကားကို အမြဲတမ်းနားထောင်တဲ့အတွက်ကြောင့်လည်း ဘုရားသခင်ရဲ့မိတ်ဆွေဆိုပြီး နာမည်ရလာတယ်လေ။

အာဗြဟံဥရမြို့ကထွက်လာတဲ့အခါ သူ့ဆွေမျိုးသားချင်းတချို့ သူနဲ့လိုက်ပါသွားတယ်။ သူ့ဖေဖေ တေရလည်းပါတယ်။ သူ့တူ လောတလည်းပါတယ်။ အာဗြဟံရဲ့မိန်းမ စာရာလည်းပါတာပေါ့။ ဒါနဲ့ သူတို့အားလုံး ခါရန်လို့ခေါ်တဲ့နေရာကို ရောက်ကြတယ်။ အဲဒီနေရာမှာ တေရသေသွားတယ်။ ဥရမြို့နဲ့ အဝေးကြီးနေရာကို ရောက်နေကြပြီကွဲ့။

တော်တော်လေးကြာတော့ အာဗြဟံနဲ့ သူ့မိသားစု ခါရန်ကနေထွက်ပြီး ခါနာန်လို့ခေါ်တဲ့တိုင်းပြည်ကိုရောက်သွားကြတယ်။ အဲဒီမှာ ယေဟောဝါက ‘မင်းရဲ့သားသမီးတွေကို ငါပေးမယ်ဆိုတဲ့ပြည်ဟာ ဒီပြည်ပဲ’ ဆိုပြီးပြောတယ်။ အာဗြဟံလည်း ခါနာန်ပြည်မှာ တဲထိုးပြီးနေတယ်။

ဘုရားသခင် အာဗြဟံကိုမစတဲ့အတွက် အာဗြဟံဟာ သိုးအုပ်၊ တိရစ္ဆာန်အုပ်ကြီးတွေ၊ အစေခံတွေ အများကြီးရလာတယ်။ ဒါပေမဲ့ သူနဲ့ သူ့မိန်းမ စာရာမှာ ရင်သွေးတစ်ယောက်မှ မရှိရှာဘူး။

အာဗြဟံ အသက် ၉၉ နှစ်ရှိတဲ့အခါ ယေဟောဝါက ‘မင်းကို လူမျိုးအများကြီးရဲ့ဖခင်ဖြစ်အောင် ငါလုပ်ပေးမယ်’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ အာဗြဟံနဲ့စာရာ သားသမီးမွေးနိုင်တဲ့အရွယ်လွန်လို့ အိုနေပြီပဲ