မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂၇

မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း

မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း

ဒီပုံမှာပါတဲ့လူက လူတွေကိုအတင်းအလုပ်ခိုင်းနေတယ်။ အလုပ်သမားတစ်ယောက်ကို ကြာပွတ်နဲ့ရိုက်နေတဲ့ လူကိုကြည့်ပါလား။ အလုပ်သမားတွေကတော့ ယာကုပ်ရဲ့အိမ်ထောင်စုက လူတွေ။ ခုဆို ဣသရေလလူတွေလို့ခေါ်တယ်။ သူတို့ကို အတင်းအလုပ်ခိုင်းနေတဲ့ လူတွေကတော့ အီဂျစ်လူတွေပေါ့။ ဣသရေလတွေ အီဂျစ်လူတွေရဲ့ ကျွန်တွေဖြစ်သွားပြီလေ။ ဘယ်လိုလုပ် ဖြစ်သွားတာလဲ။

ယာကုပ်ရဲ့အိမ်ထောင်စုဟာ အီဂျစ်ပြည်မှာ အေးအေးချမ်းချမ်းနေလာတာ နှစ်ပေါင်းအများကြီးကြာခဲ့တယ်။ ဖာရောကလွဲရင် အီဂျစ်ပြည်မှာ အကြီးဆုံးဖြစ်တဲ့ ယောသပ်က သူတို့ကိုစောင့်ရှောက်လာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ယောသပ်သေသွားတယ်။ ပြီးတော့ ဣသရေလလူတွေကို မကြိုက်တဲ့ ဖာရောမင်းတစ်ပါး အီဂျစ်ပြည့်ရှင်ဖြစ်လာတယ်။

ဒါကြောင့် ဒီဆိုးယုတ်တဲ့ဖာရောက ဣသရေလလူတွေကို ကျွန်လုပ်တာပေါ့။ ပြီးတော့ ယုတ်မာရက်စက်တဲ့ လူတွေကိုခန့်ပြီး သူတို့ကိုအုပ်ခိုင်းတယ်။ ဣသရေလလူတွေကို ဖာရောအတွက် မြို့တွေဆောက်ဖို့ ရက်ရက်စက်စက်ကို အလုပ်ခိုင်းတယ်လေ။ ဒါပေမဲ့ ဣသရေလလူဦးရေ မနားတမ်းတိုးများနေတယ်။ မကြာပါဘူး၊ အီဂျစ်လူတွေဟာ ဣသရေလလူတွေ ဦးရေတိုးပြီး သိပ်အင်အားကောင်းလာမှာကို ကြောက်လာကြတယ်။

ဖာရော ဘာလုပ်သလဲသိလား။ ကလေးမွေးတဲ့ ဣသရေလမိခင်တွေကို မီးဖွားပေးတဲ့မိန်းမတွေကိုခေါ်ပြီး ‘မွေးလာတဲ့ယောက်ျားကလေးတိုင်း သတ်ပစ်ရမယ်’ ဆိုပြီးခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့က သဘောကောင်းတဲ့အမျိုးသမီးတွေဖြစ်တော့ကာ ကလေးတွေကိုမသတ်ဘူး။

ဒါနဲ့ဖာရောက သူ့လူတွေအားလုံးကို အမိန့်ထုတ်တယ်။ ‘ဣသရေလ ယောက်ျားကလေးအားလုံးကို သတ်ပစ်။ မိန်းကလေးတွေကိုပဲ အသက်ချမ်းသာပေး’ ဆိုပြီးတော့လေ။ အင်မတန်ဆိုးတဲ့ အမိန့်မဟုတ်ပေဘူးလား။ ယောက်ျားကလေးတစ်ယောက် ဘယ်လိုလုပ်ပြီး အသက်ချမ်းသာရသွားတဲ့အကြောင်း တို့ကြည့်ရအောင်။