မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် အပိုင်း ၄

ဣသရေလပထမဘုရင် အချိန်ကနေပြီး ဗာဗုလုန်မှာသုံ့ပန်းဖြစ်ရတဲ့ အချိန်အထိ

ဣသရေလပထမဘုရင် အချိန်ကနေပြီး ဗာဗုလုန်မှာသုံ့ပန်းဖြစ်ရတဲ့ အချိန်အထိ

ရှောလုဟာ ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ဖြစ်လာတယ်။ ဒါပေမဲ့ ယေဟောဝါသူ့ကိုပယ်လိုက်ပြီး သူ့နေရာမှာ ဒါဝိဒ်ကိုခန့်လိုက်တယ်။ ဒါဝိဒ်နဲ့ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးသိရတယ်။ လူငယ်ဘဝမှာ ဘီလူးကြီးဂေါလျတ်ကိုတိုက်ခဲ့တဲ့အကြောင်း၊ အဲဒီနောက်ပိုင်း မနာလိုတဲ့ရှောလုဆီက ထွက်ပြေးခဲ့ရတဲ့အကြောင်း၊ ပြီးတော့လှပချောမောတဲ့ အဘိဂဲလက ဒါဝိဒ်ကိုမိုက်မဲတဲ့အလုပ်မလုပ်မိအောင် တားခဲ့တဲ့အကြောင်းတွေပေါ့။

ပြီးတဲ့နောက် ဒါဝိဒ်ရဲ့သားရှောလမုန်အကြောင်း အမျိုးမျိုးသိရတယ်။ ရှောလမုန်ကဒါဝိဒ်နေရာကိုယူပြီး ဣသရေလရှင်ဘုရင်ဖြစ်လာတယ်။ ဣသရေလနိုင်ငံရဲ့ပထမရှင်ဘုရင်သုံးပါးဟာ အနှစ် ၄၀ စီအုပ်စိုးခဲ့ကြတယ်။ ရှောလမုန်သေပြီးတဲ့နောက်၊ ဣသရေလနိုင်ငံ နှစ်ခြမ်းကွဲသွားတယ်။ မြောက်ပိုင်းနဲ့ တောင်ပိုင်းဆိုပြီး နှစ်နိုင်ငံဖြစ်လာတယ်။

မြောက်ပိုင်း ၁၀ နွယ်နိုင်ငံဟာ နှစ်ပေါင်း ၂၅၇ နှစ်တည်မြဲခဲ့တယ်။ နောက်ဆုံးမှာ အာရှုရိလူတွေလက်ချက်နဲ့ ပျက်စီးသွားတယ်။ ဒီနောက် နှစ်ပေါင်း ၁၃၃ နှစ်ကြာပြီးနောက် တောင်ပိုင်းနှစ်နွယ်နိုင်ငံလည်း ပျက်စီးသွားတယ်။ အဲဒီအချိန်မှာ ဣသရေလလူမျိုးတွေဟာ ဗာဗုလုန်သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်။ ဒါကြောင့် အပိုင်း လေး ဟာ သည်းထိတ်ရင်ဖိုအဖြစ်အပျက်တွေ အမျိုးမျိုးရဲ့မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု တို့မျက်စိရှေ့ ဖြတ်သန်းသွားမယ့်အချိန်ပိုင်းဖြစ်ပြီး နှစ်ပေါင်း ၅၁၀ ရှည်လျားတဲ့သမိုင်းကို ငုံမိတယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၅၆

ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း

ဘုရားကိုယ်တိုင် ရွေးကောက်ပြီး နောက်ပိုင်း ငြင်းပယ်လိုက်တဲ့ ရှောလုဆီကနေ အဖိုးတန်သင်ခန်းစာတွေ သင်ယူနိုင်တယ်။

ပုံပြင် ၅၇

ဒါဝိဒ်ကိုဘုရားသခင် ရွေးကောက်တဲ့အကြောင်း

ဒါဝိဒ်ဆီက ဘယ်အချက်ကို ပရောဖက်ရှမွေလမမြင်ဘဲ ဘုရားမြင်ခဲ့သလဲ။

ပုံပြင် ၅၈

ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း

ဒါဝိဒ်ဟာ ဂေါလျတ်ကို လောက်လွှဲလောက်နဲ့မဟုတ်ဘဲ ပိုတန်ခိုးကြီးတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်။

ပုံပြင် ၅၉

ဒါဝိဒ်ဘာဖြစ်လို့ ထွက်ပြေးရတဲ့အကြောင်း

အစပိုင်းမှာ ဒါဝိဒ်ကို ရှောလု စိတ်ကျေနပ်ခဲ့ပေမဲ့ နောက်ပိုင်း သေစေချင်လောက်တဲ့အထိ ဘာလို့ မနာလိုဖြစ်သွားတာလဲ။

ပုံပြင် ၆၀

အဘိဂဲလနဲ့ ဒါဝိဒ်တို့အကြောင်း

အဘိဂဲလဟာ ခင်ပွန်းကို လူမိုက်လို့ ခေါ်ခဲ့ပေမဲ့ တခဏတော့ ခင်ပွန်းအသက်ကို ကယ်တင်နိုင်ခဲ့တယ်။

ပုံပြင် ၆၁

ဒါဝိဒ်ကို မင်းမြှောက်တဲ့အကြောင်း

ဒါဝိဒ် လုပ်ခဲ့တာတွေနဲ့ မလုပ်ခဲ့တာတွေကြောင့် ဣသရေလလူမျိုးရဲ့ ဘုရင်ဖြစ်ထိုက်တယ်ဆိုတာ ပေါ်လွင်ခဲ့တယ်။

ပုံပြင် ၆၂

ဒါဝိဒ်အိမ်ထောင်မှာ ပြဿနာတက်တဲ့အကြောင်း

ဒါဝိဒ်ရဲ့ အမှားတစ်ခုကြောင့် သူကိုယ်တိုင်နဲ့ မိသားစုဟာ နှစ်ပေါင်းများစွာ ဒုက္ခကြုံခဲ့ရတယ်။

ပုံပြင် ၆၃

ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း

ရှောလမုန်ဟာ ကလေးကို နှစ်ခြမ်းပိုင်းလိုက်မှာလား။

ပုံပြင် ၆၄

ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း

ရှောလမုန်ဟာ ဉာဏ်ပညာရှိခဲ့ပေမဲ့ နောက်ပိုင်း မှားယွင်းတဲ့အရာတွေကို လုပ်ဆောင်လာခဲ့တယ်။

ပုံပြင် ၆၅

နိုင်ငံတော် နှစ်ခြမ်းကွဲသွားတဲ့အကြောင်း

ယေရောဗောင် စတင်အုပ်ချုပ်တာနဲ့ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ဖို့ တိုင်းသူပြည်သားတွေကို ဦးဆောင်ခဲ့တယ်။

ပုံပြင် ၆၆

မိဖုရားဆိုး ယေဇဗေလအကြောင်း

ယေဇဗေလဟာ သူလိုချင်တဲ့အရာကို မရရအောင် ယူတယ်။

ပုံပြင် ၆၇

ယောရှဖတ် ယေဟောဝါကိုအားကိုးတဲ့အကြောင်း

စစ်တပ်တစ်တပ်က ဘာလက်နက်မှ မကိုင်ထားတဲ့သီချင်းသည်တွေကို ရှေ့ကနေ ဘာလို့ဦးဆောင်သွားစေခဲ့တာလဲ။

ပုံပြင် ၆၈

ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေး နှစ်ယောက်အကြောင်း

သေသွားတဲ့သူ ပြန်ပြီး အသက်ရှင်နိုင်ပါ့မလား။ အရင်က တကယ်ဖြစ်ပျက်ခဲ့တယ်။

ပုံပြင် ၆၉

မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း

မိန်းကလေးတစ်ယောက် သတ္တိရှိရှိပြောခဲ့လို့ အံ့ဖွယ်ရလဒ်ရရှိခဲ့တယ်။

ပုံပြင် ၇၀

ယောနနဲ့ ဧရာမငါးကြီးအကြောင်း

ယေဟောဝါပြောတဲ့အတိုင်း လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ယောန သင်ခန်းစာရခဲ့တယ်။

ပုံပြင် ၇၁

ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း

ဦးဆုံးပရဒိသုက သေးသေးလေးဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာတစ်ခုလုံး ပရဒိသုဖြစ်သွားပါလိမ့်မယ်။

ပုံပြင် ၇၂

ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း

ကောင်းကင်တမန်တစ်ပါးက တစ်ညတည်းမှာ အာရှုရိစစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်တယ်။

ပုံပြင် ၇၃

ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း

ယောရှိဟာ လူပျိုဘော်ဝင်အရွယ်လောက်မှာ သတ္တိရှိတဲ့အလုပ်တစ်ခု လုပ်ခဲ့တယ်။

ပုံပြင် ၇၄

မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း

ယေရမိဟာ ပရောဖက်ဖြစ်ဖို့ သူ့ကိုယ်သူ ငယ်လွန်းတယ်လို့ ထင်ပေမဲ့ သူလုပ်နိုင်တယ်ဆိုတာ ဘုရားသခင် သိတယ်။

ပုံပြင် ၇၅

ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

သူတို့ဟာ မိသားစုနဲ့ ဝေးနေပေမဲ့ အောင်မြင်မှုရခဲ့ကြတယ်။

ပုံပြင် ၇၆

ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း

ယေရုရှလင်မြို့ကို ဖျက်ဆီးဖို့ ဣသရေလလူမျိုးရဲ့ ရန်သူ ဗာဗုလုန်လူမျိုးကို ဘုရားဘာဖြစ်လို့ ခွင့်ပြုလိုက်တာလဲ။