မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၅

ဗာဗုလုန်သုံ့ပန်းဘဝရောက်တဲ့ အချိန်ကနေပြီး ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်တဲ့ အချိန်အထိ

ဗာဗုလုန်သုံ့ပန်းဘဝရောက်တဲ့ အချိန်ကနေပြီး ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်တဲ့ အချိန်အထိ

ဣသရေလလူတွေ ဗာဗုလုန်ပြည်မှာ သုံ့ပန်းဖြစ်နေတဲ့အချိန်မှာ ယုံကြည်ခြင်းအမျိုးမျိုးစမ်းသပ်ခံရကြတယ်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ဟာ မီးလောင်တိုက်အသွင်းခံရကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကသူတို့ကိုအရှင်လတ်လတ် ပြန်ကယ်ထုတ်လိုက်တယ်။ အဲဒီနောက် မေဒိနဲ့ပေရသိလူတွေလက်ချက်နဲ့ ဗာဗုလုန်နိုင်ငံကျၡုံးသွားပြီးတဲ့နောက်မှာ ဒံယေလလည်း ခြင်္သေ့တွင်းထဲပစ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ခြင်္သေ့တွေရဲ့နှုတ်ကိုပိတ်ခြင်းအားဖြင့် သူ့ကိုဘုရားသခင်ကာကွယ်ခဲ့တယ်။

နောက်ဆုံးတော့၊ ပေရသိရှင်ဘုရင် ကုရုမင်းက ဣသရေလလူတွေကိုလွှတ်လိုက်တယ်။ ဒါနဲ့ ဣသရေလလူတွေ နေပြည်တော်ကိုပြန်ကြတယ်။ အဲဒါဟာ ဗာဗုလုန်ပြည်ကိုသုံ့ပန်းအဖြစ်နဲ့အဖမ်းခံရတဲ့အချိန်ကနေဆိုရင် အနှစ် ၇၀ အတိပဲ။ ယေရုရှလင်မြို့ကိုပြန်ရောက်တဲ့အခါ ဦးဦးဆုံး သူတို့လုပ်တာက ယေဟောဝါဗိမာန်တော်ပြန်ဆောက်တာပဲ။ ဒါပေမဲ့ ရန်သူတွေက မဆောက်နိုင်အောင်လုပ်လိုက်တယ်။ ဒါကြောင့် ယေရုရှလင်မြို့ကိုရောက်လို့ ၂၂ နှစ်ကြာမှပဲ ဗိမာန်တော်ဆောက်လို့ ပြီးသွားတယ်။

နောက်တစ်ချက်က ဧဇရ ယေရုရှလင်မြို့ကိုသွားပြီး ဗိမာန်တော်ကိုမွမ်းမံစီချယ်တဲ့အကြောင်းပဲ။ အဲဒါကတော့ ဗိမာန်တော်ပြီးစီးလို့ ၄၇ နှစ်အကြာမှာဖြစ်တယ်။ ဧဇရ ခုလိုလည်ပတ်လို့ ၁၃ နှစ်အကြာမှာ နေဟမိက ပျက်နေတဲ့ယေရုရှလင်မြို့ရိုးကိုပြုပြင်ဖို့ အထောက်အကူပြုခဲ့တယ်။ အဲဒီအချိန်အထိ နှစ်ပေါင်း ၁၅၂ နှစ်ရှည်လျားတဲ့ရာဇဝင်ကို အပိုင်း ငါး က တင်ပြလိုက်တယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၇၇

သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း

နာခံတဲ့ လူငယ်သုံးယောက်ကို မီးပြင်းဖိုကနေ ဘုရားကယ်တင်ပေးမှာလား။

ပုံပြင် ၇၈

နံရံပေါ်က လက်ရေးစာအကြောင်း

ပရောဖက် ဒံယေလဟာ ဒီထူးဆန်းတဲ့ စကားလုံးလေးလုံးရဲ့ အဓိပ္ပာယ်ကို ရှင်းပြတယ်။

ပုံပြင် ၇၉

ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း

ဒံယေလဟာ အသက်အန္တရာယ် ကြုံတွေ့ခဲ့ရတယ်။ သူလွတ်မြောက်နိုင်ပါ့မလား။

ပုံပြင် ၈၀

ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း

ဗာဗုလုန်မြို့ကို ပေရသိဘုရင် ကုရု သိမ်းပိုက်တဲ့အခါ ကြိုဟောချက်တစ်ခု ပြည့်စုံလာပြီး အခုလည်း နောက်ကြိုဟောချက်တစ်ခုကို ပြည့်စုံစေတယ်။

ပုံပြင် ၈၁

ဘုရားသခင် မစမှာကို ယုံကြည်အားထားတဲ့အကြောင်း

ဣသရေလလူမျိုးဟာ ဘုရားသခင်ကို နာခံပြီး လူ့ပညတ်ကို မလိုက်နာခဲ့ဘူး။ သူတို့ကို ဘုရားကောင်းချီးပေးသလား။

ပုံပြင် ၈၂

မော်ဒကဲနဲ့ ဧသတာတို့အကြောင်း

မိဖုရား ဝါရှတိဟာ ချောမောလှပပေမဲ့ ဘုရင်အာရွှေရုဟာ ဧသတာကို မိဖုရားအသစ်အဖြစ် တင်မြှောက်ခဲ့တယ်။ ဘာဖြစ်လို့လဲ။

ပုံပြင် ၈၃

ယေရုရှလင်မြို့ရိုးအကြောင်း

မြို့ရိုးပြန်ဆောက်နေချိန်မှာ အလုပ်သမားတွေဟာ ဓားတွေ၊ လှံတွေကို နေ့ရောညပါ အသင့်ဆောင်ထားကြတယ်။