မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၆

ယေရှုမွေးတဲ့အချိန်ကနေပြီး သေတဲ့အချိန်အထိ

ယေရှုမွေးတဲ့အချိန်ကနေပြီး သေတဲ့အချိန်အထိ

 ကာင်းကင်တမန်ဂါဗြေလဟာ မာရိလို့ခေါ်တဲ့မိန်းမကောင်းလေးတစ်ယောက်ဆီ စေလွှတ်ခံရတယ်။ မာရိကို သူက မင်းဟာ ထာဝစဉ်အုပ်ချုပ်ရမယ့်ဘုရင်ဖြစ်လာမယ့် ကလေးတစ်ယောက်ကိုမွေးမယ်ဆိုပြီးပြောတယ်။ ကလေးလေးယေရှုဟာ နွားတင်းကုပ်ထဲမှာ မွေးလာတယ်။ သိုးထိန်းတွေလာကြည့်ကြတယ်။ နောက်တော့ ကြယ်တစ်ပွင့်က အရှေ့ဒေသကလူတွေကို ကလေးဆီလာဖို့ လမ်းပြလိုက်တယ်။ အဲဒီကြယ်ကို သူတို့မြင်အောင် ဘယ်သူကဖန်တီးပေးသလဲဆိုတာရယ်၊ ပြီးတော့ ရန်သူလက်ထဲက ယေရှုဘယ်လိုအသက်ချမ်းသာရခဲ့တဲ့အကြောင်းရယ် တို့သိရလိမ့်မယ်။

အဲဒီနောက် ယေရှု ၁၂ နှစ်အရွယ်မှာ ဗိမာန်တော်ထဲမှာဆရာတွေနဲ့ စကားအပြန်အလှန်ပြောခဲ့တဲ့အကြောင်း တွေ့ရတယ်။ နောက်ထပ် ဆယ့်ရှစ်နှစ်ကြာတော့ ယေရှုနှစ်ခြင်းခံတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာလုပ်ဖို့ ဘုရားသခင်သူ့ကိုစေလွှတ်လိုက်တဲ့အလုပ်ဖြစ်တဲ့ နိုင်ငံတော်အကြောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကိုစပြီးလုပ်လာတယ်။ အဲဒီအလုပ်မှာ သူ့ကိုအထောက်အကူပြုဖို့ လူ ၁၂ ယောက်ကိုရွေးပြီး တမန်တော်ခန့်လိုက်တယ်။

ယေရှုဟာ အံ့ဩစရာကောင်းတဲ့ တန်ခိုးတွေအမျိုးမျိုးလည်းပြခဲ့တယ်။ ငါးကလေးနည်းနည်း၊ မုန့်ကလေးနည်းနည်းနဲ့ လူထောင်ချီပြီးကျွေးခဲ့တယ်။ ဖျားနာတဲ့လူတွေကိုပျောက်အောင် ကုပေးရုံမကဘူး လူသေတွေကိုတောင် ပြန်ရှင်အောင်လုပ်ခဲ့တယ်။ နောက်ဆုံးပိုင်းမှာ ယေရှုရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူကြုံရတွေ့ရတဲ့အကြောင်းအမျိုးစုံ၊ ပြီးတော့ သူဘယ်လိုအသတ်ခံခဲ့ရတဲ့အကြောင်းတွေကိုသိရလိမ့်မယ်။ ယေရှုဟာ သုံးနှစ်ခွဲဟောပြောခဲ့တယ်။ ဒါကြောင့် အပိုင်း ၆ မှာ ၃၄ နှစ်ရှည်လျားတဲ့အချိန်ပိုင်းကိုငုံမိတယ်။

 

ဒီအပိုင်းမှာ

ပုံပြင် ၈၄

ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း

မာရိဟာ ထာဝရဘုရင်ဖြစ်မယ့်ကလေးကို မွေးဖွားမယ်ဆိုတဲ့ ဘုရားဆီက သတင်းကို သူယူဆောင်လာတယ်။

ပုံပြင် ၈၅

ယေရှု နွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း

အနာဂတ်ရဲ့ ဘုရင်တစ်ပါးက တိရစ္ဆာန်တွေရဲ့ စားခွက်မှာ ဘယ်လိုလုပ်ပြီး မွေးလာတာလဲ။

ပုံပြင် ၈၆

ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း

နက္ခတ်ဗေဒင်ဆရာတွေကို ယေရှုဆီ လမ်းပြပေးတာ ဘယ်သူလဲ။ အဖြေကြောင့် သင် အံ့သြမိပါလိမ့်မယ်။

ပုံပြင် ၈၇

သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း

ဗိမာန်တော်မှာ သွန်သင်ပေးနေတဲ့ အသက်ကြီးသူတွေတောင် သူ့ကိုကြည့်ပြီး အံ့ဩကြတယ်။

ပုံပြင် ၈၈

ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း

အပြစ်သားတွေကို နှစ်ခြင်းပေးတဲ့ ယောဟန်ဟာ အပြစ်သားမဟုတ်တဲ့ ယေရှုကို ဘာလို့ နှစ်ခြင်းပေးခဲ့သလဲ။

ပုံပြင် ၈၉

ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း

မေတ္တာတစ်မျိုးကြောင့် ယေရှု ဒေါသထွက်ခဲ့တယ်။

ပုံပြင် ၉၀

ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း

ဘယ်တော့မှရေမဆာတော့မယ့် ရေတစ်မျိုးကို ယေရှု ဘာလို့ပေးနိုင်တာလဲ။

ပုံပြင် ၉၁

တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း

ယေရှုရဲ့ တောင်ပေါ်တရားတော်မှာပါတဲ့ ဉာဏ်ပညာစကားတွေကို လေ့လာကြည့်ပါ။

ပုံပြင် ၉၂

ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း

ဘုရားပေးတန်ခိုးကိုသုံးပြီး ယာဣရုသမီးကို စကားလုံးနှစ်လုံးတည်းနဲ့ အသက်ပြန်ရှင်အောင် ယေရှုလုပ်ပေးခဲ့တယ်။

ပုံပြင် ၉၃

ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း

လူများစွာကို အံ့ဖွယ်နည်းနဲ့ အစာကျွေးပြီး ဘယ်အရေးကြီးအချက်ကို ယေရှု ပြခဲ့သလဲ။

ပုံပြင် ၉၄

ကလေးလေးတွေကို သူချစ်တဲ့အကြောင်း

ကလေးတွေဆီကနေ သင်ယူစရာတွေရှိတယ်လို့ တမန်တော်တွေကို ယေရှုသွန်သင်တယ်။

ပုံပြင် ၉၅

ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း

ယေရှုရဲ့ ရှမာရိလူမျိုးအိမ်နီးချင်းဥပမာက ကိုယ်တော် သွန်သင်ပေးလေ့ရှိတဲ့ ဥပမာတွေထဲက တစ်ခုဖြစ်တယ်။

ပုံပြင် ၉၆

လူနာတွေကို ယေရှု ကုသပေးတဲ့အကြောင်း

ယေရှု လုပ်ပေးတဲ့အံ့ဖွယ်လုပ်ရပ်တွေက ဘာကိုပြနေသလဲ။

ပုံပြင် ၉၇

ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း

လူအုပ်ကြီးက ယေရှုကို ကြိုဆိုပေမဲ့ လူတိုင်းတော့ မကြိုက်ဘူး။

ပုံပြင် ၉၈

သံလွင်တော်ပေါ်မှာ ရောက်နေတဲ့အကြောင်း

ယေရှုဟာ သူ့တမန်တော်တွေကို ကျွန်တော်တို့အချိန်မှာ ဖြစ်လာမယ့်အကြောင်းတွေ ပြောပြတယ်။

ပုံပြင် ၉၉

အထက်ခန်းမှာ ရှိနေကြတဲ့အခါ

ဒီအထူးညစာစားပွဲကို နှစ်တိုင်းကျင်းပဖို့ တပည့်တွေကို ယေရှု ဘာလို့မိန့်မှာခဲ့သလဲ။

ပုံပြင် ၁၀၀

ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း

ယုဒဟာ ယေရှုကိုနမ်းပြီး ဘာလို့သစ္စာဖောက်တာလဲ။

ပုံပြင် ၁၀၁

ယေရှု အသတ်ခံရတဲ့အကြောင်း

သစ်တိုင်ပေါ် သေတော့မယ့်အချိန်မှာ ပရဒိသုအကြောင်း သူ ကတိပေးခဲ့တယ်။