မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အတွက် လေ့လာရန်မေးခွန်းများ

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အတွက် လေ့လာရန်မေးခွန်းများ

ပုံပြင် ၁

အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း

  1. ၁။ ကောင်းတဲ့အရာအားလုံး ဘယ်ဆီက လာတာလဲ၊ ဥပမာတစ်ခုပေးနိုင်မလား။

  2. ၂။ ဘုရားသခင် ဘာကို ဦးဆုံးဖန်ဆင်းခဲ့သလဲ။

  3. ၃။ ဦးဆုံးဖန်ဆင်းခံရတဲ့ ကောင်းကင်တမန်ဟာ ဘာကြောင့်ထူးခြားသလဲ။

  4. ၄။ အစပိုင်းမှာ ကမ္ဘာကြီးဟာ ဘယ်လိုပုံလဲဆိုတာ ပြောပြပါ။ (ပုံကိုရှု။)

  5. ၅။ တိရစ္ဆာန်တွေနဲ့ လူတွေ အသင့်နေနိုင်အောင် ကမ္ဘာကြီးကို ဘုရားသခင် ဘယ်လိုစပြီး ပြင်ဆင်ပေးခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယေရမိ ၁၀:၁၂ ကိုဖတ်။

    ဘုရားသခင့်ဖန်ဆင်းရာတွေကိုကြည့်ရင် ကိုယ်တော်ရဲ့ ဘယ်အရည်အသွေးတွေ ထင်ရှားသလဲ။ (ဟေရှာ. ၄၀:၂၆; ရော. ၁၁:၃၃)

  2. ၂။ ကောလောသဲ ၁:၁၅-၁၇ ကိုဖတ်။

    ယေရှုဟာ ဖန်ဆင်းခြင်းမှာ ဘယ်အပိုင်းကနေ ပါဝင်ခဲ့သလဲ၊ ဒါကြောင့် ကိုယ်တော့်ကို ဘယ်လို ရှုမြင်သင့်သလဲ။ (ကော. ၁:၁၅-၁၇)

  3. ၃။ ကမ္ဘာဦး ၁:၁-၁၀ ကိုဖတ်။

    1. (က) ကမ္ဘာမြေကြီး ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ။ (က. ၁:၁)

    2. (ခ) ပထမဖန်ဆင်းရာနေ့မှာ ဘာဖြစ်ပျက်ခဲ့သလဲ။ (က. ၁:၃-၅)

    3. (ဂ) ဒုတိယဖန်ဆင်းရာနေ့အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါ။ (က. ၁:၇၊ ၈)

ပုံပြင် ၂

လှလိုက်တဲ့ ဥယျာဉ်ကလေး

  1. ၁။ ကမ္ဘာမြေကြီးကို တို့ရဲ့နေအိမ်ဖြစ်အောင် ဘုရားသခင် ဘယ်လိုပြင်ဆင်ခဲ့သလဲ။

  2. ၂။ ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်အမျိုးမျိုးကို ပြောပြပါ။ (ပုံကိုရှု။)

  3. ၃။ ဧဒင်ဥယျာဉ်ဟာ ဘာဖြစ်လို့ ထူးခြားရတာလဲ။

  4. ၄။ တစ်ကမ္ဘာလုံးကို ဘုရားသခင် ဘယ်လိုဖြစ်စေချင်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၁:၁၁-၂၅ ကိုဖတ်။

    1. (က) တတိယဖန်ဆင်းရာနေ့အတွင်း ဘုရားသခင် ဘာကိုဖန်ဆင်းခဲ့သလဲ။ (က. ၁:၁၂)

    2. (ခ) စတုတ္ထဖန်ဆင်းရာနေ့အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ။ (က. ၁:၁၆)

    3. (ဂ) ပဉ္စမနဲ့ ဆဋ္ဌမနေ့တွေမှာ ဘယ်လိုတိရစ္ဆာန်မျိုးကို ဘုရားသခင်ဖန်ဆင်းခဲ့သလဲ။ (က. ၁:၂၀၊ ၂၁၊ ၂၅)

  2. ၂။ ကမ္ဘာဦး ၂:၈၊ ၉ ကိုဖတ်။

    ဘုရားသခင်ဟာ ထူးခြားတဲ့ ဘယ်အပင်နှစ်ပင်ကို ဥယျာဉ်ထဲမှာပေါက်စေခဲ့သလဲ၊ အဲဒီအပင်တွေက ဘာကိုကိုယ်စားပြုသလဲ။

ပုံပြင် ၃

ပထမယောက်ျားနဲ့ မိန်းမအကြောင်း

  1. ၁။ ပုံပြင် ၃ ကပုံနဲ့ ပုံပြင် ၂ ကပုံ ဘယ်လိုကွာခြားသလဲ။

  2. ၂။ ပထမလူယောက်ျားကို ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ ဒီလူယောက်ျားရဲ့နာမည် ဘယ်လိုခေါ်သလဲ။

  3. ၃။ အာဒံကို ဘုရားသခင် ဘာလုပ်ခိုင်းခဲ့သလဲ။

  4. ၄။ ဘုရားသခင်က ဘာဖြစ်လို့ အာဒံကို အိပ်မောကျအောင်လုပ်ခဲ့တာလဲ။

  5. ၅။ အာဒံနဲ့ဧဝတို့ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ၊ ယေဟောဝါက သူတို့ကို ဘာအလုပ် လုပ်စေချင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယေရမိ ၃၃:၂ ကိုဖတ်။

    ဘုရားသခင်နာမည် ဘယ်လိုခေါ်သလဲ၊ မြေကြီးအထက် ကိုယ်တော်ရဲ့ပြိုင်ဘက်ကင်းတဲ့ရာထူးက ဘာလဲ။ (ယေ. ၁၆:၂၁သမ္မာ; ဒံ. ၄:၁၇)

  2. ၂။ ကမ္ဘာဦး ၁:၂၆-၃၁ ကိုဖတ်။

    1. (က) ဆဋ္ဌမနေ့မှာ ဘုရားသခင့်ဖန်ဆင်းခြင်း အထွတ်အထိပ်က ဘာလဲ၊ ဒီဖန်ဆင်းခြင်းဟာ တိရစ္ဆာန်တွေဖန်ဆင်းခြင်းနဲ့ ဘယ်လိုကွာခြားသလဲ။ (က. ၁:၂၆)

    2. (ခ) လူနဲ့ တိရစ္ဆာန်တွေအတွက် ယေဟောဝါ ဘာတွေပြင်ဆင်ပေးခဲ့သလဲ။ (က. ၁:၃၀)

  3. ၃။ ကမ္ဘာဦး ၂:၇-၂၅ ကိုဖတ်။

    1. (က) တိရစ္ဆာန်တွေကို နာမည်မှည့်ရတဲ့ အာဒံရဲ့တာဝန်မှာ ဘာပါဝင်ခဲ့သလဲ။ (က. ၂:၁၉)

    2. (ခ) အိမ်ထောင်ပြုခြင်း၊ ခွဲနေခြင်း၊ ကွာရှင်းခြင်းတို့နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကိုနားလည်ဖို့ ကမ္ဘာဦး ၂:၂၄ က ဘယ်လိုကူညီပေးသလဲ။ (မ. ၁၉:၄-၆၊)

ပုံပြင် ၄

သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း

  1. ၁။ ပုံထဲမှာ အာဒံနဲ့ဧဝတို့ ဘာဖြစ်နေသလဲ။

  2. ၂။ သူတို့ကို ယေဟောဝါ ဘာဖြစ်လို့ဒဏ်ခတ်တာလဲ။

  3. ၃။ ဧဝကို မြွေတစ်ကောင် ဘာတွေလာပြောသလဲ။

  4. ၄။ ဧဝကို မြွေက သွားပြီးစကားပြောအောင် ဘယ်သူ ဖန်တီးခဲ့တာလဲ။

  5. ၅။ အာဒံနဲ့ဧဝတို့ဟာ ပရဒိသုစံအိမ်လေးကို ဘာကြောင့်လက်လွှတ်ဆုံးၡုံးခဲ့ရတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂:၁၆၊ ၁၇ နှင့် ၃:၁-၁၃၊ ၂၄ ကိုဖတ်။

    1. (က) ဧဝကိုမေးခဲ့တဲ့ မြွေရဲ့မေးခွန်းက ယေဟောဝါကို ဘယ်လိုတလွဲထင်စေ ခဲ့သလဲ။ (က. ၃:၁-၅; ၁ ယော. ၅:၃)

    2. (ခ) ဧဝဟာ တို့တစ်တွေအတွက် ဘယ်လိုသတိပေးနမူနာဖြစ်သလဲ။ (ဖိ. ၄:၈; ယာ. ၁:၁၄၊ ၁၅; ၁ ယော. ၂:၁၆)

    3. (ဂ) အာဒံနဲ့ဧဝတို့ဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဘယ်လိုနည်းနဲ့ တာဝန်မကျေ ဖြစ်ခဲ့သလဲ။ (က. ၃:၁၂၊ ၁၃)

    4. (ဃ) ဧဒင်ဥယျာဉ်အရှေ့ဘက်မှာထားတဲ့ ခေရုဗိမ်တွေက ယေဟောဝါရဲ့ပိုင်သ အုပ်စိုးမှုကို ဘယ်လိုထောက်ခံခဲ့ကြသလဲ။ (က. ၃:၂၄)

  2. ၂။ ဗျာဒိတ် ၁၂:၉ ကိုဖတ်။

    လူသားထုကို ဘုရားသခင့်အုပ်ချုပ်ရေးကနေ လှည့်ထွက်သွားစေရာမှာ စာတန် ဘယ်လောက်အောင်မြင်ခဲ့ပြီလဲ။ (၁ ယော. ၅:၁၉)

ပုံပြင် ၅

ကြမ်းတမ်းတဲ့ ဘဝခရီး စခဲ့ရပြီ

  1. ၁။ ဧဒင်ဥယျာဉ် အပြင်ဘက်မှာ အာဒံနဲ့ဧဝတို့ရဲ့ဘဝအခြေအနေ ဘယ်လိုရှိသလဲ။

  2. ၂။ အာဒံနဲ့ဧဝတို့ ဘာဖြစ်တော့မလဲ၊ ဘာကြောင့်လဲ။

  3. ၃။ အာဒံနဲ့ဧဝတို့ရဲ့ကလေးတွေ ဘာဖြစ်လို့အိုပြီး သေရတော့မှာလဲ။

  4. ၄။ အာဒံနဲ့ဧဝတို့သာ ယေဟောဝါစကားနားထောင်ခဲ့မယ်ဆိုရင် သူတို့နဲ့ သူတို့ သားသမီးတွေရဲ့ဘဝ ဘယ်လိုရှိလိမ့်မလဲ။

  5. ၅။ မနာခံမှုကြောင့် ဧဝ ဘယ်လိုဝေဒနာခံစားခဲ့ရသလဲ။

  6. ၆။ အာဒံနဲ့ဧဝတို့ရဲ့ ပထမသားနှစ်ယောက် နာမည်ဘယ်လိုခေါ်သလဲ။

  7. ၇။ ပုံထဲက တခြားကလေးတွေက ဘယ်သူတွေလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၃:၁၆-၂၃ နဲ့ ၄:၁၊ ၂ ကိုဖတ်။

    1. (က) မြေကြီးအကျိန်ခံရခြင်းက အာဒံရဲ့ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။ (က. ၃:၁၇-၁၉; ရော. ၈:၂၀၊ ၂၂)

    2. (ခ) “အသက်ရှင်သောသူ” လို့အဓိပ္ပာယ်ရှိတဲ့ ဧဝရဲ့နာမည်ဟာ ဘာကြောင့် သင့်တော်သလဲ။ (က. ၃:၂၀)

    3. (ဂ) အာဒံနဲ့ဧဝတို့ အပြစ်လုပ်ပြီးနောက်မှာတောင် သူတို့ကို စာနာထောက်ထားကြောင်း ယေဟောဝါဘယ်လိုပြခဲ့သလဲ။ (က. ၃:၇၊ ၂၁)

  2. ၂။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။

    ဘယ် “ရှေးဖြစ်ဖူးသောအရာ” တွေ ပပျောက်သွားမှာကို မင်းတို့စောင့်မျှော်သလဲ။

ပုံပြင် ၆

သားလိမ္မာနဲ့ သားမိုက်အကြောင်း

  1. ၁။ ကာဣနနဲ့ အာဗေလတို့ ဘာအလုပ်တွေ လုပ်ကိုင်ခဲ့ကြသလဲ။

  2. ၂။ ယေဟောဝါဆီကို ကာဣနနဲ့ အာဗေလတို့ ဘာလက်ဆောင်တွေယူလာကြသလဲ။

  3. ၃။ ယေဟောဝါဟာ ဘာဖြစ်လို့ အာဗေလရဲ့လက်ဆောင်ကို သဘောကျပြီး ကာဣနရဲ့လက်ဆောင်ကိုကျတော့ သဘောမကျတာလဲ။

  4. ၄။ ကာဣနဟာ ဘယ်လိုလူစားမျိုးလဲ၊ သူ့ကို ယေဟောဝါ ဘယ်လိုတည့်မတ်ပေးခဲ့သလဲ။

  5. ၅။ လယ်ထဲမှာ သူ့ညီနဲ့ နှစ်ယောက်တည်းရှိနေတဲ့အခါ ကာဣနဘာလုပ်ခဲ့သလဲ။

  6. ၆။ သူ့ညီကိုသတ်ပြီးတဲ့နောက် ကာဣနဘာဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပါ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၄:၂-၂၆ ကိုဖတ်။

    1. (က) ကာဣနမှာ အန္တရာယ်ရှိနေတယ်ဆိုတာကို ယေဟောဝါ ဘယ်လိုရှင်းပြ ခဲ့သလဲ။ (က. ၄:၇)

    2. (ခ) ကာဣနဟာ သူ့ရဲ့စိတ်သဘောထားကို ဘယ်လိုဖော်ပြခဲ့သလဲ။ (က. ၄:၉)

    3. (ဂ) အပြစ်မရှိသူရဲ့  အသွေးသွန်းခြင်းကို  ယေဟောဝါဘယ်လိုမြင်သလဲ။ (က. ၄:၁၀; ဟေရှာ. ၂၆:၂၁)

  2. ၂။ ၁ ယောဟန် ၃:၁၁၊ ၁၂ ကိုဖတ်။

    1. (က) ကာဣန ဘာဖြစ်လို့ တအားစိတ်ဆိုးခဲ့တာလဲ၊ အဲဒါက ခုခေတ် တို့တစ်တွေ အတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (က. ၄:၄၊ ၅; သု. ၁၄:၃၀; ၂၈:၂၂)

    2. (ခ) မိသားစုဝင်အားလုံးက ယေဟောဝါကို ဆန့်ကျင်နေရင်တောင်မှ တို့တစ်တွေ ဆက်ပြီးသမာဓိစောင့်နိုင်တယ်ဆိုတာ သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (ဆာ. ၂၇:၁၀; မ. ၁၀:၂၁၊ ၂၂)

  3. ၃။ ယောဟန် ၁၁:၂၅ ကိုဖတ်။

    ဖြောင့်မတ်ခြင်းတရားကြောင့် သေဆုံးသွားသူတွေအတွက် ယေဟောဝါ ဘယ်လို အာမခံသလဲ။ (ယော. ၅:၂၄)

ပုံပြင် ၇

သတ္တိခဲတစ်ယောက် အကြောင်း

  1. ၁။ ဧနောက်က ဘယ်လိုထူးခြားသလဲ။

  2. ၂။ ဧနောက်ခေတ်က လူတွေဟာ ဘာကြောင့် ဆိုးတဲ့အလုပ်တွေ ဒီလောက်တောင်လုပ်ကြတာလဲ။

  3. ၃။ ဘယ်လိုမကောင်းမှုတွေကို လူတွေလုပ်နေကြသလဲ။ (ပုံကိုရှု။)

  4. ၄။ ဧနောက် ဘာကြောင့် သတ္တိရှိဖို့လိုခဲ့တာလဲ။

  5. ၅။ အဲဒီခေတ်ကလူတွေ ဘယ်လောက် အသက်ရှည်ခဲ့ကြသလဲ၊ ဧနောက်ကျတော့ကော ဘယ်လောက် အသက်ရှည်ခဲ့သလဲ။

  6. ၆။ ဧနောက်သေပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၅:၂၁-၂၄၊ ၂၇ ကိုဖတ်။

    1. (က) ဧနောက်ဟာ ယေဟောဝါနဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိခဲ့သလဲ။ (က. ၅:၂၄)

    2. (ခ) သမ္မာကျမ်းစာအရ အသက်ရှင်ခဲ့သမျှမှာ အသက်အရှည်ဆုံးလူက ဘယ်သူလဲ၊ သူသေတော့ အသက်ဘယ်လောက်ရှိပြီလဲ။ (က. ၅:၂၇)

  2. ၂။ ကမ္ဘာဦး ၆:၅ ကိုဖတ်။

    ဧနောက်သေပြီးတဲ့နောက် ကမ္ဘာ့အခြေအနေ ဘယ်လောက်ဆိုးသွားသလဲ၊ အဲဒါကို တို့ခေတ်နဲ့ ဘယ်လိုနှိုင်းယှဉ်မလဲ။ (၂ တိ. ၃:၁၃)

  3. ၃။ ဟေဗြဲ ၁၁:၅ ကိုဖတ်။

    ဧနောက်ရဲ့ ဘယ်အရည်အချင်းက “ဘုရားသခင်၏စိတ်တော်နှင့်တွေ့” ခဲ့သလဲ၊ ဘာအကျိုးကျေးဇူးရခဲ့သလဲ။ (က. ၅:၂၂)

  4. ၄။ ယုဒ ၁၄၊ ၁၅ ကိုဖတ်။

    ခုခေတ်ခရစ်ယာန်တွေအနေနဲ့ ရောက်အံ့ဆဲ အာမဂေဒုန်စစ်ပွဲအကြောင်း လူတွေကို သတိပေးတဲ့အခါ ဧနောက်ရဲ့သတ္တိကို ဘယ်လိုအတုယူနိုင်သလဲ။ (၂ တိ. ၄:၂; ဟေဗြဲ ၁၃:၆)

ပုံပြင် ၈

ကမ္ဘာပေါ်က ဘီလူးကြီးတွေအကြောင်း

  1. ၁။ ဘုရားသခင့်ကောင်းကင်တမန်တချို့ စာတန်ရဲ့စကားကိုနားထောင်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။

  2. ၂။ ကောင်းကင်တမန်တချို့ ကောင်းကင်ကအလုပ်တွေကိုပစ်ပြီး မြေကြီးပေါ်ကို ဘာကြောင့်ဆင်းလာကြတာလဲ။

  3. ၃။ ကောင်းကင်တမန်တွေ မြေကြီးပေါ်ဆင်းလာပြီး လူ့ကိုယ်ခန္ဓာယူကြတာ ဘာကြောင့်မှားသလဲ။

  4. ၄။ ကောင်းကင်တမန်တွေရဲ့ ကလေးတွေဟာ ဘာထူးခြားသလဲ။

  5. ၅။ ပုံထဲမှာမြင်ရတဲ့အတိုင်း ကောင်းကင်တမန်တွေရဲ့ကလေးတွေ ဘီလူးတွေ ဖြစ်လာတဲ့အခါ ဘာလုပ်ကြသလဲ။

  6. ၆။ ဧနောက်ပြီးတော့ ကမ္ဘာပေါ်မှာ ဘယ်လူကောင်းတစ်ဦး အသက်ရှင်ခဲ့သလဲ၊ သူ့ကို ဘုရားသခင် ဘာလို့နှစ်သက်တာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၆:၁-၈ ကိုဖတ်။

    တို့တစ်တွေရဲ့အမူအကျင့်က ယေဟောဝါရဲ့စိတ်ကို ထိခိုက်စေနိုင်ကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘာဦး ၆:၆ က ဘာဖော်ပြသလဲ။ (ဆာ. ၇၈:၄၀၊ ၄၁; သု. ၂၇:၁၁)

  2. ၂။ ယုဒ ၆ ကိုဖတ်။

    နောဧခေတ်က “မိမိတို့အခွင့်အရာကိုမစောင့်” တဲ့ကောင်းကင်တမန်တွေဟာ ခုခေတ် တို့တစ်တွေအတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (၁ ကော. ၃:၅-၉; ၂ ပေ. ၂:၄၊ ၉၊ ၁၀)

ပုံပြင် ၉

နောဧသင်္ဘောတစ်စင်း ဆောက်တဲ့အကြောင်း

  1. ၁။ နောဧရဲ့မိသားစု ဘယ်နှစ်ယောက်ရှိသလဲ၊ သူ့သားသုံးယောက်နာမည် ဘယ်လိုခေါ်သလဲ။

  2. ၂။ ဘုရားသခင်က နောဧကို ဘာထူးဆန်းတဲ့အလုပ်တစ်ခု လုပ်ခိုင်းသလဲ၊ ဘာကြောင့်လဲ။

  3. ၃။ သင်္ဘောအကြောင်းပြောပြတဲ့အခါ နောဧရဲ့အိမ်နီးချင်းတွေ ဘယ်လိုတုံ့ပြန် ခဲ့ကြသလဲ။

  4. ၄။ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး နောဧကို ဘုရားသခင် ဘာပြောသလဲ။

  5. ၅။ သင်္ဘောတံခါးကို ဘုရားသခင်ပိတ်ပြီးတဲ့နောက် နောဧနဲ့သူ့မိသားစု ဘာလုပ် စရာရှိသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၆:၉-၂၂ ကိုဖတ်။

    1. (က) ဘယ်အရာက နောဧကို စစ်မှန်သောဘုရားသခင်ရဲ့ ထူးခြားထင်ရှားတဲ့ ဝတ်ပြုသူတစ်ဦးဖြစ်စေခဲ့တာလဲ။ (က. ၆:၉၊ ၂၂)

    2. (ခ) အကြမ်းဖက်မှုကို ယေဟောဝါဘယ်လိုယူဆသလဲ၊ တို့တစ်တွေ အပန်းဖြေမှု ရွေးချယ်ရာမှာ အဲဒါက ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (က. ၆:၁၁၊ ၁၂; ဆာ. ၁၁:၅)

    3. (ဂ) ယေဟောဝါရဲ့အဖွဲ့အစည်းကတစ်ဆင့် ညွှန်ကြားချက်ရရှိတဲ့အခါ နောဧကို ဘယ်လိုအတုယူနိုင်သလဲ။ (က. ၆:၂၂; ၁ ယော. ၅:၃)

  2. ၂။ ကမ္ဘာဦး ၇:၁-၉ ကိုဖတ်။

    မစုံလင်သူနောဧကို ဖြောင့်မတ်သူအဖြစ် ယေဟောဝါရှုမြင်ခဲ့တာက တို့တစ်တွေကို ဘယ်လိုအားရှိစေသလဲ။ (က. ၇:၁; သု. ၁၀:၁၆; ဟေရှာ. ၂၆:၇)

ပုံပြင် ၁၀

လွှမ်းမိုးတဲ့ရေကြီး အကြောင်း

  1. ၁။ မိုးစရွာတာနဲ့ သင်္ဘောထဲဘယ်သူမှ မဝင်နိုင်တော့တာ ဘာကြောင့်လဲ။

  2. ၂။ ဘယ်နှစ်ရက် ဘယ်နှစ်ည ယေဟောဝါ မိုးရွာစေခဲ့သလဲ၊ ဘယ်လောက်အထိ ရေတက်လာသလဲ။

  3. ၃။ မြေကြီးကို ရေလွှမ်းလာတာနဲ့ သင်္ဘောဘာဖြစ်ခဲ့သလဲ။

  4. ၄။ ရေလွှမ်းမိုးဘေးကို ဘီလူးကြီးတွေ လွတ်မြောက်ခဲ့ကြသလား၊ ဘီလူးတွေရဲ့ အဖေတွေ ဘာဖြစ်သွားသလဲ။

  5. ၅။ ငါးလကြာပြီးတဲ့နောက် သင်္ဘောဘာဖြစ်ခဲ့သလဲ။

  6. ၆။ နောဧက ကျီးအတစ်ကောင်ကို သင်္ဘောကနေ ဘာကြောင့်လွှတ်လိုက် တာလဲ။

  7. ၇။ မြေကြီးပေါ်က ရေကျသွားပြီဆိုတာကို နောဧဘယ်လိုသိခဲ့သလဲ။

  8. ၈။ နောဧနဲ့သူ့မိသားစု သင်္ဘောထဲနေကြတာ တစ်နှစ်ကျော်ကြာပြီးတဲ့နောက် သူ့ကို ယေဟောဝါ ဘာမိန့်မှာခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၇:၁၀-၂၄ ကိုဖတ်။

    1. (က) မြေကြီးပေါ်ကသက်ရှိတွေ ဘယ်လောက်ကုန်စင်အောင် ဖျက်ဆီးခံခဲ့ရသလဲ။ (က. ၇:၂၃)

    2. (ခ) လွှမ်းမိုးတဲ့ရေတွေကျသွားဖို့ ဘယ်လောက်ကြာသလဲ။ (က. ၇:၂၄)

  2. ၂။ ကမ္ဘာဦး ၈:၁-၁၇ ကိုဖတ်။

    မြေကြီးအတွက် ယေဟောဝါရဲ့မူလရည်ရွယ်ချက် မပြောင်းလဲဘူးဆိုတာကို ကမ္ဘာဦး ၈:၁၇ ကဘယ်လိုဖော်ပြသလဲ။ (က. ၁:၂၂)

  3. ၃။ ၁ ပေတရု ၃:၁၉၊ ၂၀ ကိုဖတ်။

    1. (က) ပုန်ကန်တဲ့ကောင်းကင်တမန်တွေ ကောင်းကင်ကိုပြန်တက်တဲ့အခါ ဘယ်လို တရားစီရင်ခံခဲ့ကြသလဲ။ (ယု. ၆)

    2. (ခ) နောဧနဲ့သူ့မိသားစုမှတ်တမ်းက မိမိရဲ့လူတွေကို ယေဟောဝါကယ်လွှတ်နိုင်စွမ်း ရှိကြောင်း ဘယ်လိုတိုးပြီးယုံကြည်စိတ်ချစေသလဲ။ (၂ ပေ. ၂:၉)

ပုံပြင် ၁၁

ပထမဦးဆုံး သက်တံ

  1. ၁။ ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ဘောထဲက ထွက်ထွက်ချင်း နောဧဘာလုပ်ခဲ့သလဲ။

  2. ၂။ ရေလွှမ်းမိုးဘေးပြီးတော့ နောဧနဲ့သူ့မိသားစုကို ဘုရားသခင်ဘာမိန့်မှာခဲ့သလဲ။

  3. ၃။ ဘုရားသခင် ဘယ်လိုကတိပေးခဲ့သလဲ။

  4. ၄။ သက်တံကိုမြင်တဲ့အခါ ဘာကိုသတိရဖို့ကောင်းသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၈:၁၈-၂၂ ကိုဖတ်။

    1. source ခုချိန်မှာ ယေဟောဝါကို “မွှေးကြိုင်သောအနံ့” ဘယ်လိုဆက်သနိုင်သလဲ။ (က. ၈:၂၁; ဟေဗြဲ ၁၃:၁၅၊ ၁၆)

    2. လူ့နှလုံးအခြေအနေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာတွေ့မြင်ခဲ့သလဲ၊ ဒါကြောင့် ဘာကိုသတိပြုသင့်သလဲ။ (က. ၈:၂၁; မ. ၁၅:၁၈၊ ၁၉)

  2. ၂။ ကမ္ဘာဦး ၉:၉-၁၇ ကိုဖတ်။

    1. (က) ယေဟောဝါဟာ မြေကြီးသားအပေါင်းနဲ့ ဘာပဋိညာဉ်ဖွဲ့ခဲ့သလဲ။ (က. ၉:၁၀၊ ၁၁)

    2. (ခ) သက်တံပဋိညာဉ်ဟာ ဘယ်လောက်ကြာကြာ အကျိုးသက်ရောက်နေမှာလဲ။ (က. ၉:၁၆)

ပုံပြင် ၁၂

လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း

  1. ၁။ နိမ်ရောဒက ဘယ်သူလဲ၊ သူ့ကို ဘုရားသခင် ဘယ်လိုသဘောထားခဲ့သလဲ။

  2. ၂။ ပုံမှာပါတဲ့လူတွေ ဘာလို့အုတ်ဖုတ်နေကြတာလဲ။

  3. ၃။ သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ယေဟောဝါ ဘာကြောင့်မကြိုက်တာလဲ။

  4. ၄။ ရဲတိုက်ကြီးဆောက်တာကို ဘုရားသခင် ဘယ်လိုရပ်တန့်စေခဲ့သလဲ။

  5. ၅။ အဲဒီမြို့ကို ဘယ်လိုခေါ်သလဲ၊ အဓိပ္ပာယ်က ဘာလဲ။

  6. ၆။ ဘုရားသခင်က လူတွေရဲ့ဘာသာစကားကို ရှုပ်ထွေးစေပြီးနောက် ဘာဖြစ်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၁၀:၁၊ ၈-၁၀ ကိုဖတ်။

    ဘယ်လိုပင်ကိုစရိုက်တွေကို နိမ်ရောဒတင်ပြခဲ့သလဲ၊ အဲဒါက တို့တစ်တွေကို ဘာသတိပေးသလဲ။ (သု. ၃:၃၁)

  2. ၂။ ကမ္ဘာဦး ၁၁:၁-၉ ကိုဖတ်။

    ရဲတိုက်ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲဒီစီမံကိန်းပျက်ဖို့ ဘာကြောင့် သေချာတာလဲ။ (က. ၁၁:၄; သု. ၁၆:၁၈; ယော. ၅:၄၄)

ပုံပြင် ၁၃

ဘုရားသခင်ရဲ့မိတ်ဆွေ—အာဗြဟံအကြောင်း

  1. ၁။ ဥရမြို့မှာ ဘယ်လိုလူတွေ နေထိုင်ကြသလဲ။

  2. ၂။ ပုံထဲကလူက ဘယ်သူလဲ၊ ဘယ်အချိန်မှာ သူ့ကိုမွေးဖွားပြီး ဘယ်မှာနေခဲ့သလဲ။

  3. ၃။ အာဗြဟံကို ဘုရားသခင် ဘာလုပ်ခိုင်းသလဲ။

  4. ၄။ အာဗြဟံကို ဘုရားသခင့်မိတ်ဆွေလို့ ဘာကြောင့်ခေါ်ရတာလဲ။

  5. ၅။ အာဗြဟံ ဥရမြို့ကထွက်တော့ သူနဲ့ ဘယ်သူတွေလိုက်သွားကြသလဲ။

  6. ၆။ အာဗြဟံ ခါနာန်ပြည်ကိုရောက်တော့ ဘုရားသခင် သူ့ကိုဘာပြောသလဲ။

  7. ၇။ အာဗြဟံအသက် ၉၉ နှစ်ရှိတဲ့အခါ ဘုရားသခင် သူ့ကိုဘာကတိပြုခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၁၁:၂၇-၃၂ ကိုဖတ်။

    1. (က) အာဗြဟံနဲ့ လောတ ဘယ်လိုတော်စပ်သလဲ။ (က. ၁၁:၂၇၊ ၂၈)

    2. (ခ) တေရဟာ သူ့မိသားစုနဲ့ ခါနာန်ပြည်ကိုပြောင်းရွှေ့သွားတယ်လို့ ဂုဏ်ယူဖွယ် ဖော်ပြထားပေမဲ့ တကယ်တမ်းပြောင်းရွှေ့ဖို့ အစပြုခဲ့သူဟာ အာဗြဟံဖြစ်ကြောင်း ဘယ်လိုသိရသလဲ၊ သူဘာကြောင့် ပြောင်းရွှေ့ခဲ့တာလဲ။ (က. ၁၁:၃၁; တ. ၇:၂-၄)

  2. ၂။ ကမ္ဘာဦး ၁၂:၁-၇ ကိုဖတ်။

    ခါနာန်ပြည်ကို အာဗြဟံရောက်ပြီးတဲ့နောက် အာဗြဟံနဲ့ဖွဲ့တဲ့ပဋိညာဉ်မှာ ယေဟောဝါ ဘာထပ်တိုးပေးခဲ့သလဲ။ (က. ၁၂:၇)

  3. ၃။ ကမ္ဘာဦး ၁၇:၁-၈၊ ၁၅-၁၇ ကိုဖတ်။

    1. (က) အာဗြံအသက် ၉၉ နှစ်မှာ နာမည်ဘယ်လိုပြောင်းသွားသလဲ၊ ဘာကြောင့်လဲ။ (က. ၁၇:၅)

    2. (ခ) စာရာကို ဘာကောင်းချီးတွေပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့သလဲ။ (က. ၁၇:၁၅၊ ၁၆)

  4. ၄။ ကမ္ဘာဦး ၁၈:၉-၁၉ ကိုဖတ်။

    1. (က) ဖခင်တွေအတွက် ဘာတာဝန်တွေရှိတယ်ဆိုတာကို ကမ္ဘာဦး ၁၈:၁၉ မှာ ဖော်ပြထားသလဲ။ (တရား. ၆:၆၊ ၇; ဧ. ၆:၄)

    2. (ခ) ယေဟောဝါရှေ့မှာ ဘာကိုမှဖုံးထားလို့မရဘူးဆိုတာ စာရာရဲ့ဘယ်တွေ့ကြုံမှုက ဖော်ပြသလဲ။ (က. ၁၈:၁၂၊ ၁၅; ဆာ. ၄၄:၂၁)

ပုံပြင် ၁၄

အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင်စမ်းသပ်တဲ့ အကြောင်း

  1. ၁။ အာဗြဟံကို ဘုရားသခင် ဘာကတိပေးခဲ့သလဲ၊ ဘုရားသခင် ဘယ်လို ကတိတည်ခဲ့သလဲ။

  2. ၂။ ပုံမှာမြင်ရတဲ့အတိုင်း အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင် ဘယ်လိုစမ်းသပ်ခဲ့သလဲ။

  3. ၃။ ဘုရားသခင်မိန့်မှာရတဲ့အကြောင်းရင်းကို နားမလည်ပေမဲ့ အာဗြဟံ ဘာလုပ်ခဲ့သလဲ။

  4. ၄။ ဓားကိုထုတ်ပြီး သားကိုသတ်မယ်လုပ်တော့ ဘာဖြစ်ခဲ့သလဲ။

  5. ၅။ ဘုရားသခင်ကို အာဗြဟံ ဘယ်လောက်တောင်ယုံကြည်ခဲ့သလဲ။

  6. ၆။ အာဗြဟံယဇ်ပူဇော်ဖို့ ဘုရားသခင် ဘာပြင်ဆင်ပေးခဲ့သလဲ၊ ဘယ်လိုနည်းနဲ့လဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂၁:၁-၇ ကိုဖတ်။

    ရှစ်ရက်မြောက်နေ့မှာ အာဗြဟံက သူ့သားကို ဘာကြောင့်အရေဖျားလှီးတာလဲ။ (က. ၁၇:၁၀-၁၂; ၂၁:၄)

  2. ၂။ ကမ္ဘာဦး ၂၂:၁-၁၈ ကိုဖတ်။

    ဣဇာက်ဟာ သူ့ဖေဖေအာဗြဟံရဲ့စကားကို နားထောင်တယ်ဆိုတာ ဘယ်လိုပြခဲ့ သလဲ၊ အဲဒါက အဓိပ္ပာယ်ပိုလေးနက်တဲ့ အနာဂတ်ဖြစ်ရပ်တစ်ခုကို ဘယ်လို အရိပ် အယောင်ပြသလဲ။ (က. ၂၂:၇-၉; ၁ ကော. ၅:၇; ဖိ. ၂:၈၊ ၉)

ပုံပြင် ၁၅

လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့ အကြောင်း

  1. ၁။ အာဗြဟံနဲ့လောတ ဘာကြောင့်ခွဲနေကြတာလဲ။

  2. ၂။ သောဒုံမြို့ကို လောတ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

  3. ၃။ သောဒုံမြို့သားတွေက ဘယ်လိုလူတွေလဲ။

  4. ၄။ ကောင်းကင်တမန်နှစ်ပါးက လောတကို ဘာသတိပေးသလဲ။

  5. ၅။ လောတရဲ့မိန်းမ ဘာကြောင့် ဆားတိုင်ဖြစ်သွားတာလဲ။

  6. ၆။ လောတမိန်းမအဖြစ်ကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၁၃:၅-၁၃ ကိုဖတ်။

    အချင်းချင်းကြားကပြဿနာတွေ ဖြေရှင်းတာနဲ့ပတ်သက်လို့ အာဗြဟံဆီက ဘာသင်ခန်းစာရနိုင်သလဲ။ (က. ၁၃:၈၊ ၉; ရော. ၁၂:၁၀; ဖိ. ၂:၃၊ ၄)

  2. ၂။ ကမ္ဘာဦး ၁၈:၂၀-၃၃ ကိုဖတ်။

    ယေဟောဝါနဲ့ယေရှုတို့ တရားသဖြင့်စီရင်မယ်ဆိုတာကို အာဗြဟံနဲ့ ယေဟောဝါရဲ့ဆက်ဆံပုံက ဘယ်လိုစိတ်ချစေသလဲ။ (က. ၁၈:၂၅၊ ၂၆; မ. ၂၅:၃၁-၃၃)

  3. ၃။ ကမ္ဘာဦး ၁၉:၁-၂၉ ကိုဖတ်။

    1. (က) ဒီကျမ်းစာမှတ်တမ်းက လိင်တူဆက်ဆံခြင်းအပေါ် ဘုရားသခင့်ရှုမြင်ပုံနဲ့ ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (က. ၁၉:၅၊ ၁၃; ဝတ်. ၂၀:၁၃)

    2. (ခ) ဘုရားသခင့်ညွှန်ကြားချက်ကို လောတနဲ့ အာဗြဟံတို့ရဲ့တုံ့ပြန်ပုံတွေက ဘယ်လိုကွာသလဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (က. ၁၉:၁၅၊ ၁၆၊ ၁၉၊ ၂၀; ၂၂:၃)

  4. ၄။ လုကာ ၁၇:၂၈-၃၂ ကိုဖတ်။

    လောတရဲ့မိန်းမဟာ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး ဘယ်လိုစိတ်ထားရှိခဲ့သလဲ၊ အဲဒါက တို့တစ်တွေအတွက်သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (လု. ၁၂:၁၅; ၁၇:၃၁၊ ၃၂; မ. ၆:၁၉-၂၁၊ ၂၅)

  5. ၅။ ၂ ပေတရု ၂:၆-၈ ကိုဖတ်။

    လောတကိုတုပရာမှာ တို့ဝန်းကျင်က ဘုရားတရားမဲ့တဲ့လောကအပေါ် ဘယ်လို သဘောထားသင့်သလဲ။ (ယေဇ. ၉:၄; ၁ ယော. ၂:၁၅-၁၇)

ပုံပြင် ၁၆

ဣဇာက် မိန်းမကောင်းတစ်ယောက် ရတဲ့အကြောင်း

  1. ၁။ ပုံထဲက အမျိုးသားနဲ့ အမျိုးသမီးက ဘယ်သူတွေလဲ။

  2. ၂။ အာဗြဟံက သူ့သားမိန်းမရဖို့ ဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ။

  3. ၃။ အာဗြဟံရဲ့ကျွန် ဆုတောင်းတာ ဘယ်လိုဖြေကြားခံရသလဲ။

  4. ၄။ ဣဇာက်ကိုလက်ထပ်မလားလို့ အမေးခံရတဲ့အခါ ရေဗက္ကဘယ်လိုဖြေခဲ့သလဲ။

  5. ၅။ ဣဇာက် ဘာကြောင့် စိတ်ပြန်ပျော်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂၄:၁-၆၇ ကိုဖတ်။

    1. (က) ရေတွင်းနားမှာ အာဗြဟံရဲ့ကျွန်နဲ့တွေ့ချိန်မှာ ဘယ်အရည်အချင်းကောင်းတွေကို ရေဗက္ကတင်ပြခဲ့သလဲ။ (က. ၂၄:၁၇-၂၀; သု. ၃၁:၁၇၊ ၃၁)

    2. (ခ) ဣဇာက်အတွက် အာဗြဟံစီစဉ်ပေးပုံက ခုခေတ်ခရစ်ယာန်တွေအတွက် ဘယ်ပုံနမူနာကောင်းရစေသလဲ။ (က. ၂၄:၃၇၊ ၃၈; ၁ ကော. ၇:၃၉; ၂ ကော. ၆:၁၄)

    3. (ဂ) ဣဇာက်လုပ်ခဲ့သလို တို့တွေလည်း ဘာကြောင့်အချိန်ယူပြီး တွေးတောဆင်ခြင်သင့်သလဲ။ (က. ၂၄:၆၃; ဆာ. ၇၇:၁၂; ဖိ. ၄:၈)

ပုံပြင် ၁၇

စရိုက်ချင်းမတူတဲ့ အမြွှာညီနောင်

  1. ၁။ ဧသောနဲ့ယာကုပ်က ဘယ်သူတွေဖြစ်ပြီး သူတို့ရဲ့စရိုက်တွေ ဘယ်လိုမတူကြသလဲ။

  2. ၂။ သူတို့ရဲ့ဘိုးဘိုး အာဗြဟံသေတော့ ဧသောနဲ့ယာကုပ် အသက်ဘယ်လောက် ရှိပြီလဲ။

  3. ၃။ ဧသောဘာလုပ်လို့ သူ့အမေနဲ့အဖေ တော်တော်စိတ်ဆင်းရဲခဲ့ရတာလဲ။

  4. ၄။ ဧသောဟာ သူ့ညီယာကုပ်ကို ဘာကြောင့် အကြီးအကျယ်စိတ်ဆိုးခဲ့တာလဲ။

  5. ၅။ သားယာကုပ်ကို ဣဇာက် ဘာညွှန်ကြားချက်ပေးခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂၅:၅-၁၁၊ ၂၀-၃၄ ကိုဖတ်။

    1. (က) ရေဗက္ကရဲ့သားနှစ်ယောက်နဲ့ပတ်သက်ပြီး ယေဟောဝါဘယ်လို ကြိုပြောထားသလဲ။ (က. ၂၅:၂၃)

    2. (ခ) သားဦးအရာအပေါ် ယာကုပ်နဲ့ ဧသောရဲ့သဘောထား ဘယ်လိုကွာခြား သလဲ။ (က. ၂၅:၃၁-၃၄)

  2. ၂။ ကမ္ဘာဦး ၂၆:၃၄၊ ၃၅; ၂၇:၁-၄၆ နှင့် ၂၈:၁-၅ ကိုဖတ်။

    1. (က) ဧသောဟာ ဝိညာဉ်ရေးရာတွေကို တန်ဖိုးမထားဘူးဆိုတာ ဘယ်လိုသိရ သလဲ။ (က. ၂၆:၃၄၊ ၃၅; ၂၇:၄၆)

    2. (ခ) ဘုရားသခင်ဆီက ကောင်းချီးရဖို့ ယာကုပ်ကို ဣဇာက်ဘာခိုင်းခဲ့သလဲ။ (က. ၂၈:၁-၄)

  3. ၃။ ဟေဗြဲ ၁၂:၁၆၊ ၁၇ ကိုဖတ်။

    မြင့်မြတ်တဲ့အရာတွေကို မခန့်လေးစားလုပ်သူတွေရဲ့ အကျိုးဆက်နဲ့ပတ်သက်လို့ ဧသောရဲ့ပုံနမူနာက ဘာကိုဖော်ပြသလဲ။

ပုံပြင် ၁၈

ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း

  1. ၁။ ပုံထဲကမိန်းမပျိုက ဘယ်သူဖြစ်ပြီး သူ့အတွက် ယာကုပ် ဘာလုပ်ပေးခဲ့သလဲ။

  2. ၂။ ရာခေလကိုလက်ထပ်နိုင်ဖို့ ယာကုပ်ဘာလုပ်ဖို့အသင့်ရှိခဲ့သလဲ။

  3. ၃။ ယာကုပ်ကို ရာခေလနဲ့ပေးစားဖို့အချိန်ရောက်လာတဲ့အခါ လာဗန်ဘာလုပ်ခဲ့သလဲ။

  4. ၄။ ရာခေလကိုရဖို့ ယာကုပ်ဘာလုပ်ဖို့ သဘောတူခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂၉:၁-၃၀ ကိုဖတ်။

    1. (က) ယာကုပ်ဟာ လာဗန်လှည့်စားတာကို ခံရချိန်မှာတောင် ဂုဏ်သရေရှိသူ ဖြစ်ကြောင်း ဘယ်လိုတင်ပြခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (က. ၂၅:၂၇; ၂၉:၂၆-၂၈; မ. ၅:၃၇)

    2. (ခ) မေတ္တာနဲ့ အရူးအမူးအချစ်တို့ မတူဘူးဆိုတာကို ယာကုပ်ရဲ့ပုံနမူနာက ဘယ်လိုဖော်ပြသလဲ။ (က. ၂၉:၁၈၊ ၂၀၊ ၃၀; သီ. ၈:၆)

    3. (ဂ) ယာကုပ်ရဲ့အိမ်သူတွေဖြစ်လာပြီးနောက်ပိုင်း သူ့အတွက် သားတွေ မွေးပေး ခဲ့ကြတဲ့ အမျိုးသမီးလေးယောက်က ဘယ်သူတွေလဲ။ (က. ၂၉:၂၃၊ ၂၄၊ ၂၈၊ ၂၉)

ပုံပြင် ၁၉

ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

  1. ၁။ ပထမဇနီး လေအာနဲ့ရတဲ့ ယာကုပ်ရဲ့သား ခြောက်ယောက်နာမည် ဘယ်လိုခေါ်သလဲ။

  2. ၂။ လေအာရဲ့ကျွန်မ ဇိလပက ယာကုပ်အတွက် ဘယ်သားနှစ်ယောက် မွေးပေးခဲ့တာလဲ။

  3. ၃။ ယာကုပ်အတွက် ရာခေလရဲ့ကျွန်မ ဗိလဟာမွေးပေးခဲ့တဲ့ သားနှစ်ယောက် နာမည် ဘယ်လိုခေါ်သလဲ။

  4. ၄။ ရာခေလ ဘယ်သားနှစ်ယောက် မွေးခဲ့တာလဲ၊ ဒုတိယသား မွေးချိန်မှာ ဘာဖြစ်ခဲ့သလဲ။

  5. ၅။ ပုံအတိုင်းဆိုရင် ယာကုပ်မှာ သားဘယ်နှစ်ယောက်ရှိသလဲ၊ သူတို့ဆီက ဘာဆင်းသက်လာတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၂၉:၃၂-၃၅; ၃၀:၁-၂၆နှင့် ၃၅:၁၆-၁၉ ကိုဖတ်

    ယာကုပ်ရဲ့သား ၁၂ ယောက်ကိုကြည့်ရင် ရှေးခေတ်ဟေဗြဲယောက်ျားလေးတွေကို ဘယ်လိုအမည်ပေးလေ့ရှိသလဲ။

  2. ၂။ ကမ္ဘာဦး ၃၇:၃၅ ကိုဖတ်။

    ကျမ်းစာမှာ ဒိနရဲ့နာမည်ကိုပဲ ဖော်ပြထားပေမဲ့ ယာကုပ်မှာ သမီးတစ်ယောက်မက ရှိတယ်ဆိုတာ ဘယ်လိုသိရသလဲ။ (က. ၃၇:၃၄၊ ၃၅)

ပုံပြင် ၂၀

ဒိန ဒုက္ခတွေ့တဲ့အကြောင်း

  1. ၁။ အာဗြဟံနဲ့ ဣဇာက်တို့ဟာ သူတို့ရဲ့သားသမီးတွေကို ခါနာန်ပြည်သားတွေနဲ့ အိမ်ထောင်မပြုစေချင်တာ ဘာကြောင့်လဲ။

  2. ၂။ ခါနာန်အမျိုးသမီးတွေနဲ့ သူ့သမီး မိတ်ဖွဲ့တာကို ယာကုပ်သဘောကျရဲ့လား။

  3. ၃။ ပုံထဲမှာ ဒိနကိုကြည့်နေတဲ့လူက ဘယ်သူလဲ၊ ဘယ်မကောင်းမှုကို သူလုပ်ခဲ့သလဲ။

  4. ၄။ အဖြစ်အပျက်ကို ဒိနရဲ့အစ်ကို ရှိမောင်နဲ့လေဝိကြားတဲ့အခါ ဘာလုပ်ခဲ့ကြသလဲ။

  5. ၅။ ရှိမောင်နဲ့လေဝိတို့ ဒီလိုလုပ်တာကို ယာကုပ်သဘောတူခဲ့သလား။

  6. ၆။ မိသားစုပြဿနာအားလုံး ဘယ်လိုစတင်ခဲ့တာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၃၄:၁-၃၁ ကိုဖတ်။

    1. (က) ခါနာန်ပြည်အမျိုးသမီးတွေနဲ့ ဒိနပေါင်းဖော်တာ တစ်ခါတစ်ခေါက်ပဲလား။ ရှင်းပြပါ။ (က. ၃၄:၁ကဘ– ယာကုပ်၏မယား၊ လေအာဖွားမြင်သောသမီးဒိနသည် ထိုပြည်၏အမျိုးသမီးတို့ကို အကြည့်အရှုသွားလေ့ရှိ၏။)

    2. (ခ) အပျိုရည်ပျက်သွားခြင်းအတွက် ဒိနမှာ ပိုပြီးတာဝန်ရှိတာ ဘာကြောင့်လဲ။ (ဂလ. ၆:၇)

    3. (ဂ) ဒိနရဲ့သတိပေးနမူနာကို နှလုံးသွင်းထားကြောင်း ခုခေတ်လူငယ်တွေ ဘယ်လို တင်ပြနိုင်သလဲ။ (သု. ၁၃:၂၀; ၁ ကော. ၁၅:၃၃; ၁ ယော. ၅:၁၉)

ပုံပြင် ၂၁

ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း

  1. ၁။ အစ်ကိုတွေက ယောသပ်ကို ဘာကြောင့်မနာလိုဖြစ်ကြတာလဲ၊ သူတို့ဘာလုပ်ခဲ့ကြသလဲ။

  2. ၂။ ယောသပ်ရဲ့အစ်ကိုတွေက သူ့ကိုဘာလုပ်ပစ်ချင်ကြသလဲ၊ ဒါပေမဲ့ ရုဗင်ဘာပြောသလဲ။

  3. ၃။ ဣရှမေလလူမျိုးကုန်သည်တွေလာတော့ ဘာဖြစ်သွားသလဲ။

  4. ၄။ ယောသပ်သေပြီလို့ သူတို့အဖေထင်စေဖို့ ယောသပ်ရဲ့အစ်ကိုတွေ ဘာလုပ်ခဲ့ကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၃၇:၁-၃၅ ကိုဖတ်။

    1. (က) အသင်းတော်အတွင်း အမှားလုပ်တာကို အကြောင်းကြားခြင်းအားဖြင့် ယောသပ်ရဲ့ပုံနမူနာကို ခရစ်ယာန်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (က. ၃၇:၂; ဝတ်. ၅:၁; ၁ ကော. ၁:၁၁)

    2. (ခ) ဘာက ယောသပ်ရဲ့အစ်ကိုတွေကို သစ္စာမဲ့စေတာလဲ။ (က. ၃၇:၁၁၊ ၁၈; သု. ၂၇:၄; ယာ. ၃:၁၄-၁၆)

    3. (ဂ) ယာကုပ်ရဲ့ဘယ်လုပ်ရပ်က ဝမ်းနည်းပူဆွေးမှုရဲ့ သာမန်အပြုအမူတစ်ခုဖြစ် သလဲ။ (က. ၃၇:၃၅)

ပုံပြင် ၂၂

ယောသပ်ထောင်ကျတဲ့ အကြောင်း

  1. ၁။ ယောသပ်ကို အီဂျစ်ပြည်ခေါ်သွားတဲ့အချိန်မှာ သူအသက်ဘယ်လောက်ရှိပြီလဲ၊ ဟိုကိုရောက်တော့ ဘာဖြစ်သလဲ။

  2. ၂။ ယောသပ် ဘယ်လိုလုပ်ပြီး ထောင်ကျသွားတာလဲ။

  3. ၃။ ထောင်ထဲမှာ ယောသပ် ဘာတာဝန်ရခဲ့သလဲ။

  4. ၄။ ထောင်ထဲမှာ ဖာရောရဲ့ဖလားတော်ဝန်နဲ့ စားတော်ဝန်တို့အတွက် ယောသပ် ဘာလုပ်ပေးခဲ့သလဲ။

  5. ၅။ ဖလားတော်ဝန် ထောင်ကလွတ်ပြီးနောက် ဘာဖြစ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၃၉:၁-၂၃ ကိုဖတ်။

    ယောသပ်ခေတ်မှာ သူ့သားအိမ်ရာပြစ်မှားခြင်းကို တားမြစ်တဲ့ ဘုရားပေးပညတ် မရှိသေးဘူးဆိုတော့ ပေါတိဖာရဲ့မိန်းမဆီက ထွက်ပြေးအောင် သူ့ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ။ (က. ၂:၂၄; ၂၀:၃; ၃၉:၉)

  2. ၂။ ကမ္ဘာဦး ၄၀:၁-၂၃ ကိုဖတ်။

    1. (က) ဖလားတော်ဝန်ရဲ့အိပ်မက်နဲ့ ယောသပ်ကို ဘုရားသခင်ဖွင့်ပြခဲ့တဲ့ အိပ်မက် အဓိပ္ပာယ်ကို အတိုချုပ်ပြောပြပါ။ (က. ၄၀:၉-၁၃)

    2. (ခ) စားတော်ဝန် ဘာအိပ်မက်မက်ခဲ့သလဲ၊ ဘာအဓိပ္ပာယ်ရှိသလဲ။ (က. ၄၀:၁၆-၁၉)

    3. (ဂ) ဒီကနေ့ သစ္စာနဲ့သတိပညာရှိကျွန် အတန်းအစားဟာ ယောသပ်ရဲ့သဘောထားကို ဘယ်လိုတုပခဲ့ပြီလဲ။ (က. ၄၀:၈; ဆာ. ၃၆:၉; ယော. ၁၇:၁၇; တ. ၁၇:၂၊ ၃)

    4. (ဃ) ကမ္ဘာဦး ၄၀:၂၀ က မွေးနေ့ပွဲကျင်းပခြင်းနဲ့ပတ်သက်တဲ့ ခရစ်ယာန်တွေရဲ့ အမြင်ကို ဘယ်လိုအလင်းဖြာပေးသလဲ။ (ဒေ. ၇:၁; မာ. ၆:၂၁-၂၈)

ပုံပြင် ၂၃

ဖာရောရဲ့ အိပ်မက်တွေအကြောင်း

  1. ၁။ တစ်ညမှာ ဖာရောဘာကို ကြုံကြိုက်ရသလဲ။

  2. ၂။ ဖလားတော်ဝန်ဟာ နောက်ဆုံးတော့ ယောသပ်ကို ဘာလို့သတိရမိတာလဲ။

  3. ၃။ ပုံမှာပြထားတဲ့အတိုင်း ဘယ်အိပ်မက်နှစ်ခုကို ဖာရောမက်ခဲ့သလဲ။

  4. ၄။ ယောသပ်က အဲဒီအိပ်မက်တွေ ဘာကိုဆိုလိုတယ်လို့ ပြောသလဲ။

  5. ၅။ ယောသပ်ဟာ ဖာရောပြီးရင် အီဂျစ်ပြည်မှာ အရေးအကြီးဆုံးလူ ဘယ်လိုဖြစ်လာတာလဲ။

  6. ၆။ ယောသပ်ရဲ့အစ်ကိုတွေ ဘာကြောင့် အီဂျစ်ပြည်ကို လာတာလဲ၊ သူ့ကိုမမှတ်မိကြတာ ဘာဖြစ်လို့လဲ။

  7. ၇။ ဘယ်အိပ်မက်ကို ယောသပ်ပြန်သတိရမိသလဲ၊ အဲဒါက ဘာကိုသဘောပေါက်စေသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၄၁:၁-၅၇ ကိုဖတ်။

    1. (က) ယောသပ်ဟာ ယေဟောဝါကို ဘယ်လိုအာရုံစိုက်စေခဲ့သလဲ၊ သူ့ရဲ့ပုံသက်သေကို ခုခေတ်ခရစ်ယာန်တွေ ဘယ်လိုနည်းနဲ့ အတုယူနိုင်သလဲ။ (က. ၄၁:၁၆၊ ၂၅၊ ၂၈; မ. ၅:၁၆; ၁ ပေ. ၂:၁၂)

    2. (ခ) အီဂျစ်ပြည်မှာ အစာပေါများတဲ့နှစ်တွေပြီးတော့ အစာခေါင်းပါးတဲ့နှစ်တွေ လိုက်လာခြင်းက ခုခေတ် ယေဟောဝါလူမျိုးတော်နဲ့ ခရစ်ယာန်ဘောင်တို့ရဲ့ ဝိညာဉ်ရေးအခြေအနေ လုံးဝခြားနားကြာင်း ဘယ်လိုဖော်ပြသလဲ။ (က. ၄၁:၂၉၊ ၃၀; အာ. ၈:၁၁၊ ၁၂)

  2. ၂။ ကမ္ဘာဦး ၄၂:၁-၈ နှင့် ၅၀:၂၀ ကိုဖတ်။

    တိုင်းပြည်ရဲ့ထုံးစံဖြစ်မယ်ဆိုရင် ယေဟောဝါကိုဝတ်ပြုသူတွေဟာ လူတစ်ယောက်ရဲ့ ရာထူးကို ရိုသေလေးစားတဲ့အနေနဲ့ ဦးညွတ်တာ မှားသလား။ (က. ၄၂:၆)

ပုံပြင် ၂၄

ယောသပ် သူ့အစ်ကိုတွေကို စမ်းသပ်တဲ့အကြောင်း

  1. ၁။ သူ့အစ်ကိုတွေကို သူလျှိုတွေလို့ ယောသပ်ဘာကြောင့်စွပ်စွဲတာလဲ။

  2. ၂။ ယာကုပ်ဟာ သူ့ရဲ့သားထွေး ဗင်ယာမိန်ကို ဘာကြောင့် အီဂျစ်ပြည်လိုက်သွားစေတာလဲ။

  3. ၃။ ယောသပ်ရဲ့ငွေဖလားဟာ ဗင်ယာမိန်ရဲ့အိတ်ထဲ ဘယ်လိုရောက်နေတာလဲ။

  4. ၄။ ဗင်ယာမိန်လွတ်မြောက်ဖို့ ယုဒဘယ်လိုစကားကမ်းလှမ်းခဲ့သလဲ။

  5. ၅။ ယောသပ်ရဲ့အစ်ကိုတွေ ဘယ်လိုပြောင်းလဲသွားပြီလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၄၂:၉-၃၈ ကိုဖတ်။

    ကမ္ဘာဦး ၄၂:၁၈ မှာပါတဲ့ ယောသပ်ရဲ့စကားဟာ ဒီနေ့ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေအတွက် တကယ်ကောင်းတဲ့သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (နေ. ၅:၁၅; ၂ ကော. ၇:၁၊ ၂)

  2. ၂။ ကမ္ဘာဦး ၄၃:၁-၃၄ ကိုဖတ်။

    1. (က) ရုဗင်ဟာ သားဦးဖြစ်ပေမဲ့ ယုဒဟာ ညီအစ်ကိုတွေကိုယ်စား စကားပြောပေးသူဖြစ်ကြောင်း ဘယ်လိုသိရသလဲ။ (က. ၄၃:၃၊ ၈၊ ၉; ၄၄:၁၄၊ ၁၈; ၅ ရာ. ၅:၂)

    2. (ခ) သူ့အစ်ကိုတွေကို ယောသပ်ဘယ်လို ပေါ်ပေါ်ထင်ထင် စမ်းသပ်ခဲ့သလဲ၊ ဘာကြောင့်လဲ။ (က. ၄၃:၃၃၊ ၃၄)

  3. ၃။ ကမ္ဘာဦး ၄၄:၁-၃၄ ကိုဖတ်။

    1. (က) သူဘယ်သူလဲဆိုတာ အစ်ကိုတွေမသိအောင် ယောသပ် သူ့ကိုယ်သူ ဘယ်လို အယောင်ဆောင်ခဲ့သလဲ။ (က. ၄၄:၅၊ ၁၅သမ္မာ– အရှင်သောက်သည့်ဖလား မဟုတ်လော။ ထိုဖလားနှင့် အနာဂတ်ဟောတတ်သည်မဟုတ်လော; ဝတ်. ၁၉:၂၆)

    2. (ခ) ယောသပ်ရဲ့အစ်ကိုတွေဟာ သူတို့ရဲ့ညီအပေါ် အရင်ကရှိခဲ့တဲ့ မနာလိုစိတ် အခုမရှိတော့ဘူးဆိုတာ ဘယ်လိုပြခဲ့ကြသလဲ။ (က. ၄၄:၁၃၊ ၃၃၊ ၃၄)

ပုံပြင် ၂၅

မိသားတစ်စု အီဂျစ်ပြည်သို့ပြောင်းသွားတဲ့အကြောင်း

  1. ၁။ သူဘယ်သူလဲဆိုတာ အစ်ကိုတွေကို ယောသပ်ပြောပြတဲ့အခါ ဘာဖြစ်သလဲ။

  2. ၂။ ယောသပ်ဟာ အစ်ကိုတွေကို ကြင်ကြင်နာနာနဲ့ ဘာတွေရှင်းပြသလဲ။

  3. ၃။ ဖာရောက ယောသပ်ရဲ့အစ်ကိုတွေအကြောင်း သတင်းကြားတော့ ဘာပြောသလဲ။

  4. ၄။ အီဂျစ်ပြည်ကို ပြောင်းရွှေ့ချိန်မှာ ယာကုပ်ရဲ့မိသားစု ဘယ်လောက်ကြီးသလဲ။

  5. ၅။ ယာကုပ်ရဲ့မိသားစုကို ဘယ်လိုခေါ်လာကြသလဲ၊ ဘာကြောင့်လဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ကမ္ဘာဦး ၄၅:၁-၂၈ ကိုဖတ်။

    မိမိရဲ့ကျေးကျွန်တွေအပေါ် အကျိုးယုတ်စေမယ့်အရာကို ကောင်းကျိုးဖြစ်အောင် ယေဟောဝါပြောင်းလဲနိုင်ကြောင်း ယောသပ်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (က. ၄၅:၅-၈; ဟေရှာ. ၈:၁၀; ဖိ. ၁:၁၂-၁၄)

  2. ၂။ ကမ္ဘာဦး ၄၆:၁-၂၇ ကိုဖတ်။

    အီဂျစ်ပြည်ကိုအသွား လမ်းမှာ ယာကုပ်ကို ယေဟောဝါ ဘာအာမခံခဲ့သလဲ။ (က. ၄၆:၁-၄ * ကဘ၊ အောက်ခြေမှတ်ချက်၊ တစ်နည်းအားဖြင့် ယာကုပ်သေဆုံးသောအခါ မျက်လုံးများပိတ်ပေးမည်ဖြစ်သည်။)

ပုံပြင် ၂၆

ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း

  1. ၁။ ယောဘဆိုတာ ဘယ်သူလဲ။

  2. ၂။ စာတန် ဘာလုပ်ဖို့ကြိုးစားခဲ့သလဲ၊ သူအောင်မြင်ခဲ့သလား။

  3. ၃။ စာတန်ဘာလုပ်ကြည့်ဖို့ ယေဟောဝါခွင့်ပေးခဲ့သလဲ၊ ဘာကြောင့်လဲ။

  4. ၄။ ယောဘရဲ့မိန်းမက ‘ဘုရားသခင်ကိုကျိန်ဆဲပြီး သေလိုက်တော့’ ဆိုပြီး ဘာကြောင့်ပြောတာလဲ။ (ပုံကိုရှု။)

  5. ၅။ ဒုတိယပုံမှာ မြင်တဲ့အတိုင်း ယောဘကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးခဲ့သလဲ၊ ဘာကြောင့်လဲ။

  6. ၆။ ယောဘလိုပဲ တို့တွေ ယေဟောဝါအပေါ် သစ္စာရှိမယ်ဆိုရင် ဘာကောင်းချီးတွေရမလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောဘ ၁:၁-၂၂ ကိုဖတ်။

    ခုခေတ်ခရစ်ယာန်တွေ ယောဘကို ဘယ်လိုတုပနိုင်သလဲ။ (ယောဘ ၁:၁; ဖိ. ၂:၁၅; ၂ ပေ. ၃:၁၄)

  2. ၂။ ယောဘ ၂:၁-၁၃ ကိုဖတ်။

    စာတန်နှိပ်စက်ညှဉ်းပန်းတာကို ယောဘနဲ့ သူ့ဇနီးတို့ ဘယ်လိုဆန့်ကျင်ဘက်နည်း နှစ်နည်းနဲ့ တုံ့ပြန်ခဲ့ကြသလဲ။ (ယောဘ ၂:၉၊ ၁၀; သု. ၁၉:၃; မိ. ၇:၇; မာလ. ၃:၁၄)

  3. ၃။ ယောဘ ၄၂:၁၀-၁၇ ကိုဖတ်။

    1. (က) သစ္စာရှိဘဝလမ်းစဉ်အတွက် ယောဘနဲ့ ယေရှုတို့ ရရှိခဲ့တဲ့ဆုလာဘ်မှာ ဘာဆင်တူချက်တွေရှိသလဲ။ (ယောဘ ၄၂:၁၂; ဖိ. ၂:၉-၁၁)

    2. (ခ) ဘုရားသခင်ကို သမာဓိစောင့်သိတဲ့အတွက် ယောဘရရှိခဲ့တဲ့ကောင်းချီးတွေကိုကြည့်ပြီး တို့တစ်တွေ ဘယ်လိုအားပေးခံရသလဲ။ (ယောဘ ၄၂:၁၀၊ ၁၂; ဟေဗြဲ ၆:၁၀; ယာ. ၁:၂-၄၊ ၁၂; ၅:၁၁)

ပုံပြင် ၂၇

မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့ ကြာပွတ်နဲ့လူက ဘယ်သူလဲ၊ ဘယ်သူ့ကို ရိုက်နေတာလဲ။

  2. ၂။ ယောသပ်သေပြီးနောက် ဣသရေလလူတွေ ဘာဖြစ်သွားကြသလဲ။

  3. ၃။ အီဂျစ်လူတွေက ဣသရေလလူတွေကို ဘာဖြစ်လို့ ကြောက်လာတာလဲ။

  4. ၄။ ဣသရေလအမျိုးသမီးတွေကို မီးဖွားပေးတဲ့မိန်းမတွေကို ဖာရောဘယ်လို အမိန့်ပေးခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၁:၆-၂၂ ကိုဖတ်။

    1. (က) အာဗြဟံကိုပေးထားတဲ့ကတိကို ယေဟောဝါဘယ်လိုနည်းနဲ့ စအကောင်အထည်ဖော်ခဲ့သလဲ။ (ထွ. ၁:၇; က. ၁၂:၂; တ. ၇:၁၇)

    2. (ခ) ဟေဗြဲဝမ်းဆွဲတွေဟာ အသက်ရဲ့မြင့်မြတ်မှုကို ရိုသေလေးစားကြောင်း ဘယ်လိုပြခဲ့ကြသလဲ။ (ထွ. ၁:၁၇; က. ၉:၆)

    3. (ဂ) ဝမ်းဆွဲတွေရဲ့သစ္စာရှိမှုကို ယေဟောဝါ ဘယ်လိုဆုချခဲ့သလဲ။ (ထွ. ၁:၂၀၊ ၂၁; သု. ၁၉:၁၇)

    4. (ဃ) အာဗြဟံကနေ ဆင်းသက်လာမယ့် ခရစ်တော်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို စာတန်ဘယ်လိုဖျက်လိုဖျက်ဆီးလုပ်ခဲ့သလဲ။ (ထွ. ၁:၂၂; မ. ၂:၁၆)

ပုံပြင် ၂၈

နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့အကြောင်း

  1. ၁။ ပုံထဲက နို့စို့ကလေးလေးက ဘယ်သူပါလိမ့်၊ ဘယ်သူ့လက်ညှိုးကို သူကိုင်ထားတာလဲ။

  2. ၂။ မောရှေအသတ်မခံရစေဖို့ သူ့မေမေ ဘာလုပ်ခဲ့သလဲ။

  3. ၃။ ပုံထဲက မိန်းကလေးက ဘယ်သူလဲ၊ သူဘာလုပ်ခဲ့သလဲ။

  4. ၄။ ကလေးလေးကို ဖာရောရဲ့သမီးတော်တွေ့သွားတော့ မိရိအံက ဘာအကြံပေးခဲ့သလဲ။

  5. ၅။ မင်းသမီးက မောရှေရဲ့မေမေကို ဘာပြောသလဲ။

ထပ်ဆင့်မေးခွန်း–

  1. ၁။ ထွက်မြောက်ရာ ၂:၁-၁၀ ကိုဖတ်။

    မောရှေနို့စို့ကလေးအရွယ်မှာ သူ့ကိုလေ့ကျင့်သင်ကြားပေးဖို့ ဘယ်အခွင့်အရေးကို မောရှေရဲ့မေမေရခဲ့သလဲ၊ ဒီကနေ့ မိဘတွေအတွက် ဘာပုံသက်သေထားပေး သလဲ။ (ထွ. ၂:၉၊ ၁၀; တရား. ၆:၆-၉; သု. ၂၂:၆; ဧ. ၆:၄; ၂ တိ. ၃:၁၅)

ပုံပြင် ၂၉

မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း

  1. ၁။ မောရှေဘယ်မှာ ကြီးပြင်းလာသလဲ၊ ဒါပေမဲ့ သူ့မိဘတွေအကြောင်း သူဘာသိထားသလဲ။

  2. ၂။ အသက် ၄၀ ရောက်တော့ မောရှေ ဘာလုပ်ခဲ့သလဲ။

  3. ၃။ ရန်ဖြစ်နေတဲ့ ဣသရေလလူတစ်ယောက်ကို မောရှေ ဘာပြောခဲ့သလဲ၊ သူဘာပြန်ပြောခံရသလဲ။

  4. ၄။ အီဂျစ်ပြည်ကနေ မောရှေ ဘာလို့ထွက်ပြေးတာလဲ။

  5. ၅။ မောရှေ ဘယ်ကိုထွက်ပြေးခဲ့သလဲ၊ အဲဒီမှာ သူဘယ်သူနဲ့တွေ့သလဲ။

  6. ၆။ အီဂျစ်ပြည်က ထွက်ပြေးပြီးနောက် အနှစ် ၄၀ အတွင်း မောရှေ ဘာလုပ်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၂:၁၁-၂၅ ကိုဖတ်။

    အီဂျစ်အတတ်ပညာကို နှစ်ချီသင်ယူခဲ့ပေမဲ့ မောရှေဟာ ယေဟောဝါနဲ့ သူ့လူမျိုးအပေါ် သစ္စာရှိကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။ (ထွ. ၂:၁၁၊ ၁၂; ဟေဗြဲ ၁၁:၂၆)

  2. ၂။ တမန်တော် ၇:၂၂-၂၉ ကိုဖတ်။

    ဣသရေလလူမျိုးကို အီဂျစ်ပြည်ကျွန်ဘဝကနေ ကယ်နုတ်ဖို့ မောရှေကြိုးပမ်း ခြင်းကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (တ. ၇:၂၃-၂၅; ၁ ပေ. ၅:၆၊ ၁၀)

ပုံပြင် ၃၀

မီးလောင်နေတဲ့ချုံအကြောင်း

  1. ၁။ ပုံထဲမှာပါတဲ့တောင်ကို ဘယ်လိုခေါ်သလဲ။

  2. ၂။ သိုးတွေနဲ့အတူ အဲဒီတောင်ပေါ်ရောက်သွားတဲ့အခါ မောရှေ မြင်တွေ့ခဲ့ရတဲ့ အထူးအဆန်းကို ပြောပြပါ။

  3. ၃။ မီးလောင်နေတဲ့ချုံထဲကအသံက ဘာပြောသလဲ၊ အဲဒါ ဘယ်သူ့အသံလဲ။

  4. ၄။ ဘုရားသခင်က မောရှေဟာ ဘုရားသခင့်လူမျိုးတော်ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ဖို့ ဦးဆောင်ရမယ်လို့ပြောတဲ့အခါ သူဘယ်လိုဖြေခဲ့သလဲ။

  5. ၅။ ဘယ်သူလွှတ်လိုက်တာလဲလို့ မောရှေကို လူတွေမေးလာရင် ဘုရားသခင် ဘယ်လိုဖြေခိုင်းသလဲ။

  6. ၆။ ဘုရားသခင်လွှတ်လိုက်တယ်ဆိုတာကို မောရှေဘယ်လိုသက်သေထူနိုင်မလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၂။ ထွက်မြောက်ရာ ၃:၁-၂၂ ကိုဖတ်။

    သီအိုကရက်တစ်တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရရင်တောင် တို့တစ်တွေကို ယေဟောဝါထောက်မပေးမယ်ဆိုတာ မောရှေရဲ့တွေ့ကြုံမှုက ဘယ်လိုစိတ်ချစေသလဲ။ (ထွ. ၃:၁၁၊ ၁၃; ၂ ကော. ၃:၅၊ ၆)

  2. ၂။ ထွက်မြောက်ရာ ၄:၁-၂၀ ကိုဖတ်။

    1. (က) မိဒျန်ပြည်မှာ အနှစ် ၄၀ နေနေတုန်း မောရှေရဲ့ဘယ်စိတ်ထား ပြောင်းလဲသွားခဲ့သလဲ၊ အသင်းတော်အခွင့်အရေးတွေကို လက်လှမ်းနေသူတွေ ဒီအဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။ (ထွ. ၂:၁၁၊ ၁၂; ၄:၁၀၊ ၁၃; မိ. ၆:၈; ၁ တိ. ၃:၁၊ ၆၊ ၁၀)

    2. (ခ) အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါဆုံးမပဲ့ပြင်တာကို တို့တစ်တွေခံရရင်လည်း မောရှေရဲ့ပုံနမူနာက တို့တစ်တွေကို ဘာစိတ်ချစေနိုင်သလဲ။ (ထွ. ၄:၁၂-၁၄; ဆာ. ၁၀၃:၁၄; ဟေဗြဲ ၁၂:၄-၁၁)

ပုံပြင် ၃၁

မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း

  1. ၁။ မောရှေနဲ့အာရုန်တို့ လုပ်ပြခဲ့ကြတဲ့ အံ့ဩစရာတွေက ဣသရေလလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

  2. ၂။ မောရှေနဲ့အာရုန်က ဖာရောကို ဘာပြောခဲ့ကြသလဲ၊ ဖာရောဘယ်လိုဖြေခဲ့သလဲ။

  3. ၃။ ပုံထဲမှာပြထားတဲ့အတိုင်း အာရုန်က သူ့လှံတံကို အောက်ပစ်ချတဲ့အခါ ဘာဖြစ်ခဲ့သလဲ။

  4. ၄။ ဖာရောကို ယေဟောဝါ ဘယ်လိုသင်ခန်းစာပေးခဲ့သလဲ၊ ဖာရော ဘယ်လို တုံ့ပြန်ခဲ့သလဲ။

  5. ၅။ ဆယ်ခုမြောက်ကပ်ဘေးပြီးတဲ့နောက် ဘာဖြစ်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၄:၂၇-၃၁ နှင့် ၅:၁-၂၃ ကိုဖတ်။

    ဖာရောက “ယေဟောဝါကို ငါလုံးလုံးမသိ” ဆိုပြီးပြောတဲ့အခါ သူဘာကိုဆိုလို တာလဲ။ (ထွ. ၅:၂ကဘ; ၁ ရာ. ၂:၁၂; ရော. ၁:၂၁)

  2. ၂။ ထွက်မြောက်ရာ ၆:၁-၁၃၊ ၂၆-၃၀ ကိုဖတ်။

    1. (က) ယေဟောဝါဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ကို ဘယ်လိုသဘောနဲ့ မိမိကိုယ်ကို မဖော်ပြခဲ့တာလဲ။ (ထွ. ၃:၁၃၊ ၁၄; ၆:၃; က. ၁၂:၈; ၂၂:၁၄)

    2. (ခ) လွှဲအပ်ခံရတဲ့တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ မောရှေယူဆခဲ့ပေမဲ့ မောရှေကို ယေဟောဝါအသုံးပြုခဲ့တာ သိရခြင်းက တို့တစ်တွေကို ဘယ်လိုခံစားစေသလဲ။ (ထွ. ၆:၁၂၊ ၃၀; လု. ၂၁:၁၃-၁၅)

  3. ၃။ ထွက်မြောက်ရာ ၇:၁-၁၃ ကိုဖတ်။

    1. (က) မောရှေနဲ့အာရုန်တို့ဟာ သတ္တိရှိရှိနဲ့ ဖာရောကို ယေဟောဝါရဲ့စီရင်ချက် ပြောပြတဲ့အခါ ခုခေတ် ဘုရားသခင့်ကျေးကျွန်တွေအတွက် ဘယ်လိုပုံနမူနာချမှတ်ခဲ့ကြသလဲ။ (ထွ. ၇:၂၊ ၃၊ ၆; တ. ၄:၂၉-၃၁)

    2. (ခ) အီဂျစ်ဘုရားတွေထက် တန်ခိုးသာလွန်ကြောင်း ယေဟောဝါ ဘယ်လိုဖော်ပြခဲ့သလဲ။ (ထွ. ၇:၁၂; ၅ ရာ. ၂၉:၁၂)

ပုံပြင် ၃၂

ကပ်ကြီး ၁၀ ပါးအကြောင်း

  1. ၁။ ပြထားတဲ့ပုံတွေကိုကြည့်ပြီး အီဂျစ်ပြည်အပေါ် ယေဟောဝါကျရောက်စေခဲ့တဲ့ ပထမကပ်ဘေးသုံးခုကို ပြောပြပါ။

  2. ၂။ ပထမကပ်ဘေးသုံးခုနဲ ကျန်တဲ့ကပ်ဘေးတွေ ဘယ်လိုမတူတာလဲ။

  3. ၃။ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမကပ်ဘေးတွေက ဘာတွေလဲ။

  4. ၄။ သတ္တမ၊ အဋ္ဌမနဲ့ နဝမမြောက် ကပ်ဘေးတွေကို ပြောပြပါ။

  5. ၅။ ဒသမကပ်ဘေးမတိုင်ခင် ဣသရေလလူတွေကို ယေဟောဝါ ဘာပြောခဲ့သလဲ။

  6. ၆။ ဒသမကပ်ဘေးက ဘာလဲ၊ အဲဒီကပ်ဘေးပြီးတော့ ဘာဖြစ်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၇:၁၉–၈:၂၃ ကိုဖတ်။

    1. (က) ယေဟောဝါရဲ့ပထမကပ်ဘေးနှစ်ခုကို အီဂျစ်မှော်ဆရာပုရောဟိတ်တွေ ထပ်တူပြုလုပ်နိုင်ခဲ့ပေမဲ့ တတိယကပ်ဘေးပြီးတော့ သူတို့ဘာကို မဖြစ်မနေဝန်ခံခဲ့ရသလဲ။ (ထွ. ၈:၁၈၊ ၁၉; မ. ၁၂:၂၄-၂၈)

    2. (ခ) စတုတ္ထကပ်ဘေးက မိမိရဲ့လူမျိုးတော်ကို ယေဟောဝါကာကွယ်နိုင်ကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ၊ ဒါကိုသိထားခြင်းက ကြိုပြောထားတဲ့ “ကြီးစွာသောဆင်းရဲဒုက္ခ” ကိုရင်ဆိုင်ရတဲ့အခါ ဘုရားသခင့်လူမျိုးတော်ကို ဘယ်လိုခံစားစေမလဲ။ (ထွ. ၈:၂၂၊ ၂၃; ဗျာ. ၇:၁၃၊ ၁၄; ၆ ရာ. ၁၆:၉)

  2. ၂။ ထွက်မြောက်ရာ ၈:၂၄; ၉:၃၊ ၆၊ ၁၀၊ ၁၁၊ ၁၄၊ ၁၆၊ ၂၃-၂၅; နှင့် ၁၀: ၁၃-၁၅၊ ၂၁-၂၃ ကိုဖတ်

    1. (က) ကပ်ဘေးဆယ်ခုအားဖြင့် ဘယ်အုပ်စုနှစ်စု ဖော်ထုတ်ခံရသလဲ၊ အဲဒါက ဒီကနေ့ အဲဒီအုပ်စုတွေအပေါ် တို့တစ်တွေရဲ့ရှုမြင်ပုံအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ (ထွ. ၈:၁၀၊ ၁၈၊ ၁၉; ၉:၁၄)

    2. (ခ) စာတန်ကို ခုချိန်ထိရှိနေဖို့ ယေဟောဝါခွင့်ပြုရတဲ့အကြောင်းကို ထွက်မြောက်ရာ ၉:၁၆ က ဘယ်လိုနားလည်စေသလဲ။ (ရော. ၉:၂၁၊ ၂၂)

  3. ၃။ ထွက်မြောက်ရာ ၁၂:၂၁-၃၂ ကိုဖတ်။

    ပသခါပွဲက လူအတော်များများကို ဘယ်လိုကယ်တင်နိုင်ခဲ့သလဲ၊ ပသခါပွဲက ဘာကိုညွှန်ပြသလဲ။ (ထွ. ၁၂:၂၁-၂၃; ယော. ၁:၂၉; ရော. ၅:၁၈၊ ၁၉၊ ၂၁; ၁ ကော. ၅:၇)

ပုံပြင် ၃၃

ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း

  1. ၁။ ဣသရေလအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးဘယ်လောက် အီဂျစ်ပြည်က ထွက်ခဲ့ကြသလဲ၊ သူတို့နဲ့ ဘယ်သူတွေ လိုက်သွားကြသလဲ။

  2. ၂။ ဣသရေလလူတွေကို လွှတ်လိုက်ပြီးနောက် ဖာရောစိတ် ဘယ်လိုဖြစ်လာသလဲ၊ သူဘာလုပ်ခဲ့သလဲ။

  3. ၃။ သူ့လူတွေနောက် အီဂျစ်လူတွေ လိုက်လာတာကိုတားဆီးဖို့ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။

  4. ၄။ ပင်လယ်နီအပေါ် မောရှေရဲ့လှံတံကို ဆန့်တန်းလိုက်တော့ ဘာဖြစ်လာပြီး ဣသရေလလူတွေ ဘာလုပ်ခဲ့ကြသလဲ။

  5. ၅။ အီဂျစ်လူတွေ ပင်လယ်ထဲဆင်းပြီး ဣသရေလလူတွေနောက်လိုက်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။

  6. ၆။ ဣသရေလလူတွေ အသက်ချမ်းသာရာရခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း၊ ယေဟောဝါကိုကျေးဇူးတင်ကြောင်း ဘယ်လိုတင်ပြခဲ့ကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၁၂:၃၃-၃၆ ကိုဖတ်။

    အီဂျစ်လူတွေလက်မှာ ကျွန်ခံခဲ့ရတဲ့နှစ်တွေအားလုံးအတွက် သူ့လူတွေ ပြန်ပေးဆပ်ခံရဖို့ ယေဟောဝါ ဘယ်လိုဂရုစိုက်ခဲ့သလဲ။ (ထွ. ၃:၂၁၊ ၂၂; ၁၂:၃၅၊ ၃၆)

  2. ၂။ ထွက်မြောက်ရာ ၁၄:၁-၃၁ ကိုဖတ်။

    ရောက်လာတော့မယ့် အာမဂေဒုန်စစ်ပွဲကို ယေဟောဝါရဲ့ ခုခေတ်ကျေးကျွန်တွေ ရင်ဆိုင်ရတဲ့အခါ ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄ မှာ မှတ်တမ်းတင်ထားတဲ့ မောရှေရဲ့စကားတွေက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ (၆ ရာ. ၂၀:၁၇; ဆာ. ၉၁:၈)

  3. ၃။ ထွက်မြောက်ရာ ၁၅:၁-၈၊ ၂၀၊ ၂၁ ကိုဖတ်။

    1. (က) ယေဟောဝါရဲ့ကျေးကျွန်တွေ ကိုယ်တော့်ကို ဘာကြောင့် ချီးမွမ်းသီချင်းဆိုသင့်သလဲ။ (ထွ. ၁၅:၁၊ ၂; ဆာ. ၁၀၅:၂၊ ၃; ဗျာ. ၁၅:၃၊ ၄)

    2. (ခ) ပင်လယ်နီမှာ ယေဟောဝါကိုချီးမွမ်းသီချင်းဆိုခဲ့ကြတဲ့ မိရိအံနဲ့ အမျိုးသမီးတွေဟာ ခုခေတ်ခရစ်ယာန်အမျိုးသမီးတွေအတွက် ဘာပုံသက်သေထားခဲ့သလဲ။ (ထွ. ၁၅:၂၀၊ ၂၁; ဆာ. ၆၈:၁၁)

ပုံပြင် ၃၄

အစားအစာအသစ်အဆန်းတစ်မျိုးအကြောင်း

  1. ၁။ ပုံထဲမှာ လူတွေဟာ မြေကြီးပေါ်က ဘာတွေကောက်နေကြတာလဲ၊ အဲဒါကို ဘယ်လိုခေါ်သလဲ။

  2. ၂။ မန္နမုန့်ကောက်ယူတာနဲ့ပတ်သက်ပြီး လူတွေကို မောရှေဘာညွှန်ကြားသလဲ။

  3. ၃။ ခြောက်ရက်မြောက်နေ့မှာ လူတွေကို ယေဟောဝါ ဘာမှာကြားသလဲ၊ ဘာကြောင့်လဲ။

  4. ၄။ မန္နမုန့်ကို ခုနစ်ရက်မြောက်နေ့အထိ ချန်ထားတဲ့အခါ ဘာအံ့ဖွယ်ရာကို ယေဟောဝါပြုလုပ်ခဲ့သလဲ။

  5. ၅။ ယေဟောဝါဟာ ဘယ်လောက်ကြာကြာ လူတွေကို မန္နမုန့်ကျွေးမွေးခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၁၆:၁-၃၆ နှင့် တောလည်ရာ ၁၁:၇-၉ ကိုဖတ်။

    1. (က) ခရစ်ယာန်အသင်းတော်မှာ သီအိုကရက်တစ်ခန့်အပ်မှုတွေကို တို့တစ်တွေ လေးစားဖို့လိုကြောင်း ထွက်မြောက်ရာ ၁၆:၈ ကဘယ်လိုဖော်ပြသလဲ။ (ဟေဗြဲ ၁၃:၁၇)

    2. (ခ) ဣသရေလလူတွေ တောထဲမှာရှိနေတုန်း နေ့တိုင်း ယေဟောဝါကိုမှီခိုအားထားဖို့ ဘယ်လိုသတိပေးခံခဲ့ကြရသလဲ။ (ထွ. ၁၆:၁၄-၁၆၊ ၃၅; တရား. ၈:၂၊ ၃)

    3. (ဂ) မန္နမုန့်ကို ဘယ်ပုံဆောင်အဓိပ္ပာယ်နဲ့ ယေရှုမိန့်တော်မူခဲ့သလဲ၊ ဒီ “ကောင်းကင်မုန့်” ကနေ တို့တစ်တွေ ဘယ်လိုအကျိုးခံစားရသလဲ။ (ယော. ၆:၃၁-၃၅၊ ၄၀)

  2. ၂။ ယောရှု ၅:၁၀-၁၂ ကိုဖတ်။

    ဣသရေလလူတွေ ဘယ်နှစ်နှစ်လောက် မန္နမုန့်စားခဲ့ကြသလဲ၊ အဲဒါက သူတို့ကို ဘယ်လိုစမ်းသပ်ခဲ့သလဲ၊ အဲဒီမှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (ထွ. ၁၆:၃၅; တော. ၁၁:၄-၆; ၁ ကော. ၁၀:၁၀၊ ၁၁)

ပုံပြင် ၃၅

ယေဟောဝါ ပညတ်တော်ကိုပေးတဲ့ အကြောင်း

  1. ၁။ ဣသရေလလူတွေ အီဂျစ်ပြည်ကထွက်ပြီး နှစ်လအကြာမှာ ဘယ်မှာစခန်းချကြသလဲ။

  2. ၂။ ယေဟောဝါက လူတွေကို ဘာလုပ်စေချင်တယ်လို့ မိန့်တော်မူသလဲ၊ သူတို့ရဲ့အဖြေက ဘယ်လိုလဲ။

  3. ၃။ မောရှေကို ယေဟောဝါ ဘာကြောင့် ကျောက်ပြားနှစ်ချပ် ပေးတာလဲ။

  4. ၄။ ယေဟောဝါဟာ ဣသရေလလူတွေကို ပညတ်တော်ဆယ်ပါးအပြင် တခြားဘယ်ပညတ်တွေကို ပေးခဲ့သလဲ။

  5. ၅။ ယေရှုပေးခဲ့တဲ့ ဘယ်ပညတ်နှစ်ခုက အကြီးဆုံးလို့ဆိုသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၁၉:၁-၂၅; ၂၀:၁-၂၁; ၂၄:၁၂-၁၈; နှင့် ၃၁:၁၈ ကိုဖတ်

    ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာ တို့တစ်တွေနားလည်အောင် ထွက်မြောက်ရာ ၁၉:၈ မှာ မှတ်တမ်းတင်ထားတဲ့စကားက ဘယ်လိုကူညီပေးသလဲ။ (မ. ၁၆:၂၄; ၁ ပေ. ၄:၁-၃)

  2. ၂။ တရားဟောရာ ၆:၄-၆; ဝတ်ပြုရာ ၁၉:၁၈; နှင့် မဿဲ ၂၂:၃၆-၄၀ ကိုဖတ်။

    ခရစ်ယာန်တွေ ဘုရားသခင်နဲ့ အိမ်နီးချင်းကိုချစ်ကြောင်း ဘယ်လိုတင်ပြကြသလဲ။ (မာ. ၆:၃၄; တ. ၄:၂၀; ရော. ၁၅:၂)

ပုံပြင် ၃၆

ရွှေနွားရုပ် အကြောင်း

  1. ၁။ ပုံထဲမှာ လူတွေဘာလုပ်နေကြတာတုန်း၊ ဘာကြောင့် ဒီလိုလုပ်ကြတာလဲ။

  2. ၂။ ယေဟောဝါ ဘာဖြစ်လို့စိတ်ဆိုးတာလဲ၊ လူတွေလုပ်နေတာကိုမြင်တဲ့အခါ မောရှေဘာလုပ်သလဲ။

  3. ၃။ လူတချို့ကို မောရှေဘာလုပ်ခိုင်းသလဲ။

  4. ၄။ ဒီပုံပြင်ကနေ တို့တစ်တွေ ဘာသင်ခန်းစာယူသင့်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၃၂:၁-၃၅ ကိုဖတ်။

    1. (က) မှောက်မှားတဲ့ဘာသာရေးနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးရောနှောခြင်းအပေါ် ယေဟောဝါရဲ့သဘောထားကို ဒီမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (ထွ. ၃၂:၄-၆၊ ၁၀; ၁ ကော. ၁၀:၇၊ ၁၁)

    2. (ခ) သီချင်းဆိုခြင်းနဲ့ ကခုန်ခြင်းစတဲ့ ဖျော်ဖြေမှုကိုရွေးချယ်ရာမှာ ခရစ်ယာန်တွေ ဘာကိုသတိထားသင့်ပါသလဲ။ (ထွ. ၃၂:၁၈၊ ၁၉; ဧ. ၅:၁၅၊ ၁၆; ၁ ယော. ၂:၁၅-၁၇)

    3. (ဂ) ဖြောင့်မတ်ခြင်းတရားအတွက် ရပ်တည်ရာမှာ လေဝိအနွယ်ဟာ ဘယ်လိုပုံသက်သေကောင်းပြခဲ့ကြသလဲ။ (ထွ. ၃၂:၂၅-၂၈; ဆာ. ၁၈:၂၅)

ပုံပြင် ၃၇

ဝတ်ပြုရာတဲတော်အကြောင်း

  1. ၁။ ပုံထဲက အဆောက်အအုံကို ဘယ်လိုခေါ်သလဲ၊ ဘာအတွက် အသုံးပြုတာလဲ။

  2. ၂။ ယေဟောဝါက ဘာကြောင့် တဲတော်ကို တစ်စစီဖြုတ်လို့လွယ်အောင် မောရှေကို ဆောက်ခိုင်းတာလဲ။

  3. ၃။ တဲတော်အစွန်းတစ်ဖက် အခန်းကျဉ်းထဲမှာ ဘာသေတ္တာရှိသလဲ၊ သေတ္တာထဲမှာ ဘာရှိသလဲ။

  4. ၄။ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ဖို့ ဘယ်သူ့ကို ယေဟောဝါရွေးချယ်သလဲ၊ ယဇ်ပုရောဟိတ်မင်းကြီးက ဘာလုပ်ရသလဲ။

  5. ၅။ တဲတော်ရဲ့အခန်းကြီးထဲက ပစ္စည်းသုံးမျိုးကို ပြောပြပါ။

  6. ၆။ တဲတော်ရှိတဲ့ဝင်းထဲမှာ ဘာပစ္စည်းနှစ်မျိုးရှိသလဲ၊ ဘာအတွက်သုံးတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ထွက်မြောက်ရာ ၂၅:၈-၄၀; ၂၆:၁-၃၇; ၂၇:၁-၈; နှင့် ၂၈:၁ ကိုဖတ်

    “သက်သေခံချက်ထားသော သေတ္တာ” ပေါ်မှာရှိတဲ့ ခေရုဗိမ်တွေက ဘာကိုကိုယ်စားပြုခဲ့သလဲ။ (ထွ. ၂၅:၂၀၊ ၂၂; တော. ၇:၈၉; ၄ ရာ. ၁၉:၁၅)

  2. ၂။ ထွက်မြောက်ရာ ၃၀:၁-၁၀၊ ၁၇-၂၁; ၃၄:၁၊ ၂; နှင့် ဟေဗြဲ ၉:၁-၅ ကိုဖတ်။

    1. (က) တဲတော်မှာအမှုထမ်းတဲ့ ယဇ်ပုရောဟိတ်တွေ ကိုယ်ခန္ဓာသန့်ရှင်းနေဖို့အရေးပါကြောင်း ယေဟောဝါ ဘာကြောင့် အလေးပေးပြောခဲ့တာလဲ၊ အဲဒါက တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ထွ. ၃၀:၁၈-၂၁; ၄၀:၃၀၊ ၃၁; ဟေဗြဲ ၁၀:၂၂)

    2. (ခ) ဟေဗြဲခရစ်ယာန်တွေကို စာရေးသားချိန်မှာ တဲတော်နဲ့ ပဋိညာဉ်တရား ခေတ်ကုန်သွားပြီဆိုတာ တမန်တော်ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။ (ဟေဗြဲ ၉:၁၊ ၉; ၁၀:၁)

ပုံပြင် ၃၈

သူလျှို ၁၂ ယောက်အကြောင်း

  1. ၁။ ပုံထဲက စပျစ်ခိုင်နဲ့ပတ်သက်လို့ ဘာကိုသတိထားမိသလဲ၊ ဘယ်ကရလာတာလဲ။

  2. ၂။ မောရှေက သူလျှို ၁၂ ယောက်ကို ဘာကြောင့် ခါနာန်ပြည်ကို စေလွှတ်တာလဲ။

  3. ၃။ သူလျှိုဆယ်ယောက်က မောရှေကို ဘာသတင်းပြန်ပေးသလဲ။

  4. ၄။ သူလျှိုနှစ်ယောက်က ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဘယ်လိုပြခဲ့ကြသလဲ၊ သူတို့နာမည် ဘယ်လိုခေါ်သလဲ။

  5. ၅။ ယေဟောဝါ ဘာကြောင့်စိတ်ဆိုးတာလဲ၊ မောရှေကို ဘယ်လိုမှာကြား သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၁၃:၁-၃၃ ကိုဖတ်။

    1. (က) ပြည်ကိုစူးစမ်းဖို့ ဘယ်သူတွေရွေးချယ်ခံခဲ့ရသလဲ၊ ဘာအခွင့်ထူးကို သူတို့ရခဲ့ကြသလဲ။ (တော. ၁၃:၂၊ ၃၊ ၁၈-၂၀)

    2. (ခ) ယောရှုနဲ့ ကာလက်တို့ရဲ့ရှုမြင်ပုံက တခြားသူလျှိုတွေနဲ့ ဘာကြောင့် မတူတာလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (တော. ၁၃:၂၈-၃၀; မ. ၁၇:၂၀; ၂ ကော. ၅:၇)

  2. ၂။ တောလည်ရာ ၁၄:၁-၃၈ ကိုဖတ်။

    1. (က) ယေဟောဝါရဲ့ မြေကြီးကိုယ်စားလှယ်တွေကိုဆန့်ကျင်ပြီး ညည်းညူတာနဲ့ပတ်သက်လို့ ဘယ်သတိပေးချက်ကို တို့တစ်တွေ ဂရုပြုသင့်သလဲ။ (တော. ၁၄:၂၊ ၃၊ ၂၇; မ. ၂၅:၄၀၊ ၄၅; ၁ ကော. ၁၀:၁၀)

    2. (ခ) ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တစ်ဦးချင်းစီကို စိတ်ဝင်စားကြောင်း တောလည်ရာ ၁၄:၂၄ က ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၉:၁၈; သု. ၁၅:၃)

ပုံပြင် ၃၉

အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း

  1. ၁။ မောရှေနဲ့အာရုန်ရဲ့ အခွင့်အာဏာကို ဘယ်သူဆန့်ကျင်ပုန်ကန်သလဲ၊ မောရှေကို သူတို့ဘာပြောကြသလဲ။

  2. ၂။ ကောရနဲ့ သူ့နောက်လိုက် ၂၅၀ ကို မောရှေ ဘာပြောသလဲ။

  3. ၃။ လူတွေကို မောရှေ ဘာပြောသလဲ၊ ပြောလို့လည်းပြီးရော ဘာဖြစ်သလဲ။

  4. ၄။ ကောရနဲ့သူ့နောက်လိုက် ၂၅၀ ဘာဖြစ်သွားသလဲ။

  5. ၅။ အာရုန်ရဲ့သား ဧလျာဇာဟာ သေသွားတဲ့လူတွေရဲ့ မီးလင်ပန်းတွေကို ဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ။

  6. ၆။ ယေဟောဝါဟာ ဘာကြောင့် အာရုန်ရဲ့လှံတံကို ပန်းတွေပွင့်စေခဲ့တာလဲ။ (ပုံကိုရှု။)

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၁၆:၁-၄၉ ကိုဖတ်။

    1. (က) ကောရနဲ့ သူ့နောက်လိုက်တွေ ဘာလုပ်ခဲ့သလဲ၊ အဲဒါက ဘာကြောင့် ယေဟောဝါကို ဆန့်ကျင်ပုန်ကန်တဲ့လုပ်ရပ်ဖြစ်သလဲ။ (တော. ၁၆:၉၊ ၁၀၊ ၁၈; ဝတ်. ၁၀:၁၊ ၂; သု. ၁၁:၂)

    2. (ခ) ကောရနဲ့ “ပရိသတ်တွင်အကြီးအကဲ” ဖြစ်တဲ့ လူ ၂၅၀ တို့ဟာ ဘယ်အမြင်မှားကို မွေးခဲ့ကြသလဲ။ (တော. ၁၆:၁-၃သမ္မာ; သု. ၁၅:၃၃; ဟေရှာ. ၄၉:၇)

  2. ၂။ တောလည်ရာ ၁၇:၁-၁၁ နှင့် ၂၆:၁၀ ကိုဖတ်။

    1. (က) အဖူးထွက်နေတဲ့ အာရုန်ရဲ့လှံတံက ဘာကိုဖော်ပြသလဲ၊ အဲဒီလှံတံကို သေတ္တာတော်ထဲမှာထားဖို့ ယေဟောဝါ ဘာကြောင့် ညွှန်ကြားခဲ့တာလဲ။ (တော. ၁၇:၅၊ ၈၊ ၁၀; ဟေဗြဲ ၉:၄)

    2. (ခ) အာရုန်ရဲ့လှံတံမှတ်သားပြမှုကနေ ဘာအရေးကြီးတဲ့ သင်ခန်းစာကို တို့တစ်တွေ သင်ယူနိုင်သလဲ။ (တော. ၁၇:၁၀; တ. ၂၀:၂၈; ဖိ. ၂:၁၄; ဟေဗြဲ ၁၃:၁၇)

ပုံပြင် ၄၀

မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့အကြောင်း

  1. ၁။ ဣသရေလလူတွေ တောထဲမှာရှိနေတုန်း သူတို့ကို ယေဟောဝါ ဘယ်လိုစောင့်ရှောက်သလဲ။

  2. ၂။ ဣသရေလလူတွေ ကာဒေရှမှာ စခန်းချတဲ့အခါ ဘာညည်းညူကြသလဲ။

  3. ၃။ လူနဲ့ တိရစ္ဆာန်တွေအတွက် ရေရအောင် ယေဟောဝါဘယ်လိုလုပ်ပေးသလဲ။

  4. ၄။ ပုံထဲမှာ သူ့ကိုယ်ကို လက်ညှိုးထိုးနေတဲ့သူက ဘယ်သူလဲ၊ သူဘာဖြစ်လို့ အဲလိုလုပ်တာလဲ။

  5. ၅။ မောရှေနဲ့ အာရုန်ကို ယေဟောဝါ ဘာကြောင့် စိတ်ဆိုးတာလဲ၊ သူတို့ဘယ်လိုဒဏ်ပေးခံရသလဲ။

  6. ၆။ ဟောရတောင်ပေါ်မှာ ဘာဖြစ်ပျက်သလဲ၊ ဘယ်သူဟာ ဣသရေလလူမျိုးရဲ့ ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၂၀:၁-၁၃၊ ၂၂-၂၉ နှင့် တရားဟောရာ ၂၉:၅ ကိုဖတ်။

    1. (က) တောထဲမှာ ဣသရေလလူတွေကို ယေဟောဝါ စောင့်ရှောက်ခဲ့ပုံကနေ တို့တစ်တွေ ဘာသိရှိရသလဲ။ (တရား. ၂၉:၅; မ. ၆:၃၁; ဟေဗြဲ ၁၃:၅; ယာ. ၁:၁၇)

    2. (ခ) မောရှေနဲ့အာရုန်တို့ဟာ ဣသရေလလူမျိုးအရှေ့ ယေဟောဝါကို မရိုမသေပြုတာကို ကိုယ်တော်ဘယ်လိုမြင်သလဲ။ (တော. ၂၀:၁၂; ၁ ကော. ၁၀:၁၂; ဗျာ. ၄:၁၁)

    3. (ဂ) ယေဟောဝါဆီကရတဲ့ ဆုံးမပဲ့ပြင်မှုကို မောရှေတုံ့ပြန်ပုံကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တော. ၁၂:၃; ၂၀:၁၂၊ ၂၇၊ ၂၈; တရား. ၃၂:၄; ဟေဗြဲ ၁၂:၇-၁၁)

ပုံပြင် ၄၁

ကြေးဝါမြွေရုပ်အကြောင်း

  1. ၁။ ပုံထဲမှာ ဘာက တိုင်ကိုပတ်နေသလဲ၊ ယေဟောဝါက အဲဒီမှာမြှောက်ထားဖို့ မောရှေကို ဘာကြောင့် ခိုင်းတာလဲ။

  2. ၂။ ဘုရားသခင်လုပ်ပေးခဲ့တာတွေအားလုံးကို လူတွေ ဘယ်လိုကျေးဇူးကန်းခဲ့ကြသလဲ။

  3. ၃။ သူတို့ကို အဆိပ်ရှိတဲ့မြွေတွေနဲ့ ယေဟောဝါဒဏ်ခတ်ပြီးနောက် လူတွေက မောရှေကို ဘယ်လိုတောင်းပန်ကြသလဲ။

  4. ၄။ ယေဟောဝါက ဘာကြောင့် မောရှေကို ကြေးဝါမြွေတစ်ကောင်လုပ်ခိုင်းတာလဲ။

  5. ၅။ ဒီပုံပြင်ကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၂၁:၄-၉ ကိုဖတ်။

    1. (က) ယေဟောဝါ ထောက်ပံ့ပေးတာတွေကို ဣသရေလလူမျိုး မကျေမနပ် ညည်းညူခဲ့တဲ့အကြောင်းက တို့တစ်တွေကို ဘာသတိပေးနေတာလဲ။ (တော. ၂၁:၅၊ ၆; ရော. ၂:၄)

    2. (ခ) နောက်ပိုင်းရာစုနှစ်တွေမှာ အဲဒီကြေးဝါမြွေကို ဣသရေလလူတွေ ဘယ်လိုသုံးခဲ့ကြပြီး ဟေဇကိမင်းက ဘာလုပ်ခဲ့သလဲ။ (တော. ၂၁:၉; ၄ ရာ. ၁၈:၁-၄)

  2. ၂။ ယောဟန် ၃:၁၄၊ ၁၅ ကိုဖတ်။

    ကြေးဝါမြွေကို တိုင်မှာမြှောက်ပြထားခြင်းက နှက်တိုင်တင်ခံရတဲ့ ယေရှုခရစ်ကို ဘယ်လိုပုံတင်ပြသလဲ။ (ဂလ. ၃:၁၃; ၁ ပေ. ၂:၂၄)

ပုံပြင် ၄၂

မြည်းတစ်ကောင်စကားပြောတဲ့အကြောင်း

  1. ၁။ ဗာလက်က ဘယ်သူလဲ၊ ဗာလမ်ကို သူဘာဖြစ်လို့ လူလွှတ်ပြီးခေါ်တာလဲ။

  2. ၂။ ဗာလမ်ရဲ့မြည်းက ဘာဖြစ်လို့ လမ်းပေါ်လှဲချတာလဲ။

  3. ၃။ မြည်းဘာပြောနေတာကို ဗာလမ်ကြားလိုက်ရသလဲ။

  4. ၄။ ကောင်းကင်တမန်တစ်ပါးက ဗာလမ်ကို ဘာပြောသလဲ။

  5. ၅။ ဗာလမ်က ဣသရေလလူမျိုးကို ကျိန်စာတိုက်ဖို့ကြိုးစားတဲ့အခါ ဘာဖြစ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၂၁:၂၁-၃၅ ကိုဖတ်။

    အာမောရိဘုရင် ရှိဟုန်နဲ့ ဗာရှန်ဘုရင်သြဃတို့ကို ဣသရေလလူမျိုး ဘာကြောင့် တိုက်ခိုက်အောင်နိုင်ခဲ့တာလဲ။ (တော. ၂၁:၂၁၊ ၂၃၊ ၃၃၊ ၃၄)

  2. ၂။ တောလည်ရာ ၂၂:၁-၄၀ ကိုဖတ်။

    ဗာလမ်ရဲ့ ဘာစိတ်ထားကြောင့် ဣသရေလလူမျိုးကို ကျိန်စာတိုက်ဖို့ သူကြိုးစားခဲ့တာလဲ၊ ဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ (တော. ၂၂:၁၆၊ ၁၇; သု. ၆:၁၆၊ ၁၈; ၂ ပေ. ၂:၁၅; ယု. ၁၁)

  3. ၃။ တောလည်ရာ ၂၃:၁-၃၀ ကိုဖတ်။

    ဗာလမ်ဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတစ်ယောက်လို စကားပြောခဲ့ပေမဲ့ သူ့လုပ်ရပ်တွေက ဘယ်လိုတခြားစီဖြစ်ခဲ့သလဲ။ (တော. ၂၃:၃၊ ၁၁-၁၄; ၁ ရာ. ၁၅:၂၂)

  4. ၄။ တောလည်ရာ ၂၄:၁-၂၅ ကိုဖတ်။

    ဒီကျမ်းစာမှတ်တမ်းက ယေဟောဝါရဲ့ရည်ရွယ်ချက် အကောင်အထည်ပေါ်မယ်ဆိုတာကို ဘယ်လိုတိုးပြီးယုံကြည်စိတ်ချစေသလဲ။ (တော. ၂၄:၁၀; ဟေရှာ. ၅၄:၁၇)

ပုံပြင် ၄၃

ယောရှုခေါင်းဆောင်ဖြစ်လာတဲ့ အကြောင်း

  1. ၁။ ပုံထဲမှာ မောရှေနဲ့အတူရပ်နေတဲ့လူနှစ်ယောက်က ဘယ်သူလဲ။

  2. ၂။ ယောရှုကို ယေဟောဝါ ဘာပြောသလဲ။

  3. ၃။ နေဗောတောင်ထိပ်ကို မောရှေ ဘာကြောင့် တက်တာလဲ၊ သူ့ကို ယေဟောဝါ ဘာပြောသလဲ။

  4. ၄။ မောရှေသေတော့ သူ့အသက် ဘယ်လောက်ရှိပြီလဲ။

  5. ၅။ လူတွေ ဘာကြောင့် ဝမ်းနည်းကြတာလဲ၊ ဒါပေမဲ့ သူတို့မှာ ဝမ်းသာစရာအကြောင်း ဘာရှိသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တောလည်ရာ ၂၇:၁၂-၂၃ ကိုဖတ်။

    ယေဟောဝါဆီက ဘယ်ကြီးလေးတဲ့တာဝန်ကို ယောရှုရရှိခဲ့သလဲ၊ ခုချိန်မှာ မိမိရဲ့လူမျိုးတော်ကို ယေဟောဝါ ကာကွယ်စောင့်ရှောက်ကြောင်း ဘယ်လိုဖော်ပြသလဲ။ (တော. ၂၇:၁၅-၁၉; တ. ၂၀:၂၈; ဟေဗြဲ ၁၃:၇)

  2. ၂။ တရားဟောရာ ၃:၂၃-၂၉ ကိုဖတ်။

    ယေဟောဝါဟာ မောရှေနဲ့အာရုန်ကို ကတိထားရာပြည်ထဲ ဝင်ခွင့်မပေးတာ ဘာကြောင့်လဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (တရား. ၃:၂၅-၂၇; တော. ၂၀:၁၂၊ ၁၃)

  3. ၃။ တရားဟောရာ ၃၁:၁-၈၊ ၁၄-၂၃ ကိုဖတ်။

    ဣသရေလလူမျိုးကိုပြောခဲ့တဲ့ မောရှေရဲ့နှုတ်ဆက်စကားက ယေဟောဝါထံကလာတဲ့ ဆုံးမပဲ့ပြင်မှုကို နှိမ့်ချတဲ့စိတ်နဲ့ သူခံယူကြောင်း ဘယ်လိုဖော်ပြသလဲ။ (တရား. ၃၁:၆-၈၊ ၂၃)

  4. ၄။ တရားဟောရာ ၃၂:၄၅-၅၂ ကိုဖတ်။

    ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ တို့တစ်တွေရဲ့အသက်တာအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (တရား. ၃၂:၄၇; ဝတ်. ၁၈:၅; ဟေဗြဲ ၄:၁၂)

  5. ၅။ တရားဟောရာ ၃၄:၁-၁၂ ကိုဖတ်။

    မောရှေဟာ ယေဟောဝါကိုယ်တော်တိုင်ကို တစ်ခါမှမမြင်ဖူးပေမဲ့ တရားဟောရာ ၃၄:၁၀ က ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်း ဘာဖော်ပြသလဲ။ (ထွ. ၃၃:၁၁၊ ၂၀; တော. ၁၂:၈)

ပုံပြင် ၄၄

ရာခပ်က သူလျှိုတွေကိုဝှက်တဲ့ အကြောင်း

  1. ၁။ ရာခပ် ဘယ်မှာနေသလဲ။

  2. ၂။ ပုံထဲက အမျိုးသားနှစ်ယောက်က ဘယ်သူတွေလဲ၊ သူတို့ ဘာကြောင့် ယေရိခေါမြို့မှာရှိနေတာလဲ။

  3. ၃။ ယေရိခေါဘုရင်က ရာခပ်ကို ဘာလုပ်ခိုင်းသလဲ၊ သူဘယ်လိုဖြေသလဲ။

  4. ၄။ အမျိုးသားနှစ်ယောက်ကို ရာခပ်ဘယ်လိုကူညီပေးပြီး ဘာအကူအညီတောင်းသလဲ။

  5. ၅။ သူလျှိုနှစ်ယောက်က ရာခပ်ကို ဘာကတိပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၂:၁-၂၄ ကိုဖတ်။

    ဣသရေလလူတွေ ယေရိခေါမြို့ကိုတိုက်ဖို့လာတဲ့အခါ ထွက်မြောက်ရာ ၂၃:၂၈ မှာမှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့ကတိတော် ဘယ်လိုပြည့်စုံခဲ့သလဲ။ (ယောရှု ၂:၉-၁၁)

  2. ၂။ ဟေဗြဲ ၁၁:၃၁ ကိုဖတ်။

    ယုံကြည်ခြင်းရှိဖို့အရေးကြီးတယ်ဆိုတာကို ရာခပ်ရဲ့ပုံနမူနာက ဘယ်လိုပေါ်လွင်စေသလဲ။ (ရော. ၁:၁၇; ဟေဗြဲ ၁၀:၃၉; ယာ. ၂:၂၅)

ပုံပြင် ၄၅

ယော်ဒန်မြစ်ကိုဖြတ်တဲ့ အကြောင်း

  1. ၁။ ဣသရေလလူတွေ ယော်ဒန်မြစ်ကို ကူးဖြတ်နိုင်ဖို့ ဘာအံ့ဖွယ်ရာကို ယေဟောဝါပြုလုပ်သလဲ။

  2. ၂။ ယော်ဒန်မြစ်ကိုကူးဖြတ်ဖို့ ဘယ်ယုံကြည်တဲ့လုပ်ရပ်ကို ဣသရေလလူတွေ တင်ပြရမလဲ။

  3. ၃။ ယေဟောဝါက ယောရှုကို ဘာဖြစ်လို့ မြစ်ကြမ်းပြင်က ကျောက် ၁၂ လုံးကို စုသိမ်းခိုင်းတာလဲ။

  4. ၄။ ယဇ်ပုရောဟိတ်တွေ ယော်ဒန်မြစ်ထဲက ထွက်တာနဲ့ ဘာဖြစ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၃:၁-၁၇ ကိုဖတ်။

    1. (က) ဒီမှတ်တမ်းဖော်ပြချက်အရ ယေဟောဝါရဲ့အကူအညီနဲ့ ကောင်းချီးကို ခံစားရဖို့ တို့တစ်တွေ ဘာလုပ်ဖို့လိုသလဲ။ (ယောရှု ၃:၁၃၊ ၁၅; သု. ၃:၅; ယာ. ၂:၂၂၊ ၂၆)

    2. (ခ) ဣသရေလလူတွေ ကတိထားရာပြည်ကို ကူးဝင်တဲ့အချိန်မှာ ယော်ဒန်မြစ်အခြေအနေ ဘယ်လိုလဲ၊ အဲဒါက ယေဟောဝါရဲ့နာမတော်ကို ဘယ်လိုချီးမွမ်းစရာဖြစ်စေခဲ့သလဲ။ (ယောရှု ၃:၁၅; ၄:၁၈; ဆာ. ၆၆:၅-၇)

  2. ၂။ ယောရှု ၄:၁-၁၈ ကိုဖတ်။

    ယော်ဒန်မြစ်ထဲကယူပြီး ဂိလဂါလအရပ်မှာ စိုက်ထူထားတဲ့ ကျောက် ၁၂ လုံးက ဘာအဓိပ္ပာယ်ရှိသလဲ။ (ယောရှု ၄:၄-၇၊ ၁၉-၂၄)

ပုံပြင် ၄၆

ယေရိခေါမြို့ရိုး အကြောင်း

  1. ၁။ စစ်သည်တွေနဲ့ ယဇ်ပုရောဟိတ်တွေကို ခြောက်ရက်လောက် ယေဟောဝါ ဘာလုပ်ခိုင်းသလဲ။

  2. ၂။ ခုနစ်ရက်မြောက်နေ့မှာ လူတွေ ဘာလုပ်ရမလဲ။

  3. ၃။ ပုံထဲမှာမြင်ရတဲ့အတိုင်း ယေရိခေါမြို့ရိုး ဘာဖြစ်နေတာလဲ။

  4. ၄။ ဘာဖြစ်လို့ ပြတင်းပေါက်ကနေ ကြိုးနီတစ်ချောင်း တွဲလောင်းကျနေတာလဲ။

  5. ၅။ ယောရှုက လူနဲ့မြို့ကို ဘာလုပ်ပစ်ဖို့ စစ်သည်တွေကိုမှာသလဲ၊ ငွေတွေ၊ ရွှေတွေ၊ ကြေးဝါနဲ့ သံတွေကျတော့ကော။

  6. ၆။ သူလျှိုနှစ်ယောက်ကို ဘာလုပ်ခိုင်းသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၆:၁-၂၅ ကိုဖတ်။

    1. (က) ခုနစ်ရက်မြောက်နေ့မှာ ဣသရေလလူတွေ ယေရိခေါမြို့ကိုလှည့်ပတ်ခြင်းဟာ ဒီနောက်ဆုံးကာလမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ဆောင်မှုတွေနဲ့ ဘယ်လိုဆင်တူသလဲ။ (ယောရှု ၆:၁၅၊ ၁၆; ဟေရှာ. ၆၀:၂၂; မ. ၂၄:၁၄; ၁ ကော. ၉:၁၆)

    2. (ခ) နောက်အနှစ် ၅၀၀ လောက်အကြာမှာ ယောရှု ၆:၂၆ မှာပါတဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ၊ အဲဒါက ယေဟောဝါရဲ့ စကားနဲ့ပတ်သက်လို့ တို့တစ်တွေကို ဘာသင်ကြားပေးသလဲ။ (၃ ရာ. ၁၆:၃၄; ဟေရှာ. ၅၅:၁၁)

ပုံပြင် ၄၇

ဣသရေလလူမျိုးထဲက သူခိုးတစ်ယောက်အကြောင်း

  1. ၁။ ပုံထဲမှာ ယေရိခေါမြို့ကရတဲ့ ပစ္စည်းဥစ္စာတွေကို မြေမြှုပ်နေတာ ဘယ်သူလဲ၊ သူ့ကိုကူညီနေကြတဲ့သူတွေကော။

  2. ၂။ အာခန်နဲ့သူ့မိသားစုရဲ့လုပ်ရပ်ဟာ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ကိစ္စဖြစ်တာလဲ။

  3. ၃။ အာဣမြို့တိုက်ပွဲမှာ ဣသရေလလူတွေ ၡုံးနိမ့်ခဲ့ရတဲ့အကြောင်းကို ယောရှုမေးကြည့်တော့ ယေဟောဝါ ဘာပြောသလဲ။

  4. ၄။ အာခန်နဲ့ သူ့မိသားစုကို ယောရှုဆီခေါ်လာပြီးတဲ့နောက် သူတို့ဘာဖြစ်သွားသလဲ။

  5. ၅။ အာခန် စီရင်ခံရပုံက တို့တစ်တွေကို ဘာအရေးကြီးတဲ့သင်ခန်းစာပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၇:၁-၂၆ ကိုဖတ်။

    1. (က) ယောရှုရဲ့ဆုတောင်းချက်တွေက ဖန်ဆင်းရှင်နဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်း ဘာကိုဖော်ပြသလဲ။ (ယောရှု ၇:၇-၉; ဆာ. ၁၁၉:၁၄၅; ၁ ယော. ၅:၁၄)

    2. (ခ) အာခန်ရဲ့နမူနာက ဘာကိုဖော်ပြသလဲ၊ တို့တစ်တွေအတွက် ဘယ်လိုသတိပေးချက်ဖြစ်သလဲ။ (ယောရှု ၇:၁၁၊ ၁၄၊ ၁၅; သု. ၁၅:၃; ၁ တိ. ၅:၂၄; ဟေဗြဲ ၄:၁၃)

  2. ၂။ ယောရှု ၈:၁-၂၉ ကိုဖတ်။

    ဒီကနေ့ ခရစ်ယာန်အသင်းတော်နဲ့ပတ်သက်လို့ တို့တစ်တွေမှာ ဘာတာဝန်ရှိသလဲ။ (ယောရှု ၇:၁၃; ဝတ်. ၅:၁; သု. ၂၈:၁၃)

ပုံပြင် ၄၈

ပညာရှိတဲ့ ဂိဗောင်မြို့သားတွေ အကြောင်း

  1. ၁။ ဂိဗောင်မြို့သားတွေဟာ အနီးတစ်ဝိုက်မြို့တွေက ခါနာန်ပြည်သားတွေနဲ့ ဘယ်လိုမတူတာလဲ။

  2. ၂။ ပုံမှာပြထားတဲ့အတိုင်း ဂိဗောင်မြို့သားတွေ ဘာလုပ်ကြသလဲ၊ ဘာကြောင့်လဲ။

  3. ၃။ ယောရှုနဲ့ ဣသရေလခေါင်းဆောင်တွေက ဂိဗောင်မြို့သားတွေကို ဘာကတိပေးလိုက်သလဲ၊ ဒါပေမဲ့ နောက်သုံးရက်ကြာတော့ သူတို့ဘာသိရသလဲ။

  4. ၄။ ဂိဗောင်မြို့သားတွေဟာ ဣသရေလလူမျိုးနဲ့ မိတ်ဖွဲ့ထားကြောင်း တခြားမြို့ကဘုရင်တွေကြားတော့ ဘာဖြစ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၉:၁-၂၇ ကိုဖတ်။

    1. (က) ယေဟောဝါက “ပြည်သူပြည်သားအပေါင်းတို့ကို . . . ပယ်ရှင်း” ဖို့ ဣသရေလလူမျိုးကို မိန့်မှာထားပြီးဖြစ်လို့ ဂိဗောင်မြို့သားတွေကို အသက်ချမ်းသာပေးခြင်းက ကိုယ်တော်ရဲ့ ဘယ်ဂုဏ်ရည်တော်တွေကို ထင်ရှားစေသလဲ။ (ယောရှု ၉:၂၂၊ ၂၄; မ. ၉:၁၃; တ. ၁၀:၃၄၊ ၃၅; ၂ ပေ. ၃:၉)

    2. (ခ) ကတိပေးထားတဲ့အတိုင်း ဂိဗောင်မြို့သားတွေကို မသတ်ဘဲနေခြင်းအားဖြင့် ယောရှုဟာ ခုခေတ် ခရစ်ယာန်တွေအတွက် ဘယ်လိုပုံနမူနာကောင်းပြခဲ့သလဲ။ (ယောရှု ၉:၁၈၊ ၁၉; မ. ၅:၃၇; ဧ. ၄:၂၅)

  2. ၂။ ယောရှု ၁၀:၁-၅ ကိုဖတ်။

    ခုချိန်မှာ ဂိဗောင်မြို့သားတွေကို လူအုပ်ကြီးက ဘယ်လိုအတုယူနေသလဲ၊ ဒါကြောင့် ဘာရဲ့ပစ်မှတ်ဖြစ်လာသလဲ။ (ယောရှု ၁၀:၄; ဇာ. ၈:၂၃; မ. ၂၅:၃၅-၄၀; ဗျာ. ၁၂:၁၇)

ပုံပြင် ၄၉

နေ ရပ်သွားတဲ့ အကြောင်း

  1. ၁။ ပုံထဲမှာ ယောရှုဘာပြောနေတာလဲ၊ ဘာကြောင့်လဲ။

  2. ၂။ ယောရှုနဲ့ သူ့စစ်သည်တွေကို ယေဟောဝါဘယ်လိုကူညီသလဲ။

  3. ၃။ ရန်သူဘုရင် ဘယ်နှစ်ပါးကို ယောရှုတိုက်ခိုက်နှိမ်နင်းသလဲ၊ အဲလိုလုပ်ဖို့ ဘယ်နှစ်နှစ်ကြာသလဲ။

  4. ၄။ ခါနာန်ပြည်ကို ယောရှု ဘာဖြစ်လို့ နယ်မြေခွဲဝေတာလဲ။

  5. ၅။ ယောရှုသေတော့ အသက်ဘယ်လောက်ရှိပြီလဲ၊ သူသေပြီးနောက်ပိုင်း လူတွေဘာဖြစ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောရှု ၁၀:၆-၁၅ ကိုဖတ်။

    ဣသရေလလူမျိုးအတွက် နေနဲ့လရပ်အောင် ယေဟောဝါပြုလုပ်ပေးခဲ့တာကို တို့တစ်တွေသိထားခြင်းက ခုချိန်မှာ ဘာကိုယုံကြည်စိတ်ချစေသလဲ။ (ယောရှု ၁၀:၈၊ ၁၀၊ ၁၂၊ ၁၃; ဆာ. ၁၈:၃; သု. ၁၈:၁၀)

  2. ၂။ ယောရှု ၁၂:၇-၂၄ ကိုဖတ်။

    ခါနာန်ဘုရင် ၃၁ ပါးကို တကယ်တမ်း တာဝန်ယူတိုက်ခိုက်ခဲ့တာ ဘယ်သူလဲ၊ အဲဒါက ဒီကနေ့ တို့တစ်တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ။ (ယောရှု ၁၂:၇; ၂၄:၁၁-၁၃; တရား. ၃၁:၈; လု. ၂၁:၉၊ ၂၅-၂၈)

  3. ၃။ ယောရှု ၁၄:၁-၅ ကိုဖတ်။

    ဣသရေလလူမျိုး ဘယ်လိုနယ်မြေခွဲဝေခဲ့ကြသလဲ၊ အဲဒါက ပရဒိသုမှာရမယ့်အမွေနဲ့ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ယောရှု ၁၄:၂; ဟေရှာ. ၆၅:၂၁; ယေဇ. ၄၇:၂၁-၂၃; ၁ ကော. ၁၄:၃၃)

  4. ၄။ တရားသူကြီး ၂:၈-၁၃ ကိုဖတ်။

    ဣသရေလခေတ်က ယောရှုလို ဒီကနေ့ ဘယ်သူဟာ အယူဖောက်ပြန်ခြင်းကို တားဆီးဆန့်ကျင်နေသလဲ။ (သူကြီး. ၂:၈၊ ၁၀၊ ၁၁; မ. ၂၄:၄၅-၄၇; ၂ သက်. ၂:၃-၆; တိ. ၁:၇-၉; ဗျာ. ၁:၁; ၂:၁၊ ၂)

ပုံပြင် ၅၀

သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက် အကြောင်း

  1. ၁။ ဘယ်သူတွေဟာ တရားသူကြီးတွေလဲ၊ တချို့တရားသူကြီးတွေရဲ့နာမည် ဘယ်လိုခေါ်သလဲ။

  2. ၂။ ဒေဗောရမှာ ဘာအခွင့်ထူးရှိသလဲ၊ ဒီအခွင့်ထူးမှာ ဘာပါဝင်သလဲ။

  3. ၃။ ယာဗိန်မင်းနဲ့သူ့စစ်ဗိုလ်ချုပ် သိသရက ဣသရေလလူမျိုးကို ခြိမ်းခြောက်တဲ့အခါ ဒေဗောရဟာ ယေဟောဝါဆီက ဘယ်သတင်းကို တရားသူကြီးဗာရက်ကိုပြောပြသလဲ၊ အောင်ပွဲအတွက် ဘယ်သူနာမည်ရမယ်လို့ ပြောသလဲ။

  4. ၄။ ယေလဆိုတဲ့အမျိုးသမီးဟာ ဘယ်လိုသတ္တိပြသလဲ။

  5. ၅။ ယာဗိန်မင်း သေပြီးနောက် ဘာဖြစ်ပျက်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တရားသူကြီး ၂:၁၄-၂၂ ကိုဖတ်။

    ယေဟောဝါအမျက်တော်ရှအောင် ဣသရေလလူတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ၊ ဒီအချက်ကနေ တို့တစ်တွေ ဘာသင်ခန်းစာသင်ယူနိုင်သလဲ။ (သူကြီး. ၂:၂၀; သု. ၃:၁၊ ၂; ယေဇ. ၁၈:၂၁-၂၃)

  2. ၂။ တရားသူကြီး ၄:၁-၂၄ ကိုဖတ်။

    ယုံကြည်ခြင်း၊ သတ္တိရှိခြင်းနဲ့ပတ်သက်လို့ ဒေဗောရနဲ့ ယေလတို့ရဲ့ပုံနမူနာကနေ ခုခေတ် ခရစ်ယာန်အမျိုးသမီးတွေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။ (သူကြီး. ၄:၄၊ ၈၊ ၉၊ ၁၄၊ ၂၁၊ ၂၂; သု. ၃၁:၃၀; ၁ ကော. ၁၆:၁၃)

  3. ၃။ တရားသူကြီး ၅:၁-၃၁ ကိုဖတ်။

    ဗာရက်နဲ့ ဒေဗောရတို့ရဲ့ အောင်ပွဲခံသီချင်းကို ရောက်လာတော့မယ့် အာမဂေဒုန်စစ်ပွဲနဲ့ပတ်သက်တဲ့ ဆုတောင်းချက်တစ်ခုအဖြစ် ဘယ်လိုအသုံးပြုနိုင်သလဲ။ (သူကြီး. ၅:၃၊ ၃၁; ၅ ရာ. ၁၆:၈-၁၀; ဗျာ. ၇:၉၊ ၁၀; ၁၆:၁၅; ၁၉:၁၉-၂၁)

ပုံပြင် ၅၁

ရုသနဲ့ နောမိအကြောင်း

  1. ၁။ နောမိဟာ မောဘပြည်ကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ။

  2. ၂။ ရုသနဲ့ ဩရပဆိုတာ ဘယ်သူတွေလဲ။

  3. ၃။ သူတို့ရဲ့အမျိုးတွေဆီပြန်ဖို့ နောမိပြောတဲ့အခါ ရုသနဲ့ ဩရပ ဘယ်လိုပြန်ဖြေကြသလဲ။

  4. ၄။ ဗောဇဆိုတာ ဘယ်သူလဲ၊ ရုသနဲ့ နောမိကို သူဘယ်လိုကူညီပေးသလဲ။

  5. ၅။ ဗောဇနဲ့ရုသရဲ့ ကလေးနာမည် ဘယ်လိုခေါ်သလဲ၊ သူ့ကို ဘာကြောင့် တို့တစ်တွေ သတိရသင့်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ရုသ ၁:၁-၁၇ ကိုဖတ်။

    1. (က) သူ့ရဲ့သစ္စာစောင့်သိတဲ့မေတ္တာကို ရုသ ဘယ်လိုလှလှပပဖော်ပြခဲ့သလဲ။ (ရု. ၁:၁၆၊ ၁၇)

    2. (ခ) ရုသရဲ့စိတ်သဘောထားက ဒီကနေ့ မြေကြီးပေါ်ရှိ ဘိသိက်ခံတွေအပေါ်ထားရှိတဲ့ “အခြားသိုး” ရဲ့သဘောထားကို ဘယ်လိုပေါ်လွင်စေသလဲ။ (ယော. ၁၀:၁၆; ဇာ. ၈:၂၃)

  2. ၂။ ရုသ ၂:၁-၂၃ ကိုဖတ်။

    ရုသဟာ ခုခေတ်ငယ်ရွယ်တဲ့အမျိုးသမီးတွေအတွက် ဘယ်လိုပုံနမူနာကောင်း ပြခဲ့သလဲ။ (ရု. ၂:၁၇၊ ၁၈; သု. ၂၃:၂၂; ၃၁:၁၅)

  3. ၃။ ရုသ ၃:၅-၁၃ ကိုဖတ်။

    1. (က) ရုသဟာ ပျိုရွယ်သူကိုမရွေးဘဲ သူ့ကိုလက်ထပ်ဖို့ တလိုတလားရှိတာကို ဗောဇ ဘယ်လိုရှုမြင်ခဲ့သလဲ။

    2. (ခ) ရုသရဲ့သဘောထားက တို့တွေကို သစ္စာစောင့်သိတဲ့မေတ္တာအကြောင်း ဘာသင်ပေးသလဲ။ (ရု. ၃:၁၀; ၁ ကော. ၁၃:၄၊ ၅)

  4. ၄။ ရုသ ၄:၇-၁၇ ကိုဖတ်။

    ဒီကနေ့ ခရစ်ယာန်အမျိုးသားတွေ ဗောဇနဲ့ ဘယ်လိုတူနိုင်သလဲ။ (ရု. ၄:၉၊ ၁၀; ၁ တိ. ၃:၁၊ ၁၂၊ ၁၃; ၅:၈)

ပုံပြင် ၅၂

ဂိဒေါင်နဲ့သူ့လူ ၃၀၀ အကြောင်း

  1. ၁။ ဣသရေလလူတွေ ဘယ်လိုနဲ့ ဘာကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ရတာလဲ။

  2. ၂။ ယေဟောဝါက စစ်သားတွေသိပ်များတယ်လို့ ဂိဒေါင်ကို ဘာကြောင့် ပြောတာလဲ။

  3. ၃။ ဂိဒေါင်က ကြောက်တတ်တဲ့လူတွေကို အိမ်ပြန်ခိုင်းပြီးနောက် လူဘယ်လောက်ကျန်သလဲ။

  4. ၄။ ဂိဒေါင်ရဲ့စစ်သား ၃၀၀ ပဲကျန်အောင် ယေဟောဝါဘယ်လိုလျှော့ချတယ်ဆိုတာ ပုံကြည့်ပြီးရှင်းပြပါ။

  5. ၅။ လူ ၃၀၀ ကို ဂိဒေါင်ဘယ်လိုစီစဉ်သလဲ၊ ဣသရေလလူမျိုး ဘယ်လိုစစ်နိုင်ကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တရားသူကြီး ၆:၃၆-၄၀ ကိုဖတ်။

    1. (က) ယေဟောဝါရဲ့အလိုတော်ကို သေချာသိအောင် ဂိဒေါင်ဘယ်လိုလုပ်ခဲ့သလဲ။

    2. (ခ) ယေဟောဝါရဲ့အလိုတော်ကိုသိအောင် ဒီကနေ့ တို့တစ်တွေ ဘယ်လိုလုပ်ကြသလဲ။ (သု. ၂:၃-၆; မ. ၇:၇-၁၁; ၂ တိ. ၃:၁၆၊ ၁၇)

  2. ၂။ တရားသူကြီး ၇:၁-၂၅ ကိုဖတ်။

    1. (က) သတိမဲ့ခဲ့ကြတဲ့သူတွေနဲ့မတူဘဲ သတိရှိရှိနေတဲ့ လူ ၃၀၀ ဆီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (သူကြီး. ၇:၃၊ ၆; ရော. ၁၃:၁၁၊ ၁၂; ဧ. ၅:၁၅-၁၇)

    2. (ခ) ဂိဒေါင်ကိုကြည့်ပြီး သူလုပ်သလိုလိုက်လုပ်ခဲ့ကြတဲ့ လူ ၃၀၀ လို သာ၍ကြီးတဲ့ဂိဒေါင် ယေရှုခရစ်ကိုကြည့်ပြီး တို့တစ်တွေ ဘယ်လိုလိုက်လုပ်ကြသလဲ။ (သူကြီး. ၇:၁၇; မ. ၁၁:၂၉၊ ၃၀; ၂၈:၁၉၊ ၂၀; ၁ ပေ. ၂:၂၁)

    3. (ဂ) ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ခန့်အပ်ခံရတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်အမှုထမ်းဖို့ တရားသူကြီး ၇:၂၁ က တို့တစ်တွေကို ဘယ်လိုကူညီပေးသလဲ။ (၁ ကော. ၄:၂; ၁၂:၁၄-၁၈; ယာ. ၄:၁၀)

  3. ၃။ တရားသူကြီး ၈:၁-၃ ကိုဖတ်။

    ညီအစ်ကို၊ ညီအစ်မတစ်ယောက်နဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါ ဧဖရိမ်လူတွေနဲ့အငြင်းပွားမှုကို ဂိဒေါင်ဖြေရှင်းခဲ့ပုံကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (သု. ၁၅:၁; မ. ၅:၂၃၊ ၂၄; လု. ၉:၄၈)

ပုံပြင် ၅၃

ယေဖသရဲ့ ကတိအကြောင်း

  1. ၁။ ယေဖသဆိုတာ ဘယ်သူဖြစ်ပြီး ဘယ်ခေတ်မှာ သူအသက်ရှင်ခဲ့သလဲ။

  2. ၂။ ယေဟောဝါကို ယေဖသ ဘာကတိပေးသလဲ။

  3. ၃။ အမ္မုန်လူတွေကို အောင်ပွဲခံပြီး ပြန်လာတဲ့အခါ ယေဖသ ဘာကြောင့် ဝမ်းနည်းရတာလဲ။

  4. ၄။ သူ့ဖေဖေရဲ့ကတိကို သိသွားတဲ့အခါ ယေဖသရဲ့သမီး ဘာပြောသလဲ။

  5. ၅။ ယေဖသရဲ့သမီးကို လူတွေ ဘာကြောင့် ချစ်ကြတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တရားသူကြီး ၁၀:၆-၁၈ ကိုဖတ်။

    ဣသရေလလူမျိုး ယေဟောဝါအပေါ် သစ္စာမဲ့ခဲ့တဲ့မှတ်တမ်းကနေ ဘယ်သတိပေးချက်ကို တို့တစ်တွေ လိုက်နာသင့်သလဲ။ (သူကြီး. ၁၀:၆၊ ၁၅၊ ၁၆; ရော. ၁၅:၄; ဗျာ. ၂:၁၀)

  2. ၂။ တရားသူကြီး ၁၁:၁-၁၁၊ ၂၉-၄၀ ကိုဖတ်။

    1. (က) သူ့သမီးကို “မီးရှို့ရာယဇ်” အဖြစ် ယေဖသပူဇော်တယ်ဆိုတာ လူကိုမီးရှို့ပူဇော်တာကိုမဆိုလိုကြောင်း ဘယ်လိုသိရသလဲ။ (သူကြီး. ၁၁:၃၁; ဝတ်. ၁၆:၂၄; တရား. ၁၈:၁၀၊ ၁၂)

    2. (ခ) ယေဖသဟာ သူ့သမီးကို ပူဇော်ရာယဇ်အဖြစ် ဘယ်လိုနည်းနဲ့ပေးဆက်ခဲ့သလဲ။

    3. (ဂ) ယေဟောဝါကို သစ္စာကတိပြုခြင်းနဲ့ပတ်သက်တဲ့ ယေဖသရဲ့သဘောထားကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (သူကြီး. ၁၁:၃၅၊ ၃၉; ဒေ. ၅:၄၊ ၅; မ. ၁၆:၂၄)

    4. (ဃ) ယေဖသရဲ့သမီးဟာ အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေတဲ့ ခရစ်ယာန်လူငယ်တွေအတွက် ဘယ်လိုပုံသက်သေကောင်းဖြစ်သလဲ။ (သူကြီး. ၁၁:၃၆; မ. ၆:၃၃; ဖိ. ၃:၈)

ပုံပြင် ၅၄

အသန်ဆုံးလူအကြောင်း

  1. ၁။ အသက်ရှင်ခဲ့သမျှမှာ အသန်ဆုံးလူရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ ဘယ်သူက သူ့ကိုခွန်အားဗလပေးတာလဲ။

  2. ၂။ တစ်ခါကျတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း ခြင်္သေ့ကြီးတစ်ကောင်ကို ရှံဆုန်ဘာလုပ်လိုက်သလဲ။

  3. ၃။ ပုံထဲမှာ ရှံဆုန်ဟာ ဒေလိလကို ဘာလျှို့ဝှက်ချက်ပြောပြနေတာလဲ၊ အဲဒါနဲ့ ဘယ်လိုလုပ်ပြီး ဖိလိတ္တိလူတွေရဲ့ အဖမ်းခံလိုက်ရတာလဲ။

  4. ၄။ ရှံဆုန်ဟာ သူသေတဲ့နေ့မှာ ရန်သူဖိလိတ္တိလူ ၃,၀၀၀ ကို ဘယ်လိုသတ်ခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တရားသူကြီး ၁၃:၁-၁၄ ကိုဖတ်။

    မာနော်နဲ့ သူ့ဇနီးဟာ သားသမီးတွေကိုပြုစုပျိုးထောင်နေတဲ့ မိဘတွေအတွက် ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (သူကြီး. ၁၃:၈; ဆာ. ၁၂၇:၃; ဧ. ၆:၄)

  2. ၂။ တရားသူကြီး ၁၄:၅-၉ နှင့် ၁၅:၉-၁၆ ကိုဖတ်။

    1. (က) ရှံဆုန် ခြင်္သေ့ကိုသတ်တာ၊ သူ့ကိုချည်ထားတဲ့ ကြိုးသစ်တွေကိုဖြတ်ပစ်တာ၊ မြည်းမေးရိုးနဲ့ လူ ၁,၀၀၀ ကိုသတ်ခဲ့တဲ့မှတ်တမ်းတွေက ယေဟောဝါရဲ့သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုအကြောင်း ဘာကိုဖော်ပြသလဲ။

    2. (ခ) ဒီကနေ့ သန့်ရှင်းသောဝိညာဉ်တော်က တို့တစ်တွေကို ဘယ်လိုထောက်မပေးသလဲ။ (သူကြီး. ၁၄:၆; ၁၅:၁၄; ဇာ. ၄:၆; တ. ၄:၃၁)

  3. ၃။ တရားသူကြီး ၁၆:၁၈-၃၁ ကိုဖတ်။

    မကောင်းတဲ့အပေါင်းအသင်းတွေက ရှံဆုန်ကို ဘယ်လိုထိခိုက်စေခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (သူကြီး. ၁၆:၁၈၊ ၁၉; ၁ ကော. ၁၅:၃၃)

ပုံပြင် ၅၅

ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့အကြောင်း

  1. ၁။ ပုံထဲက ကလေးလေးနာမည် ဘယ်လိုခေါ်သလဲ၊ တခြားသူတွေက ဘယ်သူတွေလဲ။

  2. ၂။ ယေဟောဝါရဲ့တဲတော်ကို သွားလည်တဲ့တစ်ရက်မှာ ဟန္န ဘယ်လိုဆုတောင်းသလဲ၊ သူ့ဆုတောင်းချက်ကို ယေဟောဝါဘယ်လို နားညောင်းပေးသလဲ။

  3. ၃။ ယေဟောဝါရဲ့တဲတော်မှာအမှုထမ်းဖို့ ရှမွေလကိုခေါ်သွားချိန်မှာ သူ့အသက်ဘယ်လောက်ရှိပြီလဲ၊ သူ့မေမေက သူ့အတွက် နှစ်တိုင်းဘာလုပ်ပေးသလဲ။

  4. ၄။ ဧလိသားတွေရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ သူတို့က ဘယ်လိုလူတွေလဲ။

  5. ၅။ ရှမွေလကို ယေဟောဝါဘယ်လိုခေါ်သလဲ၊ သူ့ကို ဘာသတင်းပေးသလဲ။

  6. ၆။ ရှမွေလကြီးလာတော့ ဘာဖြစ်လာသလဲ၊ သူအသက်ကြီးရင့်တော့ ဘာဖြစ်ပျက်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၁:၁-၂၈ ကိုဖတ်။

    1. (က) စစ်မှန်တဲ့ဝတ်ပြုရေးကို ဦးစီးဦးဆောင်လုပ်တဲ့နေရာမှာ ဧလကာနဟာ အိမ်ထောင်ဦးစီးတွေအတွက် ဘယ်လိုပုံသက်သေကောင်းပြသလဲ။ (၁ ရာ. ၁:၃၊ ၂၁; မ. ၆:၃၃; ဖိ. ၁:၁၀)

    2. (ခ) စိတ်ရှုပ်စရာပြဿနာတစ်ခု ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဟန္နရဲ့ပုံနမူနာကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (၁ ရာ. ၁:၁၀၊ ၁၁; ဆာ. ၅၅:၂၂; ရော. ၁၂:၁၂)

  2. ၂။ ၁ ဓမ္မရာဇဝင် ၂:၁၁-၃၆ ကိုဖတ်။

    ဧလိဟာ ယေဟောဝါထက် သူ့သားတွေကို ဘယ်လိုဂုဏ်တင်ချီးမြှောက်ခဲ့သလဲ၊ အဲဒါက တို့တစ်တွေအတွက် သတိပေးချက် ဘယ်လိုဖြစ်နိုင်သလဲ။ (၁ ရာ. ၂:၂၂-၂၄၊ ၂၇၊ ၂၉; တရား. ၂၁:၁၈-၂၁; မ. ၁၀:၃၆၊ ၃၇)

  3. ၃။ ၁ ဓမ္မရာဇဝင် ၄:၁၆-၁၈ ကိုဖတ်။

    စစ်မြေပြင်ကနေ ဘယ်လေးထပ်ကွမ်း ဝမ်းနည်းစရာသတင်း ရောက်လာသလဲ၊ အဲဒါကြောင့် ဧလိဘာဖြစ်သွားသလဲ။

  4. ၄။ ၁ ဓမ္မရာဇဝင် ၈:၄-၉ ကိုဖတ်။

    ဣသရေလလူမျိုးဟာ ယေဟောဝါကို ဘယ်လိုအကြီးအကျယ် စိတ်ထိခိုက်စေခဲ့သလဲ၊ ဒီကနေ့ တို့တစ်တွေဟာ ကိုယ်တော့်နိုင်ငံတော်ကို ဘယ်လိုသစ္စာရှိရှိထောက်ခံနိုင်သလဲ။ (၁ ရာ. ၈:၅၊; ယော. ၁၇:၁၆; ယာ. ၄:၄)

ပုံပြင် ၅၆

ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း

  1. ၁။ ပုံထဲမှာ ရှမွေလ ဘာလုပ်နေတာလဲ၊ ဘာကြောင့်လဲ။

  2. ၂။ ရှောလုကို ယေဟောဝါဘာကြောင့်ကြိုက်တာလဲ၊ သူဟာဘယ်လိုလူစားမျိုးလဲ။

  3. ၃။ ရှောလုရဲ့သားနာမည် ဘယ်လိုခေါ်သလဲ၊ သူ့သား ဘာလုပ်သလဲ။

  4. ၄။ ရှောလုဟာ ရှမွေလကိုမစောင့်ဘဲ ဘာကြောင့် ယဇ်ပူဇော်တာလဲ။

  5. ၅။ ရှောလုရဲ့မှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၉:၁၅-၂၁ နှင့် ၁၀:၁၇-၂၇ ကိုဖတ်။

    ရှောလုကို တချို့လူတွေ မရိုမသေပြောတဲ့အခါ ကမူးရှူးထိုးမလုပ်မိဖို့ သူ့ရဲ့ကျိုးနွံတဲ့စိတ်ထားက ဘယ်လိုထောက်ကူပေးခဲ့သလဲ။ (၁ ရာ. ၉:၂၁; ၁၀:၂၁၊ ၂၂၊ ၂၇; သု. ၁၇:၂၇)

  2. ၂။ ၁ ဓမ္မရာဇဝင် ၁၃:၅-၁၄ ကိုဖတ်။

    ဂိလဂါလမှာ ရှောလုကျူးလွန်ခဲ့မိတဲ့အပြစ်က ဘာလဲ။ (၁ ရာ. ၁၀:၈; ၁၃:၈၊ ၉၊ ၁၃)

  3. ၃။ ၁ ဓမ္မရာဇဝင် ၁၅:၁-၃၅ ကိုဖတ်။

    1. (က) အာမလက်ရှင်ဘုရင် အာဂတ်နဲ့ပတ်သက်လို့ ဘယ်ကြီးလေးတဲ့အပြစ်ကို ရှောလုလုပ်ခဲ့မိသလဲ။ (၁ ရာ. ၁၅:၂၊ ၃၊ ၈၊ ၉၊ ၂၂)

    2. (ခ) ရှောလုဟာ သူ့လုပ်ရပ်တွေကို ဘယ်လိုဆင်ခြေပေးပြီး အပြစ်လွှဲချခဲ့သလဲ။ (၁ ရာ. ၁၅:၂၄)

    3. (ဂ) ဒီကနေ့ တို့တစ်တွေ ဆုံးမခံရတဲ့အခါ ဘယ်သတိပေးချက်ကို လိုက်နာသင့်သလဲ။ (၁ ရာ. ၁၅:၁၉-၂၁; ဆာ. ၁၄၁:၅; သု. ၉:၈၊ ၉; ၁၁:၂)

ပုံပြင် ၅၇

ဒါဝိဒ်ကိုဘုရားသခင် ရွေးကောက်တဲ့အကြောင်း

  1. ၁။ ပုံထဲက သူငယ်လေးရဲ့နာမည် ဘယ်လိုခေါ်သလဲ၊ သူဟာ တကယ်သတ္တိကောင်းတယ်ဆိုတာ တို့တစ်တွေ ဘယ်လိုသိရသလဲ။

  2. ၂။ ဒါဝိဒ် ဘယ်မှာနေသလဲ၊ သူ့ဖေဖေနဲ့ သူ့ဘိုးဘိုးရဲ့နာမည် ဘယ်လိုခေါ်သလဲ။

  3. ၃။ ယေဟောဝါက ရှမွေလကို ဗက်လင်မြို့မှာရှိတဲ့ ယေရှဲအိမ်ကို ဘာကြောင့် သွားခိုင်းတာလဲ။

  4. ၄။ ယေရှဲက သူ့သားခုနစ်ယောက်ကို ရှမွေလဆီခေါ်လာတဲ့အခါ ဘာဖြစ်သလဲ။

  5. ၅။ ဒါဝိဒ်ကိုခေါ်လာတဲ့အခါ ရှမွေလကို ယေဟောဝါ ဘာပြောသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅ ကိုဖတ်။

    ဒီဖြစ်ရပ်တွေက ဒါဝိဒ်ရဲ့သတ္တိ​နဲ့ ယေဟောဝါအပေါ် ယုံကြည်အားကိုးမှုကို ဘယ်လိုပေါ်လွင်စေသလဲ။ (၁ ရာ. ၁၇:၃၇)

  2. ၂။ ၁ ဓမ္မရာဇဝင် ၁၆:၁-၁၄ ကိုဖတ်။

    1. (က) ၁ ဓမ္မရာဇဝင် ၁၆:၇ မှာပါတဲ့ ယေဟောဝါရဲ့စကားက မျက်နှာမလိုက်ဖို့၊ အပြင်ပန်းကြည့်ပြီး ဘက်လိုက်တာကိုရှောင်ဖို့ တို့တစ်တွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၁၀:၃၄၊ ၃၅; ၁ တိ. ၂:၄)

    2. (ခ) လူတစ်ယောက်ဆီက သန့်ရှင်းသောဝိညာဉ်တော်ကို ယေဟောဝါသိမ်းယူလိုက်ပြီဆိုရင် ဟာနေတဲ့နေရာကို ဆိုးတဲ့ဝိညာဉ် ဒါမှမဟုတ် အမှားပြုစေတဲ့ အတွင်းစိတ်ဆန္ဒက နေရာဝင်ယူသွားနိုင်တယ်ဆိုတာ ရှောလုရဲ့နမူနာက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၆:၁၄; မ. ၁၂:၄၃-၄၅; ဂလ. ၅:၁၆)

ပုံပြင် ၅၈

ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း

  1. ၁။ ဣသရေလစစ်သည်တွေကို ဂေါလျတ်ဘယ်လိုစိန်ခေါ်သလဲ။

  2. ၂။ ဂေါလျတ်ရဲ့ကိုယ်ခန္ဓာ ဘယ်လောက်ကြီးသလဲ၊ ဂေါလျတ်ကိုသတ်နိုင်တဲ့လူကို ဘာဆုပေးမယ်လို့ ရှောလုမင်း ကတိပြုသလဲ။

  3. ၃။ ဒါဝိဒ်ဟာ ကလေးပဲဖြစ်သေးလို့ ဂေါလျတ်ကို တိုက်နိုင်မှာမှဟုတ်ဘူးဆိုပြီး ရှောလုပြောတဲ့အခါ ဒါဝိဒ်ဘာပြန်ပြောသလဲ။

  4. ၄။ ဂေါလျတ်ကို ဒါဝိဒ်ပြန်ပြောတဲ့အခါ ယေဟောဝါကို သူယုံကြည်ကိုးစားကြောင်း ဘယ်လိုတင်ပြသလဲ။

  5. ၅။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ဂေါလျတ်ကို ဒါဝိဒ် ဘာနဲ့သတ်သလဲ၊ သတ်လည်းပြီးရော ဖိလိတ္တိလူတွေ ဘာဖြစ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၁၇:၁-၅၄ ကိုဖတ်။

    1. (က) ဒါဝိဒ် ရဲစွမ်းသတ္တိရှိရတဲ့ သော့ချက်က ဘာလဲ၊ သူ့ရဲ့သတ္တိကို တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (၁ ရာ. ၁၇:၃၇၊ ၄၅; ဧ. ၆:၁၀၊ ၁၁)

    2. (ခ) ခရစ်ယာန်တွေဟာ ကစားတဲ့အခါ ဒါမှမဟုတ် အပန်းဖြေမှုမှာ ပါဝင်တဲ့အခါ ဂေါလျတ်လိုမျိုး အပြိုင်အဆိုင်စိတ်ဓာတ်ကို ဘာကြောင့် ရှောင်သင့်သလဲ။ (၁ ရာ. ၁၇:၈; ဂလ. ၅:၂၆; ၁ တိ. ၄:၈)

    3. (ဂ) သူ့နောက်မှာ ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ကြောင်း ဒါဝိဒ်ရဲ့စကားတွေက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၇:၄၅-၄၇; ၆ ရာ. ၂၀:၁၅)

    4. (ဃ) ဆိုင်ပြိုင်တိုက်ခိုက်နေတဲ့ စစ်တပ်နှစ်ခုအကြောင်း ဖော်ပြရုံမက တကယ်တော့ အဲဒီစစ်ပွဲဟာ မှားယွင်းတဲ့ဘုရားတွေနဲ့ စစ်မှန်တဲ့ဘုရား ယေဟောဝါစပ်ကြား တိုက်တဲ့စစ်ပွဲဖြစ်ကြောင်း မှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (၁ ရာ. ၁၇:၄၃၊ ၄၆၊ ၄၇)

    5. (င) ယေဟောဝါကို ယုံကြည်ကိုးစားတဲ့ ဒါဝိဒ်ရဲ့ပုံသက်သေကို ဘိသိက်ခံတွေ ဘယ်လိုတုပကြသလဲ။ (၁ ရာ. ၁၇:၃၇; ယေ. ၁:၁၇-၁၉; ဗျာ. ၁၂:၁၇)

ပုံပြင် ၅၉

ဒါဝိဒ်ဘာဖြစ်လို့ ထွက်ပြေးရတဲ့အကြောင်း

  1. ၁။ ရှောလုက ဘာဖြစ်လို့ ဒါဝိဒ်ကို သဝန်တိုတာလဲ၊ ရှောလုရဲ့သား ယောနသန်ကျတော့ သူနဲ့ဘယ်လိုမတူသလဲ။

  2. ၂။ တစ်နေ့မှာ ရှောလုအတွက် ဒါဝိဒ်စောင်းတီးပေးနေတုန်း ဘာဖြစ်သလဲ။

  3. ၃။ ရှောလုက သူ့သမီးတော် မိခါလကိုယူနိုင်ဖို့ ဒါဝိဒ်ဘာလုပ်ပေးရမယ်လို့ ပြောသလဲ၊ ရှောလု ဘာဖြစ်လို့ ဒီလိုပြောတာလဲ။

  4. ၄။ ပုံမှာပြထားတဲ့အရ ရှောလုအတွက် ဒါဝိဒ်စောင်းတီးပေးနေတုန်း တတိယအကြိမ် ဘာဖြစ်ပြန်သလဲ။

  5. ၅။ မိခါလက ဒါဝိဒ်ရဲ့အသက်ကို ဘယ်လိုကယ်လိုက်သလဲ၊ အဲဒီနောက် ခုနစ်နှစ်တိုင် ဒါဝိဒ်ဘာလုပ်ရသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၁၈:၁-၃၀ ကိုဖတ်။

    1. (က) ဒါဝိဒ်ကိုချစ်တဲ့ ယောနသန်ရဲ့ ခိုင်မြဲတဲ့မေတ္တာက “အခြားသိုး” နဲ့ “သိုးစုငယ်” တို့ရဲ့ အပြန်အလှန်မေတ္တာကို ဘယ်လိုကြိုတင်ဖော်ပြသလဲ။ (၁ ရာ. ၁၈:၁; ယော. ၁၀:၁၆; လု. ၁၂:၃၂; ဇာ. ၈:၂၃)

    2. (ခ) တကယ်ဆိုရင် ရှောလုရဲ့နန်းမွေခံဟာ ယောနသန်ဖြစ်ပေမဲ့ ယောနသန်ဟာ ရှင်ဘုရင်အဖြစ်ရွေးချယ်ခံရသူကို ထူးထူးခြားခြားလက်အောက်ခံကြောင်း ၁ ဓမ္မရာဇဝင် ၁၈:၄ က ဘယ်လိုဖော်ပြသလဲ။

    3. (ဂ) မနာလိုခြင်းဟာ ကြီးလေးတဲ့အပြစ် လုပ်မိစေနိုင်ကြောင်း ရှောလုရဲ့ပုံနမူနာက ဘယ်လိုဖော်ပြသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသတိပေးနေတာလဲ။ (၁ ရာ. ၁၈:၇-၉၊ ၂၅; ယာ. ၃:၁၄-၁၆)

  2. ၂။ ၁ ဓမ္မရာဇဝင် ၁၉:၁-၁၇ ကိုဖတ်။

    ရှောလုနဲ့ရင်ဆိုင်တဲ့အခါ ယောနသန်ဟာ ဘယ်လိုသက်စွန့်ကြိုးပမ်းလုပ်ဆောင်ခဲ့သလဲ။ (၁ ရာ. ၁၉:၁၊)

ပုံပြင် ၆၀

အဘိဂဲလနဲ့ ဒါဝိဒ်တို့အကြောင်း

  1. ၁။ ပုံထဲမှာ ဒါဝိဒ်ကိုတွေ့ဖို့လာနေတဲ့ အမျိုးသမီးနာမည် ဘယ်လိုခေါ်သလဲ၊ သူက ဘယ်လိုလူစားမျိုးလဲ။

  2. ၂။ နာဗလဆိုတာ ဘယ်သူလဲ။

  3. ၃။ ဒါဝိဒ် ဘာကြောင့် သူ့လူတွေကိုလွှတ်ပြီး နာဗလဆီမှာ အကူအညီတောင်းတာလဲ။

  4. ၄။ ဒါဝိဒ်ရဲ့လူတွေကို နာဗလ ဘာပြောလိုက်သလဲ၊ ဒါဝိဒ် ဘယ်လိုတုံ့ပြန်သလဲ။

  5. ၅။ ပညာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း အဘိဂဲလ ဘယ်လိုတင်ပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၂၂:၁-၄ ကိုဖတ်။

    ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းမှာ တစ်ယောက်ကိုတစ်ယောက် ထောက်မသင့်တယ်ဆိုတာ ဒါဝိဒ်ရဲ့မိသားစုက ဘယ်လိုပုံသက်သေကောင်းပြခဲ့သလဲ။ (သု. ၁၇:၁၇; ၁ သက်. ၅:၁၄)

  2. ၂။ ၁ ဓမ္မရာဇဝင် ၂၅:၁-၄၃ ကိုဖတ်။

    1. (က) တော်တော်အထင်သေးစရာကောင်းအောင် နာဗလဖော်ပြခံရတာ ဘာကြောင့်လဲ။ (၁ ရာ. ၂၅:၂-၅၊ ၁၀၊ ၁၄၊ ၂၁၊ ၂၅)

    2. (ခ) ခုခေတ် ခရစ်ယာန်ဇနီးသည်တွေဟာ အဘိဂဲလရဲ့ပုံသက်သေကနေ ဘာတွေသင်ယူနိုင်သလဲ။ (၁ ရာ. ၂၅:၃၂၊ ၃၃; သု. ၃၁:၂၆; ဧ. ၅:၂၄)

    3. (ဂ) ဘယ်အမှားနှစ်ခုကို ဒါဝိဒ်မလုပ်မိဖို့ အဘိဂဲလ တားခဲ့သလဲ။ (၁ ရာ. ၂၅:၃၁၊ ၃၃; ရော. ၁၂:၁၉; ဧ. ၄:၂၆)

    4. (ဃ) အဘိဂဲလကို ပြန်ပြောခဲ့တဲ့ ဒါဝိဒ်ရဲ့စကားတွေက အမျိုးသမီးတွေကို ယေဟောဝါမြင်သလိုမြင်ဖို့ ခုခေတ်အမျိုးသားတွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၂၁:၈၊ ၉; ရော. ၂:၁၁; ၁ ပေ. ၃:၇)

ပုံပြင် ၆၁

ဒါဝိဒ်ကို မင်းမြှောက်တဲ့အကြောင်း

  1. ၁။ ရှောလု တပ်စခန်းထဲမှာအိပ်နေတုန်း ဒါဝိဒ်နဲ့အဘိရှဲ ဘာလုပ်ခဲ့ကြသလဲ။

  2. ၂။ ရှောလုကို ဒါဝိဒ် ဘာမေးခွန်းတွေ မေးခဲ့သလဲ။

  3. ၃။ ရှောလုကိုထားခဲ့ပြီးနောက် ဒါဝိဒ်ဘယ်ကိုသွားသလဲ။

  4. ၄။ ရသမြောက်တဲ့သီချင်းတစ်ပုဒ် စပ်ဆိုတဲ့အထိ ဒါဝိဒ် ဘာကြောင့် ယူကျုံးမရဖြစ်ရတာလဲ။

  5. ၅။ ဟေဗြုန်မြို့မှာ မင်းမြှောက်ခံရတဲ့အချိန်မှာ ဒါဝိဒ်အသက် ဘယ်လောက်ရှိပြီလဲ၊ သူ့သားတချို့နာမည် ဘယ်လိုခေါ်သလဲ။

  6. ၆။ နောက်ပိုင်း ဒါဝိဒ် ဘယ်မှာနန်းထိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ဓမ္မရာဇဝင် ၂၆:၁-၂၅ ကိုဖတ်။

    1. (က) သီအိုကရက်တစ်အစီအစဉ်အပေါ် ဘယ်သဘောထားကို ၁ ဓမ္မရာဇဝင် ၂၆:၁၁ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေက ဖော်ပြသလဲ။ (ဆာ. ၃၇:၇; ရော. ၁၃:၂)

    2. (ခ) ချစ်ခင်ကြင်နာမှုပြဖို့ လုံ့လထုတ်ကြိုးစားပေမဲ့ အသိအမှတ်ပြုမခံရတဲ့အခါ ၁ ဓမ္မရာဇဝင် ၂၆:၂၃ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေက အမြင်မှန်ဆက်ရှိဖို့ တို့တစ်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ (၃ ရာ. ၈:၃၂; ဆာ. ၁၈:၂၀)

  2. ၂။ ၂ ဓမ္မရာဇဝင် ၁:၂၆ ကိုဖတ်။

    ဒါဝိဒ်နဲ့ ယောနသန်တို့မှာရှိခဲ့တဲ့ “အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာ” မျိုးကို ဒီနေ့ ခရစ်ယာန်တွေ ဘယ်လိုပြုစုပျိုးထောင်နိုင်သလဲ။ (၁ ပေ. ၄:၈; ကော. ၃:၁၄; ၁ ယော. ၄:၁၂)

  3. ၃။ ၂ ဓမ္မရာဇဝင် ၅:၁-၁၀ ကိုဖတ်။

    1. (က) ဒါဝိဒ် ဘယ်နှစ်နှစ်လောက် နန်းထိုင်ခဲ့သလဲ၊ အဲဒီကာလကို ဘယ်လိုခွဲခြားဖော်ပြသလဲ။ (၂ ရာ. ၅:၄၊ ၅)

    2. (ခ) ဘယ်အရာကြောင့် ဒါဝိဒ် ဂုဏ်သတင်းကြီးရတာလဲ၊ အဲဒါက ဒီနေ့ တို့တစ်တွေအတွက် သတိပေးချက် ဘယ်လိုဖြစ်သလဲ။ (၂ ရာ. ၅:၁၀; ၁ ရာ. ၁၆:၁၃; ၁ ကော. ၁:၃၁; ဖိ. ၄:၁၃)

ပုံပြင် ၆၂

ဒါဝိဒ်အိမ်ထောင်မှာ ပြဿနာတက်တဲ့အကြောင်း

  1. ၁။ ယေဟောဝါအကူအညီနဲ့ နောက်ဆုံးမှာ ခါနာန်ပြည် ဘာဖြစ်လာသလဲ။

  2. ၂။ တစ်ညနေခင်းမှာ ဒါဝိဒ် သူ့နန်းတော်အမိုးပေါ်ရှိနေတုန်း ဘာဖြစ်သွားသလဲ။

  3. ၃။ ဒါဝိဒ်ကို ယေဟောဝါ အကြီးအကျယ်စိတ်ဆိုးတာ ဘာကြောင့်လဲ။

  4. ၄။ ပုံထဲမှာ ဒါဝိဒ်ရဲ့အပြစ်တွေကိုဖော်ထုတ်ဖို့ ယေဟောဝါ ဘယ်သူ့ကိုစေလွှတ်သလဲ၊ ဒါဝိဒ်ဘာတွေ ကြုံတွေ့ရမယ်လို့ အဲဒီလူက ပြောသလဲ။

  5. ၅။ ဒါဝိဒ် ဘာဒုက္ခကြုံတွေ့ရသလဲ။

  6. ၆။ ဒါဝိဒ်ပြီးတော့ ဘယ်သူ ဣသရေလရှင်ဘုရင်ဖြစ်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၂ ဓမ္မရာဇဝင် ၁၁:၁-၂၇ ကိုဖတ်။

    1. (က) ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အလုပ်များနေခြင်းဟာ တို့တစ်တွေအတွက် ဘယ်လိုအကာအကွယ်ဖြစ်သလဲ။

    2. (ခ) ဒါဝိဒ် ဘယ်လိုလုပ်ပြီး အပြစ်ကျူးလွန်မိသွားတာလဲ၊ အဲဒါက ယေဟောဝါရဲ့ ခုခေတ်ကျေးကျွန်တွေကို ဘာသတိပေးနေတာလဲ။ (၂ ရာ. ၁၁:၂; မ. ၅:၂၇-၂၉; ၁ ကော. ၁၀:၁၂; ယာ. ၁:၁၄၊ ၁၅)

  2. ၂။ ၂ ဓမ္မရာဇဝင် ၁၂:၁-၁၈ ကိုဖတ်။

    1. (က) အကြီးအကဲတွေ၊ မိဘတွေအနေနဲ့ ဒါဝိဒ်ကိုဆုံးမဖို့ နာသန်ချဉ်းကပ်ခဲ့ပုံကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ (၂ ရာ. ၁၂:၁-၄; သု. ၁၂:၁၈; မ. ၁၃:၃၄)

    2. (ခ) ဒါဝိဒ်ကို ယေဟောဝါ ဘာကြောင့် ကရုဏာပြခဲ့သလဲ။ (၂ ရာ. ၁၂:၁၃; ဆာ. ၃၂:၅; ၂ ကော. ၇:၉၊ ၁၀)

ပုံပြင် ၆၃

ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း

  1. ၁။ ရှောလမုန်ကို ယေဟောဝါ ဘာမေးသလဲ၊ သူဘယ်လိုဖြေသလဲ။

  2. ၂။ ရှောလမုန်တောင်းတဲ့ဆုကို သဘောကျတဲ့အတွက် ယေဟောဝါ သူ့ကို ဘာပေးမယ်လို့ ကတိပြုသလဲ။

  3. ၃။ အမျိုးသမီးနှစ်ယောက် ဘာပြဿနာအခက်ကြီးနဲ့ ရှောလမုန်ဆီရောက်လာသလဲ။

  4. ၄။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ပြဿနာကို ရှောလမုန် ဘယ်လိုဖြေရှင်းလိုက်သလဲ။

  5. ၅။ ရှောလမုန်ရဲ့အုပ်ချုပ်မှု ဘယ်လိုရှိသလဲ၊ ဘာကြောင့်လဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၃ ဓမ္မရာဇဝင် ၃:၃-၂၈ ကိုဖတ်။

    1. (က) ဒီနေ့ ဘုရားသခင့်အဖွဲ့အစည်းမှာ တာဝန်ရရှိထားတဲ့ အမျိုးသားတွေအနေနဲ့ ရှောလမုန် လှိုက်လှိုက်လှဲလှဲပြောခဲ့တဲ့ ၃ ဓမ္မရာဇဝင် ၃:၇ ပါစကားကနေ ဘာသင်ယူနိုင်သလဲ။ (ဆာ. ၁၁၉:၁၀၅; သု. ၃:၅၊ ၆)

    2. (ခ) ဆုတောင်းသင့်တာတွေနဲ့ပတ်သက်လို့ ရှောလမုန်တောင်းတဲ့ဆုက ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (၃ ရာ. ၃:၉၊ ၁၁; သု. ၃၀:၈၊ ၉; ၁ ယော. ၅:၁၄)

  2. (ဂ) အမျိုးသမီးနှစ်ယောက် အငြင်းပွားတာကို ရှောလမုန်ဖြေရှင်းခဲ့ပုံက သာ၍ကြီးမြတ်တဲ့ရှောလမုန်၊ ယေရှုခရစ်ရဲ့ အနာဂတ်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ဘာကိုယုံကြည်စိတ်ချစေသလဲ။ (၃ ရာ. ၃:၂၈; ဟေရှာ. ၉:၆၊ ၇; ၁၁:၂-၄)

  3. ၂။ ၃ ဓမ္မရာဇဝင် ၄:၂၉-၃၄ ကိုဖတ်။

    1. (က) နာခံတတ်တဲ့နှလုံးရှိဖို့ ရှောလမုန်ဆုတောင်းတာကို ယေဟောဝါ ဘယ်လိုနားညောင်းခဲ့သလဲ။ (၃ ရာ. ၄:၂၉ကဘ)

    2. (ခ) ရှောလမုန်ရဲ့ပညာစကားကို နားထောင်ဖို့ လူတွေကြိုးပမ်းခဲ့တာကိုကြည့်ရင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တို့တစ်တွေ လေ့လာတဲ့အခါ ဘာသဘောထားရှိသင့်သလဲ။ (၃ ရာ. ၄:၂၉၊ ၃၄; ယော. ၁၇:၃; ၂ တိ. ၃:၁၆၊ ၁၇)

ပုံပြင် ၆၄

ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း

  1. ၁။ ယေဟောဝါရဲ့ဗိမာန်တော်ပြီးဖို့ ရှောလမုန် ဘယ်လောက်ကြာ ဆောက်ခဲ့ရသလဲ၊ ဘာဖြစ်လို့ ဒီလောက်ငွေကုန်ကြေးကျများတာလဲ။

  2. ၂။ ဗိမာန်တော်မှာ အခန်းဘယ်နှစ်ခန်းရှိသလဲ၊ အတွင်းခန်းထဲမှာ ဘာထည့်ထားသလဲ။

  3. ၃။ ဗိမာန်တော်ပြီးသွားတော့ ရှောလမုန် ဘယ်လိုဆုတောင်းသလဲ။

  4. ၄။ ရှောလမုန်ရဲ့ဆုတောင်းချက်ကို သဘောကျတယ်ဆိုတာ ယေဟောဝါဘယ်လိုပြသလဲ။

  5. ၅။ ရှောလမုန်ရဲ့မိဖုရားတွေက သူ့ကို ဘယ်လိုဖန်တီးလိုက်သလဲ၊ ရှောလမုန်ဘာဖြစ်သွားသလဲ။

  6. ၆။ ရှောလမုန်ကို ယေဟောဝါ ဘာကြောင့် စိတ်ဆိုးတာလဲ၊ သူ့ကို ယေဟောဝါ ဘာပြောသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ရာဇဝင်ချုပ် ၂၈:၉၊ ၁၀ ကိုဖတ်။

    ၁ ရာဇဝင်ချုပ် ၂၈:၉၊ ၁၀ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေကိုထောက်ရင် နေ့စဉ်အသက်တာမှာ တို့တစ်တွေ ဘာလုပ်ဖို့ကြိုးစားသင့်သလဲ။ (ဆာ. ၁၉:၁၄; ဖိ. ၄:၈၊ ၉)

  2. ၂။ ၂ ရာဇဝင်ချုပ် ၆:၁၂-၂၁၊ ၃၂-၄၂ ကိုဖတ်။

    1. (က) အမြင့်မြတ်ဆုံးဘုရားသခင်ဟာ လူလုပ်တဲ့ဘယ်အဆောက်အအုံမှာမှ မဆံ့နိုင်ကြောင်း ရှောလမုန် ဘယ်လိုဖော်ပြသလဲ။ (တ. ၁၇:၂၄၊ ၂၅)

    2. (ခ) ၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃ မှာပါတဲ့ ရှောလမုန်ရဲ့စကားတွေက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။ (တ. ၁၀:၃၄၊ ၃၅; ဂလ. ၂:၆)

  3. ၃။ ၂ ရာဇဝင်ချုပ် ၇:၁-၅ ကိုဖတ်။

    ယေဟောဝါဘုန်းတော်ကို ဣသရေလအမျိုးသားတွေ မြင်တွေ့တဲ့အခါ ကိုယ်တော်ကိုချီးမွမ်းဖို့ လှုံ့ဆော်ခံရသလို ဒီနေ့ လူမျိုးတော်အပေါ် ယေဟောဝါရဲ့ကောင်းချီးကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (၆ ရာ. ၇:၃; ဆာ. ၂၂:၂၂; ၃၄:၁; ၉၆:၂)

  4. ၄။ ၃ ဓမ္မရာဇဝင် ၁၁:၉-၁၃ ကိုဖတ်။

    အဆုံးတိုင်အောင် သစ္စာရှိဖို့အရေးကြီးကြောင်း ရှောလမုန်ရဲ့ဘဝလမ်းစဉ်က ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၁:၄၊ ၉; မ. ၁၀:၂၂; ဗျာ. ၂:၁၀)

ပုံပြင် ၆၅

နိုင်ငံတော် နှစ်ခြမ်းကွဲသွားတဲ့အကြောင်း

  1. ၁။ ပုံထဲကလူနှစ်ယောက် နာမည်ဘယ်လိုခေါ်သလဲ၊ သူတို့က ဘယ်သူတွေလဲ။

  2. ၂။ အဟိယက သူဝတ်နေတဲ့ဝတ်လုံကို ဘာလုပ်လိုက်သလဲ၊ အဲလိုလုပ်တာ ဘာအဓိပ္ပာယ်ရှိသလဲ။

  3. ၃။ ရှောလမုန်က ယေရောဗောင်ကို ဘာလုပ်ဖို့ကြံသလဲ။

  4. ၄။ လူတွေက ဘာကြောင့် ယေရောဗောင်ကို ဆယ်နွယ်ရဲ့ဘုရင်အဖြစ် မင်းမြှောက်လိုက်တာလဲ။

  5. ၅။ ယေရောဗောင် ဘာကြောင့် ရွှေနွားရုပ်နှစ်ရုပ် လုပ်တာလဲ၊ အဲလိုလုပ်ပြီး မကြာခင် တိုင်းပြည်ဘာဖြစ်လာသလဲ။

  6. ၆။ နှစ်နွယ်နိုင်ငံနဲ့ ယေရုရှလင်မြို့က ယေဟောဝါရဲ့ဗိမာန်တော် ဘာဖြစ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၃ ဓမ္မရာဇဝင် ၁၁:၂၆-၄၃ ကိုဖတ်။

    ယေရောဗောင်ဟာ ဘယ်လိုလူစားမျိုးလဲ၊ သူသာ ဘုရားသခင့်ပညတ်ချက်တွေကို စောင့်ရှောက်မယ်ဆိုရင် ယေဟောဝါ ဘာကတိပြုခဲ့သလဲ။ (၃ ရာ. ၁၁:၂၈၊ ၃၈)

  2. ၂။ ၃ ဓမ္မရာဇဝင် ၁၂:၁-၃၃ ကိုဖတ်။

    1. (က) မိဘတွေနဲ့ အကြီးအကဲတွေဟာ အခွင့်အာဏာအလွဲသုံးခြင်းနဲ့ပတ်သက်လို့ ရောဗောင်ရဲ့မကောင်းတဲ့ပုံနမူနာကနေ ဘာနားလည်နိုင်ပါသလဲ။ (၃ ရာ. ၁၂:၁၃; ဒေ. ၇:၇; ၁ ပေ. ၅:၂၊ ၃)

    2. (ခ) ဒီနေ့ လူငယ်တွေအနေနဲ့ အရေးကြီးတဲ့ ဘဝဆုံးဖြတ်ချက်တွေချတဲ့အခါ ယုံကြည်စိတ်ချနိုင်တဲ့လမ်းညွှန်မှုရဖို့ ဘယ်သူ့ဆီ ဦးလှည့်သင့်သလဲ။ (၃ ရာ. ၁၂:၆၊ ၇; သု. ၁:၈၊ ၉; ၂ တိ. ၃:၁၆၊ ၁၇; ဟေဗြဲ ၁၃:၇)

    3. (ဂ) နွားရုပ်ကိုးကွယ်တဲ့နေရာ နှစ်နေရာထူထောင်ဖို့ ယေရောဗောင်ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ၊ အဲဒါက ယေဟောဝါကို လုံးဝမယုံကြည်ဘူးဆိုတာ ဘယ်လိုဖော်ပြသလဲ။ (၃ ရာ. ၁၁:၃၇; ၁၂:၂၆-၂၈)

    4. (ဃ) စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်ပုန်ကန်ရာမှာ ဆယ်နွယ်နိုင်ငံကလူတွေကို ဘယ်သူဦးဆောင်ခဲ့သလဲ။ (၃ ရာ. ၁၂:၃၁-၃၃)

ပုံပြင် ၆၆

မိဖုရားဆိုး ယေဇဗေလအကြောင်း

  1. ၁။ ယေဇဗေလဆိုတာ ဘယ်သူလဲ။

  2. ၂။ တစ်နေ့မှာ ဘုရင်အာဟပ် ဘာကြောင့် စိတ်ညှိုးငယ်တာလဲ။

  3. ၃။ သူ့ယောက်ျား အာဟပ်အတွက် နာဗုတ်ရဲ့စပျစ်ဥယျာဉ်ကိုရဖို့ ယေဇဗေလဘာလုပ်သလဲ။

  4. ၄။ ယေဇဗေလကိုဒဏ်ပေးဖို့ ယေဟောဝါ ဘယ်သူ့ကို စေလွှတ်လိုက်သလဲ။

  5. ၅။ ပုံထဲမှာမြင်နိုင်တဲ့အတိုင်း ယေဇဗေလရဲ့နန်းတော်ကို ယေဟုရောက်လာတော့ ဘာဖြစ်ပျက်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၃ ဓမ္မရာဇဝင် ၁၆:၂၉-၃၃ နှင့် ၁၈:၃၊ ၄ ကိုဖတ်။

    ဘုရင်အာဟပ်လက်ထက်မှာ ဣသရေလနိုင်ငံ အခြေအနေ ဘယ်လောက်ဆိုးခဲ့သလဲ။ (၃ ရာ. ၁၆:၃၀၊ ၃၃)

  2. ၂။ ၃ ဓမ္မရာဇဝင် ၂၁:၁-၁၆ ကိုဖတ်။

    1. (က) နာဗုတ်ဟာ သတ္တိရှိကြောင်း၊ ယေဟောဝါကိုသစ္စာစောင့်ကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။ (၃ ရာ. ၂၁:၁-၃; ဝတ်. ၂၅:၂၃-၂၈)

    2. (ခ) စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ အာဟပ်ရဲ့နမူနာကနေ တို့တစ်တွေ ဘာနားလည်နိုင်သလဲ။ (၃ ရာ. ၂၁:၄; ရော. ၅:၃-၅)

  3. ၃။ ၄ ဓမ္မရာဇဝင် ၉:၃၀-၃၇ ကိုဖတ်။

    ယေဟောဝါအလိုတော်ကို ထမ်းဆောင်ရာမှာ ယေဟုရဲ့စိတ်ထက်သန်မှုကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (၄ ရာ. ၉:၄-၁၀; ၂ ကော. ၉:၁၊ ၂; ၂ တိ. ၄:၂)

ပုံပြင် ၆၇

ယောရှဖတ် ယေဟောဝါကို အားကိုးတဲ့အကြောင်း

  1. ၁။ ယောရှဖတ်ဆိုတာ ဘယ်သူလဲ၊ ဘယ်အချိန်မှာ သူအသက်ရှင်ခဲ့သလဲ။

  2. ၂။ ဣသရေလလူတွေ ဘာဖြစ်လို့ ကြောက်ကြတာလဲ၊ သူတို့အများစု ဘာလုပ်ကြသလဲ။

  3. ၃။ ယောရှဖတ်ရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လိုအဖြေပေးသလဲ။

  4. ၄။ တိုတ်ပွဲမစခင် ဘာဖြစ်အောင် ယေဟောဝါဖန်တီးလိုက်သလဲ။

  5. ၅။ ယောရှဖတ်ဆီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၂ ရာဇဝင်ချုပ် ၂၀:၁-၃၀ ကိုဖတ်။

    1. (က) ခြိမ်းခြောက်ခံရတဲ့အခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေ ပြုလုပ်သင့်တာကို ယောရှဖတ် ဘယ်လိုဖော်ပြခဲ့သလဲ။ (၆ ရာ. ၂၀:၁၂; ဆာ. ၂၅:၁၅; ၆၂:၁)

    2. (ခ) လူမျိုးတော်နဲ့ဆက်ဆံရာမှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ယေဟောဝါ အမြဲအသုံးပြုတဲ့အတွက် ခုချိန်မှာ ဘယ်လမ်းကြောင်းကို ကိုယ်တော်အသုံးပြုနေသလဲ။ (၆ ရာ. ၂၀:၁၄၊ ၁၅; မ. ၂၄:၄၅-၄၇; ယော. ၁၅:၁၅)

    3. (ဂ) “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီး” ကို ဘုရားသခင်အစပြုတဲ့အခါ တို့တစ်တွေရဲ့အခြေအနေဟာ ယောရှဖတ်ရဲ့အခြေအနေနဲ့ ဘယ်လိုဆင်တူနေမလဲ။ (၆ ရာ. ၂၀:၁၅၊ ၁၇; ၃၂:၈; ဗျာ. ၁၆:၁၄၊ ၁၆သမ္မာ)

    4. (ဃ) လေဝိအမျိုးကို တုပတဲ့အနေနဲ့ ဒီကနေ့ ရှေ့ဆောင်တွေနဲ့ သာသနာပြုတွေဟာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုမျိုးကူညီပေးနေသလဲ။ (၆ ရာ. ၂၀:၁၉၊ ၂၁; ရော. ၁၀:၁၃-၁၅; ၂ တိ. ၄:၂)

ပုံပြင် ၆၈

ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေးနှစ်ယောက်အကြောင်း

  1. ၁။ ပုံမှာပါတဲ့လူသုံးယောက်က ဘယ်သူတွေလဲ၊ သူငယ်လေး ဘာဖြစ်သွား သလဲ။

  2. ၂။ သူငယ်လေးနဲ့ပတ်သက်လို့ ဧလိယ ဘယ်လိုဆုတောင်းသလဲ၊ အဲဒီနောက် ဘာဖြစ်လာသလဲ။

  3. ၃။ ဧလိယရဲ့လက်ထောက် နာမည်ဘယ်လိုခေါ်သလဲ။

  4. ၄။ ရှုနင်မြို့သူတစ်ယောက်အိမ်ကို ဧလိရှဲ ဘာကြောင့် ဖိတ်ခေါ်ခံရတာလဲ။

  5. ၅။ ဧလိရှဲ ဘာလုပ်ပေးသလဲ၊ သေသွားတဲ့ကလေး ဘာဖြစ်လာသလဲ။

  6. ၆။ ဧလိယနဲ့ ဧလိရှဲတို့ဖော်ပြခဲ့တာတွေအရ ယေဟောဝါဆီမှာ ဘာတန်ခိုးရှိသလဲ။

ထပ်ဆင့်မေးခွန်းများ

  1. ၁။ ၃ ဓမ္မရာဇဝင် ၁၇:၈-၂၄ ကိုဖတ်။

    1. (က) ဧလိယရဲ့နာခံမှုနဲ့ ယုံကြည်ခြင်း ဘယ်လိုစမ်းသပ်ခံခဲ့ရသလဲ။ (၃ ရာ. ၁၇:၉; ၁၉:၁-၄၊ ၁၀)

    2. (ခ) ဇရတ္တမြို့သူ မုဆိုးမရဲ့ယုံကြည်ခြင်းဟာ ဘာကြောင့် ထူးခြားထင်ရှားတာလဲ။ (၃ ရာ. ၁၇:၁၂-၁၆; လု. ၄:၂၅၊ ၂၆)

  2. (ဂ) ဇရတ္တမြို့သူ မုဆိုးမရဲ့တွေ့ကြုံမှုက မဿဲ ၁၀:၄၁၊ ၄၂ ပါ ယေရှုရဲ့စကားမှန်ကြောင်း ဘယ်လိုထောက်ခံသလဲ။ (၃ ရာ. ၁၇:၁၀-၁၂၊ ၁၇၊ ၂၃၊ ၂၄)

  3. ၂။ ၄ ဓမ္မရာဇဝင် ၄:၈-၃၇ ကိုဖတ်။

    1. (က) ဧည့်ဝတ်ပြုခြင်းနဲ့ပတ်သက်လို့ ရှုနင်မြို့သူအမျိုးသမီးက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (၄ ရာ. ၄:၈; လု. ၆:၃၈; ရော. ၁၂:၁၃; ၁ ယော. ၃:၁၇)

    2. (ခ) ခုခေတ် ဘုရားသခင့်ကျေးကျွန်တွေကို ဘယ်လိုနည်းတွေနဲ့ ကြင်နာမှုပြနိုင်သလဲ။ (တ. ၂၀:၃၅; ၂၈:၁၊ ၂; ဂလ. ၆:၉၊ ၁၀; ဟေဗြဲ ၆:၁၀)

ပုံပြင် ၆၉

မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း

  1. ၁။ ပုံထဲမှာ မိန်းကလေးက အမျိုးသမီးကြီးကို ဘာပြောနေတာလဲ။

  2. ၂။ ပုံထဲကအမျိုးသမီးကြီးက ဘယ်သူလဲ၊ မိန်းကလေးက အဲဒီအမျိုးသမီးကြီးအိမ်မှာ ဘာလုပ်နေတာလဲ။

  3. ၃။ ဧလိရှဲက သူ့ကျွန်ကိုလွှတ်ပြီး နေမန်ကိုဘာပြောသလဲ၊ နေမန် ဘာကြောင့် စိတ်ဆိုးတာလဲ။

  4. ၄။ နေမန် သူ့ကျွန်တွေရဲ့စကားကို နားထောင်တော့ ဘာဖြစ်သွားသလဲ။

  5. ၅။ နေမန်ပေးတဲ့လက်ဆောင်ကို ဧလိရှဲ ဘာကြောင့် မယူတာလဲ၊ ဒါပေမဲ့ ဂေဟာဇိ ဘာလုပ်သလဲ။

  6. ၆။ ဂေဟာဇိ ဘာဖြစ်သွားသလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၄ ဓမ္မရာဇဝင် ၅:၁-၂၇ ကိုဖတ်။

    1. (က) ဣသရေလမိန်းကလေးရဲ့ ပုံနမူနာက ခုခေတ် လူငယ်လူရွယ်တွေအတွက်ဘယ်လို အားပေးချက်ဖြစ်နိုင်သလဲ။ (၄ ရာ. ၅:၃; ဆာ. ၈:၂; ၁၄၈:၁၂၊ ၁၃)

    2. (ခ) ကျမ်းစာဆိုင်ရာဆုံးမစကားတွေ ရရှိတဲ့အခါ နေမန်ရဲ့ပုံနမူနာကို စိတ်စွဲထားဖို့ ဘာကြောင့် ကောင်းသလဲ။ (၄ ရာ. ၅:၁၅; ဟေဗြဲ ၁၂:၅၊ ၆; ယာ. ၄:၆)

    3. (ဂ) ဧလိရှဲနဲ့ ဂေဟာဇိတို့ရဲ့ ပုံနမူနာကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာတွေ ရနိုင်သလဲ။ (၄ ရာ. ၅:၉၊ ၁၀၊ ၁၄-၁၆၊ ၂၀; မ. ၁၀:၈; တ. ၅:၁-၅; ၂ ကော. ၂:၁၇)

ပုံပြင် ၇၀

ယောနနဲ့ ဧရာမငါးကြီးအကြောင်း

  1. ၁။ ယောနဆိုတာ ဘယ်သူလဲ၊ သူ့ကို ယေဟောဝါ ဘာခိုင်းလိုက်သလဲ။

  2. ၂။ ယေဟောဝါသွားခိုင်းတဲ့နေရာကို မသွားချင်လို့ ယောနဘာလုပ်သလဲ။

  3. ၃။ မုန်တိုင်းငြိမ်သွားဖို့ သင်္ဘောသားတွေကို ယောနဘာပြောသလဲ။

  4. ၄။ ပုံမှာမြင်တဲ့အတိုင်း ယောန ရေထဲနစ်သွားတော့ ဘာဖြစ်သလဲ။

  5. ၅။ ငါးကြီးဗိုက်ထဲမှာ ယောန ဘယ်လောက်ကြာကြာ နေလိုက်ရသလဲ၊ အဲဒီမှာ သူဘာလုပ်သလဲ။

  6. ၆။ ငါးကြီးဗိုက်ထဲကနေ အပြင်ကိုရောက်ပြီးနောက် ယောန ဘယ်ကိုသွားသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောန ၁:၁-၁၇ ကိုဖတ်။

    နိနေဝေမြို့သားတွေကိုဟောဖို့ သူ့တာဝန်ကို ယောန ဘယ်လိုယူဆခဲ့ကြောင်း ထင်ရှားသလဲ။ (ယောန ၁:၂၊ ၃; သု. ၃:၇; ဒေ. ၈:၁၂)

  2. ၂။ ယောန ၂:၁၊ ၂၊ ၁၀ ကိုဖတ်။

    တို့တစ်တွေရဲ့ဆုတောင်းချက်တွေကို ယေဟောဝါနားညောင်းမယ်ဆိုတာ ယောနရဲ့တွေ့ကြုံမှုက ဘယ်လိုစိတ်ချစေသလဲ။ (ဆာ. ၂၂:၂၄; ၃၄:၆; ၁ ယော. ၅:၁၄)

  3. ၃။ ယောန ၃:၁-၁၀ ကိုဖတ်။

    1. (က) အစပိုင်းမှာ သူ့တာဝန်ကိုမကျေပွန်ခဲ့ပေမဲ့ ယောနကို ယေဟောဝါဆက်အသုံးပြုခဲ့တဲ့အချက်ကနေ တို့တစ်တွေ ဘယ်လိုအားပေးမှုရရှိသလဲ။ (ဆာ. ၁၀၃:၁၄; ၁ ပေ. ၅:၁၀)

    2. (ခ) ရပ်ကွက်မှာရှိတဲ့လူတွေကို ကြိုတင်ဆုံးဖြတ်တာနဲ့ပတ်သက်လို့ နိနေဝေမြို့သားတွေနဲ့ ယောနရဲ့တွေ့ကြုံမှုက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (ယောန ၃:၆-၉; ဒေ. ၁၁:၆; တ. ၁၃:၄၈)

ပုံပြင် ၇၁

ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း

  1. ၁။ ဟေရှာယဆိုတာ ဘယ်သူလဲ၊ ဘယ်အချိန်မှာ အသက်ရှင်ခဲ့ပြီး သူ့ကို ယေဟောဝါ ဘာပြခဲ့သလဲ။

  2. ၂။ “ပရဒိသု” ဆိုတာ ဘာကိုဆိုလိုတာလဲ၊ အဲဒါက ဘာကို သွားသတိရစေ သလဲ။

  3. ၃။ ယေဟောဝါက ဟေရှာယကို ပရဒိသုအသစ်အကြောင်း ဘာတွေရေးခိုင်းသလဲ။

  4. ၄။ အာဒံနဲ့ဧဝတို့ သူတို့ရဲ့လှပတဲ့ဂေဟာကို ဘာကြောင့် ဆုံးၡုံးရတာလဲ။

  5. ၅။ ယေဟောဝါက သူ့ကိုချစ်တဲ့လူတွေကို ဘာကတိပြုသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဟေရှာယ ၁၁:၆-၉ ကိုဖတ်။

    1. (က) ကမ္ဘာသစ်မှာ လူနဲ့တိရစ္ဆာန်တွေကြားရှိမယ့် ငြိမ်သက်မှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်က ဘယ်လိုပုံဖော်ပြသလဲ။ (ဆာ. ၁၄၈:၁၀၊ ၁၃; ဟေရှာ. ၆၅:၂၅; ယေဇ. ၃၄:၂၅)

    2. (ခ) ဒီကနေ့ ယေဟောဝါရဲ့လူမျိုးတော်ကြားမှာ ဟေရှာယရဲ့စကားတွေ ဝိညာဉ်ရေးအရ ဘယ်လိုပြည့်စုံနေသလဲ။ (ရော. ၁၂:၂; ဧ. ၄:၂၃၊ ၂၄)

    3. (ဂ) ခုချိန်မှာကော ကမ္ဘာသစ်မှာပါ လူ့စရိုက်တွေပြောင်းလဲခြင်းအတွက် ဘယ်သူဂုဏ်တင်ခံထိုက်သလဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈; ဂလ. ၅:၂၂၊ ၂၃; ဖိ. ၄:၇)

  2. ၂။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။

    1. (က) မြေကြီးပေါ်မှာ လူတွေနဲ့အတူ ဘုရားသခင်နေမယ်ဆိုတာ ကိုယ်ခန္ဓာနဲ့မဟုတ်ဘဲ ပုံဆောင်သဘောရှိနေမှာဖြစ်ကြောင်း ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (ဝတ်. ၂၆:၁၁၊ ၁၂; ၆ ရာ. ၆:၁၈; ဟေရှာ. ၆၆:၁; ဗျာ. ၂၁:၂၊ ၃၊ ၂၂-၂၄)

    2. (ခ) ဘယ်လိုမျက်ရည်မျိုးနဲ့ နာကျင်မှုတွေ ကွယ်ပျောက်သွားမှာလဲ။ (လု. ၈:၄၉-၅၂; ရော. ၈:၂၁၊ ၂၂; ဗျာ. ၂၁:၄)

ပုံပြင် ၇၂

ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့လူက ဘယ်သူလဲ၊ ဘာကြောင့် သူအကြီးအကျယ်ဒုက္ခတွေ့ နေတာလဲ။

  2. ၂။ ဘုရားသခင်ရှေ့တော်မှာ ဟေဇကိချထားတဲ့စာတွေက ဘာတွေလဲ၊ ဟေဇကိ ဘာဆုတောင်းသလဲ။

  3. ၃။ ဟေဇကိဟာ ဘယ်လိုမင်းမျိုးလဲ၊ ယေဟောဝါက ပရောဖက်ဟေရှာယက တစ်ဆင့် သူ့ဆီကို ဘာသတင်းပို့သလဲ။

  4. ၄။ ပုံမှာပါတဲ့အတိုင်း ယေဟောဝါရဲ့ကောင်းကင်တမန်က ရှုရိစစ်သားတွေကို ဘာလုပ်လိုက်သလဲ။

  5. ၅။ နှစ်နွယ်နိုင်ငံ ခဏတစ်ဖြုတ် အေးချမ်းခဲ့ပေမဲ့ ဟေဇကိသေပြီးနောက် ဘာဖြစ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၄ ဓမ္မရာဇဝင် ၁၈:၁-၃၆ ကိုဖတ်။

    1. (က) အာရှုရိသံတော်ဆင့် ရာဗရှာခဟာ ဣသရေလလူတွေရဲ့ယုံကြည်ခြင်း အားနည်းသွားစေဖို့ ဘယ်လိုကြိုးစားခဲ့သလဲ။ (၄ ရာ. ၁၈:၁၉၊ ၂၁; ထွ. ၅:၂; ဆာ. ၆၄:၃)

    2. (ခ) အတိုက်အခံပြုသူတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါသက်သေတွေဟာ ဟေဇကိရဲ့ပုံနမူနာကို ဘယ်လိုလိုက်ကြသလဲ။ (၄ ရာ. ၁၈:၃၆; ဆာ. ၃၉:၁; သု. ၂၆:၄; ၂ တိ. ၂:၂၄)

  2. ၂။ ၄ ဓမ္မရာဇဝင် ၁၉:၁-၃၇ ကိုဖတ်။

    1. (က) ခုခေတ် ယေဟောဝါရဲ့လူမျိုးတော်ဟာ ဘေးဒုက္ခရောက်ချိန်မှာ ဟေဇကိကို ဘယ်လိုတုပကြသလဲ။ (၄ ရာ. ၁၉:၁၊ ၂; သု. ၃:၅၊ ၆; ဟေဗြဲ ၁၀:၂၄၊ ၂၅; ယာ. ၅:၁၄၊ ၁၅)

    2. (ခ) သနာခရိပ်မင်းဟာ ဘယ်လိုသုံးခါပြန် ၡုံးနိမ့်ခဲ့သလဲ၊ သူက ဘယ်သူ့ကို ပရောဖက်ပြုဖော်ပြသလဲ။ (၄ ရာ. ၁၉:၃၂၊ ၃၅၊ ၃၇; ဗျာ. ၂၀:၂၊ ၃)

  3. ၃။ ၄ ဓမ္မရာဇဝင် ၂၁:၁-၆၊ ၁၆ ကိုဖတ်။

    မနာရှေဟာ ယေရုရှလင်မြို့ကိုအုပ်ချုပ်ခဲ့တဲ့ အဆိုးဆုံးဘုရင်တွေထဲက တစ်ပါးဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။ (၆ ရာ. ၃၃:၄-၆၊)

ပုံပြင် ၇၃

ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း

  1. ၁။ ယောရှိ ဘုရင်ဖြစ်လာချိန်မှာ အသက်ဘယ်လောက်ရှိပြီလဲ၊ နန်းသက်ခုနစ်နှစ်ရောက်တဲ့အခါ သူဘာစလုပ်သလဲ။

  2. ၂။ ပထမပုံမှာ ယောရှိဘာလုပ်နေတာ တွေ့ရသလဲ။

  3. ၃။ ဗိမာန်တော်ကို ပြန်လည်မွမ်းမံတဲ့အခါ ယဇ်ပုရောဟိတ်မင်းကြီး ဘာကိုသွားတွေ့သလဲ။

  4. ၄။ ယောရှိ ဘာကြောင့် သူ့အဝတ်ကို ဆုတ်ပစ်တာလဲ။

  5. ၅။ ပရောဖက်မ ဟုလဒက ယေဟောဝါဆီက ဘယ်သတင်းကို ယောရှိကိုပြောပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၂ ရာဇဝင်ချုပ် ၃၄:၁-၂၈ ကိုဖတ်။

    1. (က) ခက်ခဲတဲ့ကလေးဘဝကို ကြုံတွေ့ခံစားခဲ့ရသူတွေအတွက် ယောရှိ ဘာပုံသက်သေထားပေးသလဲ။ (၆ ရာ. ၃၃:၂၁-၂၅; ၃၄:၁၊ ၂; ဆာ. ၂၇:၁၀)

    2. (ခ) ယောရှိနန်းစံ ၈ နှစ်၊ ၁၂ နှစ်နဲ့ ၁၈ နှစ်တို့မှာ စစ်မှန်တဲ့ဝတ်ပြုရေးကိုမြှင့်တင်ဖို့ ဘယ်ထူးခြားထင်ရှားတဲ့ ဆောင်ရွက်ချက်တွေကို သူလုပ်ဆောင်ခဲ့သလဲ။ (၆ ရာ. ၃၄:၃၊)

    3. (ဂ) ဝတ်ပြုကိုးကွယ်တဲ့နေရာတွေကို ထိန်းသိမ်းခြင်းနဲ့ပတ်သက်လို့ ယောရှိမင်းနဲ့ ယဇ်ပုရောဟိတ်မင်း ဟိလခိတို့ပြခဲ့တဲ့ ပုံသက်သေတွေကနေ ဘာသင်ခန်းစာတွေရနိုင်သလဲ။ (၆ ရာ. ၃၄: ၉-၁၃; သု. ၁၁:၁၄; ၁ ကော. ၁၀:၃၁)

ပုံပြင် ၇၄

မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း

  1. ၁။ ပုံမှာပါတဲ့လူငယ်က ဘယ်သူလဲ။

  2. ၂။ ပရောဖက်တစ်ယောက်ဖြစ်လာဖို့ ယေရမိ ဘယ်လိုယူဆသလဲ၊ ဒါပေမဲ့ သူ့ကို ယေဟောဝါ ဘာပြောသလဲ။

  3. ၃။ ယေရမိကိုတားဖို့ ယဇ်ပုရောဟိတ်တွေ ဘယ်လိုကြိုးစားကြသလဲ၊ ဒါပေမဲ့ သူမကြောက်ဘူးဆိုတာ ဘယ်လိုတင်ပြသလဲ။

  4. ၄။ လူတွေကို ယေရမိ ဘယ်လိုဆက်သတိပေးနေသလဲ။

  5. ၅။ ဣသရေလလူတွေ သူတို့ရဲ့မကောင်းတဲ့လမ်းစဉ်ကို မပြောင်းလဲတော့ ဘာဖြစ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယေရမိ ၁:၁-၈ ကိုဖတ်။

    1. (က) ယေရမိရဲ့ပုံနမူနာဖော်ပြတဲ့အတိုင်း ယေဟောဝါလုပ်ငန်းတော်အတွက် ဘာက လူတစ်ယောက်ကို အရည်အချင်းရှိစေသလဲ။ (၂ ကော. ၃:၅၊ ၆)

    2. (ခ) ယေရမိရဲ့ပုံသက်သေက ခုခေတ် ခရစ်ယာန်လူငယ်တွေအတွက် ဘယ်လိုအားပေးချက်ဖြစ်သလဲ။ (ဒေ. ၁၂:၁; ၁ တိ. ၄:၁၂)

    3. ၂။ ယေရမိ ၁၀:၁-၅ ကိုဖတ်။

      ရုပ်တုတွေကိုအားကိုးတာ အချည်းနှီးပဲဆိုတာဖော်ပြဖို့ ဘယ်ထိရောက်တဲ့ဥပမာကို ယေရမိအသုံးပြုသလဲ။ (ယေ. ၁၀:၅; ဟေရှာ. ၄၆:၇; ဟဗ. ၂:၁၉)

  2. ၃။ ယေရမိ ၂၆:၁-၁၆ ကိုဖတ်။

    1. (က) ဒီကနေ့ သတိပေးသတင်းကို ကြေညာရာမှာ “တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်” ဆိုပြီး ယေရမိကို ယေဟောဝါမိန့်မှာခဲ့တဲ့စကားကို ဘိသိက်ခံအကြွင်းအကျန်တွေ ဘယ်လိုနှလုံးသွင်းကြသလဲ။ (ယေ. ၂၆:၂; တရား. ၄:၂; တ. ၂၀:၂၇)

    2. (ခ) လူမျိုးအပေါင်းကို ယေဟောဝါရဲ့သတိပေးချက် ကြေညာပေးနေတဲ့ ခုခေတ် ယေဟောဝါသက်သေတွေအတွက် ယေရမိ ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (ယေ. ၂၆:၈၊ ၁၂၊ ၁၄၊ ၁၅; ၂ တိ. ၄:၁-၅)

  3. ၄။ ၄ ဓမ္မရာဇဝင် ၂၄:၁-၁၇ ကိုဖတ်။

    ယေဟောဝါအပေါ် ယုဒပြည်ရဲ့သစ္စာမဲ့မှုကြောင့် ဘယ်ဝမ်းနည်းစရာအကျိုးဆက်တွေ ခံစားခဲ့ရသလဲ။ (၄ ရာ. ၂၄:၂-၄၊ ၁၄)

ပုံပြင် ၇၅

ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

  1. ၁။ ပုံမှာပါတဲ့ ယောက်ျားလေး လေးယောက်က ဘယ်သူတွေလဲ၊ သူတို့ ဘာလို့ ဗာဗုလုန်မြို့ကိုရောက်နေတာလဲ။

  2. ၂။ ဒီလူငယ် လေးယောက်နဲ့ပတ်သက်ပြီး နေဗုခဒ်နေဇာမှာ ဘာအစီအစဉ်တွေရှိသလဲ၊ သူ့ကျွန်တွေကို ဘာတွေမိန့်မှာထားသလဲ။

  3. ၃။ အစားအသောက်နဲ့ပတ်သက်ပြီး သူနဲ့ သူ့သူငယ်ချင်းသုံးယောက်အတွက် ဒံယေလ ဘာတောင်းဆိုနေသလဲ။

  4. ၄။ ဆယ်ရက်လောက် ဟင်းသီးဟင်းရွက်စားပြီးနောက် ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်ကို တခြားလူငယ်တွေနဲ့ယှဉ်ကြည့်တော့ ဘယ်လိုနေသလဲ။

  5. ၅။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက် ဘုရင့်နန်းတော်ထဲ ဘယ်လိုရောက်သွားတာလဲ၊ ယဇ်ပုရောဟိတ်တွေနဲ့ ပညာရှိတွေထက် သူတို့ ဘယ်လိုသာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဒံယေလ ၁:၁-၂၁ ကိုဖတ်။

    1. (က) သွေးဆောင်မှုတွေကို တွန်းလှန်ပြီး အားနည်းချက်တွေကို အောင်မြင်ကျော်လွှားချင်တယ်ဆိုရင် တို့တစ်တွေမှာ ဘယ်လိုကြိုးစားမှုမျိုး ရှိဖို့လိုသလဲ။ (ဒံ. ၁:၈; က. ၃၉:၇၊ ၁၀; ဂလ. ၆:၉)

    2. (ခ) ‘စားကောင်းသောက်ဖွယ်’ တွေလို့ တချို့ယူဆထားရာတွေကို မွေ့လျော်ခံစားဖို့ ခုခေတ်လူငယ်တွေ ဘယ်လိုနည်းတွေနဲ့ သွေးဆောင်ခံရ ဒါမှမဟုတ် ဖိအားပေးခံရနိုင်သလဲ။ (ဒံ. ၁:၈ကဘ; သု. ၂၀:၁; ၂ ကော. ၆:၁၇–၇:၁)

    3. (ဂ) ဟေဗြဲလူငယ်လေးယောက်အကြောင်း ကျမ်းစာမှတ်တမ်းက လောကပညာသင်ယူခြင်းနဲ့ပတ်သက်လို့ ဘာကို သဘောပေါက်နားလည်စေသလဲ။ (ဒံ. ၁:၂၀; ဟေရှာ. ၅၄:၁၃; ၁ ကော. ၃:၁၈-၂၀)

ပုံပြင် ၇၆

ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း

  1. ၁။ ပုံမှာပြထားတဲ့ ယေရုရှလင်မြို့နဲ့ ဣသရေလလူတွေ ဘာဖြစ်နေကြသလဲ။

  2. ၂။ ယေဇကျေလဆိုတာ ဘယ်သူလဲ၊ ဘယ်ထိတ်လန့်စရာတွေကို သူမြင်အောင် ယေဟောဝါဖန်တီးလိုက်သလဲ။

  3. ၃။ ဣသရေလလူတွေ ယေဟောဝါကို ခန့်ညားရိုသေမှုမရှိတဲ့အတွက် ကိုယ်တော် ဘယ်လိုအခိုင်အမာဆိုသလဲ။

  4. ၄။ နေဗုခဒ်နေဇာမင်းကြီးကို ဣသရေလလူတွေ ပုန်ကန်ကြတဲ့အတွက် သူ ဘာလုပ်သလဲ။

  5. ၅။ ဣသရေလလူတွေပေါ်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုး ဘာကြောင့် ယေဟောဝါဖြစ်ခွင့်ပေးတာလဲ။

  6. ၆။ ဣသရေလပြည်ဟာ ဘယ်လိုလုပ်ပြီး လုံးဝလူမနေတဲ့နေရာဖြစ်သွားတာလဲ၊ ဘယ်လောက်ကြာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၄ ဓမ္မရာဇဝင် ၂၅:၁-၂၆ ကိုဖတ်။

    1. (က) ဇေဒကိဆိုတာ ဘယ်သူလဲ၊ သူဘာဖြစ်သွားသလဲ၊ အဲဒါက ကျမ်းစာပရောဖက်ပြုချက်ကို ဘယ်လိုပြည့်စုံစေသလဲ။ (၄ ရာ. ၂၅:၅-၇; ယေဇ. ၁၂:၁၃-၁၅)

    2. (ခ) ဣသရေလလူမျိုးရဲ့ သစ္စာမဲ့မှုမှန်သမျှအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်လို့ ယေဟောဝါမှတ်ယူသလဲ။ (၄ ရာ. ၂၅:၉၊ ၁၁၊ ၁၂၊ ၁၈၊ ၁၉; ၆ ရာ. ၃၆:၁၄၊ ၁၇)

  2. ၂။ ယေဇကျေလ ၈:၁-၁၈ ကိုဖတ်။

    နေကို ကိုးကွယ်တဲ့ အယူဖောက်ပြန်တဲ့ ဣသရေလလူမျိုးကို ခရစ်ယာန်ဘောင်က ဘယ်လိုတုပခဲ့ပြီလဲ။ (ယေဇ. ၈:၁၆; ဟေရှာ. ၅:၂၀၊ ၂၁; ယော. ၃:၁၉-၂၁; ၂ တိ. ၄:၃)

ပုံပြင် ၇၇

သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း

  1. ၁။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ လူတွေကို ဘာအမိန့်ပေးသလဲ။

  2. ၂။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက် ဘာကြောင့် ရွှေရုပ်တုကို ဦးမချတာလဲ။

  3. ၃။ နေဗုခဒ်နေဇာက ဦးချဖို့ နောက်တစ်ကြိမ်အခွင့်အရေးပေးတဲ့အခါ ဟေဗြဲ လူငယ်သုံးယောက်က ယေဟောဝါကိုယုံကြည်ကိုးစားကြောင်း ဘယ်လိုပြကြသလဲ။

  4. ၄။ နေဗုခဒ်နေဇာဟာ သူ့လူတွေကိုခေါ်ပြီး ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ကို ဘာလုပ်ပစ်ခိုင်းသလဲ။

  5. ၅။ မီးဖိုထဲ လှမ်းကြည့်တဲ့အခါ နေဗုခဒ်နေဇာ ဘာတွေ့ရသလဲ။

  6. ၆။ ဘုရင်ကြီးက ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ဘာကြောင့် ချီးမွမ်းတာလဲ၊ တို့တစ်တွေအတွက် သူတို့ ဘာပုံနမူနာထားပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဒံယေလ ၃:၁-၃၀ ကိုဖတ်။

    1. (က) သမာဓိစောင့်သိခြင်း စမ်းသပ်မှုတွေ ရင်ဆိုင်ရတဲ့အခါ ဟေဗြဲလူငယ်သုံးယောက်ရဲ့ ဘယ်သဘောထားကို ဘုရားသခင့်ကျေးကျွန်အားလုံး တုပသင့်သလဲ။ (ဒံ. ၃:၁၇၊ ၁၈; မ. ၁၀:၂၈; ရော. ၁၄:၇၊ ၈)

    2. (ခ) နေဗုခဒ်နေဇာကို ယေဟောဝါဘုရားသခင် ဘယ်အရေးကြီးတဲ့သင်ခန်းစာပေးခဲ့သလဲ။ (ဒံ. ၃:၂၈၊ ၂၉; ၄:၃၄၊ ၃၅)

ပုံပြင် ၇၈

နံရံပေါ်က လက်ရေးစာအကြောင်း

  1. ၁။ ဗာဗုလုန်ရှင်ဘုရင်ဟာ ယေရုရှလင်မြို့ ယေဟောဝါဗိမာန်တော်ကယူလာတဲ့ ခွက်ဖလားတွေသုံးပြီး စားသောက်ပွဲကြီးလုပ်တဲ့အခါ ဘာဖြစ်လာသလဲ။

  2. ၂။ သူ့ပညာရှိတွေကို ဗေလရှာဇာ ဘာပြောသလဲ၊ ဒါပေမဲ့ သူတို့ဘာကို မလုပ်နိုင်ကြဘူးလဲ။

  3. ၃။ ဘုရင့်မယ်တော်က ဘုရင်ကို ဘာပြောသလဲ။

  4. ၄။ ဘုရင်ကို ဒံယေလလျှောက်တင်ချက်အရ ဘုရားသခင်ဟာ ဘာကြောင့် အဲဒီလက်ကို စေလွှတ်ပြီး နံရံပေါ်စာရေးခိုင်းတာလဲ။

  5. ၅။ နံရံပေါ်ကစာရဲ့အဓိပ္ပာယ်ကို ဒံယေလ ဘယ်လိုရှင်းပြသလဲ။

  6. ၆။ ဒံယေလပြောနေတုန်းမှာပဲ ဘာဖြစ်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဒံယေလ ၅:၁-၃၁ ကိုဖတ်။

    1. (က) နံရံပေါ်ကစာမြင်လို့ ဗေလရှာဇာခံစားခဲ့ရတဲ့ ကြောက်ရွံ့ခြင်းနဲ့ ဘုရားရေးရာကြောက်ရွံ့ခြင်းကို နှိုင်းယှဉ်ပြပါ။ (ဒံ. ၅:၆၊ ၇; ဆာ. ၁၉:၉; ရော. ၈:၃၅-၃၉)

    2. (ခ) ဗေလရှာဇာနဲ့ သူ့ရဲ့အဆင့်မြင့်မှူးမတ်တွေကို စကားပြောတဲ့အခါ တော်တော်လေးသတ္တိရှိကြောင်း ဒံယေလဘယ်လိုပြခဲ့သလဲ။ (ဒံ. ၅:၁၇၊ ၁၈၊ ၂၂၊ ၂၆-၂၈; တ. ၄:၂၉၊ ၃၀)

    3. (ဂ) ဒံယေလအခန်းကြီး ၅ က ယေဟောဝါရဲ့ စကြဝဠာအချုပ်အခြာအာဏာကို ဘယ်လိုနည်းနဲ့ အလေးပေးဖော်ပြသလဲ။ (ဒံ. ၄:၁၇၊ ၂၅; ၅:၂၁)

ပုံပြင် ၇၉

ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း

  1. ၁။ ဒါရိက ဘယ်သူလဲ၊ ဒံယေလကို သူဘယ်လိုမြင်သလဲ။

  2. ၂။ မနာလိုသူတချို့က ဒါရိကို ဘာလုပ်ဖို့ပြောကြသလဲ။

  3. ၃။ ဥပဒေအသစ်အကြောင်းကြားရတဲ့အခါ ဒံယေလ ဘာလုပ်သလဲ။

  4. ၄။ အိပ်လို့မရနိုင်တဲ့အထိ ဒါရိ ဘာကြောင့် ဝမ်းနည်းရတာလဲ၊ နောက်တစ်မနက်မှာ သူဘာလုပ်သလဲ။

  5. ၅။ ဒါရိကို ဒံယေလ ဘယ်လိုပြန်ဖြေသလဲ။

  6. ၆။ ဒံယေလကို သတ်ပစ်ဖို့ မကောင်းကြံတဲ့လူတွေ ဘာဖြစ်သွားသလဲ၊ ဒါရိက သူ့နိုင်ငံသားအားလုံးဆီကို ဘယ်လိုစာရေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဒံယေလ ၆:၁-၂၈ ကိုဖတ်။

    1. (က) ဒံယေလတစ်ဖက်မှာ ပူးပေါင်းကြံစည်ကြခြင်းက မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ဆန့်ကျင်နှိမ်နင်းဖို့ကြိုးစားသူတွေ ပြုလုပ်ခဲ့တာတွေကို ဘယ်လိုသတိရစေသလဲ။ (ဒံ. ၆:၇; ဆာ. ၉၄:၂၀; ဟေရှာ. ၁၀:၁၊ ၂; ရော. ၈:၃၁)

    2. (ခ) ဒီကနေ့ ဘုရားသခင့်ကျေးကျွန်တွေအနေနဲ့ “အစိုးရသောမင်းအာဏာစက်” ကို လက်အောက်ခံနေခြင်းမှာ ဒံယေလကို ဘယ်လိုတုပနိုင်သလဲ။ (ဒံ. ၆:၅၊ ၁၀; ရော. ၁၃:၁; တ. ၅:၂၉)

    3. (ဂ) ယေဟောဝါကို “မပြတ်” ဝတ်ပြုကိုးကွယ်နေတဲ့ ဒံယေလရဲ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (ဒံ. ၆:၁၆၊ ၂၀; ဖိ. ၃:၁၆; ဗျာ. ၇:၁၅)

ပုံပြင် ၈၀

ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း

  1. ၁။ ပုံမှာပြထားတဲ့အတိုင်း ဣသရေလလူတွေ ဘာလုပ်နေကြသလဲ။

  2. ၂။ ဟေရှာယကတစ်ဆင့် ယေဟောဝါရဲ့ပရောဖက်ပြုချက်ကို ကုရု ဘယ်လိုပြည့်စုံစေခဲ့သလဲ။

  3. ၃။ ယေရုရှလင်မြို့ မပြန်နိုင်တဲ့ ဣသရေလလူတွေကို ကုရုဘာပြောသလဲ။

  4. ၄။ ယေရုရှလင်ပြန်တဲ့လူတွေကို ကုရု ဘာတွေပြန်ယူသွားခိုင်းသလဲ။

  5. ၅။ ဣသရေလလူတွေ ယေရုရှလင်မြို့ရောက်ဖို့ လမ်းမှာ ဘယ်လောက်ကြာသလဲ။

  6. ၆။ ပြည်တော်မှာ လူလုံးဝမနေတာ အနှစ်ဘယ်လောက်ကြာခဲ့သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဟေရှာယ ၄၄:၂၈ နှင့် ဟေရှာယ ၄၅:၁-၄ ကိုဖတ်။

    1. (က) ကုရုနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက် ဧကန်အမှန် ပြည့်စုံမယ်ဆိုတာကို ယေဟောဝါ ဘယ်လိုအလေးပေးပြောခဲ့သလဲ။ (ဟေရှာ. ၅၅:၁၀၊ ၁၁; ရော. ၄:၁၇)

    2. (ခ) ကုရုနဲ့ပတ်သက်တဲ့ ဟေရှာယပရောဖက်ပြုချက်က အနာဂတ်ကြိုပြောနိုင်တဲ့ ယေဟောဝါဘုရားသခင့်အစွမ်းနဲ့ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ဟေရှာ. ၄၂:၉; ၄၅:၂၁; ၄၆:၁၀၊ ၁၁; ၂ ပေ. ၁:၂၀)

  2. ၂။ ဧဇရ ၁:၁-၁၁ ကိုဖတ်။

    ယေရုရှလင် မပြန်နိုင်သူတွေရဲ့ ပုံသက်သေကိုလိုက်ရာမှာ အချိန်ပြည့်လုပ်ငန်းတော်မှာ ပါဝင်နိုင်သူတွေကို တို့တစ်တွေ ဘယ်လို “မစ” နိုင်သလဲ။ (ဧဇ. ၁:၄၊ ၆; ရော. ၁၂:၁၃; ကော. ၄:၁၂)

ပုံပြင် ၈၁

ဘုရားသခင် မစမှာကို ယုံကြည်အားထားတဲ့အကြောင်း

  1. ၁။ ဗာဗုလုန်ကနေ ယေရုရှလင်မြို့ကို ခရီးရှည်ထွက်လာတဲ့လူ ဘယ်လောက်ရှိသလဲ၊ ဒါပေမဲ့ သူတို့ရောက်သွားတော့ ဘာတွေ့ရသလဲ။

  2. ၂။ ဣသရေလလူတွေ ရောက်သွားပြီးနောက် သူတို့ဘာကို စဆောက်ကြသလဲ၊ ဒါပေမဲ့ သူတို့ရဲ့ရန်သူတွေ ဘာလုပ်ကြသလဲ။

  3. ၃။ ဟဂ္ဂဲ​နဲ့ ဇာခရိက ဘယ်သူတွေလဲ၊ လူတွေကို သူတို့ဘာပြောသလဲ။

  4. ၄။ တာတနဲက ဗာဗုလုန်ကို ဘာဖြစ်လို့စာရေးတာလဲ၊ သူ ဘာအဖြေရသလဲ။

  5. ၅။ ဘုရားသခင့်ဗိမာန်တော်ကို မွမ်းမံဖို့လိုကြောင်းသိရတဲ့အခါ ဧဇရ ဘာလုပ်သလဲ။

  6. ၆။ ပုံထဲမှာ ဧဇရ ဘာအတွက် ဆုတောင်းနေတာလဲ၊ သူ့ဆုတောင်းချက် ဘယ်လိုနားညောင်းခံရသလဲ၊ အဲဒါက တို့တစ်တွေကို ဘာသင်ပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဧဇရ ၃:၁-၁၃ ကိုဖတ်။

    ဘုရားလူမျိုးရဲ့အသင်းတော်မရှိတဲ့ နေရာဒေသကို ရောက်နေခဲ့ရင် တို့တစ်တွေ ဘာဆက်လုပ်သင့်သလဲ။ (ဧဇ. ၃:၃၊ ၆; တ. ၁၇:၁၆၊ ၁၇; ဟေဗြဲ ၁၃:၁၅)

  2. ၂။ ဧဇရ ၄:၁-၇ ကိုဖတ်။

    ယုံကြည်ခြင်းရောနှောတာနဲ့ပတ်သက်လို့ ယေဟောဝါလူမျိုးတော်အတွက် ဇေရုဗဗေလ ဘာပုံသက်သေပြခဲ့သလဲ။ (ထွ. ၃၄:၁၂; ၁ ကော. ၁၅:၃၃; ၂ ကော. ၆:၁၄-၁၇)

  3. ၃။ ဧဇရ ၅:၁-၅၁၇ နှင့် ၆:၁-၂၂ ကိုဖတ်။

    1. (က) ဗိမာန်တော်ဆောက်လုပ်ရေးလုပ်ငန်း ရပ်တန့်သွားအောင် ဆန့်ကျင်သူတွေ ဘာကြောင့် မလုပ်နိုင်ခဲ့တာလဲ။ (ဧဇ. ၅:၅; ဟေရှာ. ၅၄:၁၇)

    2. (ခ) ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါရဲ့လမ်းညွှန်မှုကို ရှာယူဖို့ ယုဒအမျိုးအသက်ကြီးသူတို့ရဲ့လုပ်ရပ်က ခရစ်ယာန်အကြီးအကဲတွေကို ဘယ်လိုအားပေးသလဲ။ (ဧဇ. ၆:၁၄; ဆာ. ၃၂:၈; ရော. ၈:၃၁; ယာ. ၁:၅)

  4. ၄။ ဧဇရ ၈:၂၁-၂၃၊ ၂၈-၃၆ ကိုဖတ်။

    တစ်ခုခုစမလုပ်ခင် ဧဇရရဲ့ဘယ်ပုံနမူနာကို တို့တစ်တွေ တုပဖို့ကောင်းသလဲ။ (ဧဇ. ၈:၂၃; ဆာ. ၁၂၇:၁; သု. ၁၀:၂၂; ယာ. ၄:၁၃-၁၅)

ပုံပြင် ၈၂

မော်ဒကဲနဲ့ ဧသတာတို့အကြောင်း

  1. ၁။ မော်ဒကဲနဲ့ ဧသတာတို့က ဘယ်သူတွေလဲ။

  2. ၂။ ဘုရင်အာရွှေရု ဘာဖြစ်လို့ မိဖုရားအသစ်လိုချင်တာလဲ၊ သူ ဘယ်သူ့ကို မိဖုရားမြှောက်လိုက်သလဲ။

  3. ၃။ ဟာမန်ဆိုတာ ဘယ်သူလဲ၊ ဘာက သူ့ကို အရမ်းစိတ်ဆိုးစေတာလဲ။

  4. ၄။ ဘယ်ဥပဒေကို ထုတ်ပြန်သလဲ၊ မော်ဒကဲဆီက သတင်းရပြီးနောက် ဧသတာ ဘာလုပ်သလဲ။

  5. ၅။ ဟာမန် ဘာဖြစ်သွားသလဲ၊ မော်ဒကဲကော ဘာဖြစ်သွားသလဲ။

  6. ၆။ ဣသရေလလူတွေ သူတို့ရဲ့ရန်သူလက်က ဘယ်လိုကယ်တင်ခံခဲ့ရသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဧသတာ ၂:၁၂-၁၈ ကိုဖတ်။

    ဧသတာဟာ “နူးညံ့ငြိမ်သက်ခြင်းသဘော” ပြုစုပျိုးထောင်ခြင်းတန်ဖိုးကို ဘယ်လိုဖော်ပြခဲ့သလဲ။ (ဧသ. ၂:၁၅; ၁ ပေ. ၃:၁-၅)

  2. ၂။ ဧသတာ ၄:၁-၁၇ ကိုဖတ်။

    ဧသတာဟာ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ပြုမူလုပ်ဆောင်ခွင့်ရခဲ့သလိုပဲ ယေဟောဝါကို ဆည်းကပ်ဝတ်ပြုကြောင်း၊ သစ္စာစောင့်သိကြောင်း တင်ပြဖို့ ဒီနေ့ တို့တစ်တွေ ဘာအခွင့်အရေး ရထားကြသလဲ။ (ဧသ. ၄:၁၃၊ ၁၄; မ. ၅:၁၄-၁၆; ၂၄:၁၄)

  3. ၃။ ဧသတာ ၇:၁-၆ ကိုဖတ်။

    ဧသတာလုပ်ခဲ့သလိုပဲ ဒီကနေ့ ဘုရားသခင့်လူမျိုး အတော်များများဟာ အလားတူ ညှဉ်းပန်းခံရမှာသိလျက်နဲ့ ဘယ်လိုစွန့်စားလုပ်ဆောင်ခဲ့ကြပြီလဲ။ (ဧသ. ၇:၄; မ. ၁၀:၁၆-၂၂; ၁ ပေ. ၂:၁၂)

ပုံပြင် ၈၃

ယေရုရှလင်မြို့ရိုးအကြောင်း

  1. ၁။ ယေရုရှလင်မြို့ရိုးမရှိတော့ ဣသရေလလူတွေစိတ်ထဲ ဘယ်လိုရှိခဲ့သလဲ။

  2. ၂။ နေဟမိဆိုတာ ဘယ်သူလဲ။

  3. ၃။ နေဟမိရဲ့အလုပ်က ဘာလဲ၊ အဲဒီအလုပ်က ဘာကြောင့် အရေးကြီးတာလဲ။

  4. ၄။ ဘယ်သတင်းကြောင့် နေဟမိ ဝမ်းနည်းသွားတာလဲ၊ ဒါနဲ့ သူဘာလုပ်သလဲ။

  5. ၅။ နေဟမိကို အာတဇေရဇ်မင်းကြီး ဘယ်လိုကြင်နာမှုပြသလဲ။

  6. ၆။ မြို့ရိုးဆောက်တာကို ဣသရေလလူတွေရဲ့ရန်သူတွေ လာမတားနိုင်အောင် နေဟမိ ဘယ်လိုစီစဉ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ နေဟမိ ၁:၄-၆ နှင့် ၂:၁-၂၀ ကိုဖတ်။

    ယေဟောဝါရဲ့ညွှန်ကြားမှုကို နေဟမိ ဘယ်လိုရှာယူခဲ့သလဲ။ (နေ. ၂:၄၊ ၅; ရော. ၁၂:၁၂; ၁ ပေ. ၄:၇)

  2. ၂။ နေဟမိ ၃:၃-၅ ကိုဖတ်။

    တေကောမြို့သားတွေနဲ့ တေကော “မင်းတို့” ရဲ့ခြားနားချက်ကနေ အကြီးအကဲတွေနဲ့ ဓမ္မအမှုထမ်းတွေ ဘာသင်ယူနိုင်သလဲ။ (နေ. ၃:၅၊ ၂၇; ၂ သက်. ၃:၇-၁၀; ၁ ပေ. ၅:၅)

  3. ၃။ နေဟမိ ၄:၁-၂၃ ကိုဖတ်။

    1. (က) ပြင်းထန်တဲ့ဆန့်ကျင်မှုကြားမှာ မြို့ရိုးဆက်ဆောက်ဖို့ ဣသရေလလူတွေကို ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ (နေ. ၄:၆၊ ၈၊ ၉; ဆာ. ၅၀:၁၅; ဟေရှာ. ၆၅:၁၃၊ ၁၄)

    2. (ခ) ဣသရေလလူတွေရဲ့ပုံသက်သေက ဒီကနေ့ တို့တစ်တွေကို ဘယ်လိုအားရှိစေသလဲ။

  4. ၄။ နေဟမိ ၆:၁၅ ကိုဖတ်။

    နှစ်လအတွင်း ယေရုရှလင်မြို့ရိုး ပြီးသွားတဲ့အချက်က ယုံကြည်ခြင်းတန်ခိုးနဲ့ ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။ (ဆာ. ၅၆:၃၊ ၄; မ. ၁၇:၂၀; ၁၉:၂၆)

ပုံပြင် ၈၄

ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့အမျိုးသမီးက ဘယ်သူလဲ။

  2. ၂။ မာရိကို ဂါဗြေလ ဘာပြောသလဲ။

  3. ၃။ ဘယ်ယောက်ျားနဲ့မှ မာရိ အတူမနေဖူးပေမဲ့ ကလေးတစ်ယောက်ရမယ်ဆိုတာကို ဂါဗြေလ ဘယ်လိုရှင်းပြသလဲ။

  4. ၄။ သူ့အမျိုး ဧလိရှဗက်ဆီ မာရိသွားလည်တဲ့အခါ ဘာဖြစ်သလဲ။

  5. ၅။ မာရိ ကလေးရတော့မယ်ဆိုတာ ယောသပ်ကြားတဲ့အခါ သူဘယ်လိုစိတ်ကူးသလဲ၊ ဒါပေမဲ့ ဘာကြောင့် သူစိတ်ပြောင်းလိုက်တာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ လုကာ ၁:၂၆-၅၆ ကိုဖတ်။

    1. (က) ဘုရားသခင့်သားတော်အသက် နာမ်ဝိညာဉ်လောကမှ ပြောင်းရွှေ့ခံရချိန်မှာ မာရိရဲ့သားဥမှာရှိတဲ့ အာဒံကြောင့်ဖြစ်ပေါ်လာတဲ့ မစုံလင်မှုတွေနဲ့ပတ်သက်လို့ လုကာ ၁:၃၅ ကဘာဖော်ပြသလဲ။ (ဟဂ္ဂဲ ၂:၁၁-၁၃; ယော. ၆:၆၉; ဟေဗြဲ ၇:၂၆; ၁၀:၅)

    2. (ခ) မမွေးဖွားခင်ကတည်းက ယေရှု ဘယ်လိုဂုဏ်တင်ခံခဲ့ရသလဲ။ (လု. ၁:၄၁-၄၃)

    3. (ဂ) မာရိဟာ ဒီကနေ့ လုပ်ငန်းတော်အခွင့်ထူးတွေ ရရှိထားတဲ့ခရစ်ယာန်တွေအတွက် ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (လု. ၁:၃၈၊ ၄၆-၄၉; ၁၇:၁၀; သု. ၁၁:၂)

  2. ၂။ မဿဲ ၁:၁၈-၂၅ ကိုဖတ်။

    ယေရှုဟာ ဧမာနွေလဆိုတဲ့နာမည်နဲ့ အခေါ်မခံခဲ့ရပေမဲ့ လူသားတစ်ယောက်အနေနဲ့ အဲဒီနာမည်ရဲ့အဓိပ္ပာယ်ကို ဘယ်လိုပြည့်စုံစေခဲ့သလဲ။ (မ. ၁:၂၂၊ ၂၃; ယော. ၁၄:၈-၁၀; ဟေဗြဲ ၁:၁-၃)

ပုံပြင် ၈၅

ယေရှုနွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့ ကလေးလေးက ဘယ်သူလဲ၊ သူ့ကို မာရိ ဘယ်မှာထည့်သိပ်နေသလဲ။

  2. ၂။ ဘာဖြစ်လို့ တိရစ္ဆာန်တွေရှိတဲ့ နွားတင်းကုပ်ထဲမှာ ယေရှုမွေးလာတာလဲ။

  3. ၃။ ပုံထဲမှာ တင်းကုပ်ထဲဝင်လာနေတဲ့ လူတွေက ဘယ်သူတွေလဲ၊ ကောင်းကင်တမန်တစ်ပါးက သူတို့ကို ဘာပြောပြထားသလဲ။

  4. ၄။ ယေရှု ဘာကြောင့် ထူးခြားရတာလဲ။

  5. ၅။ ယေရှုကို ဘုရားသခင့်သားတော်လို့ ဘာကြောင့် ခေါ်နိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ လုကာ ၂:၁-၂၀ ကိုဖတ်။

    1. (က) ယေရှုဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ပြည့်စုံရာမှာ ကဲသာသြဂုတ္တုဟာ ဘယ်အပိုင်းက ပါဝင်ခဲ့သလဲ။ (လု. ၂:၁-၄; မိ. ၅:၂)

    2. (ခ) လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ‘စိတ်ထားကောင်းသူတို့’ မှာ တစ်ဦး အပါအဝင် ဖြစ်လာနိုင်သလဲ။ (လု. ၂:၁၄ကဘ; မ. ၁၆:၂၄; ယော. ၁၇:၃; တ. ၃: ၁၉၊ ၂၀; ဟေဗြဲ ၁၁:၆)

    3. (ဂ) နိမ့်ကျတဲ့ဂျူးသိုးထိန်းတွေမှာ ကယ်တင်ရှင်ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်စရာအကြောင်းရှိခဲ့တယ်ဆိုရင် ဒီကနေ့ ဘုရားသခင့်ကျေးကျွန်တွေမှာ ပိုပြီးဝမ်းမြောက်စရာကောင်းတဲ့ ဘယ်အကြောင်းရင်းရှိနေသလဲ။ (လု. ၂:၁၀၊ ၁၁; ဧ. ၃:၈၊ ၉; ဗျာ. ၁၁:၁၅; ၁၄:၆)

ပုံပြင် ၈၆

ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း

  1. ၁။ ပုံထဲက လူတွေက ဘယ်သူတွေလဲ၊ သူတို့ထဲကတစ်ယောက်က တောက်ပတဲ့ကြယ်တစ်လုံးကို ဘာကြောင့် လက်ညှိုးထိုးနေတာလဲ။

  2. ၂။ ဘုရင်ဟေရုဒ် ဘာဖြစ်လို့ စိတ်ပူတာလဲ၊ သူဘာလုပ်သလဲ။

  3. ၃။ တောက်ပတဲ့ကြယ်က အဲဒီလူတွေကို ဘယ်ကိုလမ်းပြခေါ်ဆောင်သွားသလဲ၊ ဒါပေမဲ့ သူတို့ရဲ့တိုင်းပြည်ကို ဘာဖြစ်လို့ တခြားလမ်းနဲ့ ပြန်သွားကြတာလဲ။

  4. ၄။ ဟေရုဒ် ဘာအမိန့်ထုတ်သလဲ၊ ဘာကြောင့်လဲ။

  5. ၅။ ယေဟောဝါက ယောသပ်ကို ဘာလုပ်ခိုင်းသလဲ။

  6. ၆။ အဲဒီကြယ်သစ် ထွန်းလင်းတောက်ပအောင် ဘယ်သူလုပ်တာလဲ၊ ဘာကြောင့်လဲ။

ထပ်ဆင့်မေးခွန်း–

  1. ၁။ မဿဲ ၂:၁-၂၃ ကိုဖတ်။

    နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီ သွားလည်တဲ့အချိန်မှာ ကိုယ်တော့်အသက် ဘယ်လောက်ရှိပြီး ဘယ်မှာနေသလဲ။ (မ. ၂:၁၊ ၁၁၊ ၁၆)

ပုံပြင် ၈၇

သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း

  1. ၁။ ပုံထဲကယေရှု အသက်ဘယ်လောက်ရှိပြီလဲ၊ သူဘယ်ကိုရောက်နေတာလဲ။

  2. ၂။ ယောသပ်ဟာ သူ့မိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း ဘာလုပ်သလဲ။

  3. ၃။ အိမ်အပြန်လမ်းမှာ တစ်ရက်ခရီးသွားပြီးနောက် ယောသပ်နဲ့မာရိ ဘာကြောင့် ယေရုရှလင်မြို့ကိုပြန်သွားတာလဲ။

  4. ၄။ ယောသပ်နဲ့မာရိ ယေရှုကို ဘယ်မှာရှာတွေ့သလဲ၊ အဲဒီကလူတွေ ဘာကြောင့် အံ့အားသင့်နေကြတာလဲ။

  5. ၅။ သူ့မေမေ၊ မာရိကို ယေရှုဘာပြောသလဲ။

  6. ၆။ ဘုရားသခင်အကြောင်းသင်ယူရာမှာ တို့တစ်တွေ ယေရှုနဲ့ ဘယ်လိုတူနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ လုကာ ၂:၄၁-၅၂ ကိုဖတ်။

    1. (က) နှစ်စဉ်ကျင်းပတဲ့ပွဲတော်တွေကို ယောက်ျားတွေပဲတက်ဖို့ ပညတ်တော်က တောင်းဆိုထားပေမဲ့ ခုခေတ်မိဘတွေအတွက် ယောသပ်နဲ့မာရိတို့ ဘာပုံသက်သေကောင်းပြခဲ့သလဲ။ (လု. ၂:၄၁; တရား. ၁၆:၁၆; ၃၁:၁၂; သု. ၂၂:၆)

    2. (ခ) ဒီကနေ့ လူငယ်တွေ သူတို့ရဲ့မိဘတွေကိုလက်အောက်ခံဖို့ ယေရှု ဘယ်လိုပုံနမူနာကောင်း ပြခဲ့သလဲ။ (လု. ၂:၅၁; တရား. ၅:၁၆; သု. ၂၃:၂၂; ကော. ၃:၂၀)

  2. ၂။ မဿဲ ၁၃:၅၃-၅၆ ကိုဖတ်။

    ယေရှုရဲ့ ဘယ်ညီအရင်းလေးယောက်နာမည်ကို ကျမ်းစာမှာဖော်ပြထားသလဲ၊ နောက်ပိုင်း သူတို့ထဲကနှစ်ယောက် ခရစ်ယာန်အသင်းတော်မှာ ဘယ်လိုအသုံးတော်ခံခဲ့သလဲ။ (မ. ၁၃:၅၅; တ. ၁၂:၁၇; ၁၅:၆၊ ၁၃; ၂၁:၁၈; ဂလ. ၁:၁၉; ယာ. ၁:၁; ယု. ၁)

ပုံပြင် ၈၈

ယေရှုကိုယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့အမျိုးသားနှစ်ယောက်က ဘယ်သူတွေလဲ။

  2. ၂။ လူတစ်ယောက်ကို ဘယ်လိုနှစ်ခြင်းပေးရသလဲ။

  3. ၃။ ပုံမှန်အားဖြင့် ဘယ်သူတွေကို ယောဟန်နှစ်ခြင်းပေးတာလဲ။

  4. ၄။ ဘယ်အကြောင်းထူးကြောင့် ယေရှုက သူ့ကိုနှစ်ခြင်းပေးဖို့ ယောဟန်ကိုတောင်းဆိုတာလဲ။

  5. ၅။ ယေရှုနှစ်ခြင်းခံတာကို သဘောကျတယ်ဆိုတာ ဘုရားသခင် ဘယ်လိုပြသလဲ။

  6. ၆။ ယေရှု တိတ်ဆိတ်တဲ့နေရာကိုသွားပြီး ရက်ပေါင်း ၄၀ နေတဲ့အခါ ဘာဖြစ်သလဲ။

  7. ၇။ ယေရှုရဲ့နောက်လိုက်ဦးတွေ ဒါမှမဟုတ် တပည့်ဦးတချို့က ဘယ်သူတွေလဲ၊ ကိုယ်တော်ရဲ့ ပထမဆုံးအံ့ဖွယ်ရာက ဘာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၃:၁၃-၁၇ ကိုဖတ်။

    ယေရှုဟာ သူ့တပည့်တွေနှစ်ခြင်းခံဖို့ ဘာပုံသက်သေချမှတ်ခဲ့သလဲ။ (ဆာ. ၄၀:၇၊ ၈; မ. ၂၈:၁၉၊ ၂၀; လု. ၃:၂၁၊ ၂၂)

  2. ၂။ မဿဲ ၄:၁-၁၁ ကိုဖတ်။

    သမ္မာကျမ်းစာကို ယေရှုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုပုံက ကျမ်းစာကိုမှန်မှန်လေ့လာဖို့ တို့တစ်တွေကို ဘယ်လိုအားပေးသလဲ။ (မ. ၄:၅-၇; ၂ ပေ. ၃:၁၇၊ ၁၈; ၁ ယော. ၄:၁)

  3. ၃။ ယောဟန် ၁:၂၉-၅၁ ကိုဖတ်။

    နှစ်ခြင်းဆရာယောဟန်ဟာ သူ့တပည့်တွေကို ဘယ်သူ့ဆီ လမ်းညွှန်ခဲ့သလဲ၊ သူ့ကို ဒီနေ့ တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (ယော. ၁:၂၉၊ ၃၅၊ ၃၆; ၃:၃၀; မ. ၂၃:၁၀)

  4. ၄။ ယောဟန် ၂:၁-၁၂ ကိုဖတ်။

    ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို ကောင်းတဲ့အရာမှန်သမျှ မပေးဘဲနေမှာမဟုတ်ဘူးဆိုတာ ယေရှုရဲ့ပထမဆုံးအံ့ဖွယ်အမှုက ဘယ်လိုဖော်ပြသလဲ။ (ယော. ၂:၉၊ ၁၀; ဆာ. ၈၄:၁၁; ယာ. ၁:၁၇)

ပုံပြင် ၈၉

ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း

  1. ၁။ ဗိမာန်တော်မှာ ဘာဖြစ်လို့ တိရစ္ဆာန်တွေ ရောင်းနေကြတာလဲ။

  2. ၂။ ယေရှု ဘာကြောင့် ဒေါသထွက်တာလဲ။

  3. ၃။ ပုံမှာမြင်ရတဲ့အတိုင်း ယေရှု ဘာလုပ်သလဲ၊ ချိုးငှက်ရောင်းတဲ့လူတွေကို ယေရှုဘာအမိန့်ပေးသလဲ။

  4. ၄။ ယေရှု ခုလိုလုပ်နေတာကို ကိုယ်တော့်နောက်လိုက်တွေ မြင်တဲ့အခါ သူတို့ ဘာကို သွားသတိရကြသလဲ။

  5. ၅။ ဂါလိလဲနယ်အပြန်မှာ ယေရှု ဘယ်နယ်ကိုဖြတ်သွားရသလဲ။

ထပ်ဆင့်မေးခွန်း–

  1. ၁။ ယောဟန် ၂:၁၃-၂၅ ကိုဖတ်။

    ဗိမာန်တော်က ငွေလဲလှယ်သူတွေကို ယေရှုဒေါသထွက်တဲ့အကြောင်း သုံးသပ်ကြည့်ရင် နိုင်ငံတော်ခန်းမမှာ စီးပွားရေးလုပ်တာတွေနဲ့ပတ်သက်လို့ မှန်ကန်တဲ့အမြင်က ဘာလဲ။ (ယော. ၂:၁၅၊ ၁၆; ၁ ကော. ၁၀:၂၄၊ ၃၁-၃၃)

ပုံပြင် ၉၀

ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း

  1. ၁။ ရှမာရိနယ်က ရေတွင်းတစ်တွင်းနားမှာ ယေရှု ဘာကြောင့် ရပ်နားတာလဲ၊ အဲဒီက အမျိုးသမီးကို ကိုယ်တော် ဘာပြောနေတာလဲ။

  2. ၂။ အမျိုးသမီးက ဘာကြောင့်အံ့သြတာလဲ၊ သူ့ကိုယေရှုဘာပြောသလဲ၊ ဘာကြောင့်လဲ။

  3. ၃။ အမျိုးသမီးက ဘယ်ရေအကြောင်း ယေရှုပြောနေတာလို့ ထင်လိုက်သလဲ၊ ဒါပေမဲ့ တကယ်တော့ ဘယ်ရေအကြောင်း ကိုယ်တော်ပြောတာလဲ။

  4. ၄။ အမျိုးသမီးက သူ့အကြောင်း ယေရှုသိနေတာကို ဘာကြောင့် အံ့သြတာလဲ၊ အဲဒီအကြောင်းတွေကို ကိုယ်တော်ဘယ်လိုလုပ်ပြီးသိတာလဲ။

  5. ၅။ ရေတွင်းနားက အမျိုးသမီးရဲ့မှတ်တမ်းကနေ တို့တစ်တွေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောဟန် ၄:၅-၄၃ ကိုဖတ်။

    1. (က) ယေရှုရဲ့ပုံသက်သေကိုလိုက်ရာမှာ လူမျိုးမရွေး၊ လူမှုရေးနောက်ခံမရွေးဘဲ လူအားလုံးအပေါ် တို့တစ်တွေ ဘယ်သဘောထား တင်ပြသင့်သလဲ။ (ယော. ၄:၉; ၁ ကော. ၉:၂၂; ၁ တိ. ၂:၃၊ ၄; တိ. ၂:၁၃)

    2. (ခ) ယေရှုတပည့်ဖြစ်လာသူတစ်ယောက်ဟာ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ ဘယ်အကျိုးကျေးဇူးတွေ ခံစားရသလဲ။ (ယော. ၄:၁၄; ဟေရှာ. ၅၈:၁၁; ၂ ကော. ၄:၁၆)

    3. (ဂ) သိရှိခဲ့ရာတွေကို တခြားသူတွေကိုဝေမျှပေးချင်တဲ့ ရှမာရိအမျိုးသမီးရဲ့ တန်ဖိုးထားစိတ်မျိုး တို့တစ်တွေ ဘယ်လိုပြနိုင်သလဲ။ (ယော. ၄:၇၊ ၂၈၊ ၂၉; မ. ၆:၃၃; လု. ၁၀:၄၀-၄၂)

ပုံပြင် ၉၁

တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း

  1. ၁။ ပုံထဲမှာ ယေရှု ဘယ်မှာသွန်သင်နေတာလဲ၊ သူ့အနားမှာထိုင်နေတဲ့လူတွေက ဘယ်သူတွေလဲ။

  2. ၂။ တမန်တော် ၁၂ ယောက်ရဲ့နာမည်တွေ ဘယ်လိုခေါ်သလဲ။

  3. ၃။ ယေရှုဟောပြောနေတဲ့နိုင်ငံတော်ဆိုတာ ဘာလဲ။

  4. ၄။ ဘာအတွက် ဆုတောင်းဖို့ လူတွေကို ယေရှုသင်ပေးနေသလဲ။

  5. ၅။ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှုဘာသင်ပေးသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၅:၁-၁၂ ကိုဖတ်။

    ဝိညာဉ်ရေးလိုအပ်ချက်ရှိတယ်ဆိုတာ သတိပြုတဲ့သူတွေဖြစ်ကြောင်း ဘယ်လိုနည်းတွေနဲ့ တို့တစ်တွေ တင်ပြနိုင်သလဲ။ (မ. ၅:၃ကဘ; ရော. ၁၀:၁၃-၁၅; ၁ တိ. ၄:၁၃၊ ၁၅၊ ၁၆)

  2. ၂။ မဿဲ ၅:၂၁-၂၆ ကိုဖတ်။

    ညီအစ်ကိုတွေနဲ့ တို့တစ်တွေရဲ့ဆက်ဆံရေးက ယေဟောဝါနဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်ကြောင်း မဿဲ ၅:၂၃၊ ၂၄ ကဘယ်လိုအလေးပေးဖော်ပြသလဲ။ (မ. ၆:၁၄၊ ၁၅; ဆာ. ၁၃၃:၁; ကော. ၃:၁၃; ၁ ယော. ၄:၂၀)

  3. ၃။ မဿဲ ၆:၁-၈ ကိုဖတ်။

    ကိုယ့်ကိုယ်ကိုဖြောင့်မတ်တယ်လို့ထင်တဲ့ ဘယ်လိုပုံစံမျိုးတွေကို ခရစ်ယာန်တွေရှောင်ရမလဲ။ (လု. ၁၈:၁၁၊ ၁၂; ၁ ကော. ၄:၆၊ ၇; ၂ ကော. ၉:၇)

  4. ၄။ မဿဲ ၆:၂၅-၃၄ ကိုဖတ်။

    ရုပ်ပစ္စည်းအထောက်အပံ့အတွက် ယေဟောဝါကို ယုံကြည်ကိုးစားဖို့လိုကြောင်းနဲ့ပတ်သက်ပြီး ယေရှုဘာသင်ပေးခဲ့သလဲ။ (ထွ. ၁၆:၄; ဆာ. ၃၇:၂၅; ဖိ. ၄:၆)

  5. ၅။ မဿဲ ၇:၁-၁၁ ကိုဖတ်။

    မဿဲ ၇:၅ မှာပါတဲ့ ရှင်းလင်းပြတ်သားတဲ့ ပုံဥပမာက တို့တစ်တွေကို ဘာသင်ပေးသလဲ။ (သု. ၂၆:၁၂; ရော. ၂:၁; ၁၄:၁၀; ယာ. ၄:၁၁၊ ၁၂)

ပုံပြင် ၉၂

ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း

  1. ၁။ ပုံမှာပါတဲ့ကလေးရဲ့ဖေဖေက ဘယ်သူလဲ၊ သူနဲ့ သူ့ဇနီး ဘာကြောင့် သိပ်စိုးရိမ်ပူပန်ခဲ့ကြတာလဲ။

  2. ၂။ ယေရှုကိုတွေ့တဲ့အခါ ယာဣရုဘာလုပ်သလဲ။

  3. ၃။ ယာဣရုအိမ်ကို ယေရှုသွားနေချိန်မှာ ဘာဖြစ်လာသလဲ၊ အသွားလမ်းမှာ ယာဣရု ဘာသတင်းရသလဲ။

  4. ၄။ ယာဣရုအိမ်မှာရှိတဲ့လူတွေ ယေရှုကို ဘာကြောင့် ရယ်ကြတာလဲ။

  5. ၅။ တမန်တော်သုံးယောက်နဲ့ မိန်းကလေးရဲ့ဖေဖေ၊ မေမေတို့ကို မိန်းကလေးရှိတဲ့အခန်းထဲ ခေါ်သွားပြီးနောက် ယေရှုဘာလုပ်သလဲ။

  6. ၆။ ဘယ်သူတွေကို သေရာက ယေရှု ပြန်ရှင်စေခဲ့သလဲ၊ အဲဒါက ဘာကိုဖော်ပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ လုကာ ၈:၄၀-၅၆ ကိုဖတ်။

    သွေးသွန်နာစွဲတဲ့အမျိုးသမီးကို သနားကြင်နာပြီး အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ယေရှုဘယ်လိုတင်ပြခဲ့သလဲ၊ အဲဒီကနေ ဒီနေ့ ခရစ်ယာန်အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ (လု. ၈:၄၃၊ ၄၄၊ ၄၇၊ ၄၈; ဝတ်. ၁၅:၂၅-၂၇; မ. ၉:၁၂၊ ၁၃; ကော. ၃:၁၂-၁၄)

  2. ၂။ လုကာ ၇:၁၁-၁၇ ကိုဖတ်။

    ချစ်ရသူတွေကို သေခြင်းမှာ ဆုံးၡုံးခဲ့သူတွေအနေနဲ့ နာဣနမြို့က မုဆိုးမအပေါ် ယေရှုတုံ့ပြန်ပုံကနေ ကြီးမားတဲ့နှစ်သိမ့်မှု ဘယ်လိုရှာတွေ့နိုင်သလဲ။ (လု. ၇:၁၃; ၂ ကော. ၁:၃၊ ၄; ဟေဗြဲ ၄:၁၅)

  3. ၃။ ယောဟန် ၁၁:၁၇-၄၄ ကိုဖတ်။

    ချစ်ရသူတစ်ယောက် သေဆုံးတဲ့အခါ ဝမ်းနည်းပူဆွေးတာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ (ယော. ၁၁:၃၃-၃၆၊ ၃၈; ၂ ရာ. ၁၈:၃၃; ၁၉:၁-၄)

ပုံပြင် ၉၃

ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း

  1. ၁။ ကြောက်စရာကောင်းတဲ့ ဘယ်အဖြစ်ကို နှစ်ခြင်းဆရာယောဟန် ကြုံတွေ့ခဲ့ရသလဲ၊ အဲဒါကြောင့် ယေရှုကို ဘယ်လိုခံစားခဲ့ရသလဲ။

  2. ၂။ သူ့နောက်လိုက်တဲ့လူအုပ်ကြီးကို ယေရှု ဘယ်လိုကျွေးမွေးသလဲ၊ စားကြွင်းစားကျန် ဘယ်လောက်ကျန်သလဲ။

  3. ၃။ ညရောက်တော့ တပည့်တော်တွေ ဘာဖြစ်လို့ကြောက်လန့်နေကြတာလဲ၊ ပေတရု ဘာကြုံတွေ့ရသလဲ။

  4. ၄။ ထောင်နဲ့ချီတဲ့လူတွေကို ယေရှု ဒုတိယအကြိမ် ဘယ်လိုကျွေးမွေးပြန်သလဲ။

  5. ၅။ ဘုရားသခင့်ဘုရင်အဖြစ် ယေရှု မြေကြီးကိုအုပ်ချုပ်တဲ့အခါ ထူးကဲကောင်းမွန်နေမှာ ဘာကြောင့်လဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၁၄:၁-၃၂ ကိုဖတ်။

    1. (က) မဿဲ ၁၄:၂၃-၃၂ မှာပါတဲ့မှတ်တမ်းက ပေတရုရဲ့စရိုက်နဲ့ပတ်သက်ပြီး ဘာကို သိနားလည်စေသလဲ။

    2. (ခ) ပေတရုဟာ ရင့်ကျက်လာပြီး စိတ်လိုက်မာန်ပါပြုလုပ်တတ်တဲ့ သူ့ရဲ့အကျင့်ကို အနိုင်ယူချိုးနှိမ်ခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (မ. ၁၄:၂၇-၃၀; ယော. ၁၈:၁၀; ၂၁:၇; တ. ၂:၁၄၊ ၃၇-၄၀; ၁ ပေ. ၅:၆၊ ၁၀)

  2. ၂။ မဿဲ ၁၅:၂၉-၃၈ ကိုဖတ်။

    ခမည်းတော်ထံက ကာယပြင်ဆင်ပေးချက်တွေကို လေးစားကြောင်း ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ (မ. ၁၅:၃၇; ယော. ၆:၁၂; ကော. ၃:၁၅)

  3. ၃။ ယောဟန် ၆:၁-၂၁ ကိုဖတ်။

    ဒီကနေ့ ခရစ်ယာန်တွေဟာ အစိုးရအာဏာကို ရိုသေလေးစားတဲ့ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုလိုက်နိုင်သလဲ။ (ယော. ၆:၁၅; မ. ၂၂:၂၁; ရော. ၁၂:၂; ၁၃:၁-၄)

ပုံပြင် ၉၄

ကလေးလေးတွေကို သူချစ်တဲ့အကြောင်း

  1. ၁။ ခရီးဝေးကအပြန်လမ်းမှာ တမန်တော်တွေ ဘာအကြောင်းနဲ့ပတ်သက်ပြီး ငြင်းခုံနေကြသလဲ။

  2. ၂။ ယေရှုဟာ ကလေးလေးတစ်ယောက်ကိုခေါ်ပြီး တမန်တော်တွေအလယ်မှာ ဘာကြောင့် ရပ်ခိုင်းတာလဲ။

  3. ၃။ တမန်တော်တွေဟာ ဘယ်လိုနည်းနဲ့ ကလေးလေးတွေလိုဖြစ်ဖို့ သင်ယူသင့်သလဲ။

  4. ၄။ လပိုင်းလောက်ကြာပြီးတဲ့နောက် ကလေးတွေကိုချစ်ကြောင်း ယေရှုဘယ်လိုတင်ပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၁၈:၁-၄ ကိုဖတ်။

    ယေရှု ဘာကြောင့် ပုံဥပမာတွေသုံးပြီး သွန်သင်တာလဲ။ (မ. ၁၃:၃၄၊ ၃၆; မာ. ၄:၃၃၊ ၃၄)

  2. ၂။ မဿဲ ၁၉:၁၃-၁၅ ကိုဖတ်။

    နိုင်ငံတော်ကောင်းချီးတွေကို တို့တစ်တွေ မျှဝေခံစားချင်တယ်ဆိုရင် ကလေးတွေရဲ့ ဘယ်အရည်အချင်းတွေကို တုပရမလဲ။ (ဆာ. ၂၅:၉; ၁၃၈:၆; ၁ ကော. ၁၄:၂၀)

  3. ၃။ မာကု ၉:၃၃-၃၇ ကိုဖတ်။

    ထင်ပေါ်ကျော်စောတဲ့နေရာ ရချင်တာနဲ့ပတ်သက်လို့ တပည့်တော်တွေကို ယေရှုဘာသင်ပေးခဲ့သလဲ။ (မာ. ၉:၃၅; မ. ၂၀:၂၅၊ ၂၆; ဂလ. ၆:၃; ဖိ. ၂:၅-၈)

  4. ၄။ မာကု ၁၀:၁၃-၁၆ ကိုဖတ်။

    ယေရှုကိုချဉ်းကပ်ဖို့ ဘယ်လောက်လွယ်ကူသလဲ၊ ကိုယ်တော်ရဲ့ပုံသက်သေကနေ ခရစ်ယာန်အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ (မာ. ၆:၃၀-၃၄; ဖိ. ၂:၁-၄; ၁ တိ. ၄:၁၂)

ပုံပြင် ၉၅

ယေရှုသင်ကြားပို့ချတဲ့နည်းအကြောင်း

  1. ၁။ ယေရှုကို လူတစ်ယောက် ဘာမေးခွန်းထုတ်သလဲ၊ ဘာကြောင့်လဲ။

  2. ၂။ တစ်ခါတလေ ယေရှု ဘာကိုသုံးပြီး ဆုံးမသွန်သင်သလဲ၊ ဂျူးတွေ၊ ရှမာရိလူတွေနဲပတ်သက်လို့ တို့တစ်တွေ ဘာသိထားပြီးသားလဲ။

  3. ၃။ ယေရှုပြောတဲ့ပုံပြင်ထဲမှာ ယေရိခေါမြို့ကို ခရီးသွားနေတဲ့ဂျူးတစ်ယောက် လမ်းမှာ ဘာကြုံတွေ့ရသလဲ။

  4. ၄။ အဲဒီလမ်းကို ဂျူးယဇ်ပုရောဟိတ်တစ်ယောက်နဲ့ လေဝိလူတစ်ယောက် ဖြတ်လျှောက်သွားတဲ့အခါ ဘာဖြစ်ပျက်သလဲ။

  5. ၅။ ပုံထဲမှာ အရိုက်ခံရတဲ့ဂျူးကို ဘယ်သူကူညီပေးနေသလဲ။

  6. ၆။ ပုံပြောလို့အပြီးမှာ ယေရှု ဘာမေးသလဲ၊ အဲဒီလူက ဘယ်လိုဖြေသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ လုကာ ၁၀:၂၅-၃၇ ကိုဖတ်။

    1. (က) ယေရှုဟာ ကျမ်းတတ်ကို တိုက်ရိုက်အဖြေပေးမယ့်အစား ကိစ္စရပ်ကို ဘယ်လိုဆင်ခြင်သုံးသပ်စေခဲ့သလဲ။ (လု. ၁၀:၂၆; မ. ၁၆:၁၃-၁၆)

    2. (ခ) သူ့ကိုနားဆင်တဲ့သူတွေ ဘက်လိုက်တတ်တဲ့စိတ်ကို အနိုင်ယူချိုးနှိမ်ဖို့ ပုံဥပမာတွေကို ယေရှု ဘယ်လိုအသုံးပြုခဲ့သလဲ။ (လု. ၁၀:၃၆၊ ၃၇; ၁၈:၉-၁၄; တိ. ၁:၉)

ပုံပြင် ၉၆

လူနာတွေကို ယေရှုကုသပေးတဲ့အကြောင်း

  1. ၁။ တစ်ပြည်လုံးကို လှည့်ပတ်သွားတဲ့အခါ ယေရှုဘာလုပ်သလဲ။

  2. ၂။ ယေရှုနှစ်ခြင်းခံပြီး သုံးနှစ်အကြာမှာ တမန်တော်တွေကို ကိုယ်တော်ဘာပြောသလဲ။

  3. ၃။ ပုံမှာပါတဲ့လူတွေက ဘယ်သူတွေလဲ၊ အမျိုးသမီးကို ယေရှုဘာလုပ်ပေးသလဲ။

  4. ၄။ ဘာသာရေးခေါင်းဆောင်တွေ ကန့်ကွက်တာကို ယေရှုတုံ့ပြန်ပုံက ဘာဖြစ်လို့ သူတို့ကို အရှက်ရစေတာလဲ။

  5. ၅။ ယေရှုနဲ့သူ့တမန်တော်တွေ ယေရိခေါမြို့နားရောက်တဲ့အခါ မျက်မမြင်တောင်းစားသူနှစ်ယောက်ကို ယေရှုဘာလုပ်ပေးသလဲ။

  6. ၆။ ဘာဖြစ်လို့ အံ့ဩစရာကောင်းတဲ့တန်ခိုးတွေကို ယေရှု ပြတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၁၅:၃၀၊ ၃၁ ကိုဖတ်။

    ယေရှုအားဖြင့် ယေဟောဝါရဲ့ ဘယ်အံ့ဖွယ်တန်ခိုးတွေ ထင်ရှားပေါ်လွင်ခဲ့သလဲ၊ အဲဒါက ယေဟောဝါကတိပြုထားတဲ့ ကမ္ဘာသစ်နဲ့ဆိုင်တဲ့ တို့တစ်တွေရဲ့နားလည်မှုအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ဆာ. ၃၇:၂၉; ဟေရှာ. ၃၃:၂၄)

  2. ၂။ လုကာ ၁၃:၁၀-၁၇ ကိုဖတ်။

    အထင်ရှားဆုံးအံ့ဖွယ်ရာတချို့ကို ဥပုသ်နေ့မှာ ယေရှုပြုလုပ်ခဲ့ခြင်းက ကိုယ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုမှာ လူသားတွေခံစားရမယ့်သက်သာမှုကို ဘယ်လိုဖော်ပြသလဲ။ (လု. ၁၃:၁၀-၁၃; ဆာ. ၄၆:၉; မ. ၁၂:၈; ကော. ၂:၁၆၊ ၁၇; ဗျာ. ၂၁:၁-၄)

  3. ၃။ မဿဲ ၂၀:၂၉-၃၄ ကိုဖတ်။

    ယေရှု အလုပ်များပေမဲ့ လူတွေကို အကူအညီမပေးအားတဲ့အထိ မဖြစ်ခဲ့ကြောင်း ဒီကျမ်းစာမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တရား. ၁၅:၇; ယာ. ၂:၁၅၊ ၁၆; ၁ ယော. ၃:၁၇)

ပုံပြင် ၉၇

ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း

  1. ၁။ ယေရုရှလင်မြို့နားက ရွာကလေးတစ်ရွာကို ရောက်တဲ့အခါ တပည့်တွေကို ယေရှုဘာလုပ်ခိုင်းသလဲ။

  2. ၂။ ပုံထဲမှာ ယေရှု ယေရုရှလင်မြို့နားရောက်တဲ့အခါ ဘာဖြစ်ပျက်သလဲ။

  3. ၃။ မျက်မမြင်တွေ ခြေလက်မသန်တဲ့လူတွေကို ယေရှုကုသပေးတာမြင်တော့ ကလေးတွေ ဘာလုပ်ကြသလဲ။

  4. ၄။ စိတ်ဆိုးနေတဲ့ ယဇ်ပုရောဟိတ်တွေကို ယေရှုဘာပြောသလဲ။

  5. ၅။ ယေရှုကိုချီးမွမ်းကြတဲ့ ကလေးတွေနဲ့ တို့တစ်တွေ ဘယ်လိုတူနိုင်သလဲ။

  6. ၆။ တပည့်တော်တွေ ဘာကို သိချင်နေကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၁:၁-၁၇ ကိုဖတ်။

    1. (က) ယေရုရှလင်မြို့ထဲ ရှင်ဘုရင်အဖြစ် ယေရှုဝင်ရောက်ပုံဟာ ရောမခေတ်က အောင်ပွဲခံဗိုလ်ချုပ်တွေ မြို့ထဲဝင်ပုံနဲ့ ဘယ်လိုကွာသလဲ။ (မ. ၂၁:၄၊ ၅; ဇာ. ၉:၉; ဖိ. ၂:၅-၈; ကော. ၂:၁၅)

    2. (ခ) ယေရှုဗိမာန်တော်ကိုဝင်တဲ့အခါ ဆာလံ ၁၁၈ ကို ကိုးကားမြွက်ဆိုခဲ့ကြတဲ့ ဣသရေလယောက်ျားလေးတွေဆီက လူငယ်တွေ ဘာသင်ယူနိုင်သလဲ။ (မ. ၂၁:၉၊ ၁၅; ဆာ. ၁၁၈:၂၅၊ ၂၆; ၂ တိ. ၃:၁၅; ၂ ပေ. ၃:၁၈)

  2. ၂။ ယောဟန် ၁၂:၁၂-၁၆ ကိုဖတ်။

    စွန်ပလွံခက်တွေသုံးပြီး ယေရှုကိုကြိုဆိုခဲ့ကြခြင်းက ဘာကိုပုံဆောင်သလဲ။ (ယော. ၁၂:၁၃; ဖိ. ၂:၁၀; ဗျာ. ၇:၉၊ ၁၀)

ပုံပြင် ၉၈

သံလွင်တောင်ပေါ်မှာ ရောက်နေတဲ့အကြောင်း

  1. ၁။ ပုံထဲမှာ ယေရှုကဘယ်တစ်ယောက်လဲ၊ သူနဲ့အတူရှိနေသူတွေက ဘယ်သူတွေလဲ။

  2. ၂။ ယဇ်ပုရောဟိတ်တွေဟာ ဗိမာန်တော်မှာ ယေရှုကိုဘာလုပ်ဖို့ ကြိုးစားခဲ့ကြသလဲ၊ သူတို့ကို ကိုယ်တော်ဘာပြောသလဲ။

  3. ၃။ တမန်တော်တွေ ယေရှုကို ဘာမေးသလဲ။

  4. ၄။ ကောင်းကင်မှာ ဘုရင်အနေနဲ့ ယေရှုအုပ်ချုပ်တဲ့အခါ ကမ္ဘာပေါ်မှာ ဖြစ်ပျက်မယ့်အရာတချို့ တမန်တော်တွေကို ကိုယ်တော် ဘာကြောင့်ပြောပြသလဲ။

  5. ၅။ ကမ္ဘာပေါ်က ဆိုးယုတ်မိုက်မဲမှုမှန်သမျှကို အဆုံးမသတ်ခင် ဘာဖြစ်လာမယ်လို့ ယေရှုပြောသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၃:၁-၃၉ ကိုဖတ်။

    1. (က) လောကနဲ့ဆိုင်တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေကို အသုံးပြုနိုင်တယ်လို့ သမ္မာကျမ်းစာဖော်ပြပေမဲ့ ခရစ်ယာန်အသင်းတော်ထဲမှာ မြှောက်ပင့်ပြီးခေါ်တဲ့ ဘွဲ့အမည်တွေ အသုံးပြုခြင်းနဲ့ပတ်သက်လို့ မဿဲ ၂၃:၈-၁၁ ပါယေရှုရဲ့စကားက ဘာကိုဖော်ပြသလဲ။ (တ. ၂၆:၂၅; ရော. ၁၃:၇; ၁ ပေ. ၂:၁၃၊ ၁၄)

    2. (ခ) လူတွေ ခရစ်ယာန်ဖြစ်မလာစေဖို့ ဖာရိရှဲတွေ ဘာကိုသုံးပြီး တားခဲ့ကြသလဲ၊ ခုခေတ် ဘာသာရေးခေါင်းဆောင်တွေလည်း အလားတူနည်းတွေကို ဘယ်လိုအသုံးချကြသလဲ။ (မ. ၂၃:၁၃; လု. ၁၁:၅၂; ယော. ၉:၂၂; ၁၂:၄၂; ၁ သက်. ၂:၁၆)

  2. ၂။ မဿဲ ၂၄:၁-၁၄ ကိုဖတ်။

    1. (က) ခံနိုင်ရည်ရှိဖို့အရေးကြီးကြောင်း မဿဲ ၂၄:၁၃ မှာ ဘယ်လိုအလေးပေးဖော်ပြထားသလဲ။

    2. (ခ) မဿဲ ၂၄:၁၃ မှာပါတဲ့ “အဆုံး” ဆိုတဲ့အသုံးအနှုန်းက ဘာကိုဆိုလိုသလဲ။ (မ. ၁၆:၂၇; ရော. ၁၄:၁၀-၁၂; ၂ ကော. ၅:၁၀)

  3. ၃။ မာကု ၁၃:၃-၁၀ ကိုဖတ်။

    မာကု ၁၃:၁၀ မှာပါတဲ့ ဘယ်အသုံးအနှုန်းက သတင်းကောင်းဟောပြောခြင်း အရေးကြီးကြောင်း ဖော်ပြသလဲ၊ ယေရှုရဲ့စကားတွေက တို့တစ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ရော. ၁၃:၁၁၊ ၁၂; ၁ ကော. ၇:၂၉-၃၁; ၂ တိ. ၄:၂)

ပုံပြင် ၉၉

အထက်ခန်းမှာ ရှိနေကြတဲ့အခါ

  1. ၁။ ပုံဖော်ရေးဆွဲထားတဲ့အတိုင်း ယေရှုနဲ့တမန်တော် ၁၂ ပါးဟာ အထက်ခန်းမဆောင်ကြီးထဲ ဘာကြောင့် ရောက်နေကြတာလဲ။

  2. ၂။ အပြင်ကို ထွက်ခွာနေတဲ့သူက ဘယ်သူလဲ၊ သူဘာသွားလုပ်မလို့လဲ။

  3. ၃။ ပသခါစားသောက်ပွဲပြီးတဲ့နောက် ဘယ်အထူးစားသောက်ပွဲကို ယေရှုအစပြုသလဲ။

  4. ၄။ ပသခါပွဲက ဣသရေလလူတွေကို ဘယ်အဖြစ်အပျက် သွားသတိရစေသလဲ၊ ဒီအထူးစားသောက်ပွဲက ယေရှုရဲ့နောက်လိုက်တွေကို ဘာသတိရစေသလဲ။

  5. ၅။ သခင့်ညစာစားပွဲပြီးတဲ့နောက် သူ့နောက်လိုက်တွေကို ယေရှု ဘာပြောသလဲ၊ ပြီးတော့ သူတို့ဘာလုပ်ကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၆:၁၄-၃၀ ကိုဖတ်။

    1. (က) ယေရှုကို ယုဒ သစ္စာဖောက်တာဟာ တမင်ရည်ရွယ်တဲ့လုပ်ရပ်ဖြစ်ကြောင်း မဿဲ ၂၆:၁၅ ကဘယ်လိုဖော်ပြသလဲ။

    2. (ခ) ယေရှုသွန်းခဲ့တဲ့အသွေးက ဘယ်ရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက်စေသလဲ။ (မ. ၂၆:၂၇၊ ၂၈; ယေ. ၃၁:၃၁-၃၃; ဧ. ၁:၈; ဟေဗြဲ ၉:၁၉၊ ၂၀)

  2. ၂။ လုကာ ၂၂:၁-၃၉ ကိုဖတ်။

    စာတန်ဟာ ယုဒအထဲကို ဘယ်သဘောနဲ့ဝင်ခဲ့သလဲ။ (လု. ၂၂:၃; ယော. ၁၃:၂; တ. ၁:၂၄၊ ၂၅)

  3. ၃။ ယောဟန် ၁၃:၁-၂၀ ကိုဖတ်။

    1. (က) ယောဟန် ၁၃:၂ ကမှတ်တမ်းကိုကြည့်ရင် သူပြုလုပ်ခဲ့ရာအတွက် ယုဒ အပြစ်တင်ခံထိုက်သလား၊ ဒီအချက်ကနေ ဘုရားသခင့်ကျေးကျွန်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (က. ၄:၇; ၂ ကော. ၂:၁၁; ဂလ. ၆:၁; ယာ. ၁:၁၃၊ ၁၄)

    2. (ခ) ထိရောက်တဲ့ ဘယ်လက်တွေ့ကျသင်ခန်းစာကို ယေရှုပေးခဲ့သလဲ။ (ယော. ၁၃:၁၅; မ. ၂၃:၁၁; ၁ ပေ. ၂:၂၁)

  4. ၄။ ယောဟန် ၁၇:၁-၂၆ ကိုဖတ်။

    ဘယ်လိုသဘောနဲ့ သူ့နောက်လိုက်တွေ “တစ်လုံးတစ်ဝတည်းဖြစ်” ဖို့ ယေရှုဆုတောင်းခဲ့တာလဲ။ (ယော. ၁၇:၁၁၊ ၂၁-၂၃; ရော. ၁၃:၈; ၁၄:၁၉; ကော. ၃:၁၄)

ပုံပြင် ၁၀၀

ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း

  1. ၁။ အထက်ခန်းမဆောင်က ထွက်လာကြပြီးနောက် ယေရှုနဲ့တမန်တော်တွေ ဘယ်ကိုသွားကြသလဲ၊ သူတို့ကို ဘာလုပ်ဖို့မှာသလဲ။

  2. ၂။ တမန်တော်တွေရှိတဲ့နေရာကို ပြန်လာတဲ့အခါ ယေရှုဘာတွေ့ရသလဲ၊ အဲဒီလိုဖြစ်တာ ဘယ်နှစ်ခါလဲ။

  3. ၃။ ဥယျာဉ်ထဲကို ဘယ်သူတွေဝင်လာသလဲ၊ ပုံမှာပါတဲ့အတိုင်း ယုဒရှကာရုတ် ဘာလုပ်သလဲ။

  4. ၄။ ယေရှုကို ယုဒဘာဖြစ်လို့ နမ်းတာလဲ၊ ပေတရုဘာလုပ်သလဲ။

  5. ၅။ ပေတရုကို ယေရှုဘာပြောသလဲ၊ ဒါပေမဲ့ ကောင်းကင်တမန်တွေ စေလွှတ်ပေးဖို့ ဘုရားသခင်ဆီကို ယေရှု ဘာလို့မတောင်းတာလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၆:၃၆-၅၆ ကိုဖတ်။

    1. (က) တပည့်တွေကို ယေရှုဆုံးမသွန်သင်ပေးခဲ့ပုံက ဒီကနေ့ ခရစ်ယာန်အကြီးအကဲတွေအတွက် ဘယ်လိုပုံနမူနာကောင်းဖြစ်သလဲ။ (မ. ၂၀:၂၅-၂၈; ၂၆:၄၀၊ ၄၁; ဂလ. ၅:၁၇; ဧ. ၄:၂၉၊ ၃၁၊ ၃၂)

    2. (ခ) လူလူချင်းတိုက်ခိုက်ဖို့ ပကတိလက်နက်တွေ ကိုင်ဆောင်တာကို ယေရှုဘယ်လိုရှုမြင်သလဲ။ (မ. ၂၆:၅၂; လု. ၆:၂၇၊ ၂၈; ယော. ၁၈:၃၆)

  2. ၂။ လုကာ ၂၂:၃၉-၅၃ ကိုဖတ်။

    ဂေသရှေမန်ဥယျာဉ်ထဲမှာ ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး ယေရှုကို အားပေးခဲ့တယ်၊ အဲဒါက ယေရှုရဲ့ယုံကြည်ခြင်း ယိမ်းယိုင်နေတယ်လို့ ဖော်ပြသလား။ ရှင်းပြပါ။ (လု. ၂၂:၄၁-၄၃; ဟေရှာ. ၄၉:၈; မ. ၄:၁၀၊ ၁၁; ဟေဗြဲ ၅:၇)

  3. ၃။ ယောဟန် ၁၈:၁-၁၂ ကိုဖတ်။

    ဆန့်ကျင်သူတွေလက်ကနေ တပည့်တော်တွေကို ယေရှု ဘယ်လိုကာကွယ်ပေးခဲ့သလဲ၊ အဲဒီပုံနမူနာကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (ယော. ၁၀:၁၁၊ ၁၂; ၁၈:၁၊ ၆-၉; ဟေဗြဲ ၁၃:၆; ယာ. ၂:၂၅)

ပုံပြင် ၁၀၁

ယေရှု အသတ်ခံရတဲ့အကြောင်း

  1. ၁။ ယေရှုသေဆုံးခြင်းအတွက် အဓိကတရားခံက ဘယ်သူလဲ။

  2. ၂။ ယေရှုကို ဘာသာရေးခေါင်းဆောင်တွေ ဖမ်းခေါ်သွားတဲ့အခါ တမန်တော်တွေ ဘာလုပ်ကြသလဲ။

  3. ၃။ ယဇ်ပုရောဟိတ်မင်း ကယာဖအိမ်မှာ ဘာဖြစ်ပျက်သလဲ။

  4. ၄။ ပေတရု ဘာဖြစ်လို့ အပြင်ထွက်ပြီးငိုတာလဲ။

  5. ၅။ ယေရှု ပိလတ်မင်းဆီက ပြန်ရောက်ပြီးနောက် ယဇ်ပုရောဟိတ်အကြီးတွေ ဘယ်လိုအော်ကြသလဲ။

  6. ၆။ သောကြာနေ့မွန်းလွဲပိုင်း ခပ်စောစောအချိန်မှာ ယေရှု ဘာကြုံတွေ့ရသလဲ၊ သူ့ဘေးက သစ်တိုင်မှာချိတ်ဆွဲခံရတဲ့ လူဆိုးကို ကိုယ်တော် ဘာကတိပေးသလဲ။

  7. ၇။ ယေရှုပြောတဲ့ပရဒိသု ဘယ်နေရာမှာ တည်ရှိမလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၆:၅၇-၇၅ ကိုဖတ်။

    ဂျူးဗဟိုတရားရုံးအဖွဲ့ဝင်တွေဟာ နှလုံးဆိုးညစ်ကြောင်း ဘယ်နည်းနဲ့ပြခဲ့ကြသလဲ။ (မ. ၂၆:၅၉၊ ၆၇၊ ၆၈)

  2. ၂။ မဿဲ ၂၇:၁-၅၀ ကိုဖတ်။

    ယုဒရဲ့နောင်တဟာ စစ်မှန်တဲ့နောင်တမဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်တာလဲ။ (မ. ၂၇:၃၊ ၄; မာ. ၃:၂၉; ၁၄:၂၁; ၂ ကော. ၇:၁၀၊ ၁၁)

  3. ၃။ လုကာ ၂၂:၅၄-၇၁ ကိုဖတ်။

    ယေရှုသစ္စာဖောက်ခံရပြီး အဖမ်းခံရတဲ့ညမှာ ကိုယ်တော်ကို ပေတရုသုံးကြိမ်ငြင်းပယ်ခြင်းကနေ တို့တစ်တွေ ဘာသင်ခန်းစာရနိုင်သလဲ။ (လု. ၂၂:၆၀-၆၂; မ. ၂၆:၃၁-၃၅; ၁ ကော. ၁၀:၁၂)

  4. ၄။ လုကာ ၂၃:၁-၄၉ ကိုဖတ်။

    သူ့အပေါ် မတရားပြုမူတာကို ယေရှုဘယ်လိုတုံ့ပြန်ခဲ့သလဲ၊ အဲဒီကနေ တို့တစ်တွေ ဘာသင်ခန်းစာယူနိုင်သလဲ။ (လု. ၂၃:၃၃၊ ၃၄; ရော. ၁၂:၁၇-၁၉; ၁ ပေ. ၂:၂၃)

  5. ၅။ ယောဟန် ၁၈:၁၂-၄၀ ကိုဖတ်။

    ပေတရုဟာ လူကိုကြောက်လို့ ခဏလောက် မလှုပ်မရှားဖြစ်သွားခဲ့ပေမဲ့ ထူးခြားထင်ရှားတဲ့တမန်တော်တစ်ပါး ပြန်ဖြစ်လာတဲ့အချက်က ဘာကိုဖော်ပြသလဲ။ (ယော. ၁၈:၂၅-၂၇; ၁ ကော. ၄:၂; ၁ ပေ. ၃:၁၄၊ ၁၅; ၅:၈၊ ၉)

  6. ၆။ ယောဟန် ၁၉:၁-၃၀ ကိုဖတ်။

    1. (က) ယေရှုမှာ ရုပ်ပစ္စည်းနဲ့ပတ်သက်ပြီး မျှတတဲ့ဘယ်အမြင်ရှိခဲ့သလဲ။ (ယော. ၂:၁၊ ၂၊ ၉၊ ၁၀; ၁၉:၂၃၊ ၂၄; မ. ၆:၃၁၊ ၃၂; ၈:၂၀)

    2. (ခ) ယေရှုသေဆုံးခါနီးပြောတဲ့စကားတွေက ယေဟောဝါရဲ့အချုပ်အခြာအာဏာကို ထောက်ခံတဲ့ အောင်ပွဲခံကြေညာချက် ဘယ်လိုဖြစ်သလဲ။ (ယော. ၁၆:၃၃; ၁၉:၃၀; ၂ ပေ. ၃:၁၄; ၁ ယော. ၅:၄)

ပုံပြင် ၁၀၂

ယေရှုပြန်ရှင်ပြီဆိုတဲ့အကြောင်း

  1. ၁။ ပုံထဲကအမျိုးသမီးက ဘယ်သူလဲ၊ အမျိုးသားနှစ်ယောက်ကကော၊ သူတို့ဘယ်နေရာမှာရှိနေကြတာလဲ။

  2. ၂။ စစ်သားတချို့စေလွှတ်ပြီး ယေရှုရဲ့သင်္ချိုင်းဂူကိုစောင့်ဖို့ ဘာဖြစ်လို့ ယဇ်ပုရောဟိတ်တွေကို ပိလတ်က ပြောတာလဲ။

  3. ၃။ ယေရှုသေလို့ သုံးရက်မြောက်တဲ့နေ့ မနက်စောစောမှာ ကောင်းကင်တမန်တစ်ပါး ဘာလုပ်သလဲ၊ ဒါပေမဲ့ ယဇ်ပုရောဟိတ်တွေ ဘာလုပ်ကြသလဲ။

  4. ၄။ အမျိုးသမီးတချို့ ယေရှုရဲ့သင်္ချိုင်းဂူကို လာတဲ့အခါ ဘာကြောင့် အံ့သြသွားကြတာလဲ။

  5. ၅။ ပေတရုနဲ့ ယောဟန် ဘာဖြစ်လို့ ယေရှုရဲ့သင်္ချိုင်းဂူဆီကို ပြေးသွားကြတာလဲ၊ သူတို့ ဘာတွေ့ရသလဲ။

  6. ၆။ ယေရှုရဲ့ကိုယ်ခန္ဓာ ဘာဖြစ်သွားသလဲ၊ ဒါပေမဲ့ ကိုယ်တော်အသက်ရှင်နေပြီဆိုတာ တပည့်တွေကိုပြဖို့ ကိုယ်တော် ဘာလုပ်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ မဿဲ ၂၇:၆၂-၆၆ နှင့် ၂၈:၁-၁၅ ကိုဖတ်။

    ယေရှုရှင်ပြန်ထမြောက်ချိန်မှာ ယဇ်ပုရောဟိတ်အကြီးတွေ၊ ဖာရိရှဲတွေနဲ့ လူအကြီးအကဲတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်လိုပြစ်မှားခဲ့ကြသလဲ။ (မ. ၁၂:၂၄၊ ၃၁၊ ၃၂; ၂၈:၁၁-၁၅)

  2. ၂။ လုကာ ၂၄:၁-၁၂ ကိုဖတ်။

    အမျိုးသမီးတွေကို ယုံကြည်စိတ်ချရတဲ့သက်သေတွေအဖြစ် ယေဟောဝါရှုမြင်ကြောင်း ယေရှုရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။ (လု. ၂၄:၄၊ ၉၊ ၁၀; မ. ၂၈:၁-၇)

  3. ၃။ ယောဟန် ၂၀:၁-၁၂ ကိုဖတ်။

    ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံတာကို တို့တစ်တွေ ကောင်းကောင်းနားမလည်တဲ့အခါ စိတ်ရှည်ဖို့လိုကြောင်း ယောဟန် ၂၀:၈၊ ၉ က ဘယ်လိုသိမြင်စေသလဲ။ (သု. ၄:၁၈; မ. ၁၇:၂၂၊ ၂၃; လု. ၂၄:၅-၈; ယော. ၁၆:၁၂)

ပုံပြင် ၁၀၃

သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း

  1. ၁။ ဥယျာဉ်စောင့်လို့ သူထင်တဲ့လူကို မာရိဘာပြောသလဲ၊ တကယ်တော့ အဲဒီလူဟာ ယေရှုဖြစ်ကြောင်း မာရိ ဘယ်လိုမှတ်မိသွားသလဲ။

  2. ၂။ တပည့်တော်နှစ်ယောက် ဧမောက်ရွာကိုသွားကြတုန်း ဘာဖြစ်ပျက်သလဲ။

  3. ၃။ တပည့်နှစ်ယောက်က ယေရှုကိုမြင်တွေ့ခဲ့ကြောင်း တမန်တော်တွေကို ပြောပြနေချိန်မှာ အံ့ဩစရာကောင်းတဲ့ ဘယ်အဖြစ်အပျက်ဖြစ်လာသလဲ။

  4. ၄။ သူ့နောက်လိုက်တွေကို ယေရှု ဘယ်နှစ်ကြိမ် ကိုယ်ယောင်ထင်ရှားပြခဲ့ပြီလဲ။

  5. ၅။ တပည့်တော်တွေက သခင်ကိုမြင်တွေ့ကြောင်း သောမကြားတဲ့အခါ သူဘာပြောသလဲ၊ ဒါပေမဲ့ ရှစ်ရက်နောက်ပိုင်းမှာ ဘာဖြစ်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောဟန် ၂၀:၁၁-၂၉ ကိုဖတ်။

    လူသားတွေမှာ အပြစ်လွှတ်ပိုင်ခွင့်ရှိတယ်လို့ ယောဟန် ၂၀:၂၃ မှာ ယေရှုပြောနေတာလား။ ရှင်းပြပါ။ (ဆာ. ၄၉:၂၊ ၇; ဟေရှာ. ၅၅:၇; ၁ တိ. ၂:၅၊ ၆; ၁ ယော. ၂:၁၊ ၂)

  2. ၂။ လုကာ ၂၄:၁၃-၄၃ ကိုဖတ်။

    ကျမ်းစာအမှန်တရားတွေကို သဘောပေါက်လက်ခံလွယ်အောင် တို့တစ်တွေရဲ့နှလုံးကို ဘယ်လိုအသင့်ပြင်နိုင်သလဲ။ (လု. ၂၄:၃၂၊ ၃၃; ဧဇ. ၇:၁၀ကဘ– ဧဇရသည် . . . နှလုံးကိုအသင့်ပြင်ဆင်ထား၏; မ. ၅:၃ကဘ– ဝိညာဉ်ရေးလိုအပ်ချက်ရှိကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏; တ. ၁၆:၁၄; ဟေဗြဲ ၅:၁၁-၁၄)

ပုံပြင် ၁၀၄

ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း

  1. ၁။ တစ်ကြိမ်မှာ ယေရှုကို တပည့်တော်ဘယ်နှစ်ယောက် မြင်လိုက်ရသလဲ၊ သူတို့ကို ကိုယ်တော် ဘာပြောသလဲ။

  2. ၂။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဘုရင်အဖြစ် ယေရှုအနှစ်တစ်ထောင်အုပ်ချုပ်တဲ့အခါ မြေကြီးပေါ်အသက်ရှင်ရတာ ဘယ်လိုနေလိမ့်မလဲ။

  3. ၃။ တပည့်တွေရှေ့မှာ ယေရှု ဘယ်နှစ်ရက် ကိုယ်ယောင်ပြခဲ့ပြီလဲ၊ ဒါပေမဲ့ အခု ကိုယ်တော် ဘာလုပ်ဖို့အချိန်ရောက်ပြီလဲ။

  4. ၄။ တပည့်တွေနဲ့ မခွဲခွာခင် သူတို့ကို ယေရှုဘာမှာသလဲ။

  5. ၅။ ပုံထဲမှာ ဘာဖြစ်နေတာလဲ၊ လူမြင်ကွင်းကနေ ယေရှု ဘယ်လိုပျောက်ကွယ်သွားသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ၁ ကောရိန္သု ၁၅:၃-၈ ကိုဖတ်။

    တမန်တော်ပေါလုဟာ ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဘာဖြစ်လို့ ဒီလောက်ယုံကြည်စိတ်ချစွာ ပြောနိုင်တာလဲ၊ ဒီကနေ့ ခရစ်ယာန်တွေကော ဘယ်အကြောင်းကို ယုံကြည်စိတ်ချစွာ ပြောနိုင်သလဲ။ (၁ ကော. ၁၅:၄၊ ၇၊ ၈; ဟေရှာ. ၂:၂၊ ၃; မ. ၂၄:၁၄; ၂ တိ. ၃:၁-၅)

  2. ၂။ တမန်တော် ၁:၁-၁၁ ကိုဖတ်။

    တမန်တော် ၁:၈ မှာ ကြိုပြောထားတဲ့အတိုင်း ဟောပြောခြင်းလုပ်ငန်း ဘယ်လောက်အထိ ပျံ့နှံ့ခဲ့ပြီလဲ။ (တ. ၆:၇; ၉:၃၁; ၁၁:၁၉-၂၁; ကော. ၁:၂၃)

ပုံပြင် ၁၀၅

ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း

  1. ၁။ ပုံမှာပြထားတဲ့အတိုင်း ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့ ယေရှုရဲ့နောက်တော်လိုက်တွေ ဘာကြုံတွေ့ရသလဲ။

  2. ၂။ ယေရုရှလင်မြို့ကိုလာတဲ့ဧည့်သည်တွေ ဘယ်အံ့သြစရာကို ကြုံတွေ့ရသလဲ။

  3. ၃။ လူတွေကို ပေတရု ဘာရှင်းပြသလဲ။

  4. ၄။ ပေတရုပြောတာကို နားထောင်ကြပြီးနောက် လူတွေ ဘယ်လိုခံစားရသလဲ၊ သူတို့ကို ဘာလုပ်ဖို့ပြောသလဲ။

  5. ၅။ စီ.အီး. ၃၃ ခုနှစ်၊ အဲဒီပင်တေကုတ္တေပွဲနေ့မှာ လူဘယ်လောက်နှစ်ခြင်းခံခဲ့ကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၂:၁-၄၇ ကိုဖတ်။

    1. (က) ယေရှုရဲ့သေခြင်းအတွက် ဂျူးလူမျိုးတစ်မျိုးလုံးမှာ တာဝန်ရှိကြောင်း တမန်တော် ၂:၂၃၊ ၃၆ မှာပါတဲ့ ပေတရုရဲ့စကားက ဘယ်လိုဖော်ပြသလဲ။ (၁ သက်. ၂:၁၄၊ ၁၅)

    2. (ခ) ကျမ်းစာနဲ့ကျိုးကြောင်းဆင်ခြင်ပြရာမှာ ပေတရု ဘယ်လိုပုံသက်သေကောင်းပြခဲ့သလဲ။ (တ. ၂:၁၆၊ ၁၇၊ ၂၉၊ ၃၁၊ ၃၆၊ ၃၉; ကော. ၄:၆)

    3. (ဂ) သူ့ကိုပေးမယ်လို့ ယေရှုကတိပြုထားတဲ့ “ကောင်းကင်နိုင်ငံတော်၏သော့” တွေထဲက ပထမတစ်ချောင်းကို ပေတရု ဘယ်လိုသုံးခဲ့သလဲ။ (တ. ၂:၁၄၊ ၂၂-၂၄၊ ၃၇၊ ၃၈; မ. ၁၆:၁၉)

ပုံပြင် ၁၀၆

ထောင်ထဲကထွက်လာကြတဲ့အကြောင်း

  1. ၁။ တစ်နေ့ နေ့လယ်ခင်းမှာ ပေတရုနဲ့ ယောဟန်တို့ ဗိမာန်တော်ကိုအသွားမှာ ဘာဖြစ်ပျက်သလဲ။

  2. ၂။ ခြေမသန်တဲ့လူကို ပေတရု ဘာပြောသလဲ၊ ငွေထက် ပိုပြီးအဖိုးတန်တဲ့ ဘယ်အရာကို ပေတရုက သူ့ကိုပေးသလဲ။

  3. ၃။ ဘာသာရေးခေါင်းဆောင်တွေ ဘာဖြစ်လို့ စိတ်ဆိုးကြတာလဲ၊ ပေတရုနဲ့ ယောဟန်ကို သူတို့ဘာလုပ်ကြသလဲ။

  4. ၄။ ဘာသာရေးခေါင်းဆောင်တွေကို ပေတရု ဘာပြောသလဲ၊ တမန်တော်တွေ ဘယ်လိုသတိပေးခံရသလဲ။

  5. ၅။ ဘာသာရေးခေါင်းဆောင်တွေ ဘာကြောင့် မနာလိုဖြစ်ကြတာလဲ၊ ဒါပေမဲ့ တမန်တော်တွေ ဒုတိယအကြိမ်ထောင်ကျတဲ့အခါ ဘာဖြစ်ပျက်လာသလဲ။

  6. ၆။ လွှတ်တော်ခန်းမထဲ အခေါ်ခံရချိန်မှာ တမန်တော်တွေ ဘယ်လိုပြန်ဖြေကြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၃:၁-၁၀ ကိုဖတ်။

    ဒီနေ့ တို့တစ်တွေဟာ အံ့ဖွယ်အမှုတွေလုပ်ဖို့ တန်ခိုးပေးအပ်မခံရကြပေမဲ့ တမန်တော် ၃:၆ မှာမှတ်တမ်းတင်ထားတဲ့ ပေတရုရဲ့စကားတွေက နိုင်ငံတော်သတင်းကောင်းကို တန်ဖိုးထားလေးစားဖို့ ဘယ်လိုထောက်ကူပေးသလဲ။ (ယော. ၁၇:၃; ၂ ကော. ၅:၁၈-၂၀; ဖိ. ၃:၈-၁၀)

  2. ၂။ တမန်တော် ၄:၁-၃၁ ကိုဖတ်။

    ဓမ္မအမှုမှာ ဆန့်ကျင်မှုတွေ ကြုံတွေ့ရတဲ့အခါ ပထမရာစုခရစ်ယာန်ညီအစ်ကိုတွေကို တို့တစ်တွေ ဘယ်နည်းနဲ့ တုပရမလဲ။ (တ. ၄:၂၉၊ ၃၁; ဧ. ၆:၁၈-၂၀; ၁ သက်. ၂:၂)

  3. ၃။ တမန်တော် ၅:၁၇-၄၂ ကိုဖတ်။

    အရင်ကကော အခုအချိန်မှာပါ သက်သေခံမဟုတ်သူတချို့ဟာ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ အကျိုးသင့်အကြောင်းသင့်သဘောထားရှိကြောင်း ဘယ်လိုတင်ပြခဲ့ကြပြီလဲ။ (တ. ၅:၃၄-၃၉)

ပုံပြင် ၁၀၇

သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း

  1. ၁။ သတေဖန်ဆိုတာ ဘယ်သူလဲ၊ သူဘာတွေလုပ်ဖို့ ဘုရားသခင်ကူညီပေးခဲ့သလဲ။

  2. ၂။ သတေဖန် ဘာပြောလိုက်လို့ ဘာသာရေးခေါင်းဆောင်တွေ အကြီးအကျယ်စိတ်ဆိုးကြတာလဲ။

  3. ၃။ သတေဖန်ကို မြို့ပြင်ဆွဲထုတ်သွားတဲ့အခါ သူ့ကို ဘာလုပ်ကြသလဲ။

  4. ၄။ ပုံထဲမှာ အပေါ်အင်္ကျီ ပုံထားတဲ့အနားမှာ ရပ်နေတဲ့လူငယ်က ဘယ်သူလဲ။

  5. ၅။ သတေဖန်မသေခင် ယေဟောဝါဆီကို သူဘယ်လိုဆုတောင်းသလဲ။

  6. ၆။ တစ်ယောက်ယောက်က တို့တစ်တွေအပေါ် မကောင်းတာလုပ်တဲ့အခါ သတေဖန်ကို တုပတဲ့အနေနဲ့ တို့တစ်တွေဘာလုပ်သင့်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၆:၈-၁၅ ကိုဖတ်။

    ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းရပ်တန့်စေဖို့ကြိုးစားရာမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဘယ်နည်းတွေကို ဘာသာရေးခေါင်းဆောင်တွေ အသုံးပြုခဲ့ကြပြီလဲ။ (တ. ၆:၉၊ ၁၁၊ ၁၃)

  2. ၂။ တမန်တော် ၇:၁-၆၀ ကိုဖတ်။

    1. (က) လွှတ်တော်ရှေ့မှောက် သတင်းကောင်းကို ထိထိရောက်ရောက် ခုခံကာကွယ်ပြောဆိုဖို့ သတေဖန်ကို ဘာကကူညီပေးခဲ့သလဲ၊ သူ့ရဲ့ ပုံနမူနာကနေ တို့တစ်တွေ ဘာသင်ယူနိုင်သလဲ။ (တ. ၇:၅၁-၅၃; ရော. ၁၅:၄; ၂ တိ. ၃:၁၄-၁၇; ၁ ပေ. ၃:၁၅)

    2. (ခ) တို့တစ်တွေရဲ့လုပ်ငန်းကို ဆန့်ကျင်သူတွေအပေါ် ဘယ်သဘောထား မွေးမြူသင့်သလဲ။ (တ. ၇:၅၈-၆၀; မ. ၅:၄၄; လု. ၂၃:၃၃၊ ၃၄)

ပုံပြင် ၁၀၈

ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ

  1. ၁။ သတေဖန်အသတ်ခံရပြီးနောက် ရှောလုဘာလုပ်သလဲ။

  2. ၂။ ဒမသက်မြို့ကို ရှောလုအသွားမှာ ဘယ်ထူးဆန်းတဲ့အဖြစ်အပျက် ဖြစ်ပျက်လာသလဲ။

  3. ၃။ ရှောလုကို ယေရှုဘာလုပ်ခိုင်းသလဲ။

  4. ၄။ အာနနိကို ယေရှု ဘာမှာကြားသလဲ၊ ရှောလုမျက်စိ ဘယ်လိုပြန်မြင်လာသလဲ။

  5. ၅။ ရှောလုကို ဘယ်နာမည်နဲ့ လူသိများလာသလဲ၊ သူဘယ်လိုအသုံးပြုခြင်း ခံရသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၈:၁-၄ ကိုဖတ်။

    ထူထောင်ခါစ ခရစ်ယာန်အသင်းတော်အပေါ် နှိပ်စက်ညှဉ်းပန်းမှုလှိုင်းလုံး ရိုက်ခတ်ခြင်းက ခရစ်ယာန်ယုံကြည်ခြင်း ပျံ့နှံ့ဖို့ဖြစ်စေခဲ့သလို ခုခေတ်မှာ အလားတူ ဘယ်အရာဖြစ်ပျက်ခဲ့ပြီလဲ။ (တ. ၈:၄; ဟေရှာ. ၅၄:၁၇)

  2. ၂။ တမန်တော် ၉:၁-၂၀ ကိုဖတ်။

    ရှောလုကို ဘယ်တာဝန်သုံးခုပေးဖို့ ရည်ရွယ်ထားတယ်လို့ ယေရှုဖော်ပြခဲ့သလဲ။ (တ. ၉:၁၅; ၁၃:၅; ၂၆:၁; ၂၇:၂၄; ရော. ၁၁:၁၃)

  3. ၃။ တမန်တော် ၂၂:၆-၁၆ ကိုဖတ်။

    အာနနိနဲ့ တို့တစ်တွေ ဘယ်လိုတူနိုင်သလဲ၊ အဲဒီလိုဖြစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (တ. ၂၂:၁၂; ၁ တိ. ၃:၇; ၁ ပေ. ၁:၁၄-၁၆; ၂:၁၂)

  4. ၄။ တမန်တော် ၂၆:၈-၂၀ ကိုဖတ်။

    ရှောလုဘာသာပြောင်းဝင်လာခြင်းက ဒီကနေ့ မယုံကြည်တဲ့အိမ်ထောင်ဖက်ရှိသူတွေအတွက် ဘယ်လိုအားပေးမှုဖြစ်သလဲ။ (တ. ၂၆:၁၁; ၁ တိ. ၁:၁၄-၁၆; ၂ တိ. ၄:၂; ၁ ပေ. ၃:၁-၃)

ပုံပြင် ၁၀၉

ပေတရု ကော်နေလိဆီသွားတဲ့အကြောင်း

  1. ၁။ ပုံထဲမှာ ဦးချနေတဲ့သူက ဘယ်သူလဲ။

  2. ၂။ ကော်နေလိကို ကောင်းကင်တမန်တစ်ပါး ဘာပြောသလဲ။

  3. ၃။ ယုပ္ပေမြို့က ရှိမုန်ရဲ့အိမ်ခေါင်မိုးပေါ် ပေတရုရောက်နေချိန်မှာ သူဘာကိုမြင်အောင် ဘုရားသခင် ဖန်တီးလိုက်သလဲ။

  4. ၄။ ပေတရုက သူ့ကိုဦးမချ၊ ဝတ်မပြုရဘူးဆိုပြီး ကော်နေလိကို ဘာလို့ပြောတာလဲ။

  5. ၅။ ပေတရုနဲ့လိုက်လာတဲ့ ဂျူးတပည့်တော်တွေ ဘာဖြစ်လို့ အံ့အားသင့်သွားကြတာလဲ။

  6. ၆။ ပေတရု ကော်နေလိဆီသွားတဲ့အကြောင်းကနေ ဘယ်အရေးကြီးတဲ့သင်ခန်းစာရသင့်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၁၀:၁-၄၈ ကိုဖတ်။

    တမန်တော် ၁၀:၄၂ မှာပါတဲ့ ပေတရုရဲ့စကားက နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းအကြောင်း ဘာကိုဖော်ပြသလဲ။ (မ. ၂၈:၁၉; မာ. ၁၃:၁၀; တ. ၁:၈)

  2. ၂။ တမန်တော် ၁၁:၁-၁၈ ကိုဖတ်။

    တစ်ပါးအမျိုးသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ညွှန်ကြားချက် သိသာထင်ရှားလာတဲ့အခါ ဘယ်သဘောထားကို ပေတရုတင်ပြခဲ့သလဲ၊ သူ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုတုပနိုင်သလဲ။ (တ. ၁၁:၁၇၊ ၁၈; ၂ ကော. ၁၀:၅; ဧ. ၅:၁၇)

ပုံပြင် ၁၁၀

ပေါလုရဲ့လုပ်ဖော်သစ်—တိမောသေအကြောင်း

  1. ၁။ ပုံမှာပါတဲ့လူငယ်လေးက ဘယ်သူလဲ၊ သူဘယ်မှာနေသလဲ၊ သူ့မေမေနဲ့ သူ့အဘွားနာမည် ဘယ်လိုခေါ်သလဲ။

  2. ၂။ အဝေးကြီးမှာရှိတဲ့လူတွေကို သိလနဲ့ ပေါလုတို့ သွားဟောပြောတဲ့အခါ သူတို့နဲ့လိုက်ချင်သလားဆိုပြီး ပေါလုမေးတော့ တိမောသေ ဘာပြောသလဲ။

  3. ၃။ ယေရှုရဲ့နောက်လိုက်တွေကို ခရစ်ယာန်တွေဆိုပြီး ဘယ်နေရာမှာ ဦးဆုံးခေါ်ခဲ့တာလဲ။

  4. ၄။ အန္တိအုတ်မြို့ကနေ ပေါလု၊ သိလနဲ့တိမောသေတို့ ထွက်သွားပြီးနောက် ဘယ်မြို့တွေကို သူတို့ရောက်သွားကြသလဲ။

  5. ၅။ ပေါလုကို တိမောသေ ဘယ်လိုကူညီပေးသလဲ၊ ဒီကနေ့ လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းမေးသင့်သလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၉:၁၉-၃၀ ကိုဖတ်။

    တမန်တော်ပေါလုဟာ သတင်းကောင်းကြောင့် အတိုက်အခံကြုံရတဲ့အခါ ပညာသတိရှိကြောင်း ဘယ်လိုပြခဲ့သလဲ။ (တ. ၉:၂၂-၂၅၊ ၂၉၊ ၃၀; မ. ၁၀:၁၆)

  2. ၂။ တမန်တော် ၁၁:၁၉-၂၆ ကိုဖတ်။

    ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါရဲ့ဝိညာဉ်တော် လမ်းပြညွှန်ကြားနေကြောင်း တမန်တော် ၁၁:၁၉-၂၁၊ ၂၆ မှာပါတဲ့မှတ်တမ်းက ဘယ်လိုဖော်ပြသလဲ။

  3. ၃။ တမန်တော် ၁၃:၁၃-၁၆၊ ၄၂-၅၂ ကိုဖတ်။

    တပည့်တော်တွေဟာ ဆန့်ကျင်မှုကြောင့် စိတ်ပျက်အားလျော့သွားတဲ့အဖြစ် ရောက်ခွင့်မပေးခဲ့ကြကြောင်း တမန်တော် ၁၃:၅၁၊ ၅၂ ကဘယ်လိုဖော်ပြသလဲ။ (မ. ၁၀:၁၄; တ. ၁၈:၆; ၁ ပေ. ၄:၁၄)

  4. ၄။ တမန်တော် ၁၄:၁-၆၊ ၁၉-၂၈ ကိုဖတ်။

    ‘ဘုရားသခင်၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏’ ဆိုတဲ့အသုံးအနှုန်းက လူသစ်တွေကို ရိုင်းပင်းကူညီတဲ့အခါ အစိုးရိမ်မလွန်ဖို့ တို့တစ်တွေကို ဘယ်လိုထောက်ကူပေးသလဲ။ (တ. ၁၄:၂၁-၂၃; ၂၀:၃၂; ယော. ၆:၄၄)

  5. ၅။ တမန်တော် ၁၆:၁-၅ ကိုဖတ်။

    အရေဖျားလှီးခြင်းခံယူဖို့ တိမောသေအသင့်ရှိခြင်းက “သတင်းကောင်း . . . အတွက် ခပ်သိမ်းသောအရာများကို” ပြုလုပ်ဖို့အရေးကြီးကြောင်း ဘယ်လိုအလေးပေးဖော်ပြသလဲ။ (တ. ၁၆:၃; ၁ ကော. ၉:၂၃ကဘ; ၁ သက်. ၂:၈)

  6. ၆။ တမန်တော် ၁၈:၁-၁၁၊ ၁၈-၂၂ ကိုဖတ်။

    ဟောပြောခြင်းလုပ်ငန်းကို ယေရှုကိုယ်တော်တိုင် ပါဝင်ညွှန်ကြားနေတာနဲ့ပတ်သက်လို့ တမန်တော် ၁၈:၉၊ ၁၀ ကဘာကိုဖော်ပြသလဲ၊ အဲဒီအချက်က ဒီကနေ့ တို့တစ်တွေကို ဘာယုံကြည်စိတ်ချစေသလဲ။ (မ. ၂၈:၂၀)

ပုံပြင် ၁၁၁

အိပ်ပျော်သွားတဲ့ ယောက်ျားကလေးတစ်ယောက်အကြောင်း

  1. ၁။ ပုံထဲမှာ လဲကျနေတဲ့သူငယ်လေးက ဘယ်သူလဲ၊ သူဘာဖြစ်သွားသလဲ။

  2. ၂။ သူငယ်လေးသေသွားတာကို ပေါလုတွေ့တဲ့အခါ သူဘာလုပ်သလဲ။

  3. ၃။ ပေါလု၊ တိမောသေနဲ့ ခရီးသွားဖော်တွေ ဘယ်ကိုသွားကြသလဲ၊ မိလက်မြို့မှာ ခဏနားတော့ ဘာဖြစ်ပျက်သလဲ။

  4. ၄။ ပရောဖက်အာဂဗုက ပေါလုကို ဘာသတိပေးသလဲ၊ ပရောဖက်ပြောတဲ့အတိုင်း ဘယ်လိုဖြစ်ပျက်လာသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၂၀:၇-၃၈ ကိုဖတ်။

    1. (က) တမန်တော် ၂၀:၂၆၊ ၂၇ မှာဖော်ပြထားတဲ့ ပေါလုရဲ့စကားအရ “လူအပေါင်းတို့၏အသွေးနှင့်” တို့တစ်တွေ ဘယ်လို “ကင်းလွတ်” နိုင်မလဲ။ (ယေဇ. ၃၃:၈; တ. ၁၈:၆၊ ၇)

    2. (ခ) ဆုံးမသွန်သင်တဲ့အခါ အကြီးအကဲတွေဟာ ဘာဖြစ်လို့ “သစ္စာစကားတော်ကို စွဲမြဲသောသူ” ဖြစ်ရမလဲ။ (တ. ၂၀:၁၇၊ ၂၉၊ ၃၀; တိ. ၁:၇-၉သမ္မာ; ၂ တိ. ၁:၁၃)

  2. ၂။ တမန်တော် ၂၆:၂၄-၃၂ ကိုဖတ်။

    ယေရှုပေးအပ်ထားတဲ့ ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ရာမှာ ရောမနိုင်ငံသားအဖြစ်ကို ပေါလု ဘယ်လိုအသုံးပြုခဲ့သလဲ။ (တ. ၉:၁၅; ၁၆:၃၇၊ ၃၈; ၂၅:၁၁၊ ၁၂; ၂၆:၃၂; လု. ၂၁:၁၂၊ ၁၃)

ပုံပြင် ၁၁၂

ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း

  1. ၁။ ပေါလုစီးလာတဲ့သင်္ဘော ကရေတေကျွန်းနားရောက်တော့ ဘာဖြစ်သွားသလဲ။

  2. ၂။ သင်္ဘောပေါ်ကလူတွေကို ပေါလုဘာပြောသလဲ။

  3. ၃။ သင်္ဘောကြီး ဘယ်လိုတစ်စစီ ကျိုးပဲ့သွားသလဲ။

  4. ၄။ တပ်မှူးက ဘာအမိန့်ပေးသလဲ၊ ဘေးမသီရန်မခ ကမ်းပေါ်တက်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ။

  5. ၅။ သူတို့ကမ်းတက်ခဲ့တဲ့ ကျွန်းနာမည် ဘယ်လိုခေါ်သလဲ၊ ရာသီဥတုသာယာလာတဲ့အခါ ပေါလုဘာကြုံတွေ့ရသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၂၇:၁-၄၄ ကိုဖတ်။

    ပေါလုရဲ့ ရောမခရီးစဉ်အကြောင်း ဖတ်ကြည့်တဲ့အခါ ကျမ်းစာမှတ်တမ်း တိကျမှန်ကန်ကြောင်း ဘယ်လိုတိုးပြီး ယုံကြည်စိတ်ချစေသလဲ။ (တ. ၂၇:၁၆-၁၉၊ ၂၇-၃၂; လု. ၁:၃၊ ၄; ၂ တိ. ၃:၁၆၊ ၁၇)

  2. ၂။ တမန်တော် ၂၈:၁-၁၄ ကိုဖတ်။

    မေလိတေကျွန်းသားအယူမှားသူတွေဟာ တမန်တော်ပေါလုနဲ့ သူ့ရဲ့သင်္ဘောပျက်ဖော်တွေကို “အထူးကြင်နာမှု” နဲ့ ဧည့်ဝတ်ပြုခဲ့တယ်ဆိုရင် ခရစ်ယာန်တွေကော ဘာကို တင်ပြလိုစိတ်ရှိရမလဲ၊ အထူးသဖြင့် ဘယ်လိုနည်းနဲ့တင်ပြမလဲ။ (တ. ၂၈:၁၊ ၂သတင်းကောင်း; ဟေဗြဲ ၁၃:၁၊ ၂; ၁ ပေ. ၄:၉)

ပုံပြင် ၁၁၃

ပေါလု ရောမမြို့မှာရှိနေတဲ့အခါ

  1. ၁။ ရောမမြို့မှာ ထောင်ကျနေတုန်း ပေါလု ဘယ်သူတွေကို ဟောပြောသလဲ။

  2. ၂။ ပုံထဲမှာ စားပွဲဘေးက ဧည့်သည်က ဘယ်သူလဲ၊ ပေါလုအတွက် သူဘာလုပ်ပေးနေတာလဲ။

  3. ၃။ ဧပဖြောဒိတ်ဆိုတာ ဘယ်သူလဲ၊ ဖိလိပ္ပိမြို့ကိုပြန်တော့ သူဘာယူသွား သလဲ။

  4. ၄။ သူ့အသိမိတ်ဆွေ ဖိလေမုန်ဆီကို ပေါလု ဘာဖြစ်လို့စာရေးတာလဲ။

  5. ၅။ ပေါလုအကျဉ်းက လွတ်လာတဲ့အခါ သူဘာလုပ်သလဲ၊ နောက်တော့ သူဘာဖြစ်ပြန်သလဲ။

  6. ၆။ ကျမ်းစာရဲ့နောက်ဆုံးစာစောင်တွေကိုရေးဖို့ ဘယ်သူ့ကို ယေဟောဝါ သုံးခဲ့သလဲ၊ ဗျာဒိတ်ကျမ်းက ဘာအကြောင်းပြောပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ တမန်တော် ၂၈:၁၆-၃၁ နှင့် ဖိလိပ္ပိ ၁:၁၃ ကိုဖတ်။

    ရောမမြို့မှာ ထောင်ကျနေတုန်း ပေါလု သူ့အချိန်ကို ဘယ်လိုအသုံးချခဲ့သလဲ၊ သူ့ရဲ့မယိမ်းယိုင်တဲ့ယုံကြည်ခြင်းက ခရစ်ယာန်အသင်းတော်အပေါ် ဘယ်အကျိုးသက်ရောက်ခဲ့သလဲ။ (တ. ၂၈:၂၃၊ ၃၀; ဖိ. ၁:၁၄)

  2. ၂။ ဖိလိပ္ပိ ၂:၁၉-၃၀ ကိုဖတ်။

    တိမောသေနဲ့ ဧပဖြောဒိတ်တို့ကို ပေါလု ဘယ်လိုကျေးဇူးတင်စကားပြောခဲ့သလဲ၊ ပေါလုရဲ့ပုံသက်သေကို တို့တစ်တွေ ဘယ်လိုအတုယူနိုင်သလဲ။ (ဖိ. ၂:၂၀၊ ၂၂၊ ၂၅၊ ၂၉၊ ၃၀; ၁ ကော. ၁၆:၁၈; ၁ သက်. ၅:၁၂၊ ၁၃)

  3. ၃။ ဖိလေမုန် ၁-၂၅ ကိုဖတ်။

    1. (က) ဖိလေမုန် သင့်တော်ရာလုပ်ဆောင်ဖို့ ဘာကိုအခြေခံပြီး ပေါလုတိုက်တွန်းခဲ့သလဲ၊ အဲဒါက ဒီကနေ့ အကြီးအကဲတွေအတွက် ဘယ်လိုလမ်းညွှန်ဖြစ်သလဲ။ (ဖိလေ. ၉; ၂ ကော. ၈:၈; ဂလ. ၅:၁၃)

    2. (ခ) အသင်းတော်ရှိ တခြားသူတွေရဲ့သြတ္တပ္ပစိတ်ကို ပေါလု လေးစားကြောင်း ဖိလေမုန် ၁၃၊ ၁၄ မှာပါတဲ့ သူ့ရဲ့စကားက ဘယ်လိုဖော်ပြသလဲ။ (၁ ကော. ၈:၇၊ ၁၃; ၁၀:၃၁-၃၃)

  4. ၄။ ၂ တိမောသေ ၄:၇-၉ ကိုဖတ်။

    တမန်တော်ပေါလုလိုပဲ အဆုံးတိုင်အောင် တို့တစ်တွေ သစ္စာရှိမယ်ဆိုရင် ယေဟောဝါ ဆုချမယ်ဆိုတာကို ဘယ်လိုစိတ်ချနိုင်သလဲ။ (မ. ၂၄:၁၃; ဟေဗြဲ ၆:၁၀)

ပုံပြင် ၁၁၄

အဆိုးအားလုံးရဲ့ လမ်းဆုံး

  1. ၁။ ကျမ်းစာဟာ ကောင်းကင်ပေါ်က မြင်းတွေအကြောင်းကို ဘာဖြစ်လို့ရေးတာလဲ။

  2. ၂။ ကမ္ဘာပေါ်က လူဆိုးတွေနဲ့တိုက်မယ့် ဘုရားသခင့်စစ်ပွဲနာမည် ဘယ်လိုခေါ်သလဲ၊ ဒီစစ်ပွဲရဲ့ရည်ရွယ်ချက်က ဘာလဲ။

  3. ၃။ ပုံကိုကြည့်ရင် ဒီစစ်ကိုဦးဆောင်ပြီးတိုက်မယ့်ပုဂ္ဂိုလ်က ဘယ်သူလဲ၊ ဘာဖြစ်လို့ သရဖူဆောင်းထားတာလဲ၊ သူ့ကိုင်ထားတဲ့ဓားက ဘာကိုဆိုလိုသလဲ။

  4. ၄။ ပုံပြင် ၁၀၊ ၁၅ နဲ့ ၃၃ ကိုပြန်ကြည့်ရင် လူဆိုးတွေကို ဘုရားသခင်ဖျက်ဆီးပစ်မယ်ဆိုတာ ဘာကြောင့် မအံ့သြသင့်သလဲ။

  5. ၅။ ကိုယ်တော့်ကို ဝတ်ပြုပါတယ်လို့ဆိုပေမဲ့ ဆိုးသွမ်းရင် ဘုရားသခင် ဖျက်ဆီးပစ်မယ်ဆိုတာ ပုံပြင် ၃၆ နဲ့ ၇၆ က ဘယ်လိုဖော်ပြသလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဗျာဒိတ် ၁၉:၁၁-၁၆ ကိုဖတ်။

    1. (က) ယေရှုခရစ်ဟာ မြင်းဖြူစီးသူဖြစ်ကြောင်း ကျမ်းစာက ဘယ်လိုရှင်းပြသလဲ။ (ဗျာ. ၁:၅; ၃:၁၄; ၁၉:၁၁; ဟေရှာ. ၁၁:၄)

    2. (ခ) အသွေးစဉ်ထားတဲ့ ယေရှုရဲ့ဝတ်လုံက အပြီးအပြတ်နဲ့ အပြည့်အဝ အောင်ပွဲခံကြောင်း ဘယ်လိုထောက်ခံသလဲ။ (ဗျာ. ၁၄:၁၈-၂၀; ၁၉:၁၃ကဘ)

    3. (ဂ) မြင်းဖြူစီးသူ ယေရှုနောက်လိုက်ကြတဲ့ ဗိုလ်ခြေတွေမှာ ဘယ်သူတွေပါနိုင်သလဲ။ (ဗျာ. ၁၂:၇; ၁၉:၁၄; မ. ၂၅:၃၁၊ ၃၂)

ပုံပြင် ၁၁၅

ကမ္ဘာပေါ်က ပရဒိသုအသစ်

  1. ၁။ မြေကြီးပရဒိသုမှာ ဘယ်လိုအခြေအနေခံစားရမယ်လို့ ကျမ်းစာကဖော်ပြသလဲ။

  2. ၂။ ပရဒိသုမှာနေမယ့်လူတွေအတွက် သမ္မာကျမ်းစာရဲ့ကတိက ဘာလဲ။

  3. ၃။ ဒီလောက်ကောင်းတဲ့ဟာတွေ ဖြစ်လာအောင် ဘယ်အချိန်မှာ ယေရှုကြပ်မတ်ပေးမှာလဲ။

  4. ၄။ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် သူလုပ်ပေးမယ့်အရာတွေကို နမူနာပြဖို့ ကမ္ဘာပေါ်မှာရှိတုန်းက ယေရှု ဘာတွေလုပ်ပြခဲ့သလဲ။

  5. ၅။ ကောင်းကင်ကနေ ကမ္ဘာကိုအုပ်ချုပ်တဲ့အခါ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေဟာ ဘာကိုဂရုစိုက်ကြမလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ဗျာဒိတ် ၅:၉၊ ၁၀ ကိုဖတ်။

    ကမ္ဘာကို အနှစ်တစ်ထောင်အုပ်ချုပ်မယ့်သူတွေဟာ စာနာတတ်ပြီး သနားကြင်နာတတ်တဲ့ ဘုရင်နဲ့ ယဇ်ပုရောဟိတ်တွေဖြစ်မယ်လို့ တို့တစ်တွေ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဧ. ၄:၂၀-၂၄; ၁ ပေ. ၁:၇; ၃:၈; ၅:၆-၁၀)

  2. ၂။ ဗျာဒိတ် ၁၄:၁-၃ ကိုဖတ်။

    ခမည်းတော်နဲ့ သိုးသငယ်ရဲ့နာမကို ၁၄၄,၀၀၀ တို့ရဲ့နဖူးတွေမှာ အက္ခရာတင်ထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ (၁ ကော. ၃:၂၃; ၂ တိ. ၂:၁၉; ဗျာ. ၃:၁၂)

ပုံပြင် ၁၁၆

ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း

  1. ၁။ ထာဝစဉ်အသက်ရှင်ချင်တယ်ဆိုရင် တို့တစ်တွေ ဘာသိဖို့လိုသလဲ။

  2. ၂။ ပုံထဲကမိန်းကလေးနဲ့ သူ့သူငယ်ချင်းတွေ ဖော်ပြတဲ့အတိုင်း ယေဟောဝါနဲ့ ယေရှုအကြောင်း ဘယ်လိုသင်ယူနိုင်သလဲ။

  3. ၃။ ပုံထဲမှာ နောက်ဘယ်စာအုပ်ကို တွေ့ရသလဲ၊ အဲဒါကို ဘာကြောင့် မှန်မှန်ဖတ်သင့်သလဲ။

  4. ၄။ ထာဝရအသက်ရဖို့ ယေဟောဝါနဲ့ ယေရှုအကြောင်း သင်ယူခြင်းအပြင် ဘာလိုသေးသလဲ။

  5. ၅။ ပုံပြင် ၆၉ ကနေ တို့တစ်တွေ ဘာသင်ခန်းစာရသလဲ။

  6. ၆။ ပုံပြင် ၅၅ က ကလေးလေးရှမွေလဟာ ဘာပုံနမူနာကောင်းပြသလဲ။

  7. ၇။ ယေရှုခရစ်ရဲ့ပုံနမူနာကို တို့တစ်တွေ ဘယ်လိုလိုက်နိုင်သလဲ၊ အဲလိုလုပ်မယ်ဆိုရင် အနာဂတ်မှာ တို့တစ်တွေ ဘာဖြစ်နိုင်မလဲ။

ထပ်ဆင့်မေးခွန်းများ–

  1. ၁။ ယောဟန် ၁၇:၃ ကိုဖတ်။

    ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးယူခြင်းဆိုတာ အကြောင်းအရာတွေကို ကျက်မှတ်ရုံထက်မကလိုအပ်ကြောင်း ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။ (မ. ၇:၂၁; ယာ. ၂:၁၈-၂၀; ၁ ယော. ၂:၁၇)

  2. ၂။ ဆာလံ ၁၄၅:၁-၂၁ ကိုဖတ်။

    1. (က) ယေဟောဝါကို ချီးမွမ်းစရာအကြောင်း အများကြီးရှိတဲ့အထဲက တချို့က ဘာတွေလဲ။ (ဆာ. ၁၄၅:၈-၁၁; ဗျာ. ၄:၁၁)

    2. (ခ) “ခပ်သိမ်းသောသူတို့” ကိုယေဟောဝါ ဘယ်လို “ကျေးဇူးပြု” သလဲ၊ အဲဒါက ကိုယ်တော့်ထံကို ဘယ်လို ပိုပြီးချဉ်းကပ်စေသင့်သလဲ။ (ဆာ. ၁၄၅:၉; မ. ၅:၄၃-၄၅)

    3. (ဂ) ယေဟောဝါကို တို့တစ်တွေ နှလုံးထဲကချစ်မြတ်နိုးမယ်ဆိုရင် ဘာလုပ်ချင်စိတ်ပေါ်လာမလဲ။ (ဆာ. ၁၁၉:၁၇၁၊ ၁၇၂၊ ၁၇၅; ၁၄၅:၁၁၊ ၁၂၊ ၂၁)