မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန်းနဲ့ချီတဲ့ နာမ်​ဝိညာဉ်​သားများ

သန်းနဲ့ချီတဲ့ နာမ်​ဝိညာဉ်​သားများ

နာမ်ဝိညာဉ်သား​တွေ အမြောက်အမြား​ရှိတယ်လို့ ကျမ်းစာ ဖော်ပြ​တယ်။ ယေဟောဝါ​ကိုယ်တိုင် ဝိညာဉ်​ပုဂ္ဂိုလ် ဖြစ်တယ်။—ယောဟန် ၄:၂၄။ ၂ ကောရိန္သု ၃:၁၇၊ ၁၈

စကြဝဠာ​မှာ ယေဟောဝါ​တစ်ပါး​တည်း ရှိခဲ့တဲ့​အချိန် ရှိတယ်။ နောက်ပိုင်း ကောင်းကင် တမန်​များ​လို့​ခေါ်​တဲ့ နာမ်ဝိညာဉ်သား​တွေ​ကို ဘုရား​ဖန်ဆင်း​ခဲ့တယ်။ သူတို့က လူသားတွေ​ထက် တန်ခိုး​ကြီး​ပြီး အသိဉာဏ် ပို​ရှိကြတယ်။ ကောင်းကင်တမန်​များစွာ​ကို ယေဟောဝါ ဖန်ဆင်း​ခဲ့တယ်။ ဘုရား​ကျေးကျွန် ဒံယေလ​က အဆင်းအာရုံ​တစ်ခု​မှာ သန်း​ရာနဲ့ချီ​တဲ့ ကောင်းကင်တမန်​တွေ​ကို မြင်တွေ့​ခဲ့တယ်။—ဒံယေလ ၇:၁၀။ ဟီဘရူး ၁:၇

အဲဒီ ကောင်းကင်တမန်​တွေ​ကို ဘုရား​က ကမ္ဘာ​မြေကြီး​ထက်​အရင် ဖန်ဆင်း​ခဲ့​တာ ဖြစ်တယ်။ (ယောဘ ၃၈:၄-၇) သူတို့တွေဟာ အရင်က မြေကြီး​ပေါ်မှာ နေထိုင်ခဲ့​ပြီး သေဆုံး​သွား​သူတွေ မဟုတ်​ကြဘူး။

ကြီးမြတ်​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်​ဖြစ်​တဲ့ ယေဟောဝါ​ဟာ သန်းနဲ့ချီတဲ့ နာမ်ဝိညာဉ်သား​တွေ​ကို ဖန်​ဆန်း​ခဲ့