မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နတ်ဆိုးတွေဟာ လူသတ်သမား​တွေ

နတ်ဆိုးတွေဟာ လူသတ်သမား​တွေ

စာတန်​နဲ့ နတ်ဆိုးတွေဟာ ရက်စက်​ကြမ်းကြုတ်​တဲ့ အန္တရာယ်ကောင်တွေ ဖြစ်နေ​ကြ​ဆဲ​ပဲ။ ရှေးခေတ် သစ္စာရှိ ယောဘရဲ့ တိရစ္ဆာန်​တွေ​နဲ့ ကျွန်​တွေ​ကို စာတန် သတ်ပစ်ခဲ့​တယ်။ ယောဘရဲ့ ကလေး​ဆယ်ယောက် ရှိနေတဲ့​အိမ်ကိုလည်း “လေပြင်း​ကြီး” နဲ့ ပြိုကျ​စေပြီး သေ​အောင်​လုပ်တယ်။ အဲဒီနောက် ယောဘ​ကို “ဆိုးရွား​တဲ့ အနာစိမ်း​တွေ ခြေ​ဆုံး ခေါင်း​ဆုံး” ပေါက်​စေ​ခဲ့တယ်။—ယောဘ ၁:၇-၁၉။ ၂:၇

ယေရှု​လက်ထက်မှာ နတ်ဆိုးတွေက လူတချို့ကို စကား​အ, စေ​ကြတယ်၊ မျက်စိကန်း စေ​ကြတယ်။ (မဿဲ ၉:၃၂၊ ၃၃။ ၁၂:၂၂) လူတစ်ယောက်ကို ညှဉ်းဆဲ​ပြီး ကျောက်တုံး​နဲ့ သူ့​ကိုယ်ကို ရှ​စေတယ်။ (မာကု ၅:၅) ကောင်လေး​တစ်ယောက်ကို​လည်း ကျယ်ကျယ်လောင်လောင် အော်​ခိုင်း၊ မြေကြီးပေါ် ပစ်​လှဲ​ခိုင်း​ပြီး “တဆတ်ဆတ်​တုန်” စေတယ်။—လုကာ ၉:၄၂

အရင်တုန်းက နတ်ဆိုးတွေဟာ လူတချို့ကို ဖျားနာ​အောင်၊ တဆတ်ဆတ် တုန်​အောင် လုပ်ခဲ့ကြ

ဒီနေ့​ခေတ်​မှာလည်း စာတန်​နဲ့ နတ်ဆိုးတွေဟာ အရင်ကလို​ပဲ လူသတ်ဖို့ ဝန်မလေး​ကြဘူး။ တကယ်တော့ ကောင်းကင်ပေါ်​ကနေ ပစ်ချ​ခံရ​ပြီး​ကတည်းက သူတို့ရဲ့ ဆိုးညစ်​တဲ့ လုပ်ရပ်တွေ တိုးများ​လာ​နေတာပါ။ သူတို့ရဲ့ ကြမ်းကြုတ်​ယုတ်မာ​မှု​တွေ တိုးများ​လာ​မှန်း ကမ္ဘာ့​သတင်းတွေက သက်သေထူ​တယ်။ လူတချို့ကို ဖျားနာစေ​ကြတယ်၊ တချို့​ကို ညဘက် အိပ်မရ​အောင်၊ အိပ်မက်ဆိုး​တွေ မြင်မက်​အောင် နှောင့်ယှက်​ကြတယ်။ တချို့​ကို လိင်​ပိုင်း​ဆိုင်ရာ စော်ကား​ကြတယ်။ တချို့​ကို ရူး​သွားတဲ့​အထိ၊ သေ​တဲ့​အထိ၊ ကိုယ့်ကိုယ်ကိုယ် သတ်​သေစေတဲ့​အထိ လုပ်ကြတယ်။

အခု​ဆိုရင် နတ်ဆိုးတွေက လူတချို့ကို အကြမ်းဖက်​စေတယ်၊ ညဘက်​မှာ အိပ်မက်ဆိုး​တွေ မြင်မက်​စေတယ်

နတ်ဆိုး ဒါမှ​မဟုတ် ဝိညာဉ်​ဆိုး​က မိသားစုဝင် ၁၆ ယောက်​ကို သတ်​ပြီး သူ့ကိုလည်း ၁၈ နှစ်လုံး​လုံး ကာယပိုင်း၊ စိတ်ပိုင်း နှိပ်စက်​ခဲ့တယ်​လို့ ဆူရီနမ်​နိုင်ငံ​က လင်​တီနာ ပြောပြ​တယ်။ နတ်ဆိုးတွေဟာ “လူတွေကို သေ​တဲ့​အထိ နှိပ်စက်​ရတာ ပျော်​ကြတယ်” လို့ ကိုယ်တွေ့ ဖြစ်ရပ်​ကနေ ပြောပြ​တယ်။

ဒါပေမဲ့ ယေဟောဝါ​ဘုရား​က မိမိ​ကျေးကျွန်​တွေ​ကို စာတန့်​တိုက်ခိုက်မှု​တွေ​ကနေ ကာကွယ်​ပေး​နိုင်တယ်။—ပညာအလိမ္မာ ၁၈:၁၀