မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒါ ဖြစ်ကိုမဖြစ်နိုင်ဘူး!

“ဒါ ဖြစ်ကိုမဖြစ်နိုင်ဘူး!

နယူးယောက်မြို့​မှ အမျိုးသား​တစ်ဦး​က ဤသို့​ပြန်​ပြောင်း​ပြော​ပြ​သည်–​ “ကျွန်တော့်​သား​  ဂျော်န​သ​န်ဟာ  မိုင်​အနည်း​ငယ်​ကွာဝေး​တဲ့  သူ့သူငယ် ချင်းတွေဆီ​ကို  အလည်သွား​နေတယ်။  ကျွန်တော့်​ဇနီး  ဗယ်လင်တီးနား​က အဲ​ဒီ​နေရာ​သွားလည်​တာကို မနှစ်သက်​ဘူး။ သူ​မဟာ ယာဉ်​အန္တရာယ်​အတွက် စိတ်​ထဲမှာ​အမြဲတမ်း တ​ထ​င့်​ထ​င့်​ဖြစ်​နေတယ်။ ဒါပေမဲ့ ဂျော်န​သ​န်ဟာ အီလက်ထရောနစ်​ဝါသနာထုံ​ပြီး သူ့​သူငယ်ချင်း​တွေဆီ​မှာ သူ​လက်တွေ့​လုပ်​နိုင်တဲ့ အလုပ်ရုံ​တစ်ရုံ​ရှိတယ်။ အဲဒီတုန်းက​ကျွန်တော်ဟာ နယူးယောက်မြို့၊ မန်ဟက်​တန်​ရပ်ကွက်​ရှိနေ​အိမ်​မှာ ရှိ​နေတယ်။ ကျွန်တော့်​ဇနီးက​တော့ ပြူတိုရီကို​မှာရှိတဲ့​သူ့​မိသားစု​ဆီ​ကို အလည်အပတ်​သွား​နေတယ်။ ‘ဂျော်န​သ​န် မကြာ​မီ​ပြန်ရောက်​လာမယ်’ လို့ ကျွန်တော်​တွေးထင်​ထားတယ်။ အဲဒီအချိန်​မှာပဲ တံခါး​ခေါင်းလောင်း​မြည်​လာတယ်။ ‘ဒါ​သူ​ပဲ​ဖြစ်​ရမယ်။’ ဒါပေမဲ့ သူ​မဟုတ်ဘူး။ ရဲ​နဲ့​အရေးပေါ်​ဆေး​ဝန်ထမ်း​တွေ ဖြစ်​နေတယ်။ ‘ဒီ​ယာဉ်​မောင်း​လိုင်စင်​ကို မှတ်မိသလား’ လို့ ရဲအရာရှိ​က​မေး​လိုက်တယ်။ ‘ဟု​တ်ကဲ့ ကျွန်တော့်​သား​ဂျော်န​သ​န်ဟာ​ပါ။’ ‘လူကြီး​မင်း​အတွက် စိတ်မချ​မ်း​သာ​စရာ​သတင်း ယူဆောင်​လာ​ပါတယ်။ ယာဉ်​တိုက်မှု​တစ်ခု​ဖြစ်ပွား​ပြီး . . . လူကြီး​မင်း​ရဲ့​သား၊ . . . လူကြီး​မင်း​ရဲ့​သား သေဆုံး​သွား​ပါတယ်။’ ကျွန်တော်​ကြားကြားချင်း ဖြစ်ပေါ်လာတဲ့​တုံ့ပြန်မှု​က​တော့ ‘ဒါ​ဖြစ်​ကို​မဖြစ်နိုင်ဘူး’ ဆိုတာ​ပါပဲ။ ထိတ်လန့်တုန်လှုပ်​ဖွယ်​ကောင်းတဲ့ အဲ​ဒီ​အဖြစ်အပျက်​ဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံး​ထဲမှာ ဒဏ်ရာဒဏ်ချက်​ကြီး​တစ်ခု ဖြစ်ပေါ်​စေခဲ့​ပြီး နှစ်ပေါင်း​များစွာ​ကြာ​ခဲ့​ပေ​မဲ့ ဒီနေ့​ထက်​တိုင် ပျောက်ကင်း​ခြင်း​မရှိ​သေး​ဘူး။”

‘လူကြီး​မင်း​အတွက် စိတ်မချမ်း​သာ​စရာ​သတင်း ယူဆောင်​လာ​ပါတယ်။ ယာဉ်​တိုက်မှု​ တစ်ခု​ဖြစ်ပွား​ပြီး . . . လူကြီး​မင်း​ရဲ့​သား၊ . . . လူကြီး​မင်း​ရဲ့​သား သေဆုံး​သွား​ပါတယ်။’

ဘာစီလိုနား​မြို့ (စပိန်​နိုင်ငံ) မှ ဖခင်​ဖြစ်သူ​တစ်ဦး​က ဤသို့​ရေးသား​ခဲ့​သည်– “၁၉၆၀ ပြည့်လွန်​နှစ်များ​အတွင်း ကျွန်တော်တို့ဟာ စပိန်​ပြည်​မှာ ပျော်ရွှင်ချမ်းမြေ့​တဲ့​မိသားစု​တစ်စု ဖြစ်ခဲ့​ပါတယ်။ အဲဒီတုန်းက ကျွန်တော့်​ဇနီး​မာ​ရီး​ယား​နဲ့ သားသမီး​သုံးယောက်​ဖြစ်​ကြတဲ့ ဒေးဗစ်၊ ဘာ​ကီ​တို​နဲ့ အ​စ္စ​ဘဲ​လာ​တို့​ရှိ​ခဲ့ကြတယ်။ သူတို့ဟာ​အသက် ၁၃ နှစ်၊ ၁၁ နှစ်​နဲ့ ၉ နှစ်​အသီးသီး​ရှိ​ကြ​တ​ယ်။

“၁၉၆၃ ခုနှစ်၊ မတ်လ​အတွင်း​တစ်နေ့​မှာ ဘာ​ကီ​တို​ဟာ ကျောင်း​က​ပြန်လာ​တော့ ခေါင်း​အကြီးအကျယ်​ကိုက်​တယ်လို့ ညည်း​တ​ယ်။ ဘာကြောင့်​ခေါင်းကိုက်​ရတာ​ကို ကျွန်တော်တို့ ဝေခွဲမရ​အော​င်​ဖြစ်ကြ​တယ်—ဒါပေမဲ့ မကြာ​လိုက်ပါ​ဘူး။ သုံးနာရီ​ကြာ​ပြီးနောက်​မှာ သူ့ခမျာ အသက်​ထွက်သွား​ရှာ​တ​ယ်။ ဦးနှောက်​သွေးကြော​ပြတ်​လို့ ရုတ်တရက်​သေဆုံး​သွားတာ​ပဲ ဖြစ်ပါတယ်။

“ဘာ​ကီ​တို​ဆုံးပါး​သွား​ခဲ့တာ အနှစ် ၃၀ ကျော်​ရှိပြီ။ သို့​ပေ​မဲ့​လည်း​ အဲ​ဒီ​ဆုံးပါးမှု​ကြောင့်​ဖြစ်ပေါ်​ခဲ့တဲ့ ပြင်းထန်တဲ့​စိတ်ထိခိုက်​မှုကို က​နေ့​ထက်​တိုင် ခံစားနေရ​ပါတယ်။ ကလေး​တစ်ယောက်​ဆုံးပါး​တဲ့အခါ ကိုယ့်ရဲ့​တစ်စိတ်တစ်ပိုင်း ဆုံးၡုံးသွား​သလို မခံစား​ရတဲ့​မိဘ​ဆိုလို့​ရှိ​မှာ​မဟုတ်ဘူး—အချိန်​ဘယ်လောက်​ပဲ​ကြာကြာ၊ သားသမီး​ဘယ်လောက်​ပဲ​ရှိရှိ ဖြေဆည်​နိုင်မှာ​မဟုတ်ဘူး။”

သားသမီး​ဆုံးပါးခြင်း​နှင့်​ပတ်သက်သော အထက်ပါ​တွေ့ ကြုံ​မှု​နှစ်ခု​အရ ကလေး​တစ်ယောက်​သေဆုံး​သည့်​အ​ခါ ဖြစ်ပေါ်​သည့်​ဒဏ်ရာဒဏ်ချက်​သည် မည်မျှ​နက်ရှိုင်း​၍ တာရှည်​သည်ကို ရှင်းလင်း​နားလည်စေ​သည်။ အောက်ပါ​အတိုင်း​ရေးသားခဲ့​သည့် ဒဿနိက​ဗေဒ​ပါရဂူ​တစ်ဦး​၏ စကားများ​သည် အလွန်​မှန်ကန်​လှ​သည်– “ကလေး​တစ်ယောက်​ဆုံးပါးခြင်း​သည် အသက်ကြီး​သောသူ​တစ်ဦး ကွယ်လွန်​သည်ထက် ပို​၍​ကြေကွဲဝမ်းနည်​စရာ​ကောင်းပြီး ပို​၍​လည်း​စိတ်ထိခိုက်​ကြ​ရ​သည်။ အကြောင်း​မှာ မိသားစု​ထဲမှ​ကလေးကို အရင်​သေဆုံး​မည်​ဟု​မည်သူမျှ မျှော်လင့်​မထား​သောကြောင့်​တည်း။ . . . ကလေး​တစ်ယောက်ယောက်​ဆုံးပါးခြင်း​သည် အနာဂတ်​စိတ်ကူးယဉ်​အိပ်မက်​လှလှလေး​များ၊ ဆွေမျိုး​တော်စပ်​မှုများ [သား၊ ချွေးမ၊ မြေး]၊ . . . မကြုံဖူး​သေး​သည့်​တွေ့ကြုံမှုများ​ကို လက်လွှတ်ဆုံးၡုံး​ရ​သည်​နှင့်​မ​ခြား​ပေ။” ကိုယ်ဝန်ပျက်ခြင်း​ကြောင့် ကလေး​ဆုံးပါး​ရ​သည့် အမျိုးသမီး​များလည်း ဤ​ကဲ့သို့ ကြီးမား​သော​ဆုံးပါးမှု​ဝေဒနာ​မျိုး ခံစား​နိုင်​ဖွယ်​ရှိသည်။

ခင်ပွန်းသည်​ဆုံးပါး​၍ ပူဆွေးကြေကွဲ​ကျန်ရစ်သူ​ဇနီးသည်​တစ်ဦး​က ဤသို့​ရှင်းပြ​သည်– “ကျွန်မ​ရဲ့​ခင်ပွန်း​ရပ်စယ်လ်​ဟာ ဒုတိယ​ကမ္ဘာစစ်​အတွင်း​က ပစိဖိတ်​စစ်​ဒေသ​မှာ ဆေး​မှူး​တစ်ဦး​အဖြစ် အမှုထမ်း​ခဲ့တယ်။ သူဟာ ကြောက်မက်ဖွယ်​ကောင်းတဲ့​တိုက်ပွဲ​အချို့​ကို တွေ့ကြုံ​ဖြတ်သန်း​ခဲ့ရတယ်။ သူဟာ အမေရိကန်​ပြည်ထောင်စု​ကို ပြန်လာ​ပြီးနောက် ပိုပြီး​အေးချမ်း​တဲ့ဘဝနဲ့ နေထိုင်​ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင့်​နှုတ်ကပါဌ်တရားတော်​ဆိုင်ရာ ဓမ္မအမှုတော်​ဆောင်​အဖြစ် အမှုတော်ထမ်း​ဆောင်​တ​ယ်။ အသက် ၆၀ ကျော်​လေး​လောက်မှာ နှလုံးရောဂါ​လက္ခဏာ​ပေါ်လာတယ်။ သူဟာ သွက်လက်​လှုပ်ရှား​တဲ့​ဘဝမျိုး​နဲ့ နေထိုင်​ဖို့​ကြိုးစား​တ​ယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်၊ ဇူ​လို​င်​လ​ရဲ့​နေ့​တစ်နေ့​မှာ​ နှလုံး​ရုတ်တရက်​ဖောက်​ပြန်တဲ့​ဝေဒနာ အပြင်းအထန်​ခံစား​ပြီး ကွယ်လွန်​သွား​ရှာ​တ​ယ်။ သူ​ဆုံးပါး​သွားတဲ့​အတွက် ကျွန်မ​မှာ ဝမ်းနည်း​ပ​က်​လက်​ဖြစ်ခဲ့​ရတယ်။ ကျွန်​မဟာ သူ့ကို​နှုတ်ဆက်​ခွင့်​တောင် မရ​လိုက်​ဘူး။ သူဟာ ကျွန်မ​ရဲ့​ချစ်လင်​ဖြစ်​ရုံမက အ​ခင်မင်​ရဆုံး​မိတ်​ကောင်း​ဆွေမွန်​လည်း ဖြစ်တယ်။ ကျွန်မ​တို့ဟာ ဘဝကြင်ဖော်​အဖြစ်​နှစ်ပေါင်း ၄၀ ကြာ​ အတူ​ပေါင်းသင်း​ခဲ့ကြတယ်။ ခု​တော့ သာမန်​မဟုတ်တဲ့ အထီးကျန်​စိတ်ညှိုးငယ်​ခြင်း​ကို ကျွန်မ​ရင်ဆိုင်​ရတော့​မယ်​နဲ့​တူ​တ​ယ်။”

အထက်​ဖော်ပြ​ပါ​တို့သည် ကမ္ဘာ​တစ်ဝန်း​တွင် မိသားစုများ​ကို နေ့စဉ်​နှင့်​အမျှ ထု​ထောင်း​နှိပ်စက်​လျက်​ရှိသော ကြေကွဲဖွယ်​ရာ​ဖြစ်ရပ် အထောင်အသောင်း​အနက်​မှ အနည်းအကျ​ဉ်း​မျှသာ​ဖြစ်ပါ​သည်။ ချစ်ရသူ​တစ်ဦး​ဆုံးပါး​၍ ကြေကွဲ​ဝမ်းနည်း​ဖြစ်နေ​သူ​အများ ပြော​တတ်ကြ​သကဲ့သို့ သင့်​ကလေး၊ သင့်​ခင်ပွန်း၊ သင့်​ဇနီး၊ သင့်​မိဘ၊ သင့်​မိတ်ဆွေ​ကို သေ​မင်း​ခေါ်သွား​သည့်​အ​ခါ သေခြင်း​ကို “နောက်ဆုံးသော​ရန်သူ” ဟု ခရစ်ယာန်​ကျမ်းရေးသူ​ပေါလု ခေါ်ဝေါ်​ခဲ့​သည့်​အတိုင်း သင်​သဘောတူ​လက်ခံ​ပေ​လိမ့်မည်။ ချစ်ရသူ​တစ်ဦး​သေဆုံး​ပြီ​ဟူ​သော ထိတ်လန့်ဖွယ်​သတင်းဆိုး​ကို ကြားလိုက်​သည်​နှင့် ပထမဆုံး သဘာဝ​အလျောက်​ဖြစ်ပေါ်​လာ​သည့် တုံ့ပြန်​မှုမှာ “ဒါ​ဖြစ်​ကို​မဖြစ်နိုင်ဘူး! ငါ​လုံးဝ​မယုံ​ဘူး” ဟူ​သော​ငြင်းဆို​သည့်​သဘော​ပင်​ဖြစ်​သည်။ နောက်ပိုင်း​တွင်​ကျွန်ုပ်တို့ ဖတ်ရှု​ရ​မည့်​အတိုင်း အခြား​သော​တုံ့ပြန်မှု​များလည်း မကြာခဏ​ဖြစ်ပေါ်​တတ်​ပေ​သည်။—၁ ကောရိန္သု​ ၁၅:​၂၅၊ ၂၆

သို့​သော်လည်း ပူဆွေးသောက​ခံစားမှုများ​အကြောင်းကို စဉ်းစား​ဆင်ခြင်ခြင်း​မပြု​မီ အရေးကြီး​သော​မေးခွန်း​အချို့​ကို ဦးစွာ​အဖြေရှာ​ကြပါစို့။ သေခြင်း​သည် သေလွန်သူ​ပုဂ္ဂိုလ်​၏ ဆုံးခန်း​ဟူ​၍ အဓိပ္ပာယ်​သက်ရောက်​သလော။ ကျွန်ုပ်တို့​ချစ်မြတ်နိုး​ရသူ​တို့ကို တစ်ဖန်​တွေ့ဆုံ​နိုင်​သည့်​မျှော်လင့်ချက် ရှိပါ​သလော။

မျှော်လင့်ချက်​အစစ်​တစ်ခု​ရှိ

ကျမ်းရေးသူ​ပေါလုက ထို “နောက်ဆုံးသော​ရန်သူ” တည်း​ဟူ​သော​သေခြင်း​မှ ကယ်လွှတ်​သည့်​မျှော်လင့်​ချက်ကို ကမ်းလှမ်း​ထား​သည်။သူ​ဤသို့​ရေးသားခဲ့​သည်– “သေ​မင်း​သည် ဆုံးၡုံးခြင်း​သို့​ရောက်​ရ​လ​တ္တံ့။” “နောက်ဆုံး​နှိမ်နင်း​ရ​မည့်​ရန်သူ​ကား သေ​မင်း​ပင်​ဖြစ်၏။” (၁ ကောရိန္သု ၁၅:၂၆သတင်းကောင်း) ပေါလုက​အဘယ်ကြောင့် သေချာပေါက်​ပြောနိုင်​သနည်း။ အဘယ်ကြောင့်​ဆို​သော် သူသည် သေခြင်း​မှ​ထမြောက်​တော်မူသော​အရှင်၊ ယေရှုခရစ်​၏​သင်ကြားခြင်း​ကို ခံယူ​ခဲ့ရ​သောကြောင့်​တည်း။ (တမန်တော် ၉:၃-၁၉) ယ​င်း​ကြောင့်​လည်း အောက်ပါ​အတိုင်း ပေါလု​ရေးသား​နိုင်ခဲ့​ခြင်း​ဖြစ်​သည်– “လူတစ်ယောက် [အာဒံ] ကြောင့် သေခြင်းတရား​ဖြစ်ပေါ်​လာ​သကဲ့သို့ လူတစ်ယောက် [ယေရှုခရစ်​တော်] ကြောင့် လူသေ​တို့​ရှင်ပြန်ထမြောက်ခြင်း ဖြစ်ပေါ်​လာ၏။ လူအပေါင်း​တို့သည် အာဒံ​အားဖြင့် သေ​ကြ​ရ​သကဲ့သို့ လူအပေါင်း​တို့သည် ခရစ်တော်အားဖြင့် ရှင်ပြန်​ကြ​ရ​လိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၁၊ ၂၂ကဘ။

ယေရှု​သည် နာဣနမြို့​မှ မုဆိုးမ​တစ်ဦး​နှင့်​တွေ့ဆုံ​၍ သူ​မ​၏​သေဆုံး​နေ​သည့်​သား​ကို မြင်​လိုက်ရ​သည့်​အ​ခါ​၌ အကြီးအကျယ် စိတ်ထိခိုက်​တော်မူ၏။ သမ္မာကျမ်းစာ​မှတ်တမ်း​က ဤသို့​ဆို​၏– “[နာ​ဣန] မြို့တံခါး​အနီး​သို့ [ယေရှု] ရောက်​သောအခါ မုဆိုးမ​၌ တစ်ယောက်တည်း​သော​သား အသေကောင်​ကို သင်္ဂြိုဟ်ခြင်း​ငှာ​ထွက်သွား​၍ မြို့သူ​မြို့သားများ​တို့သည် လိုက်​ကြ၏။ သခင်​ဘုရား​သည် ထို​မိန်းမ​ကို​မြင်လျှင် သနားခြင်း​စိတ်တော်​ရှိ၍ ‘မ​ငို​နှင့်’ ဟု​မိန့်တော်မူ​လျက် အနီး​သို့​ကြွ​၍ တလား [ထမ်း​စင်] ကို​လက်​နှင့်​တို့​တော်မူ​သဖြင့် ထမ်း​သောသူ​တို့သည် ရပ်​၍​နေကြ၏။ ကိုယ်တော်​ကလည်း ‘အချင်း​လုလင်၊ထ​လော့! သင့်​အား​ငါ​အမိန့်​ရှိသည်’ ဟု​မိန့်တော်မူ​လျှင် သေ​သောသူ​သည်​ထိုင်​၍ စကားပြော​၏။ ကိုယ်တော်​သည်လည်း ထို​သူ​ကို​မိခင်​အား အပ်ပေး​တော်မူ၏။ လူအပေါင်း​တို့သည် ကြောက်ရွံ့ခြင်း​သို့​ရောက်​၍ ‘ကြီးစွာသော​ပရောဖက်​သည် ငါ​တို့​တွင်​ပေါ်ထွန်း​ပြီ။ ဘုရားသခင်သည် မိမိ​လူမျိုး​ကို အကြည့်​အ​ရှု​ကြွလာ​တော်မူပြီ’ဟူ​၍ ဘုရားသခင်၏ ဂုဏ်​တော်ကို ချီးမွမ်း​ကြ၏။” ယေရှု​သည် သနားခြင်း​စိတ်​၏ နှိုးဆော်ခြင်း​ကို မည်သို့​ခံရ၍ မုဆိုးမ​၏သား​ကို ရှင်ပြန်ထမြောက်​စေတော်မူ​ကြောင်း မှတ်သား​ပါ​လေ! ထို​အဖြစ်အပျက်​သည် အနာဂတ်အတွက် အ​ဘယ်​အတိတ်နိမိတ်​ဆောင်​ကြောင်း စိတ်ကူး​စဉ်းစားကြည့်ပါ​လေ!—လုကာ ၇:၁၂-၁၆

ထို​နေရာ​၌ မျက်မြင်​သက်သေများ ရှေ့မှောက်​တွင် ယေရှု​သည် မေ့​နိုင်​ဖွယ်​မရှိ​သော ရှင်ပြန်ထမြောက်ခြင်း​တစ်ခု ပြုလုပ်​တော်မူ၏။ ဤ​သည်​မှာ​ရှင်ပြန်ထမြောက်ခြင်း​၏ နမူနာ​တစ်ခု​ဖြစ်​သည်။ ဤ​အဖြစ်အပျက်​မတိုင်မီ​က “ကောင်းကင်သစ်​တစ်ခု” အောက်​ရှိ​မြေကြီး​ပေါ်တွင် အသက်ရှင်​ပြန်​ခြင်း​တည်း​ဟူ​သော အနာဂတ်​ရှင်ပြန်ထမြောက်ခြင်း​အကြောင်းကို ကိုယ်တော်​တင်ကူးဟော​ပြော​တော်မူ​ခဲ့​၏။  ထို​စဉ်​က ယေရှု​ဤသို့​မိန့်တော်မူ​၏– “ဤ​အမှုအရာ​ကို အံ့သြခြင်း​မရှိကြ​နှင့်။ သင်္ချိုင်းများ​မှာ​ရှိသော​သူအပေါင်း​တို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍ ထွက်​ရ​မည့်​အချိန်ကာလ  ရောက်​လတ္တံ့။”—ဗျာဒိတ် ၂၁:၁၊ ၃၊၄။ ယောဟန် ၅:၂၈၊ ၂၉။ ၂ ပေတရု ၃:၁၃

ရှင်ပြန်ထမြောက်ခြင်း​တစ်ခုကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့​ရသူ​တို့​တွင် ယေရှု​နှင့်အတူ ခရီးသွား​ခဲ့ကြ​သည့် တမန်တော် ၁၂ ပါး​အနက်​မှ​အချို့​နှင့် ပေတရုတို့ ပါဝင်​ကြသည်။ ဂါလိလဲ​အိုင်​ကမ်း​စပ်​တွင် ရှင်ပြန်ထမြောက်​တော်မူ​သည့်​ယေရှု မိန့်ကြား​သည်ကို သူတို့​နား​နှင့် ဆ​တ်​ဆ​တ်​ကြားခဲ့​ကြသည်။ ကျမ်းစာမှတ်တမ်း​က​ဤသို့​ဆို​၏– “ယေရှု​ကလည်း ‘လာ​၍​နံနက်​စာ​ကို​စား​ကြလော့’ ဟု​မိန့်တော်မူ​၏။ သခင်​ဖြစ်​တော်မူ​ကြောင်းကို တပည့်တော်​တို့သည် သိ​ကြ​သောကြောင့် ‘ကိုယ်တော်​သည်​အ​ဘယ်သူ​နည်း’ ဟူ​၍ တစ်စုံတစ်ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့ကြ။ ယေရှု​သည်​လာ​၍ မုန့်​နှင့်​ငါး​ကို​ယူပြီး​လျှင် သူတို့အား​ပေးတော်မူ​၏။ ထို​ပြတော်မူ​ခြင်း​ကား ယေရှု​သည်​သေခြင်း​မှ ထမြောက်​တော်မူသည်​နောက် တပည့်တော်​တို့အား ကိုယ်ကို​သုံးကြိမ်​မြောက်​သော ပြတော်မူ​ခြင်း​ဖြစ်​သတည်း။”—ယောဟန် ၂၁:၁၂-၁၄

ယ​င်း​ကြောင့် ပေတရု​က​ ခိုင်မာ​သော​ယုံကြည်မှု​အပြည့်​ဖြင့် ဤ​သို့​ရေးသား​နိုင်ခဲ့​ခြင်း​ဖြစ်​သည်– “အသက်ရှင်​သော​မျှော်လင့်ခြင်း​အကြောင်း ရှိစေ​ခြင်း​ငှာ . . . ယေရှု​ခရစ်ကို သေခြင်း​မှ ထမြောက်​စေတော်မူ​သော​အားဖြင့် မဟာကရုဏာ​တော်နှင့်​အညီ ငါ​တို့ကို တစ်ဖန်​ဖြစ်​ဘွား​စေတော်မူ​သော ငါ​တို့​အရှင်​ယေရှုခရစ်​၏ ခမည်းတော်​ဘုရားသခင်သည် မင်္ဂလာ​ရှိ​တော်မူ​စေ​သတည်း။”—၁ ပေတရု ၁:၃သမ္မာ။

အောက်ပါ​အတိုင်း ပေါလု​ဆို​ခဲ့ရာ​၌ ထို​မျှော်လင့်​ချက်ကို ယုံကြည်စိတ်ချ​ကြောင်း​ပြသ​ခဲ့သည်– “ပညတ္တိကျမ်း၊အနာ​ဂ​တ္တိ​ကျမ်း​တို့​၌ စီရင်​ရေးထား​သမျှ​တို့ကို အကျွန်ုပ်​ယုံ​ပါ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်​သောသူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်​ဟူ​၍ သူတို့​မျှော်လင့်​သည်​နည်းတူ အကျွန်ုပ်​လည်း ဘုရားသခင်​ကို​အမှီပြု​၍ မျှော်လင့်​ပါ၏။”—တမန်တော် ၂၄:၁၄၊ ၁၅

ထို့​ကြောင့်  သန်းပေါင်းများစွာ​သောသူ​တို့​အ​နေ​ဖြင့် ၎င်း​တို့​ချစ်ခင်မြတ်နိုး​သူတို့ ကမ္ဘာ​ပေါ် အသက်ပြန်ရှင်​လာ​ကြမည်​ကို တွေ့ရ​မည်​ဟူ​သော ခိုင်မာ​သည်​မျှော်လင့်ချက် ထားရှိ​နိုင်ကြ​သည်။ သို့​သော်လည်း ယခု​နှင့်​အလွန့်အလွန်​ကွာခြား​သည့် အခြေအနေ​မျိုး​၌ ၎င်း​တို့​ပြန်ရှင်​လာ​ကြမည်​ဖြစ်​သည်။ ထို​အချိန်​တွင် အခြေအနေများ မည်သို့​ရှိ​မည်​နည်း။ ဆုံးပါး​သွား​သည့်​ချစ်ရသူ​များ​အဖို့ ကျမ်းစာ​မျှော်လင့်ချက်​အကြောင်း​အသေးစိတ်​ကို ဤ​ဘရိုရှာ​၏​နောက်ဆုံးအပိုင်း​ဖြစ်​သော “သေလွန်သူများ​အတွက် သေချာ​သော​မျှော်လင့်ချက်” ဟူ​သော​ခေါင်းစဉ်​ဖြင့် ဆွေးနွေးပါ​လိမ့်မည်။

သို့သော် ချစ်ရသူ​တစ်ဦး​ဆုံးပါး​သွား​သဖြင့် အသင်​ပူဆွေးဝမ်းနည်း​နေ​ပါ​က စိတ်ထဲ​၌​ဖြစ်ပေါ်​လာနိုင်​သည့် အောက်ပါ​မေးခွန်းများ​ကို ဦးစွာ​စဉ်းစား​ဆင်ခြင်​ကြပါစို့– ဤ​ကဲ့သို့ ပူဆွေးသောက​ရောက်​ရ​ခြင်း​မှာ​ ဖြစ်ရိုးဖြစ်စ​ဉ်​ဓမ္မတာ​လော။ ပူဆွေးသောက​နှင့် ကျွန်ုပ်​မည်သို့​စခန်းသွား​ရမည်​နည်း။ နိုင်​နိုင်နင်း​နင်း ကိုင်တွယ်ဖြေရှင်း​နိုင်​ရန် တစ်ပါး​သူများ​က မည်သို့​အကူအညီ​ပေးနိုင်​သနည်း။ ပူဆွေးသောက​ရောက်နေ​သူတို့ကို ကျွန်ုပ်တို့​မည်သို့​ကူညီပေး​နိုင်​သနည်း။ အဓိက​အားဖြင့် သေလွန်သူ​တို့အတွက် သေချာ​သော​မျှော်လင့်ချက်​အကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဆိုထား​သနည်း။ ချစ်ခင်မြတ်နိုး​ရသူ​များနှင့် ပြန်လည်​ဆုံစည်းခွင့်​ရ​ပါမည်​လော။ မည်​သည့်​နေရာ​၌​နည်း။