အခန်း ၁၂
‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
“ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ . . . ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ။” —ဧဖက် ၄:၂၉။
၁-၃။ (က) ကျွန်တော်တို့ကို ယေဟောဝါ ဘာဆုလက်ဆောင် ပေးထားသလဲ။ အဲဒါကို ဘယ်လို တလွဲသုံးမိနိုင်သလဲ။ (ခ) ဘုရားရဲ့မေတ္တာ အမြဲခံစားရဖို့ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ဘယ်လို အသုံးပြုရမလဲ။
သင်ချစ်ရသူတစ်ဦးကို လက်ဆောင်တစ်ခု ပေးတယ်ဆိုပါစို့။ သူက အဲဒီလက်ဆောင်ကို တန်ဖိုးမထားဘဲ တလွဲသုံးတဲ့အခါ သင် ဘယ်လိုခံစားရမလဲ။ သူ့ကို ကားတစ်စီး လက်ဆောင်ပေးတယ် ဆိုပါစို့။ မဆင်မခြင် ကားမောင်းလို့ သူတစ်ပါး ထိခိုက်ဒဏ်ရာ ရသွားတာကို နောက်မှ သိလိုက်ရတယ်။ သင် စိတ်ပျက်သွားမယ် မဟုတ်လား။
၂ စကားပြောနိုင်စွမ်းဟာ “ကောင်းမြတ်တဲ့ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ကို ပေးတဲ့အရှင် ယေဟောဝါဆီက လက်ဆောင်တစ်ခုဖြစ်တယ်။ (ယာကုပ် ၁:၁၇) တိရစ္ဆာန်တွေကို မဟုတ်ဘဲ လူတွေကိုပဲ ဒီလက်ဆောင် ပေးထားတာ။ ဒါကြောင့် တခြားသူတွေကို ကျွန်တော်တို့ရဲ့ အကြံအစည်တွေ၊ ခံစားချက်တွေ ထုတ်ပြောပြနိုင်တယ်။ ဒါပေမဲ့ ကားလက်ဆောင်ရတဲ့သူလိုပဲ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို တလွဲ အသုံးပြုမိနိုင်တယ်။ မဆင်မခြင် စကားပြောပြီး သူတစ်ပါးကို စိတ်နာကြည်းစေတဲ့အခါ ယေဟောဝါ တော်တော် စိတ်ပျက်သွားမှာပဲ။
၃ စကားပြောနိုင်စွမ်းဆုလက်ဆောင်ကို ပေးထားတဲ့အရှင် အလိုရှိတဲ့အတိုင်း အဲဒီဆုလက်ဆောင်ကို အသုံးပြုမှသာ ဘုရားရဲ့မေတ္တာ အမြဲခံစားနိုင်မှာ ဖြစ်တယ်။ ယေဟောဝါက မိမိနှစ်သက်တဲ့ စကားပြောဆိုပုံကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ “ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ နားထောင်သူအတွက် အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကို ကြည့်ပြီး ကောင်းတဲ့စကားဧဖက် ၄:၂၉) နှုတ်ကို ဘာကြောင့် စောင့်စည်းသင့်သလဲ၊ ဘယ်လိုစကားမျိုး ရှောင်သင့်သလဲ၊ “ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ” ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာ ဆွေးနွေးကြစို့။
ကိုပဲ အပြုသဘောပါပါ ပြောကြပါ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (နှုတ်ကို ဘာကြောင့် စောင့်စည်းသင့်
၄၊ ၅။ ကျမ်းစာမှာပါတဲ့ ပညာရှိစကားတချို့က စကားရဲ့ အစွမ်းတန်ခိုးကို ဘယ်လို ဖော်ပြသလဲ။
၄ နှုတ်ကို စောင့်စည်းသင့်တဲ့ အရေးကြီး အကြောင်းရင်းကတော့ စကားဟာ အစွမ်းတန်ခိုးရှိလို့ပဲ။ ပညာအလိမ္မာ ၁၅:၄ မှာ “ညင်ညင်သာသာ ပြောတဲ့စကားဟာ အသက်ပင်ပဲ။ လှည့်စားတဲ့စကားကတော့ စိတ်ပျက်အားလျော့စေတယ်” လို့ ပြောထားတယ်။ * ရေဟာ ရေငတ်နေတဲ့သစ်ပင်ကို လန်းဆန်းစေသလိုပဲ ညင်ညင်သာသာ ပြောတဲ့စကားဟာ ကြားရသူကို လန်းဆန်းစေနိုင်တယ်။ လှည့်စားတဲ့စကားဟာ သူတစ်ပါးကို စိတ်ထိခိုက်စေနိုင်တယ်။ ကျွန်တော်တို့ရဲ့ စကားဟာ သူတစ်ပါးကို ထိခိုက်နစ်နာစေနိုင်သလို ကုစားနိုင်စွမ်းလည်း ရှိတယ်။—ပညာအလိမ္မာ ၁၈:၂၁။
၅ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ” ဆိုတဲ့ ပညာရှိစကားက စကားရဲ့ အစွမ်းတန်ခိုးကို ကွက်ကွက်ကွင်းကွင်း ဖော်ပြတယ်။ (ပညာအလိမ္မာ ၁၂:၁၈) မဆင်မခြင်၊ အလျင်စလို ပြောလိုက်တဲ့စကားဟာ စိတ်နာကြည်းစေပြီး ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ ဓားနဲ့ထိုးသလို ပြောတဲ့စကားကြောင့် သင် စိတ်နာဖူးသလား။ “ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ဆက်ပြောတယ်။ ဘုရားပေးဉာဏ်ပညာရှိသူဟာ ဆင်ဆင်ခြင်ခြင် ပြောတတ်တယ်။ သူ့ရဲ့စကားဟာ စိတ်နာကျင်မှုကို ပြေပျောက်စေပြီး ဆက်ဆံရေး ပြန်ကောင်းလာစေနိုင်တယ်။ ကြင်နာတဲ့စကားကြောင့် စိတ်ဒဏ်ရာ ပျောက်ကင်းသွားတာမျိုး ကြုံဖူးသလား။ (ပညာအလိမ္မာ ၁၆:၂၄ ကိုဖတ်ပါ။) စကားဟာ အစွမ်းတန်ခိုးရှိမှန်း သိထားတဲ့အတွက် ကျွန်တော်တို့ဟာ စိတ်နာကြည်းစေတဲ့စကား ပြောမယ့်အစား စိတ်ဒဏ်ရာ ပျောက်ကင်းစေတဲ့ စကားမျိုး ပြောချင်ကြမှာပဲ။
ညင်ညင်သာသာ ပြောတဲ့စကားဟာ လန်းဆန်းစေ
၆။ လျှာကို ထိန်းချုပ်ဖို့ ဘာကြောင့် ဒီလောက်ခက်တာလဲ။
၆ နှုတ်ကို စောင့်စည်းသင့်တဲ့ ဒုတိယအကြောင်းရင်းကတော့ အပြစ်နဲ့ မစုံလင်မှုက လျှာကို တလွဲ အသုံးပြုမိစေနိုင်လို့ပဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားပါစေ လျှာကို အပြည့်အဝ ထိန်းနိုင်မှာ မဟုတ်ဘူး။ စကားဟာ စိတ်ထဲက ထွက်လာတယ်။ “လူတွေဟာ . . . စိတ်အကြံအစည် ဆိုးညစ်ကြတယ်။” (ကမ္ဘာဦး ၈:၂၁။ လုကာ ၆:၄၅) ဒါကြောင့် လျှာကို ထိန်းဖို့ အတော်လေး ကြိုးစားရတယ်။ (ယာကုပ် ၃:၂–၄ ကိုဖတ်ပါ။) လျှာကို အပြည့်အဝ မထိန်းနိုင်ပေမဲ့ စကားပြောဆိုပုံ တိုးတက်လာဖို့ ကြိုးစားနိုင်တယ်။ ရေဆန် ကူးနေတဲ့ ရေကူးသမားဟာ ရေစီးကြောင်းကို ဆန်ပြီး ကူးနေရသလို ကျွန်တော်တို့လည်း အပြစ်ပြုချင်တဲ့သဘောထားကြောင့် လျှာကို တလွဲသုံးချင်တဲ့စိတ်ကို ထိန်းနေရတယ်။
၇၊ ၈။ ကျွန်တော်တို့ရဲ့ စကားအတွက် ယေဟောဝါရှေ့မှာ ဘယ်အတိုင်းအတာအထိ စာရင်းရှင်းခံရမလဲ။
၇ နှုတ်ကို စောင့်စည်းသင့်တဲ့ တတိယအကြောင်းရင်းကတော့ ကျွန်တော်တို့ပြောတဲ့ စကားအတွက် ယေဟောဝါရှေ့ စာရင်းရှင်းရမှာ ဖြစ်လို့ပဲ။ လျှာကို အသုံးပြုပုံဟာ လူလူချင်း ဆက်ဆံရေးကိုသာမက ယေဟောဝါရှေ့ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကိုပါ အကျိုးသက်ရောက်တယ်။ “ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ဝတ်ပြုမှုဟာ အချည်းနှီးပဲ” လို့ ယာကုပ် ၁:၂၆ မှာပြောတယ်။ ရှေ့အခန်းမှာ သိခဲ့ရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ အပြောအဆိုဟာ ဝတ်ပြုမှုနဲ့ ဆက် နွှယ်နေတယ်။ လျှာကို မထိန်းဘဲ ထိခိုက်နာကြည်းစေတဲ့စကား ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရစ်ယာန်လုပ်ဆောင်မှုမှန်သမျှဟာ ဘုရားရှေ့မှာ အချည်းနှီးဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြောအဆိုကို ဂရုစိုက်သင့်တယ် မဟုတ်လား။—ယာကုပ် ၃:၈-၁၀။
၈ စကားပြောနိုင်စွမ်းဆုလက်ဆောင်ကို တလွဲမသုံးမိအောင် နှုတ်စောင့်စည်းဖို့ ခိုင်လုံတဲ့ အကြောင်းရင်းတွေရှိတာ ထင်ရှားတယ်။ အပြုသဘောပါတဲ့ စကားအကြောင်း မသုံးသပ်ခင် ခရစ်ယာန်စစ်တစ်ဦး လုံးဝမပြောသင့်တဲ့ စကားအကြောင်း ဆွေးနွေးရအောင်။
ထိခိုက်စေတဲ့စကား
၉၊ ၁၀။ )က( ဒီနေ့လောကမှာ ဘယ်လိုစကားမျိုးကို နေ့စဉ် ပြောဆိုနေကြသလဲ။ (ခ) ညစ်ညမ်းတဲ့စကားကို ဘာကြောင့် မပြောသင့်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၉ ညစ်ညမ်းတဲ့စကား။ ဆဲရေးတိုင်းထွာတဲ့စကား၊ ရိုင်းစိုင်းတဲ့စကား၊ မကြားဝံ့မနာသာ စကားတွေဟာ ဒီနေ့ လောကမှာ နေ့စဉ်သုံးစကားတွေ ဖြစ်နေတယ်။ လူအများဟာ ကိုယ့်စကားကို လေးနက်စေဖို့ ဒါမှမဟုတ် စကားလုံးရှာမရတဲ့အခါ အစားထိုးဖို့ ရိုင်းစိုင်းယုတ်ညံ့တဲ့စကားတွေကို ပြောတတ်ကြတယ်။ လူရွှင်တော်တွေဟာ ညစ်ညမ်းတဲ့၊ လိင်ကိုအသားပေးတဲ့ စကားတွေနဲ့ ပြက်လုံးထုတ်ကြတယ်။ တကယ်တော့ အဲဒီလိုစကားတွေဟာ ရယ်စရာမဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ခန့်က တမန်တော်ပေါလုဟာ “ညစ်ညမ်းတဲ့စကား ပြောတာ” ကိုရှောင်ဖို့ ကောလောသဲအသင်းတော်ဆီ စာရေးသတိပေးခဲ့တယ်။ (ကောလောသဲ ၃:၈) ခရစ်ယာန်စစ်တွေ “စကားနဲ့တောင် မပြော” သင့်တဲ့အရာတွေထဲမှာ “ညစ်ညမ်းတဲ့ ပြက်လုံးတွေ” ပါတယ်လို့ ဧဖက်အသင်းတော်ကို ပေါလု ပြောခဲ့တယ်။—ဧဖက် ၅:၃၊ ၄။
၁၀ ညစ်ညမ်းတဲ့စကားကို ယေဟောဝါ စက်ဆုပ်ရွံရှာတယ်။ ကိုယ်တော့်ကို ချစ်တဲ့သူတွေလည်း စက်ဆုပ်ရွံရှာကြတယ်။ ယေဟောဝါကို ချစ်တဲ့မေတ္တာက ညစ်ညမ်းတဲ့စကား မပြောဖို့ တားဆီးပေးတယ်။ “အပြစ်ရှိတဲ့အကျင့်တွေ” ထဲမှာ “မသန့်ရှင်းခြင်း” ကို ပေါလု ထည့်သွင်းဖော်ပြထားတယ်။ အဲဒီမသန့်ရှင်းခြင်းထဲမှာ ညစ်ညမ်းတဲ့စကား ပါဝင်နိုင်တယ်။ (ဂလာတိ ၅:၁၉-၂၁) ဒါဟာ အလေးအနက်ထားရမယ့် ကိစ္စပဲ။ အကြိမ်ကြိမ် သတိပေးတဲ့ကြားက နောင်တမယူဘဲ အလွန်အကျင့်ပျက်၊ ညစ်ညမ်း၊ ယုတ်ညံ့တာတွေကို ရည်ညွှန်းတဲ့၊ အားပေးအားမြှောက်ပြုတဲ့ စကားမျိုး ပြောလေ့ရှိသူကို အသင်းတော်ကနေ နှင်ထုတ်နိုင်တယ်။ *
၁၁၊ ၁၂။ (က) အတင်းအဖျင်းဆိုတာ ဘာလဲ။ အဲဒါက ဘယ်လို ထိခိုက်နစ်နာစေနိုင်သလဲ။ (ခ) ယေဟောဝါကို ဝတ်ပြုသူတွေဟာ အသရေဖျက်တဲ့စကားကို ဘာကြောင့် ရှောင်ရမလဲ။
၁၁ ထိခိုက်နစ်နာစေတဲ့ အတင်းပြောခြင်း၊ အသရေဖျက်ခြင်း။ အတင်းအဖျင်းဆိုတာ သူတစ်ပါးအကြောင်း လျှောက်ပြောတာ ဖြစ်တယ်။ သူတစ်ပါးအကြောင်း ပြောတိုင်း မကောင်းဘူးလို့ ဆိုနိုင်သလား။ မကြာသေးခင်က နှစ်ခြင်းခံပြီးသူအကြောင်း၊ အားပေးမှု လိုနေသူအကြောင်း အကျိုးရှိတဲ့သတင်းကို အပြုသဘောပါပါ ပြောတာဆိုရင် မကောင်းဘူးလို့ မဆိုနိုင်ဘူး။ ပထမရာစု ခရစ်ယာန်တွေဟာ အချင်းချင်းရဲ့ အကျိုးကို သိပ်စိတ်ဝင်စားပြီး ယုံကြည်သူချင်းတွေအကြောင်း ဝေမျှပြောဆိုကြတယ်။ (ဧဖက် ၆:၂၁၊ ၂၂။ ကောလောသဲ ၄:၈၊ ၉) ဒါပေမဲ့ လိုရာဆွဲပြီး မဟုတ်မမှန်ပြောတာ၊ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်တာဆိုရင်တော့ ထိခိုက်နစ်နာစေနိုင်တယ်။ ပိုဆိုးတာက အတင်းအဖျင်းကနေ အသရေဖျက်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါဟာ ထိခိုက်နစ်နာမှုပဲ ဖြစ်စေတယ်။ အသရေဖျက်ခြင်းဆိုတာ “သူတစ်ပါး နာမည်ပျက်အောင် သားပုပ်လေလွင့်ပြောဆိုခြင်း” ဖြစ်တယ်။ ဥပမာ၊ ဖာရိရှဲတွေဟာ ယေရှုကို အယုံအကြည်မရှိအောင် မလိုတမာစိတ်နဲ့ အသရေဖျက်ခဲ့ကြတယ်။ (မဿဲ ၉:၃၂-၃၄။ ၁၂:၂၂-၂၄) အသရေဖျက်ခြင်းကြောင့် ငြင်းခုံရန်တွေ့တာတွေ ဖြစ်တတ်တယ်။—ပညာအလိမ္မာ ၂၆:၂၀။
၁၂ သူတစ်ပါးကို ရှုတ်ချပြောဆိုသူတွေ၊ စိတ်ဝမ်းကွဲအောင် ပြောဆိုသူတွေကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ “ညီအစ်ကိုချင်း ခိုက်ရန်ဖြစ်အောင်” လုပ်သူတွေကို ကိုယ်တော် ရွံမုန်းတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) “အသရေဖျက်သူ” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ ဒိုင်အာဘိုလော့စ်ဖြစ်ပြီး စာတန်ကိုလည်း အဲဒီလို ခေါ်ထားတယ်။ သူဟာ ဘုရားကို အသရေဖျက်သူ “မာရ်နတ်” ဖြစ် တယ်။ (ဗျာဒိတ် ၁၂:၉၊ ၁၀) မာရ်နတ်လို ဖြစ်သွားစေမယ့် စကားမျိုးကို ကျွန်တော်တို့ ရှောင်ချင်ကြမှာ သေချာတယ်။ အသရေဖျက်တဲ့စကားတွေကို အသင်းတော်ထဲမှာ လက်ခံလို့ မရဘူး။ အဲဒီစကားတွေက “ငြင်းခုံခြင်း၊” “စိတ်ဝမ်းကွဲခြင်း” တွေလို အပြစ်ရှိတဲ့အကျင့်တွေ ကျင့်စေနိုင်လို့ပဲ။ (ဂလာတိ ၅:၁၉-၂၁) ဒါကြောင့် တစ်ယောက်ယောက်အကြောင်း မပြောခင် ‘ဒီသတင်း မှန်ရဲ့လား။ ပြောလိုက်ရင် အကြင်နာမဲ့ရာ ရောက်သွားမလား။ ဒီအကြောင်းကို ပြောဖို့ လိုလို့လား၊ ပြောရင်ကော ကောင်းပါ့မလား’ လို့ မိမိကိုယ်ကို မေးပါ။—၁ သက်သာလောနိတ် ၄:၁၁ ကိုဖတ်ပါ။
၁၃၊ ၁၄။ (က) ဆဲဆိုခြင်းဟာ သူတစ်ပါးအပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်နိုင်သလဲ။ (ခ) ဆဲရေးကဲ့ရဲ့ခြင်းဆိုတာ ဘာလဲ။ ဆဲရေးကဲ့ရဲ့သူဟာ ဘာကြောင့် အန္တရာယ်စက်ကွင်းထဲ ရောက်နေသလဲ။
၁၃ ဆဲဆိုခြင်း။ အစပိုင်းမှာ ပြောသလိုပဲ စကားတွေဟာ ထိခိုက်နစ်နာစေနိုင်စွမ်း ရှိတယ်။ လူ့မစုံလင်မှုကြောင့် နောက်မှ နောင်တရတဲ့စကားတွေကို ကျွန်တော်တို့ ပြောမိတတ်ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်အိမ်ထောင်မှာ၊ အသင်းတော်မှာ လုံးဝမပြောသင့်တဲ့ စကားအကြောင်း ကျမ်းစာ သတိပေးတယ်။ “အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ” လို့ ခရစ်ယာန်တွေကို ပေါလု သတိပေးခဲ့တယ်။ (ဧဖက် ၄:၃၁) တခြားဘာသာပြန်ကျမ်းတွေမှာ “ဆဲဆိုခြင်း” ဆိုတဲ့အသုံးအနှုန်းကို “ယုတ်မာတဲ့စကား၊” “ထိခိုက်နစ်နာစေတဲ့စကား၊” “စော်ကားတဲ့စကား” လို့ ပြန်ဆိုကြတယ်။ ဆဲဆိုခြင်းမှာ သူတစ်ပါးကို ချိုးချိုးဖဲ့ဖဲ့ပြောဆိုတာ၊ ကြမ်းကြမ်းတမ်းတမ်း မညှာမတာ ပြစ်တင်ဝေဖန်တာတွေ ပါဝင်တယ်။ ဆဲဆိုတာဟာ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီး သိမ်ငယ်သွားစေနိုင်တယ်။ စိတ်ထားနူးညံ့ပြီး ယုံလွယ်တဲ့ ကလေးတွေဟာ ဆဲဆိုခံရတဲ့အခါ အလွယ်တကူ စိတ်ဒဏ်ရာ ရသွားနိုင်တယ်။—ကောလောသဲ ၃:၂၁။
၁၄ ဆဲရေးကဲ့ရဲ့တာ၊ တစ်နည်းအားဖြင့် သူတစ်ပါးကို စော်ကားချိုးနှိမ်ပြီး ပြောတတ်တဲ့အကျင့်ကို ကျမ်းစာက အတိအလင်း တားမြစ်ထားတယ်။ အဲဒီလို ပြောတဲ့အကျင့်ရှိသူဟာ အန္တရာယ်စက်ကွင်းထဲ ရောက်နေပြီ။ ပြုပြင်ပြောင်းလဲဖို့ အကြိမ်ကြိမ် ကူညီပေးတာကို ဂရုမစိုက်ရင် သူ့ကို အသင်းတော်ကနေ နှင်ထုတ်နိုင်တယ်။ သူ့အကျင့်တွေ မပြောင်းလဲရင် နိုင်ငံတော်ကောင်းချီးတွေလည်း ဆုံးၡုံးသွားနိုင်တယ်။ ၁ ကောရိန္သု ၅:၁၁-၁၃။ ၆:၉၊ ၁၀) ဒါကြောင့် ကျွန်တော်တို့ဟာ အကျိုးမရှိတဲ့၊ မဟုတ်မမှန်တဲ့၊ အကြင်နာမဲ့တဲ့ စကားတွေကို ပြောကျင့်ရှိနေရင် ဘုရားရဲ့မေတ္တာ ခံစားရမှာ မဟုတ်ဘူး။ အဲဒီလိုစကားတွေဟာ ထိခိုက်နစ်နာစေတယ်။
(‘အပြုသဘောပါတဲ့’ ကောင်းတဲ့စကား
၁၅။ ဘယ်စကားမျိုးဟာ ‘အပြုသဘောပါတဲ့’ ကောင်းတဲ့စကား ဖြစ်သလဲ။
၁၅ စကားပြောနိုင်စွမ်းဆုလက်ဆောင်ကို ပေးထားတဲ့အရှင် အလိုရှိတဲ့အတိုင်း အဲဒီဆုလက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်သလဲ။ “ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ” ပြောပါဆိုတဲ့ ကျမ်းစာတိုက်တွန်းချက်ကို အမှတ်ရပါ။ (ဧဖက် ၄:၂၉) အပြုသဘောပါတဲ့စကား၊ အားပေးစကား၊ အားရှိစေတဲ့စကားတွေကို ပြောမယ်ဆိုရင် ယေဟောဝါ နှစ်သက်တယ်။ အဲဒီလိုစကားတွေကို စဉ်းစားပြောဆိုဖို့ လိုတယ်။ ကျမ်းစာထဲမှာ လိုက်လျှောက်ရမယ့် ပုံသေနည်းကို မဖော်ပြထားဘူး။ “အကျိုးရှိတဲ့စကားတွေ” ကိုလည်း စာရင်း မပြုစုထားဘူး။ (တိတု ၂:၈) ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ’ ပြောဆိုနိုင်ဖို့ ရိုးရှင်းပေမဲ့ အရေးကြီးတဲ့ အချက်သုံးချက်ကို စွဲမှတ်ထားသင့်တယ်– အကျိုးပြုတဲ့၊ ဟုတ်မှန်တဲ့၊ အကြင်နာတရားရှိတဲ့ စကားတွေ ဖြစ်သင့်တယ်။ ဒါတွေကို မှတ်ထားပြီး အပြုသဘောပါတဲ့စကားနဲ့ သက်ဆိုင်တဲ့ ပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။—“ ငါ့စကားဟာ အပြုသဘောပါသလား” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၆၊ ၁၇။ (က) တခြားသူတွေကို ဘာကြောင့် ချီးမွမ်းပေးသင့်သလဲ။ (ခ) အသင်းတော်မှာ၊ မိသားစုမှာ တခြားသူတွေကို ချီးမွမ်းဖို့ ဘယ်အခွင့်အရေးတွေ ရှိသလဲ။
၁၆ စိတ်ရင်းမှန်နဲ့ ချီးမွမ်းခြင်း။ ချီးမွမ်းစကား၊ နှစ်သက်ကြောင်း ဖော်ပြတဲ့စကား ပြောဆိုဖို့ လိုအပ်မှန်း ယေဟောဝါနဲ့ ယေရှု အသိအမှတ်ပြုတယ်။ (မဿဲ ၃:၁၇။ ၂၅:၁၉-၂၃။ ယောဟန် ၁:၄၇) ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့လည်း တခြားသူတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးသင့်တယ်။ ဘာကြောင့်လဲ။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်” လို့ ပညာအလိမ္မာ ၁၅:၂၃ က ဆိုတယ်။ ‘လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခံရတဲ့အခါ ငါဘယ်လို ခံစားရသလဲ။ ကျေနပ်အားရပြီး အားတက်သွားတယ် မဟုတ်လား’ လို့ မိမိကိုယ်ကို မေးကြည့်ပါ။ စိတ်ရင်းမှန်နဲ့ ချီးမွမ်းတဲ့စကားဟာ တစ်ဦးတစ်ယောက်က မိမိကို သတိပြုမိကြောင်း၊ ဂရုစိုက်ကြောင်း၊ မိမိကြိုးစားရကျိုးနပ်ကြောင်း သိရှိစေတယ်။ အဲဒီလိုခံစားချက်ဟာ မိမိကိုယ် ကို ယုံကြည်စိတ်ချမှု ပိုရှိလာစေပြီး နောက်နောင် ပိုကြိုးစားလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ သင်ဟာ ချီးမွမ်းခံရတဲ့အခါ ဝမ်းသာတယ်ဆိုရင် တခြားသူတွေကိုလည်း အတတ်နိုင်ဆုံး ချီးမွမ်းပေးသင့်တယ် မဟုတ်လား။—မဿဲ ၇:၁၂ ကိုဖတ်ပါ။
၁၇ သူတစ်ပါးရဲ့ ကောင်းကွက်ကို ရှာပြီး ချီးမွမ်းတတ်တဲ့ အကျင့်ရှိအောင် ကြိုးစားပါ။ အသင်းတော်မှာ သင်ဟာ ကောင်းမွန်တဲ့ ဟောပြောချက်တစ်ခုကို ကြားရမယ်။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ပန်းတိုင်တွေကို ကြိုးစားတက်လှမ်းနေတဲ့ လူငယ်တစ်ဦးကို သတိပြုမိမယ်။ ဇရာထောင်းနေပေမဲ့ အစည်းအဝေးတွေကို သစ္စာရှိရှိ တက်ရောက်နေတဲ့ သက်ကြီးရွယ်အိုတစ်ဦးကို သတိထားမိမယ်။ အဲဒီလိုလူတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးတာဟာ သူတို့ရဲ့ စိတ်နှလုံးကို ထိမိစေပြီး ဘုရားကို ဆက်အမှုဆောင်နိုင်ဖို့ ခွန်အားရှိစေနိုင်တယ်။ မိသားစုမှာ ဇနီးမောင်နှံတွေဟာ တစ်ဦးနဲ့တစ်ဦး လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပြီး ကျေးဇူးတင်လေးမြတ်တဲ့ စကားတွေ ပြောဆိုဖို့ လိုတယ်။ (ပညာအလိမ္မာ ၃၁:၁၀၊ ၂၈) အထူးသဖြင့် သားသမီးတွေဟာ ဂရုစိုက်ခံရတဲ့အခါ၊ တန်ဖိုးထားခံရတဲ့အခါ ပိုပြီးတက်ကြွလာကြတယ်။ အပင် ရှင်သန်နိုင်ဖို့ နေရောင်နဲ့ ရေ လိုအပ်သလို ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ချီးမွမ်းခြင်းနဲ့ ချစ်မြတ်နိုးခြင်း လိုအပ်တယ်။ မိဘတို့၊ သားသမီးတွေရဲ့ ချီးကျူးထိုက်တဲ့ အရည်အသွေးတွေ၊ ကြိုးစားအားထုတ်မှုတွေအတွက် အခွင့်အရေးရှာယူပြီး ချီးမွမ်းပေးပါ။ အဲဒီလို ချီးမွမ်းပေးတာဟာ သားသမီးတွေကို အားရှိစေပြီး ယုံကြည်စိတ်ချမှု ရှိစေနိုင်တယ်။ မှန်ရာကို လုပ်ဆောင်ဖို့ ပိုကြိုးစားချင်စိတ်တောင် ရှိစေနိုင်တယ်။
၁၈၊ ၁၉။ ယုံကြည်သူအချင်းချင်း ဘာကြောင့် အတတ်နိုင်ဆုံး နှစ်သိမ့်အားပေးသင့်သလဲ။ ဘယ်လို နှစ်သိမ့်အားပေးနိုင်သလဲ။
၁၈ နှစ်သိမ့်အားပေးခြင်း။ ယေဟောဝါဟာ ‘စိတ်နှိမ့်ချသူနဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ’ ကို အလွန်ဂရုစိုက်တယ်။ (ဟေရှာယ ၅၇:၁၅) “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေ” ဖို့၊ “စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့” ကျမ်းစာက တိုက်တွန်းတယ်။ (၁ သက်သာလောနိတ် ၅:၁၁၊ ၁၄) ဝမ်းနည်းကြေကွဲနေတဲ့ ယုံကြည်သူချင်းတွေကို နှစ်သိမ့်အားပေးဖို့ ကျွန်တော်တို့ ကြိုးစားတာကို ဘုရား သတိထားမိပြီး နှစ်သက်မယ်ဆိုတာ စိတ်ချနိုင်တယ်။
၁၉ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့ ခရစ်ယာန်တစ်ဦးကို ဘယ်လို အားပေးတည်ဆောက်နိုင်သလဲ။ ပြဿနာကို သင် ဖြေရှင်းပေးရမယ်လို့ မယူမှတ်လိုက်ယာကုပ် ၅:၁၄၊ ၁၅) အသင်းသားတစ်ဦးအနေနဲ့ သူ့ကို လိုအပ်ကြောင်း၊ တန်ဖိုးထားကြောင်း အသေအချာ သိစေပါ။ (၁ ကောရိန္သု ၁၂:၁၂-၂၆) သူ့ကို ယေဟောဝါ အမှန်တကယ် ဂရုစိုက်ကြောင်း စိတ်ချစေဖို့ အားရှိစရာ ကျမ်းချက်တစ်ချက်ကို ဖတ်ပြပါ။ (ဆာလံ ၃၄:၁၈။ မဿဲ ၁၀:၂၉-၃၁) ဝမ်းနည်းကြေကွဲနေသူကို “ကောင်းတဲ့စကား” ပြောဆိုဖို့ အချိန်အလုံအလောက်ယူပါ။ အဲဒီနောက် သင့်ရင်ထဲကစကားတွေက သူဟာ ချစ်မြတ်နိုးခံရပြီး တန်ဖိုးထားခံရမှန်း သိရှိစေမှာ သေချာတယ်။—ပညာအလိမ္မာ ၁၂:၂၅ ကိုဖတ်ပါ။
ပါနဲ့။ ကိစ္စအတော်များများမှာ စကားရိုးရိုးလေးပြောရုံနဲ့ ထိရောက်မှုရှိတတ်တယ်။ သင်ဟာ စိတ်ကြေကွဲနေသူကို ဂရုစိုက်တယ်ဆိုတာ သိစေပါ။ စိတ်ဓာတ်ကျနေသူနဲ့အတူ အသံထွက် ဆုတောင်းပါ။ တခြားသူတွေကော ဘုရားသခင်ပါ သူ့ကို ဘယ်လောက်ချစ်မှန်း သူ သိအောင်ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနိုင်တယ်။ (၂၀၊ ၂၁။ ဘယ်အချက်တွေက အကြံပြုချက်ကို ထိရောက်စေသလဲ။
၂၀ ထိရောက်တဲ့ အကြံဉာဏ်။ မစုံလင်သူတွေအနေနဲ့ ကျွန်တော်တို့အားလုံး အခါအားလျော်စွာ အကြံဉာဏ်ရဖို့ လိုတယ်။ “အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာ ရှိလာမယ်” လို့ ကျမ်းစာ တိုက်တွန်းတယ်။ (ပညာအလိမ္မာ ၁၉:၂၀) အကြီးအကဲတွေပဲ သူတစ်ပါးကို အကြံပေးရတာ မဟုတ်ဘူး။ မိဘတွေဟာ သားသမီးကို အကြံဉာဏ်ပေးကြတယ်။ (ဧဖက် ၆:၄) ရင့်ကျက်တဲ့ညီအစ်မတွေဟာ ညီအစ်မငယ်တွေကို အကြံပေးဖို့ လိုအပ်မယ်။ (တိတု ၂:၃-၅) တစ်ဖက်သားရဲ့ စိတ်ထဲ အနှိမ်ခံရတယ်လို့ မခံစားရအောင် အကြံဉာဏ်ပေးတတ်ဖို့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ အဲဒီလိုအကြံပြုနိုင် ဖို့ ဘာက ကူညီပေးသလဲ။ အကြံပြုချက်ကို ပိုထိရောက်စေတဲ့ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ– အကြံပေးသူရဲ့ စိတ်ထားနဲ့ ရည်ရွယ်ချက်၊ အကြံပြုချက်ရဲ့ အခြေခံ၊ အကြံပေးပုံပေးနည်းတို့ ဖြစ်တယ်။
၂၁ ထိရောက်တဲ့အကြံဉာဏ်ပေးနိုင်ဖို့ အကြံပြုသူဘက်က စလုပ်ဆောင်ရမယ်။ ‘ဘယ်အချိန်မှာ အကြံပြုချက်ကို လက်ခံဖို့ ငါ့အတွက် လွယ်ကူသလဲ’ ဆိုပြီး မိမိကိုယ်ကို မေးကြည့်ပါ။ အကြံပြုသူဟာ သင့်ကို ဂရုစိုက်ကြောင်း၊ သူစိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောတဲ့စကား မဟုတ်ကြောင်း၊ စိတ်ရင်းမှန်ကြောင်း သင် သိရှိတဲ့အခါ သူ့ရဲ့ အကြံဉာဏ်ကို လက်ခံဖို့လွယ်မယ်။ ဒါကြောင့် သူတစ်ပါးကို အကြံပြုတဲ့အခါမှာလည်း သင့်ရဲ့ စိတ်ထားနဲ့ ရည်ရွယ်ချက်ဟာ အဲဒီအတိုင်း ဖြစ်သင့်တယ် မဟုတ်လား။ အကျိုးဖြစ်ထွန်းတဲ့ အကြံပြုချက်ဟာ ကျမ်းစာကိုလည်း အခြေခံတယ်။ (၂ တိမောသေ ၃:၁၆) သင့်ရဲ့ အကြံပြုချက်ဟာ ကျမ်းစာကို တိုက်ရိုက်ကိုးကားတာဖြစ်စေ၊ မကိုးကားတာဖြစ်စေ ကျမ်းစာကို အခြေခံသင့်တယ်။ ဒါကြောင့် အကြီးအကဲတွေဟာ မိမိတို့ ရှုမြင်တဲ့အတိုင်း တခြားသူတွေ ရှုမြင်လာအောင် အတင်းအကျပ် မလုပ်မိဖို့ သတိထားရမယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ရှုမြင်ချက်တချို့ကို ကျမ်းစာထောက်ခံတဲ့ ပုံစံပေါက်အောင် ကျမ်းချက်တွေကို တလွဲသုံးမှာ မဟုတ်ဘူး။ နည်းမှန်လမ်းကျ အကြံပြုမယ်ဆိုရင် ပိုပြီး ထိရောက်တယ်။ အကြင်နာတရားရှိတဲ့ အကြံပြုချက်ဟာ လက်ခံရ လွယ်ကူစေတယ်၊ လက်ခံသူရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး။—ကောလောသဲ ၄:၆။
၂၂။ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို အသုံးပြုတာနဲ့ ပတ်သက်ပြီး သင် ဘယ်လို သန္နိဋ္ဌာန်ချထားသလဲ။
၂၂ စကားပြောနိုင်စွမ်းဟာ ဘုရားဆီက အဖိုးတန် ဆုလက်ဆောင်ဖြစ်တယ်။ အဲဒီလက်ဆောင်ကို တလွဲမသုံးဘဲ မှန်ကန်စွာအသုံးပြုဖို့ ယေဟောဝါကို ချစ်တဲ့မေတ္တာက လှုံ့ဆော်ပေးတယ်။ သူတစ်ပါးကို ကျွန်တော်တို့ပြောလိုက်တဲ့ စကားတွေမှာ အပြုသဘောပါပါ အားပေးနိုင်စွမ်း၊ ထိခိုက်စေနိုင်စွမ်း ရှိတယ်ဆိုတာ မှတ်ထားကြစို့။ အဲဒီလက်ဆောင်ကို ပေးတဲ့အရှင် အလိုရှိတဲ့အတိုင်း ‘အပြုသဘောပါတဲ့’ ကောင်းတဲ့စကား ပြောဆိုဖို့ ကြိုးစားကြပါစို့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ စကားဟာ ပတ်ဝန်းကျင်ကလူတွေကို အားရှိ လန်းဆန်းစေမယ်။ ကျွန်တော်တို့ကိုလည်း ဘုရားရဲ့မေတ္တာ အမြဲ ခံစားရစေပါလိမ့်မယ်။
^ စာပိုဒ်၊ 4 ပညာအလိမ္မာ ၁၅:၄ မှာ “လှည့်စား” ဆိုပြီး ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးဟာ “ကလိမ်ကကျစ်၊ မလိမ့်တပတ်” လို့လည်း အဓိပ္ပာယ်ရှိတယ်။
^ စာပိုဒ်၊ 10 ကျမ်းစာမှာ အသုံးပြုထားတဲ့ “မသန့်ရှင်းခြင်း” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်ကျယ်ပြန့်ပြီး အပြစ်များစွာ ပါဝင်နိုင်တယ်။ မသန့်ရှင်းမှုမှန်သမျှကို တရားရေးအရ အရေးမယူနိုင်ပေမဲ့ နောင်တမယူဘဲ အလွန်အကျွံ ညစ်ညမ်းတဲ့အကျင့်တွေ ပြုကျင့်လေ့ရှိသူကို အသင်းတော်ကနေ နှင်ထုတ်နိုင်တယ်။—၂ ကောရိန္သု ၁၂:၂၁။ ဧဖက် ၄:၁၉။ ၂၀၀၆၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင်၊ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။