မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်​ဆက်​တွဲ

တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်

တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်

ဘု​ရား မနှစ်​သက်​တဲ့ တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေတဲ့​အကျင့်​ဟာ ကိုယ်​ကျိုး​ကို​သာ စဉ်း​စား​တဲ့ သဘော​ထား​ကို လှုံ့​ဆော်​ပေး​ပြီး မကောင်း​တာ​တွေ​ကို တွေး​တော​စေ​တယ်။ * တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေသူ​ဟာ တ​ခြား​သူ​တွေ​ကို လိင်​ဆန္ဒ​ပြေစေ​တဲ့​အရာတွေ အဖြစ်​သာ ရှု​မြင်​တယ်။ လိင်​ကို လူ​နှစ်​ဦး​စပ်​ကြား မေတ္တာ​ပြတဲ့​အရာ​အဖြစ် မဟုတ်​ဘဲ တ​ဒ​င်္ဂ သာ​ယာ​မှု​ပေး​တဲ့၊ လိင်​စိတ်​ပြင်း​ပြမှု​ကို ပြေလျော့​စေ​တဲ့ ကာ​ယ​ပိုင်း​လုပ်​ရပ်​အဖြစ် ရှု​မြင်​လာ​တယ်။ အဲဒီ​လို စိတ်​ဖြေတာ​ဟာ ခ​ဏ​တာ​ပဲ ဖြစ်​တယ်။ တ​ကယ်​တော့ တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေတာ​ဟာ “လိင်​အကျင့်​ ယို​ယွင်း​ခြင်း၊ ညစ်​ညူး​စွာ​ ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်​တည်း​ခြင်း” ကို​ဖြစ်​ပေါ်​စေ​တဲ့ ကိုယ်​ခန္ဓာ​အစိတ်​အပိုင်း​တွေ​ကို သေစေ​မယ့်​အစား ထ​ကြွ​လာ​စေ​တယ်။​—ကောလောသဲ ၃:၅

တမန်​တော်​ပေါလု​က “ချစ်​ရ​သူတို့၊ . . . ကိုယ်​စိတ်​နှစ်​ပါး​ကို ညစ်​ညူး​စေ​တဲ့​အရာ ရှိ​သမျှ​နဲ့ ကင်း​စင်​နေ​ကြ​စို့။ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ သန့်​ရှင်း​သည်​ထက် သန့်​ရှင်း​အောင် အသက်​ရှင်​နေ​ကြ​စို့” လို့ ရေး​ခဲ့​တယ်။ (၂ ကော​ရိန္သု ၇:၁) အဲဒီ​စကား​တွေ​ကို လိုက်​နာ​ဖို့ အခက်​တွေ့​နေ​ရင် လက်​မလျှော့​လိုက်​ပါ​နဲ့။ ယေဟောဝါ​ဟာ အမြဲ “ခွင့်​လွှတ်​ဖို့ အသင့်​ရှိ” ပြီး ကူညီ​ပေး​ချင်​တယ်။ (ဆာလံ ၈၆:၅။ လုကာ ၁၁:၉-၁၃) သင့်​စိတ်​နှလုံး​က သင့်​ကိုယ်​သင် အပြစ်​တင်​နေ​တာ၊ အဲဒီ​အကျင့်​ကို ဖျောက်​ပစ်​ဖို့ ကြိုး​စား​နေ​တာ​ဟာ သင့်​မှာ ကောင်း​တဲ့​သဘော​ထား​ရှိ​မှန်း ဖော်ပြတယ်။ အဲဒီ​လို​ကြိုး​စား​ရာ​မှာ ၡုံး​နိမ့်​တဲ့​အခါ​တွေ ရှိ​နိုင်​တယ်။ ဒါ​ပေမဲ့ “ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​ရဲ့ စိတ်​နှလုံး​ထက် ပို​ကြီး​မြတ်​တယ်၊ အရာ​အားလုံး​ကို ကိုယ်​တော် သိ​နေ​တယ်” ဆို​တာ​ကို စိတ်​စွဲ​မှတ်​ထား​ပါ။ (၁ ယောဟန် ၃:၂၀) ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ​ကို​ပဲ သိ​မြင်​တာ မဟုတ်​ဘူး၊​ ကျွန်​တော်​တို့​အကြောင်း အကုန်​သိ​တယ်။ အဲဒီ​လို​သိ​တဲ့​အတွက် ကျွန်​တော်​တို့​ရဲ့ လှိုက်​လှဲ​တဲ့ အသနား​ခံ​ချက်​တွေ​ကို စာ​နာ​မှု​ရှိ​ရှိ နား​ထောင်​ပေး​တယ်။ ဒါ​ကြောင့် ဒုက္ခ​ရောက်​ချိန်​မှာ ဖခင်​ဆီ ပြေး​သွား​တဲ့ ကလေး​ငယ်​လို ဘု​ရား​သခင်​ဆီ နှိမ့်​ချ​စွာ၊ ထက်​သန်​စွာ ဆုတောင်း​ဖို့ ဝန်​မလေး​ပါ​နဲ့။ ယေဟောဝါ​ဟာ သင့်​ကို ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ် ရှိ​စေ​ပါ​လိမ့်​မယ်။ (ဆာလံ ၅၁:၁-၁၂၊ ၁၇။ ဟေ​ရှာ​ယ ၁:၁၈) သင့်​ဘက်​က​လည်း ဆုတောင်း​ချက်​နဲ့​အညီ လို​အပ်​သလို လုပ်​ဆောင်​ဖို့ လို​တယ်။ ဥပမာ၊ ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ​တွေ၊ မကောင်း​တဲ့ အပေါင်း​အသင်း​တွေ​ကို ရှောင်​ဖို့ ကြိုး​စား​ရ​မယ်။ *

သင်​ဟာ တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေတဲ့​အကျင့် ရှိ​နေ​တုန်း​ပဲ​ဆို​ရင် ခ​ရစ်​ယာန်​မိ​ဘ ဒါ​မှ​မဟုတ် ရင့်​ကျက်​ပြီး ဂရု​စိုက်​တတ်​တဲ့ မိတ်ဆွေ​တစ်ဦး​ကို ရင်​ဖွင့်​ပါ။ *​—ပညာ​အလိမ္မာ ၁:၈၊ ၉။ ၁ သက်သာ​လောနိတ် ၅:၁၄။ တိတု ၂:၃-၅

^ စာပိုဒ်၊ 1 တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေခြင်း​ဟာ မျိုး​ပွား​အင်္ဂါ​တွေ​ကို ကိုင်​တွယ်​ပွတ်​သပ်​ပြီး လိင်​ဆန္ဒ အထွတ်​အထိပ်​ရောက်​အောင် ပြု​ခြင်း ဖြစ်​တယ်။

^ စာပိုဒ်၊ 2 မိသား​စု​များ​စွာ​ဟာ အိမ်​မှာ ကွန်​ပျူ​တာ​ကို အများ​မြင်​သာ​တဲ့ နေ​ရာ​မှာ ထား​ခြင်း​ဖြင့် လက်​တွေ့​ကျ​ကျ လုပ်​ဆောင်​ခဲ့​ကြ​တယ်။ မိသား​စု​တ​ချို့​ဟာ မကောင်း​တဲ့ အကြောင်း​အရာတွေ​ကို စစ်​ထုတ်​ပေး​တဲ့ ကွန်​ပျူ​တာ​ပရို​ဂရမ်တွေ​ကို ဝယ်​သုံး​ကြ​တယ်။ လုံး​ဝ စိတ်​ချ​ရ​တဲ့ ပရို​ဂရမ်​တော့ မရှိ​ပါ​ဘူး။

^ စာပိုဒ်၊ 1 တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေခြင်း​ကို ချိုး​နှိမ်​နိုင်​ပုံ​နဲ့​ပတ်​သက်​ပြီး လက်​တွေ့​ကျ အကြံ​ပြု​ချက်​တွေ​ကို ၂၀၀၆၊ နို​ဝင်​ဘာ နိုး​လော့! ထဲ​က “လူငယ်​များ​အမေး . . . ငါ ဒီ​အကျင့်​ကို ဘယ်​လို​ချိုး​နှိမ်​ရ​မလဲ” နဲ့ လူငယ်​များ​အမေး—တာ​သွား​တဲ့​အဖြေစာ​အုပ် အတွဲ ၁၊ စာ​မျက်​နှာ ၁၇၈-၁၈၂ ကို ကြည့်​ပါ။