မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၃

“တစ်အိမ်မှ တစ်အိမ်”

“တစ်အိမ်မှ တစ်အိမ်”

(တမန်တော် ၂၀:၂၀)

၁။ တစ်အိမ်မှတစ်အိမ် တို့လိုက်ဟော၊

ယေဟောဝါ့ စကား တော်များ။

လယ်ယာနှင့်မြို့ တကာအနှံ့၊

ယေဟောဝါသိုး ကျွေးမွေး။

ဘုရားနိုင်ငံ အုပ်စိုးသတင်း၊

ယေရှုခရစ် ကြိုဟောရာ၊

ကမ္ဘာတစ်လွှား ဟောပြောနေတာ

ခရစ်ယာန် ကြီးငယ် များပါ။

၂။ တစ်အိမ်မှတစ်အိမ် တို့ကြွေးကြော်၊

ကယ်တင်ခြင်း သတင်းတော်။

လူတို့ဆုတောင်းဖို့ ရွေးချယ်လာ

ဘုရား ယေဟောဝါထံ။

နာမ တော်ကို မသိ သူများ

မည်သို့ ဆုတောင်း ခေါ်မှာ။

ထို့တွက်ကြောင့် အိမ်ပေါက်ဝ တိုင်းမှာ၊

လိုက်ပြောကြား မြတ်နာမ။

၃။ နိုင်ငံတော်သတင်း တို့ဖြန့်ဖို့

အိမ်ပေါက်တိုင်း သွားကြစို့။

လက်ခံမည်၊ လက်မခံမည်ကို

စိတ်ကြိုက် ရွေးခွင့် ပေးစို့။

အနည်းဆုံး ယေဟောဝါနာမ

နှင့် အမှန်တရား ကြေညာ။

အိမ်ဝ တိုင်းမှာ သွားရောက် သောခါ

ကိုယ်တော့် “သိုး” ရှာတွေ့မှာ။

(တ. ၂:၂၁; ရော. ၁၀:၁၄ တို့ကိုလည်းကြည့်ပါ။)