မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၆

ယေဟောဝါနှင့် မိတ်ဆွေဖြစ်ခွင့်

ယေဟောဝါနှင့် မိတ်ဆွေဖြစ်ခွင့်

(ဆာလံ ၁၅)

၁။ ကိုယ်တော့်မိတ်ဆွေ မည်သူ၊

တဲတော်၌နေ မည့်သူ၊

ကိုယ်တော်စိတ်ချစွာ မိတ်ဖွဲ့သောသူ၊

သိကျွမ်းသူ မည်သူနည်း။

နှုတ်တော်ထွက် ခံယူလျက်

ကိုယ်တော်အား ယုံသောသူ၊

သစ္စာစောင့်သောသူ၊ တရားမျှတသူ၊

အမှန်တရား ကျင့်သုံးသူ။

၂။ ကိုယ်တော့်မိတ်ဆွေ မည်သူ။

ထံတော်ချဉ်းကပ် မည့်သူ၊

ကိုယ်တော်အားစိတ်ရွှင်လန်းစေမည့်သူ

မည်သူအား ကိုယ်တော်သိ။

နာမတော် ချီးမြှောက်သူ၊

စကားတော် နာခံသူ၊

သစ္စာရှိ၊ ရိုးဖြောင့်၊ အမှန်ပြောသူ

အားလုံးကိုယ်တော့်မိတ်ဆွေ။

၃။ သောကများကို အပ်ထား၊

နှလုံးဖွင့်တောင်းဆု ပြုကြ။

အပါးတော်နား ဆွဲဆောင်၊ မေတ္တာ ဖွဲ့နှောင်၊

နေ့စဉ်စောင့်ရှောက်ကာကွယ်၊

ကိုယ်တော်နှင့် ကြာရှည်စွာ

မိတ်ဆွေဖြစ်လိုကြပါ။

ကိုယ်တော်ထက်ကြီးမြတ်မိတ်ဆွေမရှိ၊

ကိုယ်တော် အကောင်းမြတ်ဆုံးပါ။

(ဆာ. ၁၃၉:၁; ၁ ပေ. ၅:၆၊ ၇ တို့ကိုလည်းကြည့်ပါ။)