သီချင်း ၆၃
သစ္စာမြဲပါ
၁။ သစ္စာမြဲပါ ယေဟောဝါအား၊
တည်ကြည်သော မေတ္တာပြလို။
လူမျိုးတော်ဖြစ်၊ အပ်နှံထားကာ၊
ပညတ်တော်များ သိလိုကြ။
ကိုယ်တော့်အကြံပြုချက်များနှင့်၊
လမ်းပြမှုကို နာခံကြ။
သစ္စာရှင်အား ယုံကြည်နိုင်ကြ၊
ကိုယ်တော်ထံမှ ဘယ်မခွာ။
၂။ သစ္စာမြဲပါ ညီအစ်ကိုအား၊
လိုအပ်ချိန်တိုင်း ဖေးမကြ။
ဂရုစိုက်ကာ ယုံကြည်စိတ်ချ၊
ကြင်နာမှုဖြင့် ဆက်ဆံပါ။
ညီအစ်ကိုများအား ဂုဏ်တင်ကြ၊
နှလုံးထဲမှ လေးစားကြ။
ကျမ်းစာအားဖြင့် နီးကပ်လာကြ၊
သူတို့ထံမှ ဘယ်မခွာ။
၃။ ညီအစ်ကိုများ ဦးဆောင်သောခါ၊
သစ္စာရှိကြောင်း အမြဲပြ။
လမ်းညွှန်မှုများ ပေးလှာသောခါ၊
စိတ်နှလုံးပြည့် လိုက်နာကြ။
ယေဟောဝါထံမှ ကောင်းချီးက
ကျွန်ုပ်တို့ကို အားတိုးစေ။
သစ္စာရှိကြောင်း တင်ပြသောသူ
ရှင်ယေဟောဝါ ပိုင်ဆိုင်ရာ။
(ဆာ. ၁၄၉:၁; ၁ တိ. ၂:၈; ဟေဗြဲ ၁၃:၁၇ တို့ကိုလည်းကြည့်ပါ။)