မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၇

ခွင့်လွှတ်တတ်ကြပါ

ခွင့်လွှတ်တတ်ကြပါ

(ဆာလံ ၈၆:၅)

၁။ သေခြင်းပျောက်ကွယ်စေ၍

တို့များအပြစ်လွတ်စေရန်၊

မေတ္တာဖြင့် သားတော်မှတစ်ဆင့်

ယေဟောဝါ စီမံပေးထား။

တို့များ စစ်မှန်နောင်တရလျှင်၊

ခရစ်ရွေးဖိုး အခြေပြု၍

နာမဖြင့် ခွင့်လွှတ်မှုတောင်းလျှင်၊

အပြစ်လွှတ်ခြင်း ခံရနိုင်။

၂။ ဘုရားနည်းကိုကျင့်သုံး၊

အချင်းချင်း အပြစ်လွှတ်၍

ထောက်ထားမှုနှင့် မေတ္တာပြလျှင်

ကရုဏာတော် ခံရမည်။

ခံရပ်သည်းခံ အချင်းချင်းကို၊

စိတ်ထိခိုက်စရာ ဖယ်ရှားကြ၊

ညီအစ်ကိုချင်း ဂုဏ်တင်ချီးမွမ်း၍

အကောင်းဆုံးနည်း မေတ္တာပြကြ။

၃။ ကရုဏာသည် တို့များ

ပြုစုအပ်သော ကောင်းကျင့်ဖြစ်။

ဖယ်ရှားပေး မကျေမချမ်းမှု၊

အမုန်းတရား၏ နာကျည်းမှု။

သာလွန်မေတ္တာရှင် ယေဟောဝါ၊

တို့များတုပကြသောခါ၊

အပြစ်လွှတ်လိုစိတ် တိုးပွားမည်၊

ဘုရားနှင့် တို့တူကြမည်။

(မ. ၆:၁၂; ဧ. ၄:၃၂; ကော. ၃:၁၃ တို့ကိုလည်းကြည့်ပါ။)