မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇

ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်း

ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်း

(ဟေဗြဲ ၁၀:၇၊ ၉)

၁။ အရှင်ယေဟောဝါ ဖန်ဆင်းထား

လွန်ခမ်းနားစကြဝဠာ၊

မြေကြီးနှင့်ကောင်းကင် စိုးပိုင်ရာ၊

ကိုယ်တော့်လက်ရာတော်များ။

သက်ဇီဝပေးခြင်းကဖော်ပြ

ဖန်ဆင်းခံသတ္တဝါများ

ကိုယ်တော်ရှင်အားသာချီးမွမ်းသင့်ပါ၊

ကိုယ်တော်ကိုဝတ်ပြုရမှာ။

၂။ ဖြောင့်မတ်တရားပြည့်စုံစေရန်

ယေရှုနှစ်ခြင်းခံရ။

ဆုတောင်းကြားလျှောက် ‘ကျွန်ုပ်လာပြီ၊

ကိုယ်တော့်အလိုဆောင်ရန်’။

ဂျော်ဒန်မြစ်မှ တက်လာချိန်တွင်

ဘုရားဘိသိက်ခံသား၊

နာခံသစ္စာရှိအမှုတော်ဆောင်၊

နှံအပ်ဆက်ကပ်သူဖြစ်လာ။

၃။ ရှေ့တော်ရောက်ကြပြီ၊ ယေဟောဝါ

နာမတော် ချီးမြှောက်ရန်။

ရိုကျိုးစိတ်ဖြင့် ပယ်ငြင်း ကိုယ်ကို

နှံအပ်ပါသည် ဘဝ။

ကြီးစွာရွေးဖိုး ပေးသူချစ်သား၊

ကျွန်တို့အားပေးသနား။

ဘဝ ကိုယ့်ကျိုးတွက်မဟုတ်တော့ပါ၊

ကိုယ်တော်ရှင်တွက်ပေးအပ်မှာ။

(မ. ၁၆:၂၄; မာ. ၈:၃၄; လု. ၉:၂၃ တို့လည်းကြည့်ပါ။)