မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၅

ဖန်ဆင်းခြင်းက ယေဟောဝါ၏ဘုန်းတော် ထင်ရှားပြ

ဖန်ဆင်းခြင်းက ယေဟောဝါ၏ဘုန်းတော် ထင်ရှားပြ

(ဆာလံ ၁၉)

၁။ ယေဟောဝါရှင်၊ ကောင်းစွာကျွန်ုပ်သိထား။

ကြယ်စင်မြောက်မြားက ကိုယ်တော့်ဘုန်းကြေညာ။

နေ့ညစဉ်ဆက် စကားသံကင်းမဲ့စွာ

နှိမ့်ချသူအား ရစေသုတပညာ။

နေ့ညစဉ်ဆက် စကားသံကင်းမဲ့စွာ

နှိမ့်ချသူအား ရစေသုတပညာ။

၂။ နေ၊ လ၊ ကြယ်များ ကိုယ်တော်ဖန်ဆင်းထားရာ၊

ပင်လယ်သမုဒ္ဒရာ နယ်စပ်ကန့်ပေးထား။

မဟာထက်ကောင်းကင် ကျွန်ုပ်တို့ မော့ကြည့်လျှင်၊

မိန်းမောတွေးဆ၊ ဘာကြောင့်အောက်မေ့လူသား။

မဟာထက်ကောင်းကင် ကျွန်ုပ်တို့ မော့ကြည့်လျှင်၊

မိန်းမောတွေးဆ၊ ဘာကြောင့်အောက်မေ့လူသား။

၃။ စင်ကြယ်ပေ၊ ပညတ်နှင့်အမိန့်တော်များ။

နေ့စဉ် ကိုယ်တော့် သတိပေးချက်များရ။

ပညာရှိစေ၊ ရွှေထက်လွန်ကဲကောင်းပေ။

စွဲမြဲထိန်းစောင့် လိုက်နာကြစို့မသွေ။

ပညာရှိစေ၊ ရွှေထက်လွန်ကဲကောင်းပေ။

စွဲမြဲထိန်းစောင့် လိုက်နာကြစို့မသွေ။

(ဆာ. ၁၂:၆; ၈၉:၇; ၁၄၄:၃; ရော. ၁:၂၀ တို့ကိုလည်းကြည့်ပါ။)