မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၆

ဘုရားသခင့်နိုင်တော်သို့ ပြေးဝင်ကြ

ဘုရားသခင့်နိုင်တော်သို့ ပြေးဝင်ကြ

(ဇေဖနိ ၂:၃)

၁။ ရှာပါ ယေဟောဝါအား၊ စိတ်နူးညံ့သူများ၊

မှန်ကန်ရာနှင့် နှိမ့်ချမှုလည်းရှာပါ။

ကိုယ်တော့်အမျက်တော်ထွက်သောနေ့ ရောက်သည့်ခါ

ဖုံးကွယ်ဝှက်ခံထားရဖို့ရာ။

(ထပ်ကျော့ပိုဒ်)

မျှော်ရာ ဘုရား နိုင်ငံတော်သို့ ဝင်ပြေး၊

အုပ်ချုပ်မှုအောက် တည်ကြည်လျက်။

ထိုတွင် ဘုရား ကာကွယ်မှု၊ ကောင်းချီးရမှာ၊

မိန့်တော် နာခံ မဆိုင်းနဲ့။

၂။ လာ၊ အမှန်တရားနှင့်တရားမှု ငတ်မွတ်သူ၊

ဘာကြောင့်နာကြည်းဝမ်းနည်းဖြစ်လျက်နေလဲ။

နိုင်ထက်ပြုချုပ်ချယ်သူလက်မှ လွတ်လမ်းရှာ၊

တိုးဝင်ခရစ်အုပ်စိုးမှုအောက်တွင်။

(ထပ်ကျော့ပိုဒ်)

မျှော်ရာ ဘုရား နိုင်ငံတော်သို့ ဝင်ပြေး၊

အုပ်ချုပ်မှုအောက် တည်ကြည်လျက်။

ထိုတွင် ဘုရား ကာကွယ်မှု၊ ကောင်းချီးရမှာ၊

မိန့်တော် နာခံ မဆိုင်းနဲ့။

၃။ မျှော်ကြည့်၊ ခေါင်းမော့ကာ အလွန်ဝမ်းမြောက်စိတ်နှင့်သာ၊

နိုင်ငံတော် ခုရောက်နေကြောင်းသက်သေများ။

ကြိုဆိုလက်ခံပါ၊ ယေဟောဝါပေးလင်းရောင်၊

ကိုယ်တော်ကိုသာ ကြောက်ရွံ့ကြပါ။

(ထပ်ကျော့ပိုဒ်)

မျှော်ရာ ဘုရား နိုင်ငံတော်သို့ ဝင်ပြေး၊

အုပ်ချုပ်မှုအောက် တည်ကြည်လျက်။

ထိုတွင် ဘုရား ကာကွယ်မှု၊ ကောင်းချီးရမှာ၊

မိန့်တော် နာခံ မဆိုင်းနဲ့။

(ဆာ. ၅၉:၁၆; သု. ၁၈:၁၀; ၁ ကော. ၁၆:၁၃ တို့ကိုလည်းကြည့်ပါ။)