မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၁

သနားကြင်နာတတ်သူများ ပျော်ရွှင်၏

သနားကြင်နာတတ်သူများ ပျော်ရွှင်၏

(မဿဲ ၅:၇)

၁။ သနားကြင်နာသူများ ပျော်ရွှင်၊

အလွန်တင့်တယ် ဘုရားရှေ့တော်တွင်။

သနားမှု၌ ကိုယ်တော်အားရ၊

မှန်ရာမြတ်နိုးသူကိုပြောပြ။

ယေရှုဖြင့် သနားမှုတင်ပြ၊

ကျွန်ုပ်တို့တွက် ရွေးဖိုးပြင်ထား။

သိမ်မွေ့သူအား ကိုယ်တော်သနား၊

အားနည်းခန္ဓာ ရှိကြောင်း သိထား။

၂။ ဘုရားလိုသနား၊ ကောင်းချီးရ။

အပြစ်လွှတ်ခံရ၊ အနားရ။

ယေရှုရွေးဖိုးဆက်သခြင်းမှ

သူတို့ သနားခြင်းခံစားရ။

သူတို့လိုက်ဟောပြော ရပ်တကာ၊

သနားကြင်နာမှု မျှဝေကြ။

“စိတ်အားမလျော့နှင့်၊ နိုင်ငံတော်

ခုပင်တည်ပြီ” လိုက်၍ ဟောပြော။

၃။ ဘုရားရှင်အကဲဖြတ်လေသော်

သိမ်မွေ့သူ မြင်တွေ့မေတ္တာတော်။

ဘုရားသနားမှုကိုတုရာ၊

ကိုယ်တော့်သနားမှု ခံစားရ။

ထို့ကြောင့် ကြင်နာတတ်ကြပါစေ၊

အစဉ်အားအင်ထုတ် ကြိုးစားပါလေ။

ဘုရားနှင့်ခရစ် နည်းဖော်ပြထား၊

နေ့တိုင်းတင်ပြ သနားကြင်နာ။

(လု. ၆:၃၆; ရော. ၁၂:၈; ယာ. ၂:၁၃ တို့ကိုလည်းကြည့်ပါ။)