မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၂

“ယေဟောဝါသည် ငါ၏သိုးထိန်း”

“ယေဟောဝါသည် ငါ၏သိုးထိန်း”

(ဆာလံ ၂၃)

၁။ ယေဟောဝါသည် ငါ့သိုးထိန်းပါ၊

ဘာကြောင့် စိုးထိတ်ကြောက်ရမှာ။

သိုးများအား လွန်စွာဂရုစိုက်ထိန်း၊

ဘယ်သိုးကိုမျှ မေ့မထား။

အေးမြရေစမ်း နားသို့ပို့ဆောင်၊

ငါ့အား ပျော်ရွှင်လန်းဆန်းစေ။

နာမတော်တွက် ဖြောင့်မတ်လမ်းစဉ်မှာ

လျှောက်လှမ်းရန် သူလမ်းညွှန်ပေး။

နာမတော်တွက် ဖြောင့်မတ်လမ်းစဉ်မှာ

လျှောက်လှမ်းရန် သူညွှန်ပြပေး။

၂။ ပိတ်ပိန်းမိုက်မှောင်သောခရီးတွင်

တစ်ယောက်တည်းဖြစ်လည်း မကြောက်။

ငါ့သိုးထိန်းကြီး ငါနှင့်အစဉ်ရှိ၊

တောင်ဝှေးတော်ကြောင့် ဘေးမရောက်။

ငါ့ခေါင်းကိုလောင်းပေး ဆီမွေးနှင့်၊

ငါ့ခွက်လျှံအောင် ဖြည့်ပေးထား။

ဂရုဏာတော် ငါ့ကိုလွှမ်းခြုံမည်၊

ကိုယ်တော့်အိမ်တော်၌ နေမှာ။

ဂရုဏာတော် ငါ့ကိုလွှမ်းခြုံမည်၊

ကိုယ်တော့်အိမ်တော်၌ နေမှာ။

၃။ ဉာဏ်နှင့်မေတ္တာ ပြည့်ဝလှပါ။

ငါ့သိုးထိန်းအား ချီးမွမ်းမည်။

ကိုယ်တော်ကြင်နာစွာ ကာကွယ်တတ်ကြောင်း

သိမ်မွေ့သူများ သိစေမည်။

နှုတ်မြွက်တော်နှင့် ကိုယ်တော့်လမ်းစဉ်

အစဉ်တစိုက် လိုက်လျှောက်မည်။

ကိုယ်တော်အား ကျေးဇူးတင်လျက် နေ့တိုင်း

အမှုတော်ဆောင်ထမ်းပါမည်။

ကိုယ်တော်အား ကျေးဇူးတင်လျက် နေ့တိုင်း

အမှုတော်ကို ဆောင်ပါမည်။

(ဆာ. ၂၈:၉; ၈၀:၁ တို့ကိုလည်းကြည့်ပါ။)