သီချင်း ၂၃
ယေဟောဝါ၊ ကျွန်ုပ်တို့ခွန်အား
၁။ မြင့်မြတ်ယေဟောဝါ၊ ကျွန်ုပ်တို့ခွန်အား၊
ကျွန်ုပ်တို့ကယ်တင်ရှင် နှင့်ဝမ်းမြောက်ရာ။
နားစိုက်သူ၊ ငြင်းပယ်သူ ဘယ်သူမဆိုအား
ကိုယ်တော့်သတင်းဖြန့်ဝေ သက်သေတို့များ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ ကျွန်ုပ်တို့ကျောက်နှင့်စွမ်းအင်၊
ကျွန်ုပ်တို့နာမတော် ကြေညာ၊ နေ့စဉ်
ဘုန်းတောက်ယေဟောဝါ တန်ခိုးအနန္တ၊
ကျွန်ုပ်တို့ပုန်းခိုရာ ရဲတိုက်ကြီးပါ။
၂။ မှုထမ်းကျွန်ုပ်တို့ ကိုယ်တော့် အလင်း၌ပျော်၊
ရှင်းလင်းစွာမြင်လာရ မှန်သောတရားတော်။
ကျမ်းမြတ်တွင်စူးစမ်းရှာ၊ အမိန့်တော်ကြား၊
ကိုယ့်တော့်နိုင်ငံတော်ဘက် ရပ်တည်ပြတ်သား။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ ကျွန်ုပ်တို့ကျောက်နှင့်စွမ်းအင်၊
ကျွန်ုပ်တို့နာမတော် ကြေညာ၊ နေ့စဉ်
ဘုန်းတောက်ယေဟောဝါ တန်ခိုးအနန္တ၊
ကျွန်ုပ်တို့ပုန်းခိုရာ ရဲတိုက်ကြီးပါ။
၃။ ဝမ်းမြောက်စွာဖြင့် အလိုတော်ထမ်းလျက်ပါ။
စာတန်ဖျက်လည်း ကိုယ်တော်ကိုမြဲကိုးစား။
ကိုယ်တော်ကူမပေးပါ၊ သေခံရလည်း
အဆုံးထိခိုင်မြဲကြမည် ထွတ်အာဏာတွက်။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ ကျွန်ုပ်တို့ကျောက်နှင့်စွမ်းအင်၊
ကျွန်ုပ်တို့နာမတော် ကြေညာ၊ နေ့စဉ်
ဘုန်းတောက်ယေဟောဝါ တန်ခိုးအနန္တ၊
ကျွန်ုပ်တို့ပုန်းခိုရာ ရဲတိုက်ကြီးပါ။
(၂ ရာ. ၂၂:၃; ဆာ. ၁၈:၂; ဟေရှာ. ၄၃:၁၂ တို့ကိုလည်းကြည့်ပါ။)