မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၆

ဘုရားနှင့်အတူ လျှောက်ကြလေ

ဘုရားနှင့်အတူ လျှောက်ကြလေ

(မိက္ခာ ၆:၈)

၁။ ဘုရားနှင့် ကျိုးနွံစွာ လျှောက်လှမ်း၊

တရားမျှ၊ ကြင်နာပါ။

သမာဓိတည်ပါ။ သင့်ခွန်အားများ၊

ကိုယ်တော်ပြန်ဖြည့်ခွင့်ပေး။

အမှန်တရား အလွန်လေးမြတ်က၊

လူများလှည့်ဖြားမရ၊

ကလေးလက်ဆွဲ လမ်းပြသလိုသာ၊

ကိုယ်တော်အား ခွင့်ပြုပါ။

၂။ စင်ကျယ်စွာ ဘုရားနှင့်လျှောက်လှမ်း၊

အပြစ်လမ်း လှည့်မပြန်။

လွန်ရင့်ကျက်သည့်အဖြစ် တိုးတက်၊

နှစ်သက်တော်မူသူဖြစ်ရန်။

စင်ကြယ်၊ မြတ်နိုးဖွယ်၊ တရားမျှတ၊

မှန်ရာတွေ စိတ်စွဲပါ၊

ဘုရားကိုးစား စွဲမြဲယုံက

ကြံ့ကြံ့ခံရပ်နိုင်မှာ။

၃။ သစ္စာတည်မြဲဘုရားနှင့်လျှောက်၊

ဆန္ဒပြည့်ဝကြမှာ။

ရောင့်ရဲမှုမှန်၊ ဘုရားဆည်းကပ်၊

ကြီးမားစွာသောအကျိုးရ။

ဘုရားနှင့်လျှောက်၊ စဉ်မြဲဝမ်းမြောက်၊

ထင်ရှားစေ မြတ်ဘုန်းတော်။

အကောင်းဆုံး ဝမ်းမြောက်မှုကိုရ၊

နိုင်ငံတော်လုပ်ငန်းမှ။

(က. ၅:၂၄; ၆:၉; ဖိ. ၄:၈; ၁ တိ. ၆:၆-၈ တို့ကိုလည်းကြည့်ပါ။)