မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂

ကျေးဇူးတင်ပါ၏ ယေဟောဝါ

ကျေးဇူးတင်ပါ၏ ယေဟောဝါ

(၁ သက်သာလောနိတ် ၅:၁၈)

၁။ နေ့တိုင်း ရှင်ယေဟောဝါအား ကျေးဇူးတင်၏၊

အဖိုးထိုက် လင်းရောင်ဖြာဆင်းပေးမှုတွက်။

ပူပင်မှုများတွက် ကိုယ်တော်ထံချဉ်းကပ်ခွင့်၊

ဆုတောင်းခြင်းခွင့်ထူးအတွက် ကျေးဇူးတင်။

၂။ သစ္စာတည်ခြင်းဖြင့် အောင်ပွဲခံ လောကပေါ်၊

ချစ်သားတော်ပေး၍ ကျွန်တို့ကျေးဇူးတင်။

အလိုတော်ဆောင်ဖို့ သွန်သင်ပေး၍ ကျေးဇူးတင်၊

ကျွန်ုပ်တို့ ကတိတည်ရန် မစပေး။

၃။ နာမတော်နှင့် အမှန်တရား ဟောပြောခွင့်တွက်

ဘုရားရှင်အား ကျွန်တော်များ ကျေးဇူးတင်။

မကြာ မြေကြီးပေါ် နိုင်ငံ့ကောင်းချီးလွှမ်းကာ၊

ပူဆွေးဒုက္ခ ပျောက်ကွယ်မှာ ကျေးဇူးတင်။

(ဆာ. ၅၀:၁၄; ၉၅:၂; ၁၄၇:၇; ကော. ၃:၁၅ တို့ကိုလည်းကြည့်ပါ။)