မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၂

တည်ကြည်ခိုင်မြဲ၊ မရွေ့လျောဘဲနေလော့

တည်ကြည်ခိုင်မြဲ၊ မရွေ့လျောဘဲနေလော့

(၁ ကောရိန္သု ၁၅:၅၈)

၁။ မကြုံစဖူး ဒုက္ခ၊ လူမျိုး ကြုံရ။

လူများ နောင်ရေးတွေး၍ စိုးကြောက်နေကြ။

တို့များ မရွေ့မလျော မြဲခိုင်တည်ကြည်၊

သစ္စာရှိစွာ မှုဆောင်မည်။

(ထပ်ကျော့ပိုဒ်)

တို့များ ခိုင်မြဲဖို့လိုသည်၊

လောကနှင့် ကင်းကင်းနေမည်၊

အမှန်တရားမှီဝဲ၊ သမာဓိ စောင့်ထိန်းမည်။

၂။ လောကကျော့ကွင်းနှင့် ဖြားယောင်းမှု များပြား။

မှန်သောအတွေးရှိလျှင် တွန်းလှန်နိုင်မှာ။

မှန်ကြောင်း ဘုရားမှတ်ရာ စွဲကိုင်ပါက၊

ရန်ဘေးကျော်ရန် ဆောင်မမှာ။

(ထပ်ကျော့ပိုဒ်)

တို့များ ခိုင်မြဲဖို့လိုသည်၊

လောကနှင့် ကင်းကင်းနေမည်၊

အမှန်တရားမှီဝဲ၊ သမာဓိ စောင့်ထိန်းမည်။

၃။ နှလုံးသားဖြင့် ဘုရားအား ကိုးကွယ်ပါ။

မှုတော်တွင် ပါဝင်၊ တစ်ထောင့်တစ်နေရာ။

သတင်းကောင်း ဟောခြင်းတွင် စွဲမြဲနေပါ။

နောက်ဆုံးနေ့များ ကုန်တော့မှာ။

(ထပ်ကျော့ပိုဒ်)

တို့များ ခိုင်မြဲဖို့လိုသည်၊

လောကနှင့် ကင်းကင်းနေမည်၊

အမှန်တရားမှီဝဲ၊ သမာဓိ စောင့်ထိန်းမည်။

(လု. ၂၁:၉; ၁ ပေ. ၄:၇ တို့ကိုလည်းကြည့်ပါ။)