မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၄

နာမည်နှင့်လျော်ညီအောင်နေထိုင်ပါ

နာမည်နှင့်လျော်ညီအောင်နေထိုင်ပါ

(ဟေရှာယ ၄၃:၁၀-၁၂)

၁။ မြင့်မြတ်ယေဟောဝါ၊ အနန္တတန်ခိုးရှင်၊

တရားမှုနှင့်မေတ္တာ ပြည့်ဝစုံလင်။

သစ္စာနှင့် အဆုံးမဲ့ ဉာဏ်ပညာ ရင်းမြစ်၊

ထက်ကောင်းကင်၌ အုပ်စိုး ဘုရင်အဖြစ်။

လူမျိုးတော်အနေနှင့် မှုတော်၌ မွေ့လျော်၊

နိုင်ငံတော်အမှန်တရား တို့ကြွေးကြော်။

(ထပ်ကျော့ပိုဒ်)

သက်သေခံဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။

ထိုနာမည်နှင့်လျော်ညီအောင် နေလိုပါ။

၂။ မြင့်မြတ်မှုတော်ကို လက်တွဲထမ်းရွက်ခြင်းဖြင့်

ညီအစ်ကိုပမာ မေတ္တာငြိမ်းချမ်း နှောင်ဖွဲ့။

အမှန်တရားသင်ပြ ဘုန်းတော်ထင်ရှားစေ၊

ချီးမွမ်းခြင်းတိုးပွားသဖြင့် ပျော်ရွှင်ရ။

ကျွန်ုပ်တို့အား ယေဟောဝါနာမဖြင့်သိကြ၊

ခွင့်ထူးရထား ဂုဏ်သတင်းကျော်စေရန်။

(ထပ်ကျော့ပိုဒ်)

သက်သေခံဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။

ထိုနာမည်နှင့်လျော်ညီအောင် နေလိုပါ။

(တရား. ၃၂:၄; ဆာ. ၄၃:၃; ဒံ. ၂:၂၀၊ ၂၁ တို့ကိုလည်းကြည့်ပါ။)