မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၈

သင်၏ဝန်ကို ယေဟောဝါအားလွှဲအပ်လော့

သင်၏ဝန်ကို ယေဟောဝါအားလွှဲအပ်လော့

(ဆာလံ ၅၅)

၁။ နားညောင်းတော်မူပါ ယေဟောဝါ၊

ကိုယ်တော်အား တွေ့ခွင့်ပေးပါ။

ကျွန်ုပ်တောင်းဆု နားထောင်ဖြေကြား၊

ကြောက်စိတ်ကင်းအောင် မစပါ။

(ထပ်ကျော့ပိုဒ်)

ဝန်ကိုလွှဲအပ် ယေဟောဝါအား၊

ကိုယ်တော်သင့်ကိုထောက်မမည်။

သင် ဘယ်တော့မယိမ်းယိုင်၊ တည်တံ့

မြဲမြံဖို့ ကိုယ်တော်ကူမည်။

၂။ တောင်ပံရှိချိုးငှက်လိုဖြစ်လျှင်

ဘေးကင်းရာပျံသန်းသွားမှာ၊

ကာကွယ်ပေးပါ ကျွန်ုပ်ကို မုန်း၊

ဒုက္ခပေးသူများရန်မှ။

(ထပ်ကျော့ပိုဒ်)

ဝန်ကိုလွှဲအပ် ယေဟောဝါအား၊

ကိုယ်တော်သင့်ကိုထောက်မမည်။

သင် ဘယ်တော့မယိမ်းယိုင်၊ တည်တံ့

မြဲမြံဖို့ ကိုယ်တော်ကူမည်။

၃။ ပတ္ထနာပြုမည် ယေဟောဝါအား၊

ကိုယ်တော့်ကာကွယ်မှု ရှာမည်။

နှိမ့်ချသူအား ဆန့်ကျင်မှုကြား

အားခွန်ပေး၊ ငြိမ်သက်စေမည်။

(ထပ်ကျော့ပိုဒ်)

ဝန်ကိုလွှဲအပ် ယေဟောဝါအား၊

ကိုယ်တော်သင့်ကိုထောက်မမည်။

သင် ဘယ်တော့မယိမ်းယိုင်၊ တည်တံ့

မြဲမြံဖို့ ကိုယ်တော်ကူမည်။

(ဆာ. ၂၂:၅; ၃၁:၁-၂၄ တို့ကိုလည်းကြည့်ပါ။)