မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၂

“အားနည်းသောသူတို့ကို မစရမည်”

“အားနည်းသောသူတို့ကို မစရမည်”

(တမန်တော် ၂၀:၃၅)

၁။ မြောက်မြားစွာအားနည်းချက်များ

တို့ပိုင်ဆိုင်သော်ငြား၊

ရှင်ယေဟောဝါ စောင့်ရှောက်မြဲ၊

ဆက်၍ မေတ္တာထား။

သနားကရုဏာကြီးလှ။

မေတ္တာတော် အားကြီးလှ။

ထိုမေတ္တာမျိုး တို့တုပ၊

ဝမ်းနည်းသူကူမ။

၂။ လူတိုင်း၌ အားနည်းချက်ရှိ၊

ထောက်ထားစာနာရ။

တို့ကို ခရစ်တော်သွေးနှင့်ဝယ်၊

အသက်ပြန်၍ရ။

အားနည်းသူ ဘုရားပိုင်၊

အားကောင်းအောင် ဖန်တီးနိုင်။

သူတို့ခံစားမှု စာနာ၊

မျက်ရည်သုတ်ကူပါ။

၃။ မရှုတ်ချ အားနည်းသူအား၊

သနားကြင်နာက

မည်မျှပင် အားရှိစေကြောင်း

စွဲမှတ်စိတ်ထဲမှာ။

နှစ်သိမ့်အားပေးနိုင်ဖို့

စဉ်မြဲတို့ကြိုးစားစို့၊

ကြင်နာတို့များ ထောက်မက

သူတို့နှစ်သိမ့်ရ။

(၂ ကော. ၁၁:၂၉; ဟေရှာ. ၃၅:၃၊ ၄; ဂလ. ၆:၂ တို့ကိုလည်းကြည့်ပါ။)