မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၉

ကျွန်ုပ်တို့ပိုင်ဆိုင်သော ငြိမ်သက်ခြင်း

ကျွန်ုပ်တို့ပိုင်ဆိုင်သော ငြိမ်သက်ခြင်း

(ယောဟန် ၁၄:၂၇)

၁။ မြတ်ယေဟောဝါ ငြိမ်သက်ရှင်၊

စည်းလုံးခြင်းဘုရား။

စစ်ပွဲအားလုံး ချုပ်ငြိမ်းစေ၊

ညီညွတ်ခြင်းဆောင်ကြဉ်း။

ငြိမ်သက်ခြင်းမင်း ခရစ်တော်ပင်၊

ကြင်နာနူးညံ့ရှင်၊

အနိုင်ရ တရားသောစစ်မှာ၊

စုံလင်ငြိမ်းချမ်းမည်။

၂။ ဒေါသစကား တို့ပယ်ရှား၊

ငြိမ်းအေးစေ ခိုက်ရန်။

လက်နက်ဓားလှံမှထုလုပ်၊

ငြိမ်းချမ်းရေးတန်ဆာ။

ဤငြိမ်သက်ခြင်း ထိန်းလိုလျှင်

ခွင့်လွှတ်တတ်ရပေ။

ယေရှုသိုးပမာ ငြိမ်းချမ်းစွာ

သင်ယူသက်ရှင်စေ။

၃။ ငြိမ်သက်ခြင်း တို့သီးပွင့်ကြ၊

ထက်ရပ်ဉာဏ်ဖြစ်ပါ။

စိတ်နှလုံးပါဆုတောင်းလျှင်

သီးပွင့်နိုင်ကြမှာ။

ထိုအတိုင်း တို့လုပ်ဆောင်ကာ

ငြိမ်သက်ခြင်းပြသ၊

ငြိမ်သက်ခြင်းပေး နိုင်ငံတော်

ရောက်မည့်နေ့တိုင်ပါ။

(ဆာ. ၄၆:၉; ဟေရှာ. ၂:၄; ယာ. ၃:၁၇၊ ၁၈ တို့ကိုလည်း ကြည့်ပါ။)