မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅

ခရစ်တော်၊ ငါတို့၏စံနမူနာရှင်

ခရစ်တော်၊ ငါတို့၏စံနမူနာရှင်

(ရောမ ၅:၈)

၁။ မေတ္တာ ယေဟောဝါပြ၊

ကောင်းကြီးကိုယ်တော်ထံမှ၊

လူသားအားလုံးတွက် သားတော်စွန့်စဉ်က။

ခရစ် အသက်မုန့်ဖြစ်လာ၊

တို့အားလုံးစားသုံးကြ၊

ငြိမ်သက်သည့် ထာဝရအသက် တို့ရ။

၂။ ခရစ်ယေရှု နည်းတော်ပြ၊

နေ့စဉ် တောင်းဆုပြုကြ၊

နာမယေဟောဝါ ရိုသေလေးမြတ်စေ။

နိုင်ငံတော် တည်ပါစေ၊

လိုတော်မြေပေါ်ပြည့်စေ၊

နေ့စဉ်အသက်မွေးအစာ မစပါ။

၃။ အမှန်တရား ခရစ်သင်ကြား၊

နှစ်သိမ့်ယုယသနား

သစ္စာရှိသိုးအလား နောက်လိုက်များအား။

နိုင်ငံတော် မျိုးစေ့ကို

တစ်သက်လုံးကျဲဖြန့်လျှင်၊

ကျေနပ်အားရမှု၊ ဝမ်းမြောက်မှု ရမှာ။

(မ. ၆:၉-၁၁; ယော. ၃:၁၆; ၆:၃၁-၅၁; ဧ. ၅:၂ တို့ကိုလည်းကြည့်ပါ။)