မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၀

ဘုရားသခင့် အံ့ချီးဖွယ်အမှုတော်များ

ဘုရားသခင့် အံ့ချီးဖွယ်အမှုတော်များ

(ဆာလံ ၁၃၉)

၁။ အို ဘုရား၊ ကျွန်ုပ်အိပ်ခြင်း၊ နိုးခြင်း၊

ထိုင်ခြင်း၊ ထခြင်း ကိုယ်တော်သိတော်မူ၏။

ကြံစည်စိတ်ကူးမှုမှန်သမျှ စစ်ဆေးကာ

ကျွန်ုပ်စကား၊ လျှောက်သောလမ်းများ

သိတော်မူ၏။

လျှို့ဝှက်စွာ ကျွန်ုပ်အရိုးများနှင့်

ကိုယ်အင်္ဂါများ ဖွဲ့စည်းမှုကိုယ်တော်သိ။

အစိတ်အပိုင်းကုန်စင်စွာ မှတ်သားထားနိုင်။

ကိုယ်တော့်တန်ခိုး၊ နည်းလမ်းများ

ချီးမွမ်းဖွယ်ဖြစ်၏။

ကိုယ်တော်ရှင်သိနိုင်စွမ်း စိုးရွံ့အံ့သြဖွယ်၊ ထိုကြောင့် ကျွန်ုပ်အား ကောင်းစွာသိတော်မူ။

မှောင်မိုက်ခြုံလွှမ်း ခံရမည် စိုးထိတ်စဉ်ခါ

ကိုယ်တော်၏ စွမ်းအားတော် ထောက်ကူမည်အမှန်

ကိုယ်တော် ထံတော်မှ၊ အိုယေဟောဝါ၊ ကျွန်ုပ်ရှောင်ပုန်းဖို့အရပ်မရှိပါ။

မည်သည့် မှောင်မိုက်၊ ပင်လယ်၊ လွန်မြင့်မားကောင်းကင်၊

လွန်နက်ရှိုင်း ရှီးအိုးလ်၌ ပုန်းလည်း ကိုယ်တော် မြင်မှာ။

(ဆာ. ၆၆:၃; ၉၄:၁၉; ယေ. ၁၇:၁၀ တို့ကိုလည်းကြည့်ပါ။)