သီချင်း ၇၁
ဘုရားပေးလက်ဆောင် သန့်ရှင်းသောစွမ်းအားတော်
၁။ ဘုရင်၊ ယေဟောဝါ၊ ကရုဏာရှင်အဖ၊
အပြစ်များသော တို့နှလုံးထက် ကြီးမြတ်၊
ဝန်ထုပ်ပေါ့ပါးစေ၊ ဝေဒနာလျော့ပါးစေ၊
စွမ်းအားတော်ဖြင့် သက်သာမှု ပေးမူပါ။
၂။ ကိုယ်တော်၏ဘုန်းတော် ကျွန်တော်တို့မမီ
တို့လမ်းပျောက်သည့်ချိန်ခါများ ရှိတာ။
ကိုယ်တော်ကို တောင်းပန်၊ နေ့စဉ်လျှောက်လှမ်းရန်
သန့်ရှင်းစွမ်းအားတော်ဖြင့်လမ်းပြမူပါ။
၃။ ခြေကုန်လက်ပန်းကျ၊ စိတ်ပျက်အားလျော့ချိန်၊
လှုပ်ရှားစွမ်းအားတော်က စိတ်လန်းစေ။
ပမာပြ လင်းယုန်လိုပျံနိုင်ဖို့ရန်
သန့်ရှင်းစွမ်းအားတော်ဖြင့် အားခွန်ပေးပါ။
(ဆာ. ၅၁:၁၁; ယော. ၁၄:၂၆; တ. ၉:၃၁ တို့ကိုလည်းကြည့်ပါ။)