သီချင်း ၆၅
“ဤလမ်းပေတည်း”
၁။ ငြိမ်သက်ခြင်းလမ်း တစ်ခု
တို့များသိရှိလာရ။
သင်ယူခဲ့သောလမ်းတော်၊
ရှေးဟောင်းလမ်းတော်ဖြစ်၏။
ယေရှုအသံ ကြားစဉ်
ကိုယ်တော်သင်သောလမ်းစဉ်။
ငြိမ်သက်ခြင်းလမ်း တွေ့ရ၊
ယေဟောဝါ တရားတော်တွင်။
(ထပ်ကျော့ပိုဒ်)
ဤလမ်းပေတည်း၊ အသက်လမ်းဖြစ်ပေသည်။
ဘေးမကြည့်နှင့်၊ ခေတ္တမျှ မလွဲနှင့်။
ဘုရားသံတော်ကြား– ‘ဤလမ်းပေတည်း၊
လှည့်မကြည့်နှင့်၊ ဆက်၍သာ လျှောက်ပါလေ။’
၂။ ဤသည် မေတ္တာတော်လမ်း၊
ခြားမှာ ရှာဖို့မလို။
သံတော်ဖြင့် လမ်းတော်ပြ၊
ကိုယ်တော်တိုင် တွေ့ခံမှာ။
ကိုယ်တော့်ချစ်ခြင်း ကောင်းမြတ်၊
မှန်ကန်၍ နွေးထွေးလှ။
လုပ်ဆောင်သမျှ လှုံ့ဆော်၊
ဤမေတ္တာ လမ်းစဉ်ပင်။
(ထပ်ကျော့ပိုဒ်)
ဤလမ်းပေတည်း၊ အသက်လမ်းဖြစ်ပေသည်။
ဘေးမကြည့်နှင့်၊ ခေတ္တမျှ မလွဲနှင့်။
ဘုရားသံတော်ကြား– ‘ဤလမ်းပေတည်း၊
လှည့်မကြည့်နှင့်၊ ဆက်၍သာ လျှောက်ပါလေ။’
၃။ ဤသည် အသက်လမ်း၊
နောက်ပြန်မျှော်ဖို့ မလိုပါ။
ပိုမြတ်သောလမ်း မရှိ၊
ပိုငြိမ်းချမ်းလမ်း မရှိ၊
ပိုကောင်းသောလမ်း မရှိ၊
တို့ဘုရား ကတိပြု။
ဤသည် အသက်လမ်းပင်၊
ကျေးဇူးတော် ချီးမွမ်းကြ။
(ထပ်ကျော့ပိုဒ်)
ဤလမ်းပေတည်း၊ အသက်လမ်းဖြစ်ပေသည်။
ဘေးမကြည့်နှင့်၊ ခေတ္တမျှ မလွဲနှင့်။
ဘုရားသံတော်ကြား– ‘ဤလမ်းပေတည်း၊
လှည့်မကြည့်နှင့်၊ ဆက်၍သာ လျှောက်ပါလေ။’