မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၆

“ဘုရားသခင်တွဲဖက်ထားသူတို့”

“ဘုရားသခင်တွဲဖက်ထားသူတို့”

(မဿဲ ၁၉:၅၊ ၆)

၁။ သိက္ခာရှိစွာ ရွှင်လန်း၊

သုံးလွန်းကြိုးကိုဖွဲ့နှောင်။

ဘုရားနှင့်လူတွေရှေ့မှာ၊

ပြတ်သားကတိသံကြား။

ယေဟောဝါရှေ့ ယောက်ျားပြော

အသည်းထိစွဲချစ်မှာ။

(ထပ်ကျော့ပိုဒ်)

‘ဘုရားရှင်တွဲဖက်ထားရာ၊

ဘယ်သူမှမကွာစေ။’

၂။ အလိုတော်သိနိုင်ဖို့

နှစ်ဦးလုံး တူလေ့လာ၊

ပြုထားကတိတည်ဖို့ရာ၊

ဘုရားကောင်းချီးဖွေရှာ။

ယေဟောဝါရှေ့ မိန်းမပြော

အသည်းထိစွဲချစ်မှာ။

(ထပ်ကျော့ပိုဒ်)

‘ဘုရားရှင်တွဲဖက်ထားရာ၊

ဘယ်သူမှမကွာစေ။’

(က. ၂:၂၄; ဒေ. ၄:၁၂; ဧ. ၅:၂၂-၃၃ တို့ကိုလည်းကြည့်ပါ။)