မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၇

တို့တစ်သားတည်းတစ်ကိုယ်တည်းဖြစ်ပြီ

တို့တစ်သားတည်းတစ်ကိုယ်တည်းဖြစ်ပြီ

(ကမ္ဘာဦး ၂:၂၃၊ ၂၄)

၁။ ငါ့အရိုးပဲ ငါ့အသားပဲ၊

ငါတစ်ဦးတည်း မဟုတ်တော့ပြီပဲ၊

အဖော်အဖြစ် ဘုရားပေးလာ၊

ကိုယ့်ပိုင်ဆိုင်မှု ဖြစ်လာ။

တစ်ကိုယ် တစ်သားတည်း တို့ဖြစ်ပြီမို့

ယေဟောဝါ ရည်ရွယ်ချက် ဖြည့်နိုင်ပြီ။

ယောက်ျားနှင့်မိန်းမ ပေါင်းစည်းကာ

တို့အိမ်ထောင်ဖြစ် တည်လာ၊

နေ့ရက်တိုင်း ဘုရားဝတ် ပြုသွားမည်။

ကိုယ်တော် လမ်းညွှန်အတိုင်း

တည်တံ့စွဲမြဲ ချစ်ကြမည်။

တို့ကတိအတိုင်း တည်နိုင်ပါစေ။

ပျော်ရွှင်ဝမ်းမြောက်ချိန် ကြုံဆုံပါစေ။

ဂုဏ်တော်ထင်ရှားစေ ယေဟောဝါ၊

ကိုယ့်အချစ်သင် မြဲအစဉ်ဖြစ် ပါစေ။

(က. ၂၉:၁၈; ဒေ. ၄:၉၊ ၁၀; ၁ ကော. ၁၃:၈ တို့ကိုလည်းကြည့်ပါ။)