မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၇

သတင်းကောင်းကြေညာ

သတင်းကောင်းကြေညာ

(ဗျာဒိတ် ၁၄:၆၊၇)

၁။ ကြာမြင့်စွာ ဖုံးကွယ်လာ နိုင်ငံတော် အမှန်တရား။

ကတိတော်မျိုးနွယ် အဖြစ်မှန် ယခုပေါ်လာ။

ယေဟောဝါ၊ မှန်ရာနှစ်သက်သော ကရုဏာရှင်ပါ၊

အပြစ်ရှိလူသား အခြေအနေကို ထောက်စာ။

မြေကြီး အုပ်ချုပ်ရန် သားတော်ကို ကိုယ်တော်လျာထား၊

ဘုရားအချိန်တန်၊ နိုင်ငံတော် အုပ်ချုပ်မှု မွေးဖွား။

သားတော်အတွက် သတို့သမီး စီစဉ်ပေးရန်၊

ရွေးချယ်ခံရ သိုးစုငယ်အား ဘုန်းထင်ရှားစေ။

၂။ ယခုကြေညာ သတင်းကောင်း ရှေးမဆွကြိုသိ။

ခုချိန်ခါ ဖော်ပြရန် ယေဟောဝါ လိုတော်ရှိ။

ကောင်းကင်တမန်များ တို့များနှင့် ပါဝင်နွှဲပျော်၊

နိုင်ငံတော် အမှန်တရား ကြေညာရာ ကူညီဖော်။

နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း၊ ချီးမွမ်းခြင်း

အခွင့်ထူးနှင့် တာဝန်အဖြစ် တို့များရရှိထား။

သက်သေခံများအဖြစ် နာမတော်ဆောင်ယူခွင့်၊

ထာဝရသတင်းကောင်း ကြေညာခွင့် ချီးမြှင့်ခံရ။

(မာ. ၄:၁၁; တ. ၅:၃၁; ၁ ကော. ၂:၁၊ တို့ကိုလည်းကြည့်ပါ။)