မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၆

ယေဟောဝါသည် ငါတို့ဘုရင်

ယေဟောဝါသည် ငါတို့ဘုရင်

(ဆာလံ ၉၇:၁)

၁။ ဝမ်းမြောက်၊ ယေဟောဝါ ဘုန်းတော်ချီးမွမ်း၊

ဘုရားဖြောင့်မတ်ခြင်းအကြောင်း ကောင်းကင်ကြေညာ။

ဘုရားချီးမွမ်းသီချင်း ဝမ်းမြောက်စွာ သီဆိုကြ၊

စိတ်ဝင်စားစို့ ကြီးမြတ်လုပ်ရပ်များ။

(ထပ်ကျော့ပိုဒ်)

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ၊

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

၂။ လူမျိုးတကာတွင် ဘုန်းတော်ချီးကျူး၊

ကြီးမြတ်သော ကယ်တင်ခြင်းလုပ်ရပ် နေ့စဉ်ပြော။

ရှင်ယေဟောဝါ ဘုရင်၊ ချီးမွမ်း ခံထိုက်လှပေ။

တို့ပျပ်ဝပ်မည် ဘုန်းကြီးပလ္လင်ရှေ့။

(ထပ်ကျော့ပိုဒ်)

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ၊

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

၃။ ကိုယ်တော့်ဖြောင့်မတ်အုပ်ချုပ်မှု တည်ပြီ။

ဘိသိက်ခံသည့်ချစ်သားကို မင်းမြောက်လိုက်ပြီ။

ရှက်ကြောက်၊ လက်အောက်ခံကြ ဤလောကဘုရားများ၊

ဘုရားတစ်ပါးတည်း ချီးမွမ်းခံထိုက်။

(ထပ်ကျော့ပိုဒ်)

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ၊

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။

ရှင်ယေဟောဝါ တို့ဘုရင်ဖြစ်ပြီ။

(၅ ရာ. ၁၆:၉; ဆာ. ၆၈:၂၀; ၉၇:၆၊ ၇ တို့ကိုလည်းကြည့်ပါ။)