မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၈

ယေဟောဝါနှင့် နေ့စဉ် လျှောက်လှမ်း

ယေဟောဝါနှင့် နေ့စဉ် လျှောက်လှမ်း

(မိက္ခာ ၆:၈)

၁။ ချစ်သောဖခင်နှင့် လက်တွဲကာ၊

နှိမ့်ချခြင်းဖြင့် တို့နေ့စဉ်လျှောက်မှာ။

ကိုယ်တော်လမ်းတော် လိုက်ရှာသူများ၊

မခံစားထိုက် ကျေးဇူးခံရမှာ။

ဘုရားလက်ကို ကိုင်ဆွဲလျှောက်ရန်

တို့အတွက် ကိုယ်တော် စီစဉ်ထား။

နှံအပ်တို့ကိုယ်ကို ဘုရားထံ၊

ယေဟောဝါဘက် တို့ရပ်တည်မှာ။

၂။ ဤစနစ်ဆုံးလုချိန် ရောက်လာ၊

လူကိုတရားစီရင်သည့် ခုခါ၊

ရင်ဆိုင်ရတို့ ဆန့်ကျင်မှုများ၊

တုန်လှုပ်စိုးစိတ်ကြောင့် လမ်းချော်သွားနိုင်။

သို့သော် ရှင်ယေဟောဝါ ကွယ်ကာ။

မြဲအစဉ် ဝတ်ပြုနိုင်ရေး၊

လွန်နီးကပ်လိုပါ ကိုယ်တော့်နား။

လမ်းမလွဲဘဲ သစ္စာရှိမှာ။

၃။ ကိုယ်တော့်စွမ်းအားတော်၊ နှုတ်မြွက်တော်၊

ကိုယ်တော့်ခရစ်ယာန် အသင်းတော်အားဖြင့်၊

တို့ဆုတောင်းသံ နားညောင်းခြင်းဖြင့်

ပြင်ဆင်ပေးထား ထောက်မမှုများပင်။

ယေဟောဝါနှင့် လျှောက်လှမ်းသောခါ၊

နှိမ့်ချကျိုးနွံ၊ မှန်ရာလုပ်၊

ကိုယ်တော်ကြင်နာမှု တုပကာ၊

လျှောက်နိုင်ဖို့ ကိုယ်တော် ကူညီမှာ။

(က. ၅:၂၄; ၆:၉; ၃ရာ. ၂:၃၊ ၄ တို့ကိုလည်းကြည့်ပါ။)