မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၉

ယေဟောဝါသည် ငါတို့ခိုလှုံရာ

ယေဟောဝါသည် ငါတို့ခိုလှုံရာ

(ဆာလံ ၉၁)

၁။ ယေဟောဝါ တို့ခိုလှုံရာ၊

တို့ကိုးစားသည့် ဘုရား။

အရိပ်တော် တို့ကိုကွယ်ကာ၊

ခိုနား ရမည့်နေရာ။

ကိုယ်တော်တိုင် ခုခံကာကွယ်ပေး၊

ခွန်အားတော် တို့အားကိုးနိုင်ပေ။

ယေဟောဝါ ကြံ့ခိုင်ရဲတိုက်၊

ခိုလှုံခွင့်ပေး တရားသူအား။

၂။ သင့်နီးနား လဲသေသူများ

ထောင်သောင်း ထိရှိသော်ငြား၊

သစ္စာရှိသောသူများကြား

သင်ဘေးကင်းလျက်နေမှာ။

ဖျက်ဆီးဘေးကြီး နီးသည့်အလား၊

တုန်လှုပ်ကြောက်ရွံ့ဖို့မလိုပါ။

အတောင်တော် အောက်၌နေကာ၊

သင်မြင်ရုံမြင်၍ ဘေးလွတ်မှာ။

၃။ သင့်လမ်းတစ်လျှောက် ကျော့ကွင်းများ

ရန်ဘေးမှလွတ်စေမှာ၊

တုန်လှုပ်ကြောက်ရွံ့၊ ယိုင်ယိမ်းခြင်း

ဘယ်တော့မဖြစ်စေရ။

ခြင်္သေ့ပျိုကို ကြောက်ဖို့မလို၊

မြွေဟောက်ကို ဖြတ်ကျော်နင်းနိုင်မှာ။

ယေဟောဝါ တို့ခိုလှုံရာ၊

တို့ခရီးတစ်လျှောက် စောင့်ရှောက်မှာ။

(ဆာ. ၉၇:၁၀; ၁၂၁:၃၊ ၅; ဟေရှာ. ၅၂:၁၂ တို့ကိုလည်းကြည့်ပါ။)