မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၃

စိတ်နှလုံးထဲမှ နှစ်နှစ်ကာကာချစ်ကြလော့

စိတ်နှလုံးထဲမှ နှစ်နှစ်ကာကာချစ်ကြလော့

(၁ ပေတရု ၁:၂၂)

၁။ ချစ်ခင်စုံမက်မှု စတင်ရာ၊

နှလုံးမှ မေတ္တာပေါက်ဖွားရ။

ချစ်သော တို့ညီအစ်ကိုများကြား

သံယောဇဉ် နှောင်ဖွဲ့လာ။

တို့မှာရှိသော စိတ်ရင်းစေတနာ

ဖော်ထုတ်ပြသဖို့ အခွင့်ရှာ၊

ဘုရားကဲ့သို့ ကြီးမြတ်စိတ်ထား၊

တို့မေတ္တာ မှန်ကြောင်းပြ။

အပြော၊ အလုပ်ဖြင့် ချစ်စို့၊

ရက်ရောမှုပြ ချို့ငဲ့သူများအား။

ခွင့်ရေးတိုင်း မလွှတ်ဖမ်းကိုင်၊

ကောင်းမြတ်ခြင်းကို ရှေ့ထားစို့။

တို့ရိုသေလေးစားမှုတင်ပြ၊

သူများအတွက် စိုးရိမ်ကြောင့်ကြ။

ဖွင့်မချ တို့ညီကိုအမှား။

ဖိုးထိုက်စည်းလုံးမှု ကွယ်ကာ၊ အမြဲတို့သစ္စာရှိနေမှာ။

၂။ မေတ္တာနက်ရှိုင်းစစ်မှန်ပါက

ချက်ချင်းဗွေယူမှု မရှိတတ်၊

ညီအစ်ကိုများ သစ္စာရှိမှု

ယုံဖို့ရန် အကြောင်းရှိ။

သစ္စာရှိမိတ် တို့ပြုစုပွား၊

အချင်းချင်း လေးမြတ်တန်ဖိုးထား။

ကြည်နူးဝမ်းမြောက်စွာ စုဝေးကြ၊

ခွန်အားသစ် တို့တိုးပွား။

တို့အားလုံး နေ့စဉ်မှားကြ၊

ထိခိုက်တတ်၊ ဆင်ခြင်ကင်းမဲ့စကား။

ထိုကြောင့် ဘုရားချစ်သူတို့အား

မေတ္တာထား ကြင်နာသနား။

မိတ်စစ်ဆွေစစ် တို့အစဉ်ဖြစ်၊

သံယောဇဉ်ကြိုး မြဲမြံကျစ်လစ်။

မေတ္တာ ကိုယ်ပိုင်လက္ခဏာဖြစ်စေ၊

ချီးမြှောက်ကြ ထက်ရပ်ဘုရား၊ တုပ ယေဟောဝါမေတ္တာ။

(၁ ပေ. ၂:၁၇; ၃:၈; ၄:၈; ၁ ယော. ၃:၁၁ တို့ကိုလည်းကြည့်ပါ။)