မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၂

သင့်နှလုံးကို စောင့်ကြပ်ပါ

သင့်နှလုံးကို စောင့်ကြပ်ပါ

(သုတ္တံ ၄:၂၃)

၁။ စောင့်ကြပ်နှလုံး၊ အသက်မည်၏၊

အပြစ်လမ်း ရှောင်ရှားပါ။

ဘုရားသခင် နှလုံးသားကြည့်၊

အတွင်းလူ တွေ့ရှိမှာ။

ရံဖန်ရံခါ ဇွတ်တရွတ်နိုင်

နှလုံးမိုက် သွေဖည်သွား။

ဉာဏ်ဖြင့်နှလုံးကို ထိန်းကျောင်းကာ

ယေဟောဝါ လမ်းတော်လိုက်။

၂။ ပြင်ဆင်နှလုံး ဘုရားဖွေရှာ

ထက်သန်စွာ ဆုတောင်းကြ။

ကျေးဇူးတော်ကို စဉ်ချီးမွမ်းလျက်၊

ပူပင်သောက ဖွင့်ပြ။

အရှင်ယေဟောဝါ သွန်သင်ရာ၊

အမြဲတို့လိုက်လျှောက်အပ်။

သစ္စာနှလုံး ပြုစုပျိုးထောင်၊

နေ့စဉ် စိတ်တော်တွေ့စေ။

၃။ မှန်ရာစဉ်းစား၊ နှလုံးကွယ်ကာ

မှောက်မှားတွေးခေါ်များမှ။

တရားစကား နှလုံးရောက်စေ၊

ခွန်အားသစ် တိုးပွားမှာ။

သစ္စာရှိသူ ယေဟောဝါချစ်၊

အချက်ကို မှီခိုနိုင်။

ထာဝရမိတ်ဆွေ အနေနှင့်

နှလုံးကြွင်းမဲ့ကိုးကွယ်။

(ဆာ. ၃၄:၁; ဖိ. ၄:၈; ၁ ပေ. ၃:၄ တို့ကိုလည်းကြည့်ပါ။)