မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၂

ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းကို တုပကြလော့

ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းကို တုပကြလော့

(မဿဲ ၁၁:၂၈-၃၀)

၁။ ကြီးမြတ်ဆုံးလူသားမှာ ယေရှုသခင်ပါ၊

မာနနှင့်ရည်မှန်းချက်ဖြင့် သွေးဆောင်မခံ။

ဘုရားရည်ရွယ်ချက်တွင် အရေးကြီးဆုံးသူ၊

သို့သော်စိတ်နှိမ့်ချကြောင်း အစဉ်သက်သေထူ။

၂။ ဝန်လေး၍ပင်ပန်းနေသူ အပေါင်းတို့အား၊

ကိုယ်တော်ထမ်းပိုး အတူလိုက်ထမ်းရန် ဖိတ်ကြား။

နိုင်ငံတော်ရှာက အမှန်ပင်လန်းဆန်းမှာ။

နူးညံ့တို့သခင်၊ နှိမ့်ချသူ ကျေးဇူးပြု။

၃။ ‘သင်တို့အပေါင်း ညီအစ်ကိုဖြစ်၊’ ယေရှုမိန့်ကြား။

ထိုကြောင့် ကြီးမြတ်ခြင်းရှောင်၊ သူတစ်ပါးအကျိုး ကိုဆောင်။

နှိမ့်ချနူးညံ့သူအား ဘုရားတန်ဖိုးထား။၊

မြေကြီးအမွေခံရရန် ကတိတော်ပြုထား။

(မ. ၅:၅; ၂၃:၈; သု. ၃:၃၄; ရော. ၁၂:၁၆ တို့ကိုလည်းကြည့်ပါ။)