မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၅

တပည့်ဖြစ်ကြောင်းသက်သေ

တပည့်ဖြစ်ကြောင်းသက်သေ

(ယောဟန် ၁၃:၃၄၊ ၃၅)

၁။ ခရစ်ယာန်လမ်းစဉ် တို့လျှောက်လှမ်းလိုက၊

ပညတ်တစ်ခု တို့လိုက်နာရ။

အထက်မှပေးသော တော်ဝင်ပညတ်ပါ၊

ခရစ်နည်းတူ မေတ္တာ တို့ပြကြ။

ခရစ်တော်သခင် ပြသည့်မေတ္တာတော်၊

သက်တော်စွန့်၍ သူယဇ်ပူဇော်။

တပည့်ဖြစ်ကြောင်းသက်သေပြဖို့၊ ခရစ်တော်

ချခဲ့သည့်ပုံစံ တို့လိုက်နာ။

၂။ စစ်မှန်မေတ္တာ အစဉ်မြဲတည်နေ၊

ထောက်ကူပေး အားငယ်သောသူတွေ။

အကြွေးလိုပေးဆပ်ရမှာ မေတ္တာပေ၊

နေ့တိုင်းကြည်ဖြူစွာ ပေးပါလေ။

ရှားသည့်မေတ္တာပြသော မိတ်ဆွေတွေ

အခြားမှာလိုက်ရှာ မတွေ့နိုင်ပေ။

ခိုင်မာနှောင်ကြိုးများလို စိတ်ချရမှာ၊

မေတ္တာလမ်းစဉ် ကျင့်သုံးကြပါ။