မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၅

ငါတို့ဝမ်းမြောက်ရသည့် အကြောင်းများ

ငါတို့ဝမ်းမြောက်ရသည့် အကြောင်းများ

(မဿဲ ၅:၁၂)

၁။ တို့ဝမ်းမြောက်ခြင်းအကြောင်း မြောက်မြားလှ၊

တန်ဖိုးတက်သော ဓနအလား။

လူမျိုးတကာမှ နှစ်သက်ဖွယ်များ

မြေကြီးတစ်ခွင်မှာ ပူးပေါင်းလာ။

တို့နှလုံးတွင် ဝမ်းမြောက်ခြင်း အမြစ်တွယ်၊

တရားတော် ကိုအခြေပြုလျက်။

ယင်း၏သွန်သင်ချက် မှီဝဲနေ့စဉ်၊

နာကြားခြင်းမှ ယုံကြည်လာကြ။

တို့ဝမ်းမြောက်ရသည့်အကြောင်း ခိုင်မာ၊

နှလုံး၌ မီးကျီးခဲပမာ။

ဒုက္ခ၊ စုံစမ်းခြင်း ပတ်ဝိုင်းနေငြား

သည်းခံနိုင်ရည် ယေဟောဝါပေး။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ တို့ဝမ်းမြောက်ခြင်းဖြစ်၊

လက်ရာတော်များ ကြည်နူးဖွယ်ဖြစ်။

အကြံတော် နက်နဲလှ၊ အမှုတော် ကြီးမြတ်လှ၊

ကောင်းမြတ်ခြင်းနှင့် စွမ်းပကား ပြည့်လျှံ။

၂။ ဝမ်းမြောက်စွာကြည့်ရှု လက်ရာတော်များ၊

ကောင်းကင်၊ ပင်လယ်နှင့် ကုန်းမြေများ။

ဖန်ဆင်းခြင်းစာအုပ် တို့စူးစိုက်ကြည့်၊

လက်ရာတော်တွက် ဩဘာပေးကြ။

အောင်မြင်စွာ ယခု သက်သေခံကြ၊

ဘုရားနိုင်ငံတော် တို့ကြွေးကြော်။

နိုင်ငံတော်ဖွားမြင်၊ ကောင်းချီးသတင်း၊

နေရာအနှံ့ ဝမ်းမြောက်စွာတို့ဖြန့်။

ထာဝစဉ်ဝမ်းမြောက်ချိန် နီးနေပြီ၊

ညကုန်၍ နေ့အလင်းရောက်သည်သို့။

ကတိပြု ကောင်းကင်သစ် မြေကြီးသစ်၊

ထာဝရကြည်နူးမှု ဖြစ်စေမည်။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ တို့ဝမ်းမြောက်ခြင်းဖြစ်၊

လက်ရာတော်များ ကြည်နူးဖွယ်ဖြစ်။

အကြံတော် နက်နဲလှ၊ အမှုတော် ကြီးမြတ်လှ၊

ကောင်းမြတ်ခြင်းနှင့် စွမ်းပကား ပြည့်လျှံ။

(တရား. ၁၆:၁၅; ဟေရှာ. ၁၂:၆; ယော. ၁၅:၁၁ တို့ကိုလည်းကြည့်ပါ။)