သီချင်း ၈၆
သစ္စာရှိအမျိုးသမီးများ၊ ခရစ်ယာန်ညီအစ်မများ
၁။ ဧသတာ၊ မာရိ၊ စာရာ၊ ရုသ၊ နှင့်အခြား—
စွမ်းရည်ရှိမိန်းမများ၊ သစ္စာရှိမယား။
အသက်တာတွင် ဘုရားဝတ်ကို အဓိကထား။
နာမည်ဖြင့်တို့သိသော သစ္စာရှိသူများ။
ယေဟောဝါ့မျက်နှာရ အခြားမိန်းမများ၊
အမည်မပါသော်လည်း ယုံကြည်ခြင်း တူအလား။
၂။ သတ္တိ၊ သစ္စာ၊ ကောင်းမြတ်မှု၊ ချစ်ခင်ကြင်နာ၊
လူသားတွင် နှစ်သက်ဖွယ် အရည်အသွေးများ၊
ဤထူးကဲမိန်းမများက သတိရစေ။
အတုယူဖွယ် စံနမူနာကောင်းများဖြစ်။
သူတို့နည်းကျင့် ခရစ်ယာန်ညီအစ်မများ၊
သင့်ဝတ်ပြုမှုအဖိုးတန်၊ ပျော်မွေ့သင့်အမွေဥစ္စာ။
၃။ မုဆိုးမ၊ မယား၊ မိခင်၊ သမီး၊ ညီအစ်မ၊
ကိုယ်ကျရာတာဝန်များ အားထုတ်ထမ်းဆောင်ကြ။
ရိုးကုပ်မူရာ၊ နှလုံးမှ ကျိုးနွံနာခံ၊
ဘုရားနှစ်သက်မှုရ၊ ကြောက်ဖို့မလိုပါ။
ဆုလာဘ်နီးပြီ ခရစ်ယာန်ညီအစ်မများ၊
စွဲမြဲဖို့၊ ယေဟောဝါ စောင်မစေ သင်တို့အား။
(ဖိ. ၄:၃; ၁ တိ. ၂:၉၊ ၁၀; ၁ ပေ. ၃:၄၊ ၅ တို့ကိုလည်းကြည့်ပါ။)