မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၄

ယုံကြည်ခြင်းရှိရမည်

ယုံကြည်ခြင်းရှိရမည်

(ဟေဗြဲ ၁၀:၃၈၊ ၃၉)

၁။ ကြိမ်ဖန်များစွာ ဘုရားမိန့်တော်မူခဲ့၊

ရှေးခေတ် ပရောဖက်များအားဖြင့်။

ယခုခေတ်တွင် သားတော်ရင်းဖြင့်မိန့်ကြား၊

‘နောင်တရကြ လူအပေါင်း။’

(ထပ်ကျော့ပိုဒ်)

ခိုင်မာယုံကြည်ခြင်း ရှိသလော။

ကပ်ကျော်ရန် ယုံကြည်ခြင်းတည်ဆောက်။

အလုပ်ဖြင့် ယုံကြောင်း ပြသလော။

ဤသို့ယုံကြည်လျှင် အသက်ဘေးလွတ်မည်။

၂။ နိုင်ငံတော် အမှန်တရား အနှံ့ဟောနေရန်

ခရစ် အမိန့် တို့ဝမ်းမြောက်နာခံ။

လွတ်လပ်စွာပြောဆိုမှု ထိန်းသိမ်းကာကွယ်၊

မဖုံးကွယ် ဤအမှန်တရား။

(ထပ်ကျော့ပိုဒ်)

ခိုင်မာယုံကြည်ခြင်း ရှိသလော။

ကပ်ကျော်ရန် ယုံကြည်ခြင်းတည်ဆောက်။

အလုပ်ဖြင့် ယုံကြောင်း ပြသလော။

ဤသို့ယုံကြည်လျှင် အသက်ဘေးလွတ်မည်။

၃။ တို့ယုံကြည်ခြင်း မြဲမြံ ကျောက်ဆူးပမာ၊

ကြောက်ရွံ့တွန့်ဆုတ်ခြင်း ကင်းလေစွ။

တို့အား တိုက်မည့်ရန်သူများ ရှိသော်ငြား၊

ကယ်တင်ခြင်းနီးကြောင်း သိထား။

(ထပ်ကျော့ပိုဒ်)

ခိုင်မာယုံကြည်ခြင်း ရှိသလော။

ကပ်ကျော်ရန် ယုံကြည်ခြင်းတည်ဆောက်။

အလုပ်ဖြင့် ယုံကြောင်း ပြသလော။

ဤသို့ယုံကြည်လျှင် အသက်ဘေးလွတ်မည်။

(ရော. ၁၀:၁၀; ဧ. ၃:၁၂; ဟေဗြဲ ၁၁:၆; ၁ ယော. ၅:၄ တို့ကိုလည်းကြည့်ပါ။)