မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၈

သားသမီးများသည် အုပ်ထိန်းရန် ဘုရားသခင်အပ်နှံထားရာဖြစ်

သားသမီးများသည် အုပ်ထိန်းရန် ဘုရားသခင်အပ်နှံထားရာဖြစ်

(ဆာလံ ၁၂၇:၃-၅)

၁။ ယောက်ျားတစ်ဦး ဖခင်ဖြစ်လာ၊

မိန်းမတစ်ဦး ကလေးရလာသည့်ခါ၊

အပ်နှံရာဖြစ်ကြောင်း သတိရပါ၊

မိမိတို့ချည်း ပိုင်ရာမဟုတ်။

အသက်နှင့်မေတ္တာ၏ ရင်းမြစ်မှန်

ယေဟောဝါထံတော်မှ လက်ဆောင်မွန်ဖြစ်။

ပညာရှိလမ်းစဉ် လျှောက်လှမ်းစေရန်

မိဘတို့အား ဘုရားလမ်းညွှန်ထား။

(ထပ်ကျော့ပိုဒ်)

သင်ရထားသည့် မြင့်မြတ်အပ်နှံရာ၊

အဖိုးထိုက်အသက် သင့်လက်ထဲ။

သင်အပ်နှင်းနိုင် အကောင်းဆုံးဥစ္စာ၊

ဘုရားပညတ် သွန်သင်ပေးပါ။

၂။ ဘုရားပညတ်သည့် စကားများ

သင့်နှလုံးတွင် အစဉ်တည်ရန်လိုပါ။

သားသမီးတို့အား ပြောပြ၊ ထိုစကားများ၊

သင့်အားအပ်နှံရာ၊ သင့်ဝန်တာ။

နောင်ကာလများတွင် သတိရရန်၊

သူတို့သစ္စာရှိရန်၊ ကောင်းချီးရရန်၊

ခရီးသွားချိန်၊ အိပ်ချိန်၊ နိုးထချိန်၊

အချိန်မရွေး သူတို့ကိုပြောပြ။

(ထပ်ကျော့ပိုဒ်)

သင်ရထားသည့် မြင့်မြတ်အပ်နှံရာ၊

အဖိုးထိုက်အသက် သင့်လက်ထဲ။

သင်အပ်နှင်းနိုင် အကောင်းဆုံးဥစ္စာ၊

ဘုရားပညတ် သွန်သင်ပေးပါ။

(တရား. ၆:၆၊ ၇; ဧ. ၆:၄; ၁ တိ. ၄:၁၆ တို့ကိုလည်းကြည့်ပါ။)