မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၈

နိမ့်ကျသူ၏ ဆုတောင်းပတ္ထနာ

နိမ့်ကျသူ၏ ဆုတောင်းပတ္ထနာ

(ဆာလံ ၄:၁)

၁။ ယေဟောဝါရှင်၊ ‘ကျွန်ုပ်ဆုတောင်းသံ

နားညောင်းတော်မူပါ။’

ကျွန်ုပ်ဒဏ်ရာ ပြင်း၍ ပျောက်ခဲ၊

ဝန်ထုပ်လည်း အလွန်လေးလှ။

စိတ်ပျက်အားလျော့၊ မျှော်လင့်ချက်ပျက်ကာ

အားအင်များ ကုန်နေ။

နှစ်သိမ့်ခြင်းဘုရား၊ စောင့်ရှောက်ပါ၊

မျက်နှာသာ ရှာပါ၏။

(ထပ်ကျော့ပိုဒ်)

ခံနိုင်ရည်ပေး၊ ထူမပေးပါ။

သံသယဖြစ်ချိန် မျှော်လင့်ခိုင်စေ။

စိတ်ပျက်ချိန်တွင် ထံတော်ချဉ်းကပ်။

ယေဟောဝါရှင်၊ ကျွန်ုပ် အားပြည့်လာ။

၂။ တရားတော်သည် အားနည်းချိန်တွင်

နှစ်သိမ့် ခိုလှုံရာဖြစ်၊

ထုတ်ပြောမတတ် စကားများဖြင့်

ကျွန်ုပ်အား စာနာမှုပြ။

တရားတော်ပေးသည့် စိတ်ချမှု

ကျွန်ုပ်၌ ရှိစေပါ။

ကျွန်ုပ်နှလုံးထက် မေတ္တာတော်

ကြီးကြောင်း အစဉ်သိစေပါ။

(ထပ်ကျော့ပိုဒ်)

ခံနိုင်ရည်ပေး၊ ထူမပေးပါ။

သံသယဖြစ်ချိန် မျှော်လင့်ခိုင်စေ။

စိတ်ပျက်ချိန်တွင် ထံတော်ချဉ်းကပ်။

ယေဟောဝါရှင်၊ ကျွန်ုပ် အားပြည့်လာ။

(ဆာ. ၄၂:၆; ၁၁၉:၂၈; ၂ ကော. ၄:၁၆; ၁ ယော. ၃:၂၀ တို့ကိုလည်းကြည့်ပါ။)